ချစ်သူစိတ်ကောက်ပြေစေဖို့
ချစ်သူစုံတွဲများ ချစ်သူက အကြောင်းအမျိုးမျိုးနဲ့ စိတ်ဆိုးစိတ်ကောက်နေတဲ့ အခါ၊ ကိုယ့်ကို အထင် အမြင်လွဲမှားနေတဲ့အခါမျိုးမှာ မိမိနေ့သားအလိုက် ဆောင်ရန်အပင်၏ အမြစ်ကို ယောင်္ကျားလေးဆိုရင် ညာလက်ညှိုးတစ်ဆစ်၊ မိန်းကလေးဆိုရင် ဘယ်လက်ညှိုးတစ်ဆစ် အဖျားဖြတ်ပြီး ဆောင်ထားခြင်းအားဖြင့် ပြန်ပြီး အဆင်ပြေသွားစေပါလိမ့်မယ်။ (အမြစ်ကိုသာ ဆောင်ရပါမယ်။ အရွက်၊ အညွန့်၊ ပန်း၊ အခေါက်၊ အသားများ ဆောင်၍ မရပါ။)
ချစ်သူစုံတွဲတွေမှ မဟုတ်ပါဘူး။ မိမိရဲ့ စီးပွားလုပ်ငန်းတွေမှာ အပြိုင်အဆိုင်၊ အတိုက်အခံ၊ ရန်အနှောက်အယှက်တွေ ကြုံတဲ့အခါ၊ မိမိရဲ့ စီးပွားလုပ်ငန်းတွေ အဆင်မပြေပဲ ပြုတ်လုနီးနီးဖြစ်နေတဲ့အခါ၊ ကိုယ်မပြောင်းချင်တဲ့ နေရာကို ပြောင်းရွှေ့ရဖို့ ကြုံလာတဲ့အခါ၊ မိမိရဲ့ အထက်လူကြီး၊ ဆရာသမားက မိမိကို အကောင်းမမြင် အထင်လွဲမှားနေတဲ့ အခါမျိုးမှာလည်း ဆောင်ထားလို့ရပါတယ်။
ဘယ်လောက်ထူးတယ်ဆိုတာ သင်ကိုယ်တိုင်လက်တွေ့ကြုံတဲ့အခါ သိသာပါလိမ့်မယ်။ တစ်ခုသတိ ထားရမှာက ဖော်ပြပါအဆောင်ကိုဆောင်ပြီး သင့်အခက်အခဲတွေ ပြေလည်အောင်မြင်သွားတဲ့အခါ အဆောင်ကို လမ်းဆုံလမ်းခွမှာ ဖြစ်စေ၊ ရေရှင်မှာဖြစ်စေ စွန့်ပစ်လိုက်ပါလေ။
မိတ်ဆွေတို့ရဲ့အကျိုးကိုလိုလားသော
အနီဃာဟောန္တု
ဟန်ထွန်းစိုး
နတ်ချောင်း၊ ကလေးမြို့နယ်
ခ်စ္သူစိတ္ေကာက္ေျပေစဖို႔
ခ်စ္သူစုံတြဲမ်ား ခ်စ္သူက အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ စိတ္ဆိုးစိတ္ေကာက္ေနတဲ့ အခါ၊ ကိုယ့္ကို အထင္ အျမင္လြဲမွားေနတဲ့အခါမ်ိဳးမွာ မိမိေန႔သားအလိုက္ ေဆာင္ရန္အပင္၏ အျမစ္ကို ေယာက်ၤားေလးဆိုရင္ ညာလက္ညႇိဳးတစ္ဆစ္၊ မိန္းကေလးဆိုရင္ ဘယ္လက္ညႇိဳးတစ္ဆစ္ အဖ်ားျဖတ္ၿပီး ေဆာင္ထားျခင္းအားျဖင့္ ျပန္ၿပီး အဆင္ေျပသြားေစပါလိမ့္မယ္။ (အျမစ္ကိုသာ ေဆာင္ရပါမယ္။ အ႐ြက္၊ အၫြန္႔၊ ပန္း၊ အေခါက္၊ အသားမ်ား ေဆာင္၍ မရပါ။)
ခ်စ္သူစုံတြဲေတြမွ မဟုတ္ပါဘူး။ မိမိရဲ႕ စီးပြားလုပ္ငန္းေတြမွာ အၿပိဳင္အဆိုင္၊ အတိုက္အခံ၊ ရန္အေႏွာက္အယွက္ေတြ ႀကဳံတဲ့အခါ၊ မိမိရဲ႕ စီးပြားလုပ္ငန္းေတြ အဆင္မေျပပဲ ျပဳတ္လုနီးနီးျဖစ္ေနတဲ့အခါ၊ ကိုယ္မေျပာင္းခ်င္တဲ့ ေနရာကို ေျပာင္းေ႐ႊ႕ရဖို႔ ႀကဳံလာတဲ့အခါ၊ မိမိရဲ႕ အထက္လူႀကီး၊ ဆရာသမားက မိမိကို အေကာင္းမျမင္ အထင္လြဲမွားေနတဲ့ အခါမ်ိဳးမွာလည္း ေဆာင္ထားလို႔ရပါတယ္။
ဘယ္ေလာက္ထူးတယ္ဆိုတာ သင္ကိုယ္တိုင္လက္ေတြ႕ႀကဳံတဲ့အခါ သိသာပါလိမ့္မယ္။ တစ္ခုသတိ ထားရမွာက ေဖာ္ျပပါအေဆာင္ကိုေဆာင္ၿပီး သင့္အခက္အခဲေတြ ေျပလည္ေအာင္ျမင္သြားတဲ့အခါ အေဆာင္ကို လမ္းဆုံလမ္းခြမွာ ျဖစ္ေစ၊ ေရရွင္မွာျဖစ္ေစ စြန္႔ပစ္လိုက္ပါေလ။
မိတ္ေဆြတို႔ရဲ႕အက်ိဳးကိုလိုလားေသာ
အနီဃာေဟာႏၲဳ
ဟန္ထြန္းစိုး
နတ္ေခ်ာင္း၊ ကေလးၿမိဳ႕နယ္
Be the first to comment