
ကျော်ကြီး ၏ ကွက်ကျော် ပညာများ 😀
ကျော်ကြီးတယောက် ခွက်ပုန်းကစ်ပြီး
ညည KTV သွားတာကို သူ့မိန်းမ
အတန်အသင့် သတိထားမိလေပြီ။
တနေ့ ကျော်ကြီး ရေချိုးနေတုန်း
ကျော်ကြီး မိန်းမ ဖုံးဖွင့်စစ်ဆေးရာ
တွေ့လေပြီ။

လမင်းမေ တဲ့
ဒေါသတကြီး ချက်ချင်းခေါ်ကြည့်ရာ
သားပြောလေဆိုသော ယောက္ခမ
အသံကြားရလေသည်…
သံသယစိတ်က မပြောက်သေး
ထပ်ရှာကြည့်ရာ တွေ့ပါပြီ ဒီတခါ
ကြယ်စင်မေ တဲ့
ကျော်ကြီးမိန်းမလည်း
အောင်နိုင်သူ အပြုံးဖြင့် တချက်ပြုံးပြီး
ဆက်လိုက်ရာ ကိုကျော်ပြောဟူသော
ယောင်းမ အသံသာ ထွက်လာလေသည်။
ဖုံးက ပိတ်မည်ပြုစဉ်
Miss call ဝင်ထားသော
မောင့်အိပ်မက်မေ ဆိုသော

အမည်အား တွေ့သောအခါ ကျော်ကြီးမိန်းမလည်း ဒေါသမီး တဟုန်းဟုန်းတောက်လောင်ပြီး ဖုံးဆက် ကြည့်လိုက်ရာ
ဘေးမှဖုံးက အသံ ထမြည်လေသည်။
မောင့်အိပ်မက်မေ ဆိုသည်မှာ ငါပါတကားဟု
ယောက်ျားသူတော်ကောင်းကြီးအား စော်ကားမိလေချင်းဟု စိတ်မကောင်းကြီးစွာ ဖြစ်ကာ ငိုချ လိုက်မိလေသည်။
ထိုစဉ် မက်ဆေ့ တစောင်ဝင်လာလေပြီ…
ဦးသုမန တဲ့
ဒကာကြီး တရားပွဲ စမယ် ဟူသတည်း။
ကျော်ကြီးမိန်းမလည်း ယောက်ျား သူတော်ကောင်းကြီး စော်ကားမိလေချင်းဟု
မျက်ဝန်းမှ မျက်ရည်စများအား
လူမမြင်အောင် ခိုးသုတ်လိုက်ရင်း

တရားပွဲမှာ လှူရအောင် ၅ သိန်းအုပ်လေး
စားပွဲပေါ် တင်ပေးပြီး
ဟင်းနွေးချင်ဟန်ဆောင်ကာ
မီးဖိုခန်းထဲသို့ ဝင်သွားလေသည်…
ကျော်ကြီးလည်း ၅ သိန်းအုပ်ကို
ဟန်ပါပါယူရင်း အိမ်ပြင်ရောက်သည်နှင်
ဉီးသုမန ထံဖုံးဆက်ပြီး
ကလေး ကိုကြီးထွက်လာပြီ…. တဲ့
😁😁😁😁
crd_to_owner
Be the first to comment