
ကုဋီ (အိမ်သာ) ဆေးကြော သန့်စင်ခြင်း အကျိုး( ၁၁ )ပါး
၁။ မိမိစိတ်လည်းကြည်လင်စေ၍ သူတစ်ပါးစိတ်ကိုလည်းကြည်လင်စေခြင်း။
၂။ ပညာရှိသူတော်ကောင်းတို့၏ ချီးမွမ်းခြင်းကိုခံရခြင်း။
၃။ ဖြစ်ရာဘဝတွင် ချော့မွတ်နုညံ့သောအသားရေနှင့်ပြည့်စုံခြင်း။
၄။ ခန္ဓာကိုယ်သည် ပန်းရနံ့ကဲ့သို့မွှေးပျံ့သောအနံ့ရှိခြင်း။
၅။ မျက်နှာအဆင်းကြည်လင်ခြင်း။
၆။ စိတ်ညစ်ညူးဖွယ်ရာများနှင့်မကြုံရခြင်း။
၇။ စိတ်ချမ်းသာသဖြင့် ကျန်းမာရေးလည်းကောင်းခြင်း။
၈။ ပညာဉာဏ်ကြီးခြင်း။
၉။အသက်ရှည်ခြင်း။
၁၀။ မတွေမဝေသေရခြင်း။
၁၁။သေပြီးနောက်သုဂတိသို့လားရခြင်း ဟူသောအကျိုး( ၁၁ )ပါးသည် ကုဋီဆေးကြောသန့်စင်ရခြင်း၏ အကျိုးပေတည်း။

( အင်္ဂုတ္တိုရ်၊ဧကာဒသကနိပါတ် )
အနာရောဂါကင်းရခြင်းရဲ့အကြောင်း
မြတ်စွာဘုရား၏သာသနာတော်မှာ မထေရ်မြတ်တစ်ပါး ရှိခဲ့ဘူးပါတယ် ထိုမထေရ်ဟာ အနာရောဂါ ဘယ်လောက်များ ကင်းသလဲဆိုရင်´´ဟက်ချီုး “ဆိုတဲ့ နှာတောင် မချေဘူးဘူးတဲ့ ရောဂါကင်းလိုက်ပုံများ လောကမှာ ဘယ်ဟာမှအကြောင်းလွတ်ပြိး အကျိုးဖြစ်ပေါ်လာတယ်ဆိုတာ မရှိပါဘူး
ထိုမထေရ် ရောဂါကင်းရခြင်းရဲ့ အကြောင်းကတော့ ဟိုးအရင်အတိတ်ဘဝတွေက မြတ်စွာဘုရားနဲ့ သံဃာတွေကို ဆေးလှူခဲ့ဘူးတယ်တဲ့ ကဿပ ဘုရားရှင်လက်ထက်ရောက်ပြန်တော့လည်းကိုလုပ်ရမဲ့ အလုပ်တွေကို ခဏထားပြိးရဟန်းသံဃာတွေရဲ့အသုံး အဆောင်ဖြစ်တဲ့ကျောင်းသန့်ရှင်းရေးတွေပြီးတော့လည်းကုဋီ လိုခေါ်တဲ့ အိမ်သာများကိုလဲဆေးကျောပြိးသန့်ရှင်းရေးလုပ်ခဲ့ ရတဲ့ကုသိုလ်ကံတွေရဲ့အကျိုးကြောင့်ဒီဘဝ အနာရောဂါကင်းရခြင်းဖြစ်ပါတယ် တဲ့ဒါကြောင့် အနာရောဂါ ကင်းခြင်ပါတယ်ဆိုရင်ဘုရားဝန်း ကျောင်းဝန်း သန့်ရှင်းရေးလုပ်ခြင်း ဆေးဝါး လှူဒါန်းခြင်း အိမ်သာများကို ဆေးကြောခြင်း စသည်ကုသိုလ်များကို ပြုလုပ်ကြဖို့ တိုက်တွန်းပါတယ်—Crd

Be the first to comment