
ကံနိမ့်နေသူများ အတွက် ကံမြင့်နည်း
မိဘအဝတ်အစားလျှော်ပါ ။
မိဘကိုပြုစုပါ ။
မိဘကိုနေ့စဉ်ကန်တော့ပါ ။
မိမိအိမ်သန့်ရှင်းပါ ။
မိမိအိမ်မျက်နှာစာသန့်ရှင်းပါ ။
ဘုရားကျောင်ဆောင်သန့်ရှင်းပါ ။
ဘုရားရောင်တော်ဖွင့်ပါ ။
ဆွမ်း ၊ ပန်း ၊ ဆီမီး နေ့စဉ်ကပ်ပါ ။
ဘုရား ၊ တရား ၊ သံဃာ ဂုဏ်တော်ပွားပါ

လမ်းပေါ်ရှိ အမှိုက်သရိုက် ၊
ဆူးများမရှိအောင်လှည်းကျင်းပါ ။
စေတီပရဝဏ်တံမြက်လှည်းကုသိုလ်ယူပါ ။
ဘုန်းကြီးကျောင်း ကုဋီသန့်ရှင်းရေးလုပ်ပါ ။
အများသုံးအိမ်သာ သန့်ရှင်းရေးလုပ်ပါ ။
မြောင်းဆယ် ၊ မြောင်းဖော် ၊ မြောင်းတူးပါ ။
ရေကန်ဆယ်ပါ ။
ရေတွင်း ၊ ရေကန် ၊ ရေ အလှူပြပါ ။
လမ်းမှာအမှတ်တမဲ့တွေ့ရတဲ့ ။
ဆာလောင်နေသူ လူ/တိရိစ္ဆာန်ကိုဒါနပြုပါ ။
ပံ့သကူပစ်ပါ ။
ကုသိုလ်ပြုစာရင်းမှတ်ပြီး ၊ ပြန်လည်ပီတိပွားပါ ။
သစ်ပင်စိုက်ပါ ။
အရိပ်လှူပါ ။
ညောင်ထောက်ပါ ။
လေလွင့်တိရိစ္ဆာန်များကို ဒါနပြုပါ ။

အရူးကျွေးပါ ။
တံတားထိုးပါ ၊ လှူပါ ။
ခေါင်းဆေးမင်္ဂလာပြုပါ ။
ရဟန်းဒကာခံယူပါ ။
ရေနစ်တိရိစ္ဆာန်လေးများအားဆယ်ပါ ။
ကံငါးပါးလုံပါ ။
စိတ်ကောင်းမွေးပါ ။
ဝစီဒုစရိုက်ရှောင်ပါ ။
ကျေးဇူးအောက်မေ့ပါ ။
သူတော်ကောင်းတရား (၇) ပါးကျင့်သုံးပါ ။

မှတ်ချက် ။ ။ အထက်ပါအလုပ် ဘာပဲလုပ်လုပ်
ပြီးပြီးရော မလုပ်ပါနဲ့နော် ။ သဒ္ဓါ၊ ပီတိလေးပွားပြီး
ပုဗ္ဗ၊ မုဉ္စ၊ အပရ စေတနာ (၃) တန်ရအောင်
လုပ်ပေးပါဗျ ။ မုချ မြှင့်လာမှာပါ ။ 🙏🙏🙏
ပညာသမာအာဘာနတ်ထိ
Credit - ဆရာကျွန်း
Be the first to comment