Facebook Comments Box
မြတ်စွာဘုရားရှင်၏ အံ့ဖွယ် ၁၈ပါး

ဘုရားရှင်၏ အံ့ဖွယ်တော်(၁၈)ပါး

(၁) ၀တ်တော်မူသော သင်္ကန်းတော်သည် ဖွပ်ဆိုးရခြင်း၊ ဟောင်းနွမ်းခြင်း မရှိြုခင်း။

(၂) ပရိက္ခရာ (၈)ပါးကို ဆောင်တော်မူလျှင် ကိုယ်နှင့်မထိ လက်လေးသစ်မျှကွာခြင်း။

(၃) တောထွက်တော်မူစဉ်က ပယ်ဖြတ်မူသောဆံတော်သည် လက်နှစ်သစ်မျှသာ တစ်သက်ပတ်လုံး တည်တော်မူခြင်း။

(၄) ဆွမ်းစားပြီးသော် သပိတ်တော်ဆေးလျှင် လက်တော်စင် ၊ လက်တော်ဆေး ၊သပိတ်တော်စင်၏။

(၅) မုန်ညင်းစေ့မျှသော ကြုတ်ထဲသို့ ၀င်နို်င်ခြင်း။

(၆) ရောင်ခြည်တော် (၆)ပါး လွှတ်တော်မူသော် အရပ်(၁၀)မျက်နှာကို ဖောက်ထွင်းခြင်း။

(၇) ဝေနေယျ သတ္တဝါသို့လိုက်၍ ကိုယ်တော်မှတစ်ပါးနိမ္မိတဘုရားပေါင်းများစွာ ဖန်ဆင်းနိုင်ခြင်း။ (အသေချေင်္)

(၈) ခေတ်သုံးပါးတို့၌ အမိုက်တိုက်ကိုလည်းကောင်း အလင်းကိုလည်းကောင်း ပေးနိုင်ခြင်း။

(၉) အထက်ကောင်းကင်တွင် လဝန်းကဲ့သို့ မြင်တော်မူခြင်း။

(၁၀) လူနတ်တို့၏ စိတ်ကို အသာသယာနုသယ ဉာဏ်တော်ဖြင့် သိစွမ်းတော် မူခြင်း။

(၁၁) အသံတော်ရှစ်ပါးနှင့် တရားဟောတော်မူရာ အလုံးစုံသောပရိတ်သတ်တို့၏အနားသို့ ကပ်၍ဟောသကဲ့သို့ ကြားရခြင်း။

(၁၂) ကျွတ်အံ့သော သတ္တဝါတို့ကို မဟာဂရုဏာ သမာပတ္တိဉာဏ်တော်ဖြင့် သိနိုင်ခြင်း။ ခပ်သိမ်းသော သတ္တဝါတို့အပေါ်တွင် ကရုဏာတရား ပွားများအားကြီးခြင်း။

(၁၃) လူနတ်ဗြဟ္မာ တို့၏ ကျွတ်မည့်အခါတည်းဟူသော အိန္ဒြေအနုအရင့်ကို သိမြင်တော်မူခြင်း။

(၁၄) အထက်ပါ(၁၃)ပါးနှင့် ေဥယျဓံတရား(၅)ပါး ကို သိနိုင်ခြင်း။

(၁၅) အလိုရှိ၍လက်တော်ကို ဆန့်လိုက်လျှင် သပိတ်တော်အလိုအလျောက် ရောက်လာခြင်း။

(၁၆) ရေအစုံ ၊ မီးအစုံနှင့် တန်ခိုးဖြာဋိကာပြနို်င်ခြင်း။

(၁၇) တာဝတိံသာသို့ အဘိဓမ္မာ တရားဟောတော်မူရန် ပကတိ သုံးဖဝါးနှစ်လှမ်းတည်းဖြင့် ကြွတော်မူနိုင်ခြင်း။

(၁၈) ဒေသစာရီကြွချီတော်မူလျှင် ခြေရာမတင်သည့်အပြင် မြေအညီအညွတ်ဖြစ်ရခြင်း။

လုံးစုံများစွာ၊ သတ္တဝါချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

အပ္ပမာဒေန သမ္မာဒေထ

ခရစ်ဒစ်

Zawgyi

ဘုရားရွင္၏ အံ႔ဖြယ္ေတာ္(၁၈)ပါး

(၁) ၀တ္ေတာ္မူေသာ သကၤန္းေတာ္သည္ ဖြပ္ဆိုးရျခင္း၊ ေဟာင္းႏြမ္းျခင္း မရွိျုခင္း။

(၂) ပရိကၡရာ (၈)ပါးကို ေဆာင္ေတာ္မူလွ်င္ ကိုယ္ႏွင့္မထိ လက္ေလးသစ္မွ်ကြာျခင္း။

(၃) ေတာထြက္ေတာ္မူစဥ္က ပယ္ျဖတ္မူေသာဆံေတာ္သည္ လက္ႏွစ္သစ္မွ်သာ တစ္သက္ပတ္လံုး တည္ေတာ္မူျခင္း။

(၄) ဆြမ္းစားျပီးေသာ္ သပိတ္ေတာ္ေဆးလွ်င္ လက္ေတာ္စင္ ၊ လက္ေတာ္ေဆး ၊သပိတ္ေတာ္စင္၏။

(၅) မုန္ညင္းေစ႔မွ်ေသာ ၾကဳတ္ထဲသို႔ ၀င္ႏို္င္ျခင္း။

(၆) ေရာင္ျခည္ေတာ္ (၆)ပါး လႊတ္ေတာ္မူေသာ္ အရပ္(၁၀)မ်က္ႏွာကို ေဖာက္ထြင္းျခင္း။

(၇) ေ၀ေနယ် သတၱ၀ါသို႔လိုက္၍ ကုိယ္ေတာ္မွတစ္ပါးနိမၼိတဘုရားေပါင္းမ်ားစြာ ဖန္ဆင္းႏိုင္ျခင္း။ (အေသေခ်ၤ)

(၈) ေခတ္သံုးပါးတုိ႔၌ အမိုက္တိုက္ကိုလည္းေကာင္း အလင္းကိုလည္းေကာင္း ေပးႏိုင္ျခင္း။

(၉) အထက္ေကာင္းကင္တြင္ လ၀န္းကဲ႔သို႔ ျမင္ေတာ္မူျခင္း။

(၁၀) လူနတ္တို႔၏ စိတ္ကို အသာသယာႏုသယ ဉာဏ္ေတာ္ျဖင့္ သိစြမ္းေတာ္ မူျခင္း။

(၁၁) အသံေတာ္ရွစ္ပါးႏွင့္ တရားေဟာေတာ္မူရာ အလံုးစံုေသာပရိတ္သတ္တို႔၏အနားသို႔ ကပ္၍ေဟာသကဲ႔သို႔ ၾကားရျခင္း။

(၁၂) ကၽြတ္အံ႔ေသာ သတၱ၀ါတို႔ကို မဟာဂရုဏာ သမာပတၱိဉာဏ္ေတာ္ျဖင့္ သိႏိုင္ျခင္း။ ခပ္သိမ္းေသာ သတၱ၀ါတို႔အေပၚတြင္ ကရုဏာတရား ပြားမ်ားအားၾကီးျခင္း။

(၁၃) လူနတ္ျဗဟၼာ တို႔၏ ကၽြတ္မည့္အခါတည္းဟူေသာ အိေျႏၵအႏုအရင့္ကို သိျမင္ေတာ္မူျခင္း။

(၁၄) အထက္ပါ(၁၃)ပါးႏွင့္ ေဥယ်ဓံတရား(၅)ပါး ကို သိႏိုင္ျခင္း။

(၁၅) အလိုရွိ၍လက္ေတာ္ကို ဆန္႔လိုက္လွ်င္ သပိတ္ေတာ္အလိုအေလ်ာက္ ေရာက္လာျခင္း။

(၁၆) ေရအစံု ၊ မီးအစံုႏွင့္ တန္ခိုးျဖာဋိကာျပႏို္င္ျခင္း။

(၁၇) တာ၀တႎသာသို႔ အဘိဓမၼာ တရားေဟာေတာ္မူရန္ ပကတိ သံုးဖ၀ါးႏွစ္လွမ္းတည္းျဖင့္ ၾကြေတာ္မူႏိုင္ျခင္း။

(၁၈) ေဒသစာရီၾကြခ်ီေတာ္မူလွ်င္ ေျခရာမတင္သည့္အျပင္ ေျမအညီအညြတ္ျဖစ္ရျခင္း။

လုံးစုံမ်ားစြာ၊ သတၱ၀ါခ်မ္းသာကုိယ္စိတ္ ၿမဲပါေစ။ ဥပဒ္ရန္ေဘး၊ကင္းစင္ေ၀း ၿငိမ္းေအးၾကပါေစ။

အပၸမာေဒန သမၼာေဒထ

ခရစ္ဒစ္

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box