ဘဝမှာ ကိုယ်ကဘယ်လောက်ပဲကောင်းအောင်နေနေ ကိုယ့်ကို မကောင်းမြင်တဲ့သူ၊ တစ်ဖက်သတ် ရန်စစော်ကားချင်သူတွေနဲ့ တစ်ခါတရံ တွေ့ကြုံရတတ်ပါတယ်။ တစ်ခါတလေတော့ ကိုယ့်ကိုစော်ကားတာ လည်း အမှန်ပဲ။ ဂါတ်တို့ ရုံးတို့ တိုင်လို့မဖြစ်တဲ့ အကြောင်းအရာမျိုးတွေပေါ့ဗျာ။
အဘမင်းသိင်္ခ ပြောပြဖူးတဲ့ အကြောင်းလေးတစ်ခုရှိပါတယ်။
" တစ်ခါတုန်းက မိန်းမတစ်ယောက် ကျုပ်ဆီလာဖူးတယ်၊ သူ့ရဲ့ မျက်နှာချင်းဆိုင်အိမ်က မိန်းမဟာ သူ့ကိုမြင်ရင် ထမီမလိုက်၊ တံတွေးထွေးလိုက်၊ ဖနောင့်ဆောင့်လိုက် လုပ်တယ်၊ အဲဒီကိစ္စဟာ ဂါတ်ကိုတိုင်လို့ မရဘူး၊ ရပ်ကွက်လူကြီး သွားတိုင်တော့လည်း ပါးစပ်နဲ့ဆဲရင်တော့ ကျုပ်တို့ အရေးယူလို့ရတယ်၊ ဒီလိုလုပ်ပြ ရုံနဲ့တော့ အရေးယူလို့ မရဘူးလို့ ပြောတယ်၊ အမှန်ကတော့ အဲဒီလိုလုပ်ပြတာက ဆဲတာထက်တောင် နာသေးတာပေါ့၊"
မိတ်ဆွေတို့ရဲ့ဘဝမှာ အဲဒီလို ရန်အတိုက်အခံ၊ အခက်အခဲ၊ အထစ်အငေါ့တွေကြုံလာခဲ့ရင် ညအိပ်ရာ ဝင်ခါနီးမှာ ကျောက်မီးသွေးမှုန့်နဲ့ ဘယ်ဘက်ခြေဖဝါးကို ပွတ်ရပါမယ်။ ပွတ်တဲ့အခါမှာလည်း မိမိကို အနှောက်အယှက်ပေးနေသူရဲ့ မျက်နှာကို အာရုံထဲမှာ မြင်အောင်ကြည့်ရမယ်။ ပြီးရင် အဲဒီခြေဖဝါးကို ရေမဆေးပဲ နာရီဝက်ထားပါ။ ပြီးမှ ခြေဆေးပြီး အိပ်ရာဝင်ပါ။
(၉) ရက်ဆက်တိုက်လုပ်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။ အထူးသတိပြုဖို့ကတော့ ဒီယတြာလုပ်မယ့် သူက မှန်ကန်ဖို့ အရေးကြီးပါတယ်။ သူတပါးကို ဒုက္ခပေးဖို့အတွက်သက်သက်သုံးမိရင်တော့ ကိုယ့်ဒဏ် ကိုယ်ခံရတတ်ပါကြောင်း…
မိတ်ဆွေရဲ့အကျိုးစီးပွားကိုလိုလားသော
အနီဃာဟောန္တု
ဟန်ထွန်းစိုး
နတ်ချောင်း၊ ကလေးမြို့နယ်
ရန်အပေါင်းငြိမ်းချုပ်ယတြာလုပ်
ဘဝမှာ ကိုယ်ကဘယ်လောက်ပဲကောင်းအောင်နေနေ ကိုယ့်ကို မကောင်းမြင်တဲ့သူ၊ တစ်ဖက်သတ် ရန်စစော်ကားချင်သူတွေနဲ့ တစ်ခါတရံ တွေ့ကြုံရတတ်ပါတယ်။ တစ်ခါတလေတော့ ကိုယ့်ကိုစော်ကားတာ လည်း အမှန်ပဲ။ ဂါတ်တို့ ရုံးတို့ တိုင်လို့မဖြစ်တဲ့ အကြောင်းအရာမျိုးတွေပေါ့ဗျာ။
အနီဃာဟောန္တု
ဟန်ထွန်းစိုး
Be the first to comment