ငွေအလွန်ဝင်သည့် ဂါထာတစ်မျိုး
ငွေကြေးလာဘ်လာဘနဲ့ပတ်သက်ပြီး သောက
ရောက်နေရင် အဲဒီသောကတွေကို လျော့ပါးသက်သာ
စေနိုင်တဲ့ အင်မတန်မှအစွမ်းထက်မြက်တဲ့
ဂါထာတစ်ပုဒ် မိတ်ဆွေများကို ဝေမျှပါရစေ ။
🔷 ဒီဂါထာကို အဓိဋ္ဌာန်အနေနဲ့ပဲဖြစ်ဖြစ် ၊ အာစိဏ္ဏကံအနေနဲ့ပဲဖြစ်ဖြစ် ရွတ်ဖတ်သရဇ္ဈာယ်နိုင်ပါတယ် ။
🔷 ငွေကြေးအတွက် အဓိဋ္ဌာန်အနေနဲ့ပုတီးစိပ်ပူဇော်မယ်ဆိုရင်တော့ နဝင်းကိုက်အောင် တစ်နေ့ကို (၁၀၈) လုံးပုတီး (၉) ပတ် ၊ (၂၇) ရက်အဓိဋ္ဌာန်ပြုလုပ်ဖို့အကြံပြု
လိုပါတယ် ။ တနင်္လာနေ့မှာ အဓိဋ္ဌာန် စသင့်ပါတယ် ။
🔷 ပုံမှန် အာစိဏ္ဏကံအနေနဲ့ ဘုရားဝတ်ပြုတိုင်း ပုတီးတစ်ပါတ်စိပ်ပူဇော်ရင်လည်း ပိုပြီးအကျိုးရှိပါတယ် ။
🔷 နောက်ဆုံးအချိန်လုံးဝမရဘူးဆိုရင် ဂါထာကို
နေ့စဉ် မနက် (၉) ကြိမ် ည (၉) ကြိမ်
ရွတ်ဖတ်သရဇ္ဈာယ်ဖို့တိုက်တွန်းပါတယ် ။
🔷 အဓိဋ္ဌာန်အနေနဲ့ရွတ်ဖတ်သရဇ္ဈာယ်မယ်ဆိုရင် ဘုရားရှိခိုး ၊ (၅) ပါးသီလယူ ၊ ခင်ပွန်းကြီး (၁၀) ပါးကန်တော့ ၊ မိမိကိုယ်ကို ရတနာ (၃) ပါးထံလှူ ၊
မိမိနဲ့တကွ အနန္တသတ္တဝါတွေကိုမေတ္တာပို့ ၊ သမ္မာဒေဝနတ်ကောင်းနတ်မြတ်များကို
တိုင်တည်ပြီး အဓိဋ္ဌာန်ပုတီးစိပ် ။ ပြီးရင်
မိမိရဲ့အဓိဋ္ဌာန်ကို သစ္စာဆိုပြီးဆုတောင်း ။
နောက်ဆုံးမှာ ဝေနေယျအားလုံးကိုအမျှဝေပါ။
🔷 အထူးသတိပြုသင့်တာက အဓိဋ္ဌာန်အနေနဲ့ပဲဖြစ်ဖြစ် ၊ အာစိဏ္ဏကံအနေနဲ့ပဲဖြစ်ဖြစ် ပူဇော်တဲ့အခါ သီလလုံရင်
ပိုအစွမ်းထက်တယ် ဆိုတဲ့အချက်ပါ ။ ငါးပါးသီလကို ငါးပါးလုံးစောင့်ထိမ်းဖို့ခက်ရင် မိမိပိုင်ပိုင်နိုင်နိုင်စောင့်ထိမ်းနိုင်တဲ့သီလနှစ်ပါး (သို့) သုံးပါးကို ခိုင်ခိုင်မာမာ
စောင့်ထိမ်းပြီး ဒီဂါထာကိုရွတ်ဖတ်သရဇ္ဈာယ် သစ္စာဆိုကြည့်ပါ ။ ငွေကြေးလာဘ်လာဘနဲ့ပတ်သက်တဲ့
ပူပင်သောကတွေ ကင်းဝေးစေပါလိမ့်မယ် ။
🔴 ပုတီးစိပ်ရန်ဂါထာ
ဗုဒ်ဓါနံ မဟာလာဘဿ နသက်ကာ ကနေစိ
အန္တရာယော ကာတုံ ၊
ဧတေန သစ္စဝဇ္ဇေန ဟောတုမေ လာဘဝဍ္ဎဏံ။
🔵 ဂါထာအသံထွက်
ဗုဒ်ဓါနံ မဟာလာဘတ်သနသက်ကာ ကေနစိ
အန်တရာယော ကာတုံ
အေတေန သစ်စ ဝစ်ဇေန ဟောတုမေ လာဘဝတ်ဒနံ ။
မှတ်ချက် ။ ။
"လာဘဝဍ်ဎဏံ" ကို " လာဘဝဒ်ဓဏံ" ဟုအသံထှကျပါ ။
🔴 ဂါထာအနက်
ဘုရားရှင်တို့၏ လာဘ်လာဘကို တစ်စုံတစ်ယောက်သောသူသည် အန္တရာယ်ပြုခြင်းငှာ မတတ်နိုင်
ကောင်းပါ။ ဤမှန်သောသစ္စာစကားကြောင့် ကျွန်ုပ်၌လည်း လာဘ်လာဘရတနာအမျိုးမျိုး
တိုးပွားခြင်းသည် စင်စစ်မသွေ ဖြစ်ရပါစေသတည်း ။
🔵 ပြုခဲ့မိသောအတိတ်ကံတွေကို ပြန်ပြင်ဆင်လို့
မရပေမယ့် ပစ္စုပ္ပန်မှာ ကောင်းမြတ်တဲ့စိတ်ထားနဲ့
သီလ သမာဓိ ပညာ တို့ကို မိမိနိုင်သလောက်
စွမ်းသလောက်ဖြည့်ဆည်းဆောက်တည်ပြီး မိမိနဲ့
မိမိဝန်းကျင်ကိုငြိမ်းချမ်းစေရင်း သံသရာဝဲသြဂကို အချိန်တိုတိုနဲ့ လွန်မြောက်နိုင်ကြပါစေ ။
မူရင်းရေးသူအား လေးစားစွာ Credit ပေးပါသည် ။
Be the first to comment