Facebook Comments Box
လူငယ်တွေဖတ်သင့်တဲ့အကြံပေးစကား

Warren Buffet ဟာ ကမ္ဘာပေါ်မှာ အင်မတန်ထင်ရှားတဲ့ အမေရိကန် စီးပွားရေးသမားတစ်ယောက်
ဖြစ်ပါတယ်။ သူဟာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမှာ အကြီးအကျယ်အောင်မြင်ပြီး အတော်ဆုံးသူတစ်ယောက်လို့တောင် ပြောလို့ရပါတယ်။
လူငယ်တွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ အကြံပေးစကားတွေကတော့

(၁) ကိုယ့်ကိုယ်ကို အရင်ဆုံး ရင်းနှီးမြှုပ်နှံပါ။

တခြား စီးပွားရေးလုပ်ငန်းတွေမှာ မြှုပ်နှံတာတွေထက်စာရင် အရင်ဆုံး ကိုယ့်ကိုယ်ကို မြှုပ်နှံဖို့လိုတယ်လို့
သူပြောပါတယ်။
ကိုယ့်ကိုယ်ကို မြှုပ်နှံဆိုတဲ့စကားမှာတော့ အရည်အသွေးတွေ၊ ဗဟုသုတတွေ၊ အတွေ့အကြုံတွေကို ဆိုလိုတာ ဖြစ်ပါတယ်။

(၂) အကျင့်ဆိုးတွေကို အရင်ဖြတ်ပါ။

ကိုယ့်မှာ ရှိနေတဲ့ အကျင့်ဆိုးတွေကို အရင်ဆုံးပြင်ရမယ်လို့ အကြံပေးထားပါတယ်။
လက်ကြောမတင်းတဲ့အကျင့်တွေ
ချိန်းရင်နောက်ကျတတ်တဲ့ အကျင့်တွေ
ကတိစကားမတည်တဲ့အကျင့်တွေ စတဲ့ အနာဂတ်အောင်မြင်ရေးကို အနှောင့်အယှက်ဖြစ်စေတဲ့အကျင့်မှန်သမျှကိုပြင်ရပါမယ်။

(၃) Role Model ရှာ။

သူ့ရဲ့ အကြံပေးစကားထဲမှာတော့
သင်လေးစားအားကျရမယ့်သူတစ်ယောက်ကို
ရှာရမယ်လို့ဆိုပါတယ်။သူ့ရဲ့အမူအကျင့်တွေဟာ
သင့်အပေါ်မှာ လွှမ်းမိုးနိုင်စွမ်းရှိတဲ့အတွက် သူ့ဆီကနေ သင့်အနေနဲ့ သင်ယူရပါမယ်။ဒီလိုအတုယူရမယ့် သူကိုလည်း တစ်ယောက်မက ရှိသင့်ပါတယ်တဲ့။
ဒီနေရာမှာ တစ်ခုကတော့ သူတို့ရဲ့အမှားတွေကိုလည်း သင့်အနေနဲ့ သင်ခန်းစာအနေနဲ့ ယူတတ်ဖို့ လိုပါမယ်။

(၄) အားသာချက်တွေကို ရှာ။

လူတိုင်းမှာ မတူညီတဲ့ အားသာချက်တွေ ရှိပါတယ်။ သင့်မှာလည်း ဘီလ်ဂိတ်တောင် မမှီနိုင်တဲ့
အားသာချက်တစ်ချို့ရှိမှာ သေချာပါတယ်။
သင့်ရဲ့အားသာချက်တွေကို ရှာဖွေပြီး အားကောင်းအောင် မွမ်းမံပါလို့ အကြံပေးထားပါတယ်။

(၅) ကိုယ်ချစ်တာကိုပဲလုပ်။

အောင်မြင်ချင်တယ်ဆိုရင် ကိုယ်လုပ်ချင်တဲ့အလုပ်၊ ကိုယ်မြတ်နိုးတဲ့အလုပ်နဲ့ပဲ အောင်မြင်နိုင်ပါတယ်။ ကိုယ်မကြိုက်တာကြီးကိုအောင်မြင်အောင်
လုပ်ဖို့ဆိုရင် အတော်ကို ခဲယဉ်းတဲ့ကိစ္စပါ။
ဒီတော့ လူငယ်တွေကို အကြံပေးထားတာကတော့
အစကတည်းက ကိုယ်ချစ်တဲ့အလုပ်အပေါ်မှာပဲ
မြှုပ်နှံပြီး အောင်မြင်အောင်လုပ်ပါ။

(၆) အရေးမကြီးတာတွေကို မစွန့်စားနဲ့။

အောင်မြင်ချင်ရင်စွန့်စားရမယ်ဆိုတဲ့ စကားရှိပါတယ်။ ဒါပေမယ့် သူ့ရဲ့အကြံပေးစကားကတော့ အရေးမကြီးတဲ့အရာတွေအပေါ်မှာမစွန့်စားပါနဲ့တဲ့။
ဘဝမှာ အရေးကြီးတဲ့အရာတွေအတွက် အချိန်တွေပေးရမယ်လို့ ပြောပါတယ်။

Credit ရွှေညာမောင်
Dare to Dream

လူငယ္ေတြဖတ္သင့္တဲ့အႀကံေပးစကား

Warren Buffet ဟာ ကမာၻေပၚမွာ အင္မတန္ထင္ရွားတဲ့ အေမရိကန္ စီးပြားေရးသမားတစ္ေယာက္
ျဖစ္ပါတယ္။ သူဟာ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းေတြမွာ အႀကီးအက်ယ္ေအာင္ျမင္ၿပီး အေတာ္ဆုံးသူတစ္ေယာက္လို႔ေတာင္ ေျပာလို႔ရပါတယ္။
လူငယ္ေတြနဲ႔ ပတ္သက္ၿပီး သူ႔ရဲ႕ အႀကံေပးစကားေတြကေတာ့

(၁) ကိုယ့္ကိုယ္ကို အရင္ဆုံး ရင္းႏွီးျမႇဳပ္ႏွံပါ။

တျခား စီးပြားေရးလုပ္ငန္းေတြမွာ ျမႇဳပ္ႏွံတာေတြထက္စာရင္ အရင္ဆုံး ကိုယ့္ကိုယ္ကို ျမႇဳပ္ႏွံဖို႔လိုတယ္လို႔
သူေျပာပါတယ္။
ကိုယ့္ကိုယ္ကို ျမႇဳပ္ႏွံဆိုတဲ့စကားမွာေတာ့ အရည္အေသြးေတြ၊ ဗဟုသုတေတြ၊ အေတြ႕အႀကဳံေတြကို ဆိုလိုတာ ျဖစ္ပါတယ္။

(၂) အက်င့္ဆိုးေတြကို အရင္ျဖတ္ပါ။

ကိုယ့္မွာ ရွိေနတဲ့ အက်င့္ဆိုးေတြကို အရင္ဆုံးျပင္ရမယ္လို႔ အႀကံေပးထားပါတယ္။
လက္ေၾကာမတင္းတဲ့အက်င့္ေတြ
ခ်ိန္းရင္ေနာက္က်တတ္တဲ့ အက်င့္ေတြ
ကတိစကားမတည္တဲ့အက်င့္ေတြ စတဲ့ အနာဂတ္ေအာင္ျမင္ေရးကို အေႏွာင့္အယွက္ျဖစ္ေစတဲ့အက်င့္မွန္သမွ်ကိုျပင္ရပါမယ္။

(၃) Role Model ရွာ။

သူ႔ရဲ႕ အႀကံေပးစကားထဲမွာေတာ့
သင္ေလးစားအားက်ရမယ့္သူတစ္ေယာက္ကို
ရွာရမယ္လို႔ဆိုပါတယ္။သူ႔ရဲ႕အမူအက်င့္ေတြဟာ
သင့္အေပၚမွာ လႊမ္းမိုးႏိုင္စြမ္းရွိတဲ့အတြက္ သူ႔ဆီကေန သင့္အေနနဲ႔ သင္ယူရပါမယ္။ဒီလိုအတုယူရမယ့္ သူကိုလည္း တစ္ေယာက္မက ရွိသင့္ပါတယ္တဲ့။
ဒီေနရာမွာ တစ္ခုကေတာ့ သူတို႔ရဲ႕အမွားေတြကိုလည္း သင့္အေနနဲ႔ သင္ခန္းစာအေနနဲ႔ ယူတတ္ဖို႔ လိုပါမယ္။

(၄) အားသာခ်က္ေတြကို ရွာ။

လူတိုင္းမွာ မတူညီတဲ့ အားသာခ်က္ေတြ ရွိပါတယ္။ သင့္မွာလည္း ဘီလ္ဂိတ္ေတာင္ မမွီႏိုင္တဲ့
အားသာခ်က္တစ္ခ်ိဳ႕ရွိမွာ ေသခ်ာပါတယ္။
သင့္ရဲ႕အားသာခ်က္ေတြကို ရွာေဖြၿပီး အားေကာင္းေအာင္ မြမ္းမံပါလို႔ အႀကံေပးထားပါတယ္။

(၅) ကိုယ္ခ်စ္တာကိုပဲလုပ္။

ေအာင္ျမင္ခ်င္တယ္ဆိုရင္ ကိုယ္လုပ္ခ်င္တဲ့အလုပ္၊ ကိုယ္ျမတ္ႏိုးတဲ့အလုပ္နဲ႔ပဲ ေအာင္ျမင္ႏိုင္ပါတယ္။ ကိုယ္မႀကိဳက္တာႀကီးကိုေအာင္ျမင္ေအာင္
လုပ္ဖို႔ဆိုရင္ အေတာ္ကို ခဲယဥ္းတဲ့ကိစၥပါ။
ဒီေတာ့ လူငယ္ေတြကို အႀကံေပးထားတာကေတာ့
အစကတည္းက ကိုယ္ခ်စ္တဲ့အလုပ္အေပၚမွာပဲ
ျမႇဳပ္ႏွံၿပီး ေအာင္ျမင္ေအာင္လုပ္ပါ။

(၆) အေရးမႀကီးတာေတြကို မစြန္႔စားနဲ႔။

ေအာင္ျမင္ခ်င္ရင္စြန္႔စားရမယ္ဆိုတဲ့ စကားရွိပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕အႀကံေပးစကားကေတာ့ အေရးမႀကီးတဲ့အရာေတြအေပၚမွာမစြန္႔စားပါနဲ႔တဲ့။
ဘဝမွာ အေရးႀကီးတဲ့အရာေတြအတြက္ အခ်ိန္ေတြေပးရမယ္လို႔ ေျပာပါတယ္။

Credit ေ႐ႊညာေမာင္
Dare to Dream

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box