ဒီနေ့ခေတ်က နန်းတို့လူတွေရှိကိုရှိရမယ့် အကြောင်းအရာ (3) ခု
(1) သတိ
ဒီနေ့ခေတ်မှာ နန်းကိုမေ့မျောသွားအောင်လုပ်ပေးနိုင်တဲ့အကြောင်းအရာတွေအရမ်းများပါတယ်။ဒီတော့ အဲ့ဒီအကြောင်းအရာတွေအမြဲတမ်းထိတွေ့ရတဲ့ချိန်မှာ နန်းတို့ရဲ့ ဦးနှောက် autopilot ထဲကိုဝင်ရောက်သွားပါလိမ့်မယ်။(မသိစိတ်ကအလုပ်လုပ်သွားတယ်)
အဲ့ချိန်ကျရင် နန်းတို့က အကြောင်းအရာတစ်ခုကို ဆုံးဖြတ်တဲ့ချိန်မှာ ကိုယ်ကဦးနှောက်နဲ့ဆုံးဖြတ်တယ်လို့ထင်ရပေမဲ့တကယ်တမ်းကျတော့ ကိုယ့်ရဲ့မသိစိတ်နဲ့ဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်။
တခါတလေ ကိုယ်က ဒီမှာ ငုတ်တုတ်ထိုင်နေပေမဲ့ စိတ်က ဘယ်ကိုရောက်နေမှန်းမသိဘူး ဖြစ်တတ်ကြပါတယ်အဲ့ဒါကြောင့် ဒီနေ့ခေတ်မှာ “ ကိုယ်ဘာလုပ်နေလဲ” ဆိုတဲ့စကားကအရမ်းအရေးကြီးတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။
(2) ခွင့်လွတ်ခြင်း
သတိမရှိရင် ကိုယ့်ကိုကိုယ်အခုဘာလုပ်နေလဲဆိုတာကိုမသိနိုင်ဘူး ။ဒီနေ့ခေတ်မှာ လူတွေကတစ်ယောက်နဲ့တစ်ယောက်အရမ်းကိုဝေးကွာကြပါတယ်။
အဲ့ဒါကြောင့် ကိုယ်နဲ့မသိတဲ့သူနဲ့ဆိုရင် အကြောင်းအရာနဲနဲလေးနဲ့ ပြဿနာဖြစ်တတ်ပါတယ်။
အလွယ်တကူစိတ်ဆိုးတတ်တယ် ဘာဖြစ်လို့လဲဆိုတော့ အကြောင်းအရာတိုင်းကို ကိုယ့်အမြင်နဲ့ပဲမြင်တတ်လို့ပါ။အလွယ်တကူစိတ်ဆိုးတတ်တယ် ဘာဖြစ်လို့လဲဆိုတော့ ရန်ငြိုးထားတတ်တယ်။ နဲနဲလေးဆိုအကုန်ပြန်လုပ်မှာကြီးပဲ ။
ကိုယ့်ကို ၁ ပြားလုပ်သွားရင် ကိုယ်ကနောက်ကျရင် ၁ ကျပ်ပြန်လုပ်မယ့်စိတ်တွေကြောင့်ပါ ။
ဒါပေမဲ့ ကိုယ့်ကိုကိုယ် “ဒီအကြောင်းအရာက ခွင့်လွတ်နိုင်တယ်လို့” သတိပေးနိုင်ခြင်းကလဲဒီနေ့ခေတ်အတွက်အရမ်းအရေးကြီးတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်။
(3) အကျိုးသက်ရောက်မှု
ဒီနေ့ခေတ်မှာ လူတွေက သက်ရောက်မှုကိုကောင်းကောင်းမမြင်နိုင်ကြဘူး ။ကိုယ်ဒီအရာလုပ်လိုက်လို့ သူများအတွက်ဘယ်လိုသက်ရောက်သွားမှာလဲဆိုတာ သတိမထားတော့ မသိနိုင်ကြဘူး။
ကိုယ်တစုံတရာလုပ်လိုက်လို့ သူများကိုဘာအကျိုးသက်ရောက်မှုရှိနိုင်လဲဆိုတာမသိကြဘူးမသိတဲ့ချိန်ကျတော့ တစ်ယောက်နဲ့တစ်ယောက် လုပ်ချင်တာကိုလုပ်ပြီး ၊ တစ်ယောက်ကိုတစ်ယောက် ထိခိုက်နိုင်တဲ့လုပ်ရပ်ကိုလုပ်ကြတယ်။
ဒါကြောင့် လူတိုင်းက ဒီကမ္ဘာပေါ်မှာလူတွေဖြစ်ပြီးတော့ သေရင်လဲဒီမြေကြီးမှာပဲပြန်ရောက်မယ့် လူတွေလို့သဘောပေါက်နိုင်ပြီး ကိုယ်အရာတစ်ခုလုပ်လိုက်ရင် ဒီအကြောင်းအရာက သူများကို ဘယ်လိုအကျိုးသက်ရောက်မှုရှိနိုင်လဲဆိုတာကိုကောင်းကောင်း သတိထားနိုင်တဲ့အချက်က အရမ်းအရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။
သတိရှိပါခွင့်လွတ်နိုင်အောင်ကြိုးစားပါသူများနေရာကိုဝင်ပြီးကြည့်နိုင်အောင်လုပ်ပါဒီနေ့ခေတ်မရှိမဖြစ် သိထားရမယ့်အကြောင်းအရာ (3) ချက်ဖြစ်ပါတယ်
ထောက်ခံရင် share သွားလို့ရပါတယ်ရှင့်
ဘဝရဲ့ခရီးသည်
ဒီနေ့ခေတ်က လူတွေရှိကိုရှိရမယ့် အကြောင်းအရာ (3) ခု
(1) သတိ
(2) ခွင့်လွတ်ခြင်း
(3) အကျိုးသက်ရောက်မှု
ဘဝရဲ့ခရီးသည်
Be the first to comment