Facebook Comments Box
ဆရာငြိမ်း၏ (27.Jan.2022 မှ 2.Feb.2022) အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

ဆရာငြိမ်း၏ (27.Jan.2022 မှ 2.Feb.2022) အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ
ဒီကာလအတွင်း အဆင်ပြေတိုးတတ်လာပါလိမ့်မယ်။ မိမိလုပ်သမျှအောင်မြင်အကျိုးပေးပါလိမ့်မယ်။ အသင်းအဖွဲ့နှင့်လုပ်ရသော၊groupနဲ့လုပ်ရသောအလုပ်များလဲ အထူးအဆင်ပြေနိုင်တာကိုတွေ့ပါတယ်။ မိမိဆိုင်လူ ဝင်ခြင်း၊ဖောက်သည်သစ်တိုးခြင်းများလဲ အထူးကြုံနေရတတ်ပါတယ်။ လုပ်ငန်းခွင်ထဲမှာလဲ လူအများရဲ့ အားပေး ထောက်ခံခြင်းကိုရရှိပါလိမ့်မယ်။ အလုပ်ခွင်မှာမျက်နှာပေးခြင်းခံရပါလိမ့်မယ်။ဘာသာရေးကိုင်းရှိုင်းသူများ ကံ အကျိုး ပေး ပိုကောင်းနိုင်တဲ့ကာလပါ။မွေးနေ့မှာသားသတ်လွတ်စားနိုင်ရင်ပိုကောင်းပါတယ်။ အကျိုးဆောင် ပေး ခြင်း များ၊ ဝန်ဆောင်မှုပေးခြင်းများအထူးဆောင်ရွက်လို့ကောင်းတဲ့ကာလပါပဲ။ ကိုယ်ပိုင်အလုပ်များအလုပ်တိုး တတ်မဲ့ အချိတ် အဆက် တွေရလာတတ်ပါတယ်။အနုပညာဆိုင်သောအလုပ်များ၊စာပေရေးသားခြင်းများကို အား စိုက် လုပ် လို့အထူး ကောင်းပါတယ်။ ကျန်းမာရေးကတော့ အကောင်းဘက်ကိုများနေတတ်ပါတယ်။ ခံစားနေရတဲ့ ဝေဒနာ တွေ တဖြည်း ဖြည်း နဲ့သက်သာခွင့်တွေရလာပါလိမ့်မယ်။ အချစ်ရေးမှာတော့ ရလဒ်ကောင်းတွေရလာတတ် ပါတယ်။ ချစ်ခွင့်ပန် ထား သူများကောင်းမွန်သောအဖြေတွေရလာတတ်ပါတယ်။ အိမ်ထောင်ရေးအညံ့အဆိုး ကင်းနေ ပါလိမ့်မယ်။ အိမ်ထောင် ဘက်ဆီက လက်ဆောင်ကောင်း တွေရလာတတ်ပါတယ်။ ပညာရေးအကြောင်း ပြောရရင်တော့ မိမိကြိုးစားထားသမျှ အရာထင် တိုးတတ်ပါလိမ့်မယ်။
အကျိုးပေးဂဏန်း ၂/၉/၆
အထူးဟော ကံမြင့်မားနေပါလိမ့်မယ်။
ယတြာ သီလရှင်ကို ကြက်သွန်လှူပါ

တနင်္လာ
ဒီကာလအတွင်းခရီးသွားလုပ်ငန်းများ၊ ကုန်သည်အလုပ်များလဲ အကျိုးအမြတ်နည်းနိုင်ပါတယ်။ ဆရာ အလုပ်များ၊သင်ကြားရေးနှင့်ပတ်သက်သောလုပ်ငန်းများအထူးတိုးတတ်မဲ့ကာလပါပဲ။ ကျန်းမာရေးလဲ အများ အားဖြင့် နေကောင်းကျန်းမာနေတာကိုတွေ့ရပါတယ်။ တစ်ခုသတိထားရမှာက လည်ချောင်းနာတာ၊ အာသီရောင် တာ၊လေပြွန်ရောင်တာမျိုးတွေဖြစ်လွယ်ပါတယ်။ မိမိအယူအဆတွေကအများနဲ့မတူကွဲထွက်နေတတ်ပါတယ်။ ဒါက လဲကောင်းတဲ့လက္ခဏာတစ်ချက်ပါပဲ။ အတွေးအမြင်မတူတဲ့ စိတ်ကူးတွေရလာတတ်ပါတယ်။ သူတစ်ပါးကိုကူညီ ချင်စိတ်တွေများနေတတ်ပါတယ်။ အရာ ရာအများအတွက်စဉ်စားပေးတတ်တာကြောင့် မိမိကို အထင်မကြီးသူ တွေတောင် အထင်ကြီးလေးစားခြင်းကိုခံရပါ လိမ့်မယ်။ တရားအားထုတ်တာကို စိတ်ပါသူများ ဒီကာလတွေမှာ တရားအရသာကိုကောင်းစွာခံစားမိပါလိမ့်မယ်။ ဝန်ထမ်းရင်တော့ မိမိကအမှန်အတိုင်းပြောဆိုလုပ် ကိုင် တတ်တာ ကြောင့် အချို့လူတွေမကြိုက်တာမျိုး တွေကြုံရတတ်ပါတယ်။ အချစ်ရေးမှာ အထင်လွဲနေတာတွေ ပြေလည် သွား မည်။ စန်းအားကောင်းနေတာမို့ မင်္ဂလာကိစ္စတွေကြုံရတတ်ပါတယ်။ လူပျို/အပျိုဟိုင်းကြီးများ အောင်သွယ်ကြောင့် ချစ်သူရတတ်ပါတယ်။အိမ်ထောင် ရေးမှာလဲ အပေးအယူတည့်တည့်နဲ့ စိတ်ချမ်းသာရပါလိမ့်မယ်။ ပညာရေးကံ လဲ ကောင်းနေမည်။
အကျိုးပေးဂဏန်း ၃/၇/၀
အထူးဟော စိတ်ချမ်းသာကြည်နူးစရာတွေများမယ်
ယတြာ နို့စိမ်းခေါက်ဆွဲဘုရားကပ်လှူပေးပါ

အင်္ဂါ
ရှေ့တိုးဆောင်ရွက်စရာကိစ္စတွေကို လျှို့ဝှက်ပြီးလုပ်ပါ။ သူများကိုပြောပြလိုက်ရင် အဖျက်ဝင် သွားတတ်ပါ တယ်။ အချစ်ရေးနဲ့ပတ်သက်တဲ့ အတွင်းရေးတွေပေါက်ကြားတတ်ပါတယ်။ အလုပ်နဲ့ဆိုင်သော အရေးကြီးတဲ့ သတင်း အချက် အလက်တွေရောင်းစားခံရနိုင်ပါတယ်။ အဲဒါတွေကိုအထူးသတိထားပါ။ ဘာလုပ်လုပ် အကျိုးဆက် ကို ကြည့်ပြီးလုပ်စေချင်ပါတယ်။ ခရီးကိစ္စတွေကိုတော့ အစီအစဉ်ဆွဲလို့မကောင်းသေးပါဘူး၊ရက်ရွှေ့ လိုရမယ် ဆိုရင်တော့ ရက်ရွှေ့ပါ။ အပျော်ခရီးများ၊ အပန်းဖြေခရီးများမထွက်သင့်ပါဘူး။ တတ်နိုင်သမျှရေလမ်းခရီး မျိုး ရှောင် လိုက် စေချင်ပါတယ်။ ကျန်းမာရေးကတော့ ထိုင်နေရင်အကောင်း ထသွားမှကျိုးမှန်းသိ ဆိုသလို တစ်နေရာရာကို ခရီးထွက်လိုက်ရင် မြေပြောင်း၊ရေပြောင်းကြောင့်ကျန်းမာရေးညံ့သွားနိုင်ပါတယ်။ အရေး ကြီးတဲ့ကိစ္စတွေကို နှုတ် ကတိ နဲ့ မလုပ်ဘဲ စာချုပ်စာတန်းနဲ့လုပ်တာအကောင်းဆုံးပါပဲ။ အချစ်ရေးမှာတော့ စိတ်ချမ်း သာရပါလိမ့်မယ်။ ဒါပေမဲ့ချစ်သူရဲ့ အိမ်တွင်း‌ရေးကိစ္စတွေကို ဝင်ရောက်စွက်ဖက်ပြောဆိုတာမျိုးမလုပ်မိပါစေနဲ့။ အိမ်ထောင်ရေး ကတော့ အထူးညံ့နေပါလိမ့်မယ်။စီးပွားရေးကြောင့် အိမ်ထောင်ရေးအပေါ်ဂရု မစိုက်နိုင်ဖြစ်ရပါ လိမ့်မယ်။ ပညာရေး မှာတော့ အနည်းငယ်စိတ်မပါသလိုဖြစ်နေရတတ်ပါတယ်။
အကျိုးပေးဂဏန်း ၁/၄/၈
အထူးဟော အပျော်မရှာပါနဲ့…အေးချမ်းစွာသာဖြတ်သန်းပါ
ယတြာ အာလူးကြော်ပြီးဘုရားကပ်ပါ

ဗုဒ္ဓဟူး/ရာဟု
ဒီကာလအတွင်း သားသမီး အတွက်ပူပန်ရတာမျိုးတွေငွေသုံးရတာမျိုးတွေကြုံရတတ်ပါတယ်။ လူမှုရေး ကိစ္စများ၊ သာရေးနာရေးကိစ္စတွေ ကြောင့်လဲ အချိန်ကုန်လူပန်းရတတ်ပါတယ်။ မိမိအတွက်လုပ်ငန်းခွင်အတွင်း ဖွဲ့စည်းပုံ တွေ၊ သီအိုရီတွေပြောင်းလဲသင့်ပါတယ်။ meeting တွေပြုလုပ်ပြီး ပိုမိုတိုးတတ်စေမဲ့လမ်းကြောင်းကို ရှာဖွေပါ။ ဒီကာလဟာ အလုပ်နဲ့ပတ်သက်ပြီး လက်ရှိအနေအ ထားထက်ပိုမိုကောင်းတဲ့ရလဒ်ကိုရရှိပါလိမ့်မယ်။ staff level တောင်မှမိမိအတွက်အခွင့်အလမ်းကောင်းတွေပေါ် လာနိုင်ပါတယ်။ ကိုယ်ပိုင်စီးပွားများ လုပ်ငန်းချဲ့ ထွင် နိုင် သလို နားလည်တတ်ကျွမ်းသူတွေကိုမေးမြန်းအကြံယူသင့် တဲ့နေ့ရက်တွေပါပဲ။ ကျန်းမာရေးကတော့အထူး ကောင်း နေပါလိမ့်မယ်။မိမိဖြစ်ချင်တာတွေကိုလဲအားစိုက်လုပ်နိုင်ပါလိမ့် မယ်။အိမ်ဝယ်ချင်သူများ ၊တိုက်ခန်း ဝယ်ချင်သူများ ဒီကာလမှာဆောင်ရွက်လို့အထူးကောင်းပါတယ်။ အချစ်ရေးကိစ္စတွေမှာတော့မိမိကိုယ်တိုင်ကချစ်သူ အပေါ်စိတ်ကုန် လွယ်ပါလိမ့်မယ်။အရင်ကတည်းကပြဿနာအကြီးအကျယ်ဖြစ်ပြီးစကားများထားတဲ့ ချစ်သူစုံတွဲ များဒီကာလမှာအပြီးအပိုင်ပြတ်စဲသွားတတ်ပါတယ်။ အိမ်ထောင်ရေးကတော့အဆင်ပြေစိတ် ချမ်းသာရမဲ့နေ့ရက် တွေပါပဲ။ ပညာရေးမှာတော့စီးပွားရေး နဲ့ဆိုင်သောသင်တန်းများတက်ရောက်လို့အထူးကောင်းတဲ့ကာလပါပဲ။
အကျိုးပေးဂဏန်း ၂/၅/၄
အထူးဟော အလုပ်အပေါ်သာစိတ်နှစ်ထားပါ
ယတြာ ငှက်ပျော်ကြော်ဘုရားလှူဒါန်းဆုတောင်းပါ

ကြာသပတေး
ဒီကာလအတွင်းငွေကြေးနဲ့ အစုလိုက်ဝင်တာမျိုးတွေကြုံနေရတတ်ပါတယ်။ ကြန့်ကြာနေတဲ့ငွေကြေးရှိရင် တော့ပြန်လည်ရရှိလာပါလိမ့်မယ်။ မိမိရောင်းစရာရှိတဲ့ အရောင်းပစ္စည်းများရောင်းထွက်ပါလိမ့်မယ်။ စိတ်ထဲလိုချင် တာလေးတွေအပြင်လက်တွေ့မှာရလာတတ်ပါတယ်။ မိမိတောင်းတတာလေးတွေပြည့်ဝရနိုင်ပါတယ်။ လုပ်ငန်းကြီး များသိသိသာသာတိုးတတ်လာနိုင်ပါတယ်။ ကြော်ငြာခြင်း၊ promotion ပေးခြင်းဖြင့် ဒီကာလမှာမိမိလုပ်ငန်းကို လူ သိများအောင်လုပ်ဆောင်သင့်ပါတယ်။ ဘာသာရေးနဲ့ပတ်သက်ရင်လဲ မိမိလှူချင်တဲ့ အလှူအတန်းတွေလှူခွင့်ရ လာ တတ်ပါတယ်။ စိတ်ချမ်းသာစရာအတွေးတွေကိုတွေးပါ။ လူအများကိုတတ်နိုင်သ၍ကူညီလိုက်ပါ။ အကျိုးဆက် အနေနဲ့ မိမိလဲအဆင်ပြေ တိုးတတ်သွားပါလိမ့်မယ်။ကျန်းမာရေးကတော့ ဂရုစိုက်ရလိမ့်မယ်။ အအေးပတ်တတ် တယ်။ ညဘက်နွေးနွေးထွေးထွေးမအိပ်မိတာကြောင့် နှာစေး၊ချောင်းဆိုး၊ဖျားနာဖြစ်တတ်ပါတယ်။ အအေးမခံပါနဲ့။ နွေးနွေးထွေးထွေးနေပါ။ အချစ်ရေးမှာတော့ အထူးအဆင်ပြေမယ်။ မေတ္တာတောင်းခံလို့ကောင်းပါတယ်။ မပြေ လည် တာတွေကို ပြေလည်နိုင်အောင်စွမ်း ဆောင် ခွင့်ရပါလိမ့်မယ်။ အိမ်ထောင်ရေးကတော့ အိမ်ထောင်ဘက် ခရီးများနေတာတွေ့ရတယ်။ ပညာရေးအထူးကောင်းတဲ့ ကာလပါပဲ။
အကျိုးပေးဂဏန်း ၃/၆/၅
အထူးဟော အလုပ်စီးပွားကံအားကောင်းနေချိန်ပါ
ယတြာ သပြေပန်းဘုရားကပ်လှူပါ

သောကြာ
ဒီကာလအတွင်း လောင်းကစားလုပ်ခြင်းမျိုးအထူးရှောင်ပါ။ ရှိတာလေးကုန်သွားပါလိမ့် မယ်။စိတ်ကူးအယူ အဆအသစ်တွေရရှိရင်တောင်မှ ဒီကာလမှာအကောင်အထည်မဖော်လိုက်ပါနဲ့။ စက်ပစ္စည်း အဟောင်းဝယ်တာ၊ တစ်ပတ်ရစ်ဝယ်တာဆိုရင်တော့ သေချာစစ်ဆေးပြီးမှဝယ်ယူပါ။ အလုပ်နဲ့ပတ်သက်တဲ့ခရီးတွေသွားနေရတတ်ပါ တယ်။ ငွေနောက်လိုက်ရင်တော့ လိုက်လေဝေးလေဖြစ်ရတတ်ပါတယ်။ လောဘတကြီးငွေမရှာလိုက်ပါနဲ့။ အလုပ်နဲ့ ပတ်သက်ရင်တော့ ဝန်ထမ်းဆို အရာရာရှေ့ထွက်လုပ်ဆောင်ခြင်းမပြုပါနဲ့။ မိမိစလိုက်တဲ့ကိစ္စတွေကအဆုံး မသတ်ဘဲ အခက်အခဲများသွားနိုင်လို့ ပါပဲ။ ဒီအတိုင်းအနေအထားလေး ကိုပဲတိုးတတ်အောင် လုပ်လိုက်ပါ။ အလုပ်သစ်ဆိုတာမျိုး တော့တတ်နိုင်သလောက်ရှောင်လိုက်စေချင်ပါတယ်။ ကျန်းမာရေးကတော့ အညံ့အဆိုးသိပ် မများ ပါဘူး။ ကျန်းမာရေးကောင်းတဲ့သူများပါလိမ့်မယ်။စက်ပစ္စည်းများနဲ့ကိုင်တွယ်လုပ်ကိုင်ရသူများ ထိခိုက်မိ တတ် ပါတယ်။ လျှပ်စစ်အန္တရာယ်၊မီးအန္တရာယ်သတိပြုပါ။ အချစ်ရေးကံကောင်းပါတယ်။ ဒါပေမဲ့ ချစ်သူနဲ့အနေဝေး နေရ တတ်ပါတယ်။ အိမ်ထောင်ရေးသာယာအဆင်ပြေပါလိမ့်မယ်။ အိမ်ထောင်ဘက်ရဲ့ အကြံ ဉာဏ်က မိမိအတွက် လက်တွေ့အသုံးတည့်ပါလိမ့်မယ်။ပညာရေးနဲ့ပတ်သက် ရင်တော့ ဆရာသင်ပြတာကိုနား လည် ရခက်ခဲနေတတ် ပါတယ်။
အကျိုးပေးဂဏန်း -၄/၀/၆
အထူးဟော-ကံအညံ့များနေတာတွေ့ရတယ်
ယတြာ-ထန်းလျက်ခဲ လမ်းဘေးခွေးတွေကိုကျွေးပါ

စနေ
ဒီကာလအတွင်း ခရီးကိစ္စများ အကြောင်းအမျိုးမျိုးကြောင့်ပျက်ရတတ်ပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်း များ၊ စက်မှု လုပ်ငန်းများ အထူးတိုးတတ် လာနိုင်ပါတယ်။ လုပ်ငန်းခွင်အနည်းငယ်အလုပ်များပြီးပင်ပန်းရတတ်ပါ တယ်။ အရင်နေ့တွေကတည်းကအလုပ် အကြွေးတွေမတင်အောင်လုပ်တတ်ဖို့လိုပါတယ်။ စိတ်ရှုပ်ထွေးစရာ လေးတွေများ နေတတ်ပါတယ်။ တွေဝေဒွိဟဖြစ်စရာလေးတွေကြုံနေရ တတ်ပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး အပို ကိစ္စတွေတတ်နိုင်သလောက်ရှောင်ပါ။ အပိုတွေလုပ်ပြီး အချိန်ကုန်တာ ကြောင့် တကယ်လုပ်ရမဲ့အလုပ်တွေ မပြီးဘဲ ဖြစ်ရတတ်ပါတယ်။ social media သုံးတာကိုလဲတတ်နိုင်သလောက် လျော့ချလိုက်ပါ။ကျန်းမာရေးနဲ့ပတ် သက်ပြီးတော့လဲ အလွန်အားနည်းချက်များပါတယ်။ ရာသီအကူးအပြောင်း ကြောင့်ဖြစ်တဲ့ရောဂါတွေကြုံရတတ် သလို၊ အစားမှားဆေးမှားဆိုတာမျိုးလဲဖြစ်ရတတ်ပါတယ်။ ငွေလက်ထဲမထားပါနဲ့။ လက်ဝတ်ရတနာဖြစ်ဖြစ်ဝယ် ထားပါ။ လက်ထဲ ငွေထားရင်ကုန်စရာပေါ်လာတတ်ပါတယ်။ အချစ်ရေးကံကတော့ ဒီကာလမှာ အဆင်ပြေတတ်ပါ တယ်။ချစ်သူကမိမိပင်ပန်းမှုတွေကိုပျော်စရာတွေနဲ့ချွေးသိပ်ပေးပါလိမ့်မယ်။ အိမ်ထောင်ရေးမှာလဲ စိတ်ချမ်းသာရမဲ့ ကာလလို့သိရပါတယ်။ ပညာရေးမှာထင်သလောက်မထွန်းပေါက်သလိုဖြစ်လိမ့်မည်။
အကျိုးပေးဂဏန်း ၁/၅/၇
အထူးဟော ကံသင့်တဲ့ကာလပါပဲ။
ယတြာ ကြက်ဥပေါင်မုန့်ကြော်ဘုရားကပ်ပါ
၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box