Facebook Comments Box
အတိုက်အခိုက်ရှိနေလျှင် နေဝင် မီးလက် စီးပွားတက် ယတြာ

နေဝင် မီးလက် စီးပွားတက် ဓမ္မ ကျင့်ထုံး ယတြာ ပညာ…

စီးပွားရေးဆိုင်ရာ အခက်အခဲများ ရင်ဆိုင်နေရသောအခါ လုပ်ကိုင်ကြံစည်မှုများ အထမမြောက်သောအခါ စီးပွားချင်းအပြိုင်ဆိုင်အတိုက်အ ခံများနေသောအခါ…

မိမိလုပ်ငန်းစီးပွား တိုးတက်လိုသောအခါ… ရောင်းပန်းဝယ်ပန်းကောင်းမွန်ပီး မိမိ လုပ်ကိုင်ဆောင်ရွက်မှုများ အဆင်ပြေချောမွေ့လိုသောအခါများနှင့် စီးပွားကိစ္စ မရှိစကား မဖြစ်အကြား မရှိလိုဘဲ အောင်ပန်းဆင် အကျိုးဝင် ငွေဝင်စီးပွားတိုးတက်လိုသူများ ယခုပေးသော ဓမ္မကျင့်ထုံး ယတြာပညာကို ယုံကြည်လေးနက်စွာ လုပ်ဆောင်ကြပါလို့ နှိုးဆော်ပါတယ်ခင်ဗျာ။

ယခုပိုစ့်လေးကို ရှယ်ပေးပီး ယတြာလုပ်ကြပါနော်… လိုအပ်နေတဲ့ သူတွေ တွေ့မြင်ကြပီး ယတြာကို လိုက်ပါဆောင်ရွက်ပီး သူတို့လေးတွေ အဆင်ပြေသွားတဲ့အခါ

ကိုယ့်မှာ ကုသိုလ်လည်းရသလို ကိုယ့်အတွက်လည်း လုပ်ငန်းစီးပွားကံ တဖန်ပြန် ကံကောင်းစေမှာပါ။

ယခုယတြာ ကို ရ ရက်တိတိ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ မိမိနေအိမ်ဘုရားကျောင်းဆောင်တွင် ရ ရက်တိတိ ပြုလုပ်ရမှာဖြစ်ပါတယ်။

အချိန်မှာ ညနေ ၅နာရီ၄၀ မှ ည ၉နာရီတိတိ အတွင်း မိမိ အချိန်အဆင်ပြေသလို စတင်လုပ်ကိုင်ရမှာဖြစ်ပါတယ်။

တနင်္ဂနွေနေ့ ဖယောင်းတိုင် ၆တိုင် မီးပူဇော်ပါ။

တနင်္လာနေ့ ဖယောင်းတိုင် ၁၅တိုင် မီးပူဇော်ပါ။

အင်္ဂါနေ့ ဖယောင်းတိုင် ၈တိုင် မီးပူဇော်ပါ။

ခြွင်းချက် ဗုဒ္ဓဟူးနေ့တွင် ၂ကြိမ် ၂ခါ ပူဇော်ရပါမည်။

ဗုဒ္ဓဟူးနေ့ မနက်ပိုင်း(မနက်၆နာရီ မှ နေ့လည် ၁၂နာရီအတွင်း)ဖယောင်းတိုင် ၁၇ တိုင် မီးပူဇော်ပေးပါ။

ဗုဒ္ဓဟူးနေ့ ညနေပိုင်း(ညနေ ၅နာရီ၄၀ မှ ည ၉နာရီအတွင်း) ဖယောင်းတိုင် ၁၂တိုင် မီးပူဇော်ပါ။

ကြာသပတေးနေ့ ဖယောင်းတိုင် ၁၉တိုင် မီးပူဇော်ပါ။

သောကြာနေ့ ဖယောင်းတိုင် ၂၁တိုင် မီးပူဇော်ပါ။

စနေနေ့ ဖယောင်းတိုင် ၁ဝတိုင် မီးပူဇော်ပါ။

ဘုရားဆီမီးများ ထွန်းညှိုပီးပါက ဘုရားဝတ်ပြုခြင်း ပြုလုပ်ရန်လိုအပ်ပါတယ်။

ယတြာစတင်ရန်ရက်အား မိမိနှစ်သက်သည့် နေ့မှ စတင်လုပ်ကိုင်နိုင်ပီး နေ့အလိုက် ဆီမီးအရေအတွက်အတိုင်း ရရက်တိတိ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

စတင်သည့်နေ့မှ ၃ရက်မြောက်နေ့တွင် စီးပွားအခက်အခဲများ ပြေလျော့လာပါလိမ့်မည်။၆ရက်မြောက်နေ့တွင် စီးပွားလုပ်ကိုင်မှုများ သိသိသာသာ ပြောင်းလဲတိုးတက်လာပါလိမ့်မည်။

၇ ရက်ပီးမြောက်ပီးနောက်တွင် မိမိလုပ်ငန်းစီးပွားနှင့် ပတ်သက်သော ညဏ် တွေးတော ဆင်ခြင်နိုင်စွမ်းများ ပွင့်လန်းပီး စိတ်နှလုံးသာယာ ရွှင်ပြလာပါလိမ့်မည်။

၇ရက်သားသမီး အကျိုးမျှော်ကိုးလျက်

အောင်ဇင်မြတ်

ရှင်သန်ခြင်းတားရော့

Zawgyi






ယခုယတြာ ကို ၇ ရက်တိတိ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ မိမိနေအိမ်ဘုရားကျောင်းဆောင်တွင် ၇ ရက်တိတိ ပြုလုပ်ရမှာဖြစ်ပါတယ်။
















အောင်ဇင်မြတ်

ရှင်သန်ခြင်းတားရော့

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box