
ဂြိုလ်မင်းနတ်မင်း
ကံဇာတာ မကောင်းခြင်း ၊ ကံံနိမ့် ကံညံ့ နေသူများ ၊
အလုပ်အကိုင် အဆင်မပြေ ဖြစ်နေသူများ အတွက် အဓိဋ္ဌာန်
ဤအဓိဌာန်ကို ဝင်သင့်သည် ။
ဂြိုလ်မင်း နတ်မင်းနှင့်တကွ ခုနှစ်နေ့ (၈)နာမ်ဖွား
သား ၊ သမီး အပေါင်းတို့အား
မေတ္တာပို့ပေးရမည့် အဓိဌာန်ဖြစ်ပါသည် ။
ဦးစွာပထမ ယခုဤအဓိဌာန်ကို စတင် ဝင်ရောက်မည့်
သူသည် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးထံမှ ပရိကံယူ၍ ငါးပါးသီလ ခံယူဆောက်တည်ပီးမှသာ
ဤအဓိဌာန်ကို စရမည်ဖြစ်ပါသည် ။
တနင်္ဂနွေဂြိုလ်မင်းနှင့်တကွ တနင်္ဂနွေသားသမီး
အပေါင်း သူတော်ကောင်းတို့သည် လည်းကောင်း ၊
၇ ရက် သားသမီး အပေါင်း သူတော်ကောင်းတို့သည် လည်းကောင်း ၊ ကမ္ဘာသူ/ကမ္ဘာသား အားလုံးတို့သည်လည်းကောင်း ကိုယ်ကျန်းမာကြပါစေ ၊
စိတ်ချမ်းသာကြပါစေကုန်သတည်း ။

( တနင်္လာ ဂြိုလ်မင်းနှင့်တကွ တနင်္လာသားသမီအပေါင်း
သူတော်ကောင်း အပေါင်းတို့သည် လည်းကောင်း )
( အင်္ဂါ ဂြိုလ်မင်းနှင့်တကွ အင်္ဂါသားသမီးအပေါင်း
သူတော်ကောင်း အပေါင်းတို့သည် လည်းကောင်း )
( ဗုဒ္ဓဟူး ဂြိုလ်မင်းနှင့်တကွ ဗုဒ္ဓဟူး သားသမီးအပေါင်း
သူတော်ကောင်း အပေါင်းတို့သည် လည်းကောင်း )
( ရာဟု ဂြိုလ်မင်းနှင့်တကွ ရာဟုသားသမီးအပေါင်း
သူတော်ကောင်း အပေါင်းတို့သည် လည်းကောင်း )

( ကြာသာပတေး ဂြိုလ်မင်းနှင့်တကွ ကြာသာပတေးသားသမီးအပေါင်း
သူတော်ကောင်း အပေါင်းတို့သည် လည်းကောင်း )
( သောကြာ ဂြိုလ်မင်းနှင့်တကွ သောကြာ သားသမီးအပေါင်း
သူတော်ကောင်း အပေါင်းတို့သည် လည်းကောင်း )
( စနေ ဂြိုလ်မင်းနှင့်တကွ စနေသားသမီးအပေါင်း
သူတော်ကောင်း အပေါင်းတို့သည် လည်းကောင်း )
အစရှိသဖြင့် ( ပထမဆုံး စရွတ်ဆိုခဲ့သည့် တနင်္ဂနွေနေရာလေးကိုပဲ အထက်ဖော်ပြပါ စာသားလေးများအားပြောင်းပြောင်းပီး လှည့်ရွတ်ပေးသွားပါ )
၁၄ ရက် မပြတ်မကွက် အဓိဌာန် ဝင်ရပါမည် ။
အကျိုးထူးပြီး ဆုတောင်းပြည့်လာပါလိမ့်မည် ။
ကံစည်ဟိန်း
Be the first to comment