Facebook Comments Box
စိတ်မြန်လက်မြန် လွှတ်ခနဲ ပြောတတ်တဲ့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ရန်

စိတ်မြန်လက်မြန် လွှတ်ခနဲ ပြောတတ်တဲ့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ရန်

ဒေါသ ပါးနိုင်သမျှ ပါး‌အောင်နေပါအဲ့ဒီဒေါသက သင့်ကိုသာ နာကျင်စေပါတယ်တကယ်လက်တွေ့ကျကျစဉ်းစားကြည့်ရင်ဒေါသဖြစ်လာတဲ့အခါ အဲဒီဒေါသရဲ့ဆိုးကျိုးကိုဦးစွာခံစားရတာကကိုယ်အရင်ပါပဲပြီးမှ သူများတွေဆီ ကူးစက်တာပါ။

ဒေါသဟာကြောက်စရာကောင်းပါတယ်သူငယ်ချင်းကြားမှာရှိတဲ့ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာတရားတွေမိသားစုကြားမှာရှိတဲ့ ဖြူစင်တဲ့ နှောင်ဖွဲ့မှုသံယောဇဉ်တွေချစ်သူခင်သူတွေကြားကသံယောဇဥ်တရားတွေကိုယ့်ပတ်ဝန်းကျင်ကလူတွေနဲ့ ကောင်းတဲ့ဆက်ဆံရေးတွေ…

ဆရာတပည့်ကြားမှာရှိတဲ့ချစ်ခြင်းမေတ္တာတရားတွေစတဲ့လူသားတွေရဲ့ကောင်းတဲ့အရည်အသွေး၊ တန်ဖိုးတွေကိုဖျက်ဆီးပစ်တာဟာဒေါသပါ။

ဒေါသကြောင့်သူငယ်ချင်းကောင်းတွေ ဆုံးရှုံးသွားနိုင်တယ်။မိတ်ဆွေကောင်းတွေ ဆုံးရှုံးသွားနိုင်တယ်။ချစ်သူ ခင်သူအချင်းချင်းဆက်ဆံရေးကောင်းတွေ ဆုံးရှုံးသွားနိုင်တယ်။ဆရာကောင်းတွေ ဆုံးရှုံးသွားနိုင်တယ်။ချစ်ခြင်းမေတ္တာတွေ ဆုံးရှုံးသွားနိုင်တယ်။အရာအားလုံးကို ဆုံးရှုံးသွားနိုင်တယ်။

အထူးသဖြင့် သင့်ရဲ့ဖြူစင်နေတဲ့စိတ်ကိုတောင် ဆုံးရှုံးသွားနိုင်တယ်။ဒါကြောင့်ဒေါသကိုအနိုင်ယူနိုင်အောင်ကြိုးစားပါဒေါသကြောင့်သင့်မှာရှိတဲ့ကောင်းတဲ့စိတ်အရည်အသွေးတွေ၊ တန်ဖိုးတွေ၊ သိက္ခာတွေ၊ မိတ်ဆွေကောင်းတွေ၊ သူငယ်ချင်းကောင်းတွေ၊ ဆရာကောင်းတွေ၊ချစ်သူခင်သူတွေ၊မိသားစုကောင်းတွေ၊ ချစ်ခြင်းမေတ္တာတရားတွေကို….ဆုံးရှုံးမခံပါနဲ့။

တကယ်တော့ ဘဝဆိုတာဟာ မမြဲတဲ့အတွက်ဒေါသနဲ့အသက်ရှင်နေရတာဟာ မတန်ပါဘူး။ဒေါသဖြစ်လာရင် ငါ့မှာရှိတဲ့ ကောင်းတာတွေအားလုံးကို ဆုံးရှုံးသွားနိုင်တယ်လို့ ” သတိရ ” ပေးပါ။

ဘဝရဲ့ခရီးသည်

စိတ္ျမန္လက္ျမန္ လႊတ္ခနဲ ေျပာတတ္တဲ့ ကိုယ့္ကိုယ္ကိုယ္ ဆင္ျခင္ရန္

ေဒါသ ပါးႏိုင္သမွ် ပါး‌ေအာင္ေနပါအဲ့ဒီေဒါသက သင့္ကိုသာ နာက်င္ေစပါတယ္တကယ္လက္ေတြ႕က်က်စဥ္းစားၾကည့္ရင္ေဒါသျဖစ္လာတဲ့အခါ အဲဒီေဒါသရဲ႕ဆိုးက်ိဳးကိုဦးစြာခံစားရတာကကိုယ္အရင္ပါပဲၿပီးမွ သူမ်ားေတြဆီ ကူးစက္တာပါ။

ေဒါသဟာေၾကာက္စရာေကာင္းပါတယ္သူငယ္ခ်င္းၾကားမွာရွိတဲ့ျဖဴစင္တဲ့ ခ်စ္ျခင္းေမတၱာတရားေတြမိသားစုၾကားမွာရွိတဲ့ ျဖဴစင္တဲ့ ေႏွာင္ဖြဲ႕မႈသံေယာဇဥ္ေတြခ်စ္သူခင္သူေတြၾကားကသံေယာဇဥ္တရားေတြကိုယ့္ပတ္ဝန္းက်င္ကလူေတြနဲ႔ ေကာင္းတဲ့ဆက္ဆံေရးေတြ…

ဆရာတပည့္ၾကားမွာရွိတဲ့ခ်စ္ျခင္းေမတၱာတရားေတြစတဲ့လူသားေတြရဲ႕ေကာင္းတဲ့အရည္အေသြး၊ တန္ဖိုးေတြကိုဖ်က္ဆီးပစ္တာဟာေဒါသပါ။

ေဒါသေၾကာင့္သူငယ္ခ်င္းေကာင္းေတြ ဆုံးရႈံးသြားႏိုင္တယ္။မိတ္ေဆြေကာင္းေတြ ဆုံးရႈံးသြားႏိုင္တယ္။ခ်စ္သူ ခင္သူအခ်င္းခ်င္းဆက္ဆံေရးေကာင္းေတြ ဆုံးရႈံးသြားႏိုင္တယ္။ဆရာေကာင္းေတြ ဆုံးရႈံးသြားႏိုင္တယ္။ခ်စ္ျခင္းေမတၱာေတြ ဆုံးရႈံးသြားႏိုင္တယ္။အရာအားလုံးကို ဆုံးရႈံးသြားႏိုင္တယ္။

အထူးသျဖင့္ သင့္ရဲ႕ျဖဴစင္ေနတဲ့စိတ္ကိုေတာင္ ဆုံးရႈံးသြားႏိုင္တယ္။ဒါေၾကာင့္ေဒါသကိုအႏိုင္ယူႏိုင္ေအာင္ႀကိဳးစားပါေဒါသေၾကာင့္သင့္မွာရွိတဲ့ေကာင္းတဲ့စိတ္အရည္အေသြးေတြ၊ တန္ဖိုးေတြ၊ သိကၡာေတြ၊ မိတ္ေဆြေကာင္းေတြ၊ သူငယ္ခ်င္းေကာင္းေတြ၊ ဆရာေကာင္းေတြ၊ခ်စ္သူခင္သူေတြ၊မိသားစုေကာင္းေတြ၊ ခ်စ္ျခင္းေမတၱာတရားေတြကို….ဆုံးရႈံးမခံပါနဲ႔။

တကယ္ေတာ့ ဘဝဆိုတာဟာ မၿမဲတဲ့အတြက္ေဒါသနဲ႔အသက္ရွင္ေနရတာဟာ မတန္ပါဘူး။ေဒါသျဖစ္လာရင္ ငါ့မွာရွိတဲ့ ေကာင္းတာေတြအားလုံးကို ဆုံးရႈံးသြားႏိုင္တယ္လို႔ ” သတိရ ” ေပးပါ။

ဘဝရဲ႕ခရီးသည္

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box