စိတ်ညစ်လို့ ရူးမတတ် ခံစားနေရချိန်မှာ နာနာဖိရွတ်
" ဖုဋ္ဌဿလောက ဓမ္မေဟိ "
( လောကဓံတရား တစ်ပါးပါးနဲ့ ထိတွေ့ခံစားရတဲ့အခါ )
" စိတ်တံယဿ နကမ်ပတိ "
( စိတ်သည်မတုန်မလှုပ်ပါစေနှင့်)
" အသောကံ "
( မတွေးတော ၊ မစိုးရိမ်ပါနှင့်)
" ဝိရဇံ " ( မက်မောမှုမရှိပါနှင့် )
" ခေမံ " ( ကြည်လင် အေးချမ်းအောင်
စိတ်ကို လေ့ကျင့်မွေးမြူထားပါ )
အန္တရာယ် အလွန်ကင်းတယ် ။ တစ်ခါတစ်ရံ ဘဝမှာ အခက်အခဲတွေ့လာလို့ ဘာလုပ်လို့ ဘာကိုင်ရမှန်း
မသိတဲ့အချိန် အဲ့ဒီ ဂါထာတော် ရွတ်လိုက်တဲ့အခါ
မျက်စိထဲမှာ ဘာပြီးရင် ဘာလုပ်ရမယ်ဆိုတာ
ကွင်းကွင်းကွက်ကွက် ပေါ်လာတော့တာပါပဲ ။
ဖြစ်နိုင်ရင် မျက်လုံးဖွင့်တဲ့အခါမှာလည်းရွတ် ။
ဘဝမှာ အခက်အခဲတွေနဲ့ ပိတ်ဆို့နေတဲ့အချိန် ၊
စိတ်ညစ်ရလွန်းလို့ရှုးမတတ်ခံစားရနေချိန် ၊
အမှုအခင်းပြဿနာကြုံတွေ့ချိန် ၊ လာဘ်ပိတ်နေချိန် ၊
အချစ်ကြောင့် ၊ အိမ်ထောင်ရေးကြောင့် စိတ်သောကကြုံနေရချိန်တွေမှာ နာနာဖိရွတ်ပေး ၊ မကြာခဏအားတိုင်း ၊ သတိရတိုင်း ရွတ်ပေးနေရင် ဘဝဟာ သူအလိုလို အဆင်ပြေ ချောမွေ့ပြီး စိတ်ချမ်းသာမှု အတိနဲ့
ဘဝဟာ နှလုံး မွေ့လျောဖွယ်ကောင်းတဲ့
ပန်းဥယျာဉ်ကြီးတစ်ခုလို လှပစိုပြေ လာပါလိမ့်မယ် ။
အဓိဌာန်ဝင်ပီး ပုတီးစိပ်နိုင်ရင် အလွန်ကောင်းပါတယ် ။
ဖုဋ္ဌဿ လောက ဓမ္မေဟိ
(ဖုတ်ထတ်သ လောက ဓမ်မေဟိ)
စိတ်တံ ယဿ န ကမ္ပတိ
(စိတ်တံ ယတ်သ န ကမ်ပတိ)
အသောကံ ဝိရဇံ ခေမံ
အားလုံးသော မိတ်ဆွေများ ကျန်းမာချမ်းသာ
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ ။ 🙏🙏🙏
Credit
Be the first to comment