(unicode)
ပျော်ရွှင်သော စံပြအိမ်ထောင်ရေး
👨👩👧👦👨👩👧👦👨👩👧👦👨👩👧👦👨👩👧👦👨👩👧👦👨👩👧👦👨👩👧👦👨👩👧👦👨👩👧👦
ဖတ်ကြည့်နော်…
အိမ်ထောင်ရေးဆိုတာမျိုးက…
ဘောလုံးအသင်း တစ်သင်းလိုပါပဲ။
တစ်ယောက်တည်း
ကွင်းပတ်ကစားလို့ မရနိုင်ပါဘူး။
လင်နဲ့ မယား အပေးအယူ
အချိတ်အဆက် မိမှ
သာယာသော အိမ်ထောင်ရေး
ဖြစ်လာမှာပါ။
အိမ်ထောင်ဦးစီးကလည်း
ငွေကြေးရှာဖွေပေးရုံနဲ့ မလုံလောက်သလို
အိမ်ရှင်မကလည်း
အိမ်မှုကိစ္စ လုပ်နိုင်ရုံနဲ့ မပြည့်စုံပါဘူး။
အိမ်ထောင်ဦးစီးတစ်ယောက်
ပြုလုပ်သင့်သော တာဝန်များမှာ…
၁။အလုပ်တစ်ခုကို အတည်တကျ
လုပ်ပါ။
၂။အသုံးနဲ့အဖြုန်းကို နားလည်တတ်ပါစေ။
၃။မိသားစုအတွက် တတ်နိုင်သမျှ
အချိန်ပေးပါ။
၄။အရက်သေစာ လောင်းကစား
အပျော်အပါးများကို
တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
၅။သား သမီးများကို အချိန်ရရင် ရသလို
နွေးထွေးမှုပေးပြီး ဆုံးမပါ။
၆။ကိုယ်ကျင့်တရားကို
အတတ်နိုင်ဆုံး လုံခြုံအောင် ထိန်းပါ။
၇။ဘုရား တရား သံဃာ မိဘ ဆရာကို
ရိုသေ ကိုးကွယ်ပါ။
၈။အသိပညာမြင့်မားအောင် စာဖတ်ပါ။
၉။အကောင်း အဆိုးကို ခွဲခြားတတ်ဖို့
လိုပါတယ်။
၁ဝ။အမြင်ကျယ်ပြီး
စိတ်သဘောထားမြင့်မားဖို့ လိုပါတယ်။
၁၁။ဇနီးသည်ကို လေးစား တန်ဖိုးထားပါ။
(ကိုယ်ကိုယ်တိုင် တန်ဖိုးထားမှ
သား သမီးနှင့် ပတ်ဝန်းကျင်က
လေးစား တန်ဖိုးထားမှာပါ)
၁၂။အလုပ်ရဲ့ဖိအားကို
အိမ်မှာ မပေါက်ကွဲမိပါစေနဲ့။
၁၃။တည်ကြည်သော စကား
နွေးထွေးသော အပြုအမူနဲ့
အိမ်ရှင်မရဲ့ ချွေးကို သုတ်ပေးပါ။
၁၄။အိမ်ရှင်မကို ရိုက်နှက်ခြင်း နှင့်
စကားကြမ်းကြမ်းပြောဆိုခြင်း
မပြုလုပ်သင့်ပါ။
အိမ်ထောင်ဦးစီးဆိုတာ…
ဇနီးမယား၏ အားကိုးရာ ဖြစ်သလို
သား သမီးများအတွက်
စံနမူနာ ပုဂ္ဂိုလ် ဖြစ်သောကြောင့်
ကိုယ်ကျင့်တရား လုံခြုံဖို့တော့ လိုပါတယ်။
အိမ်ရှင်မ ဆိုတာ…
အိမ်ကို ရှင်သန်အောင် မ-စ သူ ဖြစ်သလို
သား သမီးများ၏ ဘဝကို
တည့်မတ်အောင် မ-စ ပေးနိုင်သော
အနွေးထွေးဆုံး ရင်ခွင်တစ်ခုပါ။
အိမ်ရှင်မတစ်ယောက်
ပြုလုပ်သင့်သော တာဝန်များမှာ
၁။စည်းကမ်းရှိပါ။
၂။နှစ်ဖက်ဆွေမျိုးတွေအပေါ်
အတတ်နိုင်ဆုံး ကြည့်ရှုပေးကမ်းပါ။
၃။ဖြစ်သလို မနေသင့်သလို
အလွန်အကျွံ အလှအပ မမက်မောသင့်ပါ။
၄။အနေအထိုင် အပြောအဆို
သတိထားပါ။
၅။ဝင်ငွေ ထွက်ငွေကို အသုံးချတတ်ပါစေ။
၆။သစ္စာတရားကို လက်ကိုင်ထားပါ။
၇။မယ်တစ်ရွက် မရွက်နိုင်ရင်တောင်မှ
ပလိုင်းပေါက်မဖြစ်ဖို့ အရေးကြီးပါတယ်။
၈။ဘုရား တရား သံဃာ မိဘ ဆရာကို
ကိုးကွယ်ယုံကြည်ပါ။
၉။အိမ်လည်ခြင်း
ချဲထီစသော လောင်းကစားများကို
ရှောင်ကြဉ်ပါ။
၁ဝ။ဘေးလူပြောစကားထက်
ကိုယ့်လင်သားကို ယုံကြည်မှု ထားပါ။
၁၁။ကိုယ့်လင်သားကို လေးစားပါ။
(ကိုယ်လေးစားမှ
သားသမီးနှင့် ပတ်ဝန်းကျင်က
လေးစားမှာပါ)
၁၂။လင်ယောက်ျား
အလုပ် အဆင်ပြေသည် ဖြစ်စေ
မပြေသည် ဖြစ်စေ
ပုံမှန်အတိုင်း ပြောဆိုဆက်ဆံပါ။
၁၃။ချိုသာသောစကား နှစ်လိုဖွယ်အပြုံးနဲ့
လင်ယောက်ျားရဲ့
ဘဝအမောတွေကို ဖြေဖျောက်ပါ။
၁၄။လင်ယောက်ျား စိတ်ရှုပ်နေတဲ့အခါ
စကားကို သတိထားပြောပါ။
အိမ်ထောင်ရေးမှာ အရေးအကြီးဆုံးကတော့…
အတ္တတွေ လျှော့ချပြီး ချစ်ခြင်းထက်
ယုံကြည်မှု
နားလည်မှုကို
ခိုင်မာအောင် တည်ဆောက်ရတာမျိုးပါ။
အတ္တတွေ လျှော့ချပြီး
သူ့ဘက် ကိုယ့်ဘက်မျှတအောင် ကြည့်ရှု
ခံစားပေးခဲ့ရင်
သစ္စာတရား ခိုင်မာလာပြီး
မေတ္တာတရား လေးနက်လာပါလိမ့်မယ်။
ပျော်ရွှင်စရာကောင်းသော
စံပြအိမ်ထောင်ရေး ဖြစ်လာဖို့က
နှစ်ဦးစလုံးနဲ့ သက်ဆိုင်ပြီး
ဖြစ်ချင်တာထက်
ဖြစ်သင့်တာကို ဦးစားပေးမှသာ
ပျော်ရွှင်စရာဘဝတစ်ခု ဖြစ်လာပါလိမ့်မယ်။
Credit to ဇင်းနစ် မကွေး
(Zawgyi)
ေပ်ာ္႐ႊင္ေသာ စံျပအိမ္ေထာင္ေရး
👨👩👧👦👨👩👧👦👨👩👧👦👨👩👧👦👨👩👧👦👨👩👧👦👨👩👧👦👨👩👧👦👨👩👧👦👨👩👧👦
ဖတ္ၾကည့္ေနာ္…
အိမ္ေထာင္ေရးဆိုတာမ်ိဳးက…
ေဘာလုံးအသင္း တစ္သင္းလိုပါပဲ။
တစ္ေယာက္တည္း
ကြင္းပတ္ကစားလို႔ မရႏိုင္ပါဘူး။
လင္နဲ႔ မယား အေပးအယူ
အခ်ိတ္အဆက္ မိမွ
သာယာေသာ အိမ္ေထာင္ေရး
ျဖစ္လာမွာပါ။
အိမ္ေထာင္ဦးစီးကလည္း
ေငြေၾကးရွာေဖြေပး႐ုံနဲ႔ မလုံေလာက္သလို
အိမ္ရွင္မကလည္း
အိမ္မႈကိစၥ လုပ္ႏိုင္႐ုံနဲ႔ မျပည့္စုံပါဘူး။
အိမ္ေထာင္ဦးစီးတစ္ေယာက္
ျပဳလုပ္သင့္ေသာ တာဝန္မ်ားမွာ…
၁။အလုပ္တစ္ခုကို အတည္တက်
လုပ္ပါ။
၂။အသုံးနဲ႔အျဖဳန္းကို နားလည္တတ္ပါေစ။
၃။မိသားစုအတြက္ တတ္ႏိုင္သမွ်
အခ်ိန္ေပးပါ။
၄။အရက္ေသစာ ေလာင္းကစား
အေပ်ာ္အပါးမ်ားကို
တတ္ႏိုင္သမွ် ေရွာင္ၾကဥ္ပါ။
၅။သား သမီးမ်ားကို အခ်ိန္ရရင္ ရသလို
ေႏြးေထြးမႈေပးၿပီး ဆုံးမပါ။
၆။ကိုယ္က်င့္တရားကို
အတတ္ႏိုင္ဆုံး လုံၿခဳံေအာင္ ထိန္းပါ။
၇။ဘုရား တရား သံဃာ မိဘ ဆရာကို
႐ိုေသ ကိုးကြယ္ပါ။
၈။အသိပညာျမင့္မားေအာင္ စာဖတ္ပါ။
၉။အေကာင္း အဆိုးကို ခြဲျခားတတ္ဖို႔
လိုပါတယ္။
၁ဝ။အျမင္က်ယ္ၿပီး
စိတ္သေဘာထားျမင့္မားဖို႔ လိုပါတယ္။
၁၁။ဇနီးသည္ကို ေလးစား တန္ဖိုးထားပါ။
(ကိုယ္ကိုယ္တိုင္ တန္ဖိုးထားမွ
သား သမီးႏွင့္ ပတ္ဝန္းက်င္က
ေလးစား တန္ဖိုးထားမွာပါ)
၁၂။အလုပ္ရဲ႕ဖိအားကို
အိမ္မွာ မေပါက္ကြဲမိပါေစနဲ႔။
၁၃။တည္ၾကည္ေသာ စကား
ေႏြးေထြးေသာ အျပဳအမူနဲ႔
အိမ္ရွင္မရဲ႕ ေခြၽးကို သုတ္ေပးပါ။
၁၄။အိမ္ရွင္မကို ႐ိုက္ႏွက္ျခင္း ႏွင့္
စကားၾကမ္းၾကမ္းေျပာဆိုျခင္း
မျပဳလုပ္သင့္ပါ။
အိမ္ေထာင္ဦးစီးဆိုတာ…
ဇနီးမယား၏ အားကိုးရာ ျဖစ္သလို
သား သမီးမ်ားအတြက္
စံနမူနာ ပုဂၢိဳလ္ ျဖစ္ေသာေၾကာင့္
ကိုယ္က်င့္တရား လုံၿခဳံဖို႔ေတာ့ လိုပါတယ္။
အိမ္ရွင္မ ဆိုတာ…
အိမ္ကို ရွင္သန္ေအာင္ မ-စ သူ ျဖစ္သလို
သား သမီးမ်ား၏ ဘဝကို
တည့္မတ္ေအာင္ မ-စ ေပးႏိုင္ေသာ
အေႏြးေထြးဆုံး ရင္ခြင္တစ္ခုပါ။
အိမ္ရွင္မတစ္ေယာက္
ျပဳလုပ္သင့္ေသာ တာဝန္မ်ားမွာ
၁။စည္းကမ္းရွိပါ။
၂။ႏွစ္ဖက္ေဆြမ်ိဳးေတြအေပၚ
အတတ္ႏိုင္ဆုံး ၾကည့္ရႈေပးကမ္းပါ။
၃။ျဖစ္သလို မေနသင့္သလို
အလြန္အကြၽံ အလွအပ မမက္ေမာသင့္ပါ။
၄။အေနအထိုင္ အေျပာအဆို
သတိထားပါ။
၅။ဝင္ေငြ ထြက္ေငြကို အသုံးခ်တတ္ပါေစ။
၆။သစၥာတရားကို လက္ကိုင္ထားပါ။
၇။မယ္တစ္႐ြက္ မ႐ြက္ႏိုင္ရင္ေတာင္မွ
ပလိုင္းေပါက္မျဖစ္ဖို႔ အေရးႀကီးပါတယ္။
၈။ဘုရား တရား သံဃာ မိဘ ဆရာကို
ကိုးကြယ္ယုံၾကည္ပါ။
၉။အိမ္လည္ျခင္း
ခ်ဲထီစေသာ ေလာင္းကစားမ်ားကို
ေရွာင္ၾကဥ္ပါ။
၁ဝ။ေဘးလူေျပာစကားထက္
ကိုယ့္လင္သားကို ယုံၾကည္မႈ ထားပါ။
၁၁။ကိုယ့္လင္သားကို ေလးစားပါ။
(ကိုယ္ေလးစားမွ
သားသမီးႏွင့္ ပတ္ဝန္းက်င္က
ေလးစားမွာပါ)
၁၂။လင္ေယာက္်ား
အလုပ္ အဆင္ေျပသည္ ျဖစ္ေစ
မေျပသည္ ျဖစ္ေစ
ပုံမွန္အတိုင္း ေျပာဆိုဆက္ဆံပါ။
၁၃။ခ်ိဳသာေသာစကား ႏွစ္လိုဖြယ္အၿပဳံးနဲ႔
လင္ေယာက္်ားရဲ႕
ဘဝအေမာေတြကို ေျဖေဖ်ာက္ပါ။
၁၄။လင္ေယာက္်ား စိတ္ရႈပ္ေနတဲ့အခါ
စကားကို သတိထားေျပာပါ။
အိမ္ေထာင္ေရးမွာ အေရးအႀကီးဆုံးကေတာ့…
အတၱေတြ ေလွ်ာ့ခ်ၿပီး ခ်စ္ျခင္းထက္
ယုံၾကည္မႈ
နားလည္မႈကို
ခိုင္မာေအာင္ တည္ေဆာက္ရတာမ်ိဳးပါ။
အတၱေတြ ေလွ်ာ့ခ်ၿပီး
သူ႔ဘက္ ကိုယ့္ဘက္မွ်တေအာင္ ၾကည့္ရႈ
ခံစားေပးခဲ့ရင္
သစၥာတရား ခိုင္မာလာၿပီး
ေမတၱာတရား ေလးနက္လာပါလိမ့္မယ္။
ေပ်ာ္႐ႊင္စရာေကာင္းေသာ
စံျပအိမ္ေထာင္ေရး ျဖစ္လာဖို႔က
ႏွစ္ဦးစလုံးနဲ႔ သက္ဆိုင္ၿပီး
ျဖစ္ခ်င္တာထက္
ျဖစ္သင့္တာကို ဦးစားေပးမွသာ
ေပ်ာ္႐ႊင္စရာဘဝတစ္ခု ျဖစ္လာပါလိမ့္မယ္။
Credit to ဇင္းနစ္ မေကြး
Be the first to comment