Facebook Comments Box
ဘဝနေထိုင်နည်း

ဘဝနေထိုင်နည်း

(၁) သိသလောက် မပြောပါနဲ့။
ကိုယ်သိတာနဲ့သူများကလက်ခံထားတာ
မတူညီနိုင်ပါဘူး။
လူတစ်ယောက်ရဲ့လက်ခံနားလည်မှုဆိုတာ
အရွယ်နဲ့ဆိုင်သလိုသူတွေ့ကြုံခဲ့ရသော
ဘဝအတွေ့အကြုံအတွေးအခေါ်နဲ့ဆိုင်ပါတယ်။ အသက်၁၈နှစ်အရွယ် လူငယ်တစ်ယောက်ကို
မိန်းမယူတာ ရည်းစားထားတာမကောင်းဘူး။
အပူမရှာနဲ့။တရားရှာလို့သွားပြောရင်
လက်ခံမှာမဟုတ်ဘူးလို့ ထင်ပါတယ်။
ပါးစပ်မှာခဲဖျက်မပါသလို စကားဆိုတာကလည်း တန်ဖိုးထားတတ်သူနဲ့သာ သင့်စကားတွေက
တန်ဖိုးထားခြင်းခံရမှာပါ။
(၂) အမြင်မတော်ရင် မျက်နှာလွဲနေပါ။
အမြင်မတော်တာတွေ့တိုင်း
မှားနေတာတွေ့တိုင်း မပြောပါနဲ့။
အမြင်မတော်တိုင်းသာပြောနေမယ်ဆိုရင်
သင် ရွာပြင်အထုတ်ခံရပါလိမ့်မယ်။
ဘာလို့လဲဆိုတော့ လူအများစုက
ကိုယ်လုပ်တာ ကိုယ်မှန်တယ်ထင်နေပြီး
အမှန်တရားကိုထောက်ပြရင် သူတို့ကိုအရှက်ခွဲတယ်ဆိုပြီး သင့်ကိုအမြင်စောင်းကြပါလိမ့်မယ်။
လူအများအရှေ့မှာဖက်နမ်းနေပြီး
အမြင်မတော်သော အပြုအမူများလုပ်ဆောင်နေသော ချစ်သူနှစ်ဦးကို "မင်းတို့ မရှက်ကြဘူးလားကွာ"လို့
သွားပြောရင် သင့်ကို အထင်လွဲသွားပါလိမ့်မယ်။


(၃) ကြားတိုင်းမယုံပါနဲ့။
နားဆိုတာက အကြားအာရုံဖြစ်သောကြောင့်
သင့်နားထဲကို ဟုတ်တာ မဟုတ်တာ မှန်တာ မမှန်တာ အကုန်ကြားနေရပါလိမ့်မယ်။
ကြားနေတိုင်းလိုက်ခံစားနေရင် သင့်မှာနှလုံးသားအပို
မပါသလို ဦးနှောက်လည်း အပိုမပါဘူးလေ။
လူတချို့က သင့်ကိုတစ်မျိုးပြောမယ်။
နောက်လူတချို့က သင့်ကို
တစ်မျိုးလာပြောကြပါလိမ့်မယ်။
ဘယ်သူတွေကဘာတွေပဲပြောပြော ကိုယ့်ဦးနှောက်နဲ့ ချင့်ချိန်ပြီးနှလုံးသားနဲ့ တော်သင့်ရုံပဲခံစားပါ။
မြင်ရင်မြင်တယ်လို့မှတ် ကြားရင်ကြားတယ်လို့မှတ်ပြီး လောကမှာဖြစ်ပျက်နေတဲ့ အရာတော်တော်များများကို သင်လက်ခံလာနိုင်ရင် သင့်ပါးစပ်ကလည်း
သင့်တော်သော အမုန်းမပွားသော အများလက်ခံ
နိုင်သောစကားကို ပြောဆိုလာပါလိမ့်မယ်။
နှုတ်ကိုစောင့်စည်းလာနိုင်ခြင်းသည်
လူမုန်းနည်းလာမယ်။
အမြင်ကျယ်ကျယ်ကြည့်လာနိုင်ပြီး
အကောင်းမြင်စိတ်များလာရင်
သူရော မိမိပါ အေးချမ်းလာပါလိမ့်မယ်။
နားကကြားခဲ့သမျှကို ဟိုဘက်နားကဝင်ပြီး
ဒီဘက်နားက ထွက်ခဲ့ရင် သင့်ရင်ထဲမှာခံစားချက်
နည်းလာသလို အခြားသူကို အပြစ်မြင်မှုလည်း လျော့နည်းလာပြီး ကိစ္စတော်တော်များများမှာ
သင် ငြိမ်းချမ်းပျော်ရွှင်လာပါလိမ့်မယ်။
သူငယ်ချင်း
နေတတ်ရင် လက်ခံတတ်ရင် အရာအားလုံးက
ကျေနပ်စရာတွေချည်းပါပဲ။
Credit ဇင်းနစ်(မကွေး)

ဘဝေနထိုင္နည္း

(၁) သိသေလာက္ မေျပာပါနဲ႔။
ကိုယ္သိတာနဲ႔သူမ်ားကလက္ခံထားတာ
မတူညီႏိုင္ပါဘူး။
လူတစ္ေယာက္ရဲ႕လက္ခံနားလည္မႈဆိုတာ
အ႐ြယ္နဲ႔ဆိုင္သလိုသူေတြ႕ႀကဳံခဲ့ရေသာ
ဘဝအေတြ႕အႀကဳံအေတြးအေခၚနဲ႔ဆိုင္ပါတယ္။ အသက္၁၈ႏွစ္အ႐ြယ္ လူငယ္တစ္ေယာက္ကို
မိန္းမယူတာ ရည္းစားထားတာမေကာင္းဘူး။
အပူမရွာနဲ႔။တရားရွာလို႔သြားေျပာရင္
လက္ခံမွာမဟုတ္ဘူးလို႔ ထင္ပါတယ္။
ပါးစပ္မွာခဲဖ်က္မပါသလို စကားဆိုတာကလည္း တန္ဖိုးထားတတ္သူနဲ႔သာ သင့္စကားေတြက
တန္ဖိုးထားျခင္းခံရမွာပါ။
(၂) အျမင္မေတာ္ရင္ မ်က္ႏွာလြဲေနပါ။
အျမင္မေတာ္တာေတြ႕တိုင္း
မွားေနတာေတြ႕တိုင္း မေျပာပါနဲ႔။
အျမင္မေတာ္တိုင္းသာေျပာေနမယ္ဆိုရင္
သင္ ႐ြာျပင္အထုတ္ခံရပါလိမ့္မယ္။
ဘာလို႔လဲဆိုေတာ့ လူအမ်ားစုက
ကိုယ္လုပ္တာ ကိုယ္မွန္တယ္ထင္ေနၿပီး
အမွန္တရားကိုေထာက္ျပရင္ သူတို႔ကိုအရွက္ခြဲတယ္ဆိုၿပီး သင့္ကိုအျမင္ေစာင္းၾကပါလိမ့္မယ္။
လူအမ်ားအေရွ႕မွာဖက္နမ္းေနၿပီး
အျမင္မေတာ္ေသာ အျပဳအမူမ်ားလုပ္ေဆာင္ေနေသာ ခ်စ္သူႏွစ္ဦးကို "မင္းတို႔ မရွက္ၾကဘူးလားကြာ"လို႔
သြားေျပာရင္ သင့္ကို အထင္လြဲသြားပါလိမ့္မယ္။
(၃) ၾကားတိုင္းမယုံပါနဲ႔။
နားဆိုတာက အၾကားအာ႐ုံျဖစ္ေသာေၾကာင့္
သင့္နားထဲကို ဟုတ္တာ မဟုတ္တာ မွန္တာ မမွန္တာ အကုန္ၾကားေနရပါလိမ့္မယ္။
ၾကားေနတိုင္းလိုက္ခံစားေနရင္ သင့္မွာႏွလုံးသားအပို
မပါသလို ဦးေႏွာက္လည္း အပိုမပါဘူးေလ။
လူတခ်ိဳ႕က သင့္ကိုတစ္မ်ိဳးေျပာမယ္။
ေနာက္လူတခ်ိဳ႕က သင့္ကို
တစ္မ်ိဳးလာေျပာၾကပါလိမ့္မယ္။
ဘယ္သူေတြကဘာေတြပဲေျပာေျပာ ကိုယ့္ဦးေႏွာက္နဲ႔ ခ်င့္ခ်ိန္ၿပီးႏွလုံးသားနဲ႔ ေတာ္သင့္႐ုံပဲခံစားပါ။
ျမင္ရင္ျမင္တယ္လို႔မွတ္ ၾကားရင္ၾကားတယ္လို႔မွတ္ၿပီး ေလာကမွာျဖစ္ပ်က္ေနတဲ့ အရာေတာ္ေတာ္မ်ားမ်ားကို သင္လက္ခံလာႏိုင္ရင္ သင့္ပါးစပ္ကလည္း
သင့္ေတာ္ေသာ အမုန္းမပြားေသာ အမ်ားလက္ခံ
ႏိုင္ေသာစကားကို ေျပာဆိုလာပါလိမ့္မယ္။
ႏႈတ္ကိုေစာင့္စည္းလာႏိုင္ျခင္းသည္
လူမုန္းနည္းလာမယ္။
အျမင္က်ယ္က်ယ္ၾကည့္လာႏိုင္ၿပီး
အေကာင္းျမင္စိတ္မ်ားလာရင္
သူေရာ မိမိပါ ေအးခ်မ္းလာပါလိမ့္မယ္။
နားကၾကားခဲ့သမွ်ကို ဟိုဘက္နားကဝင္ၿပီး
ဒီဘက္နားက ထြက္ခဲ့ရင္ သင့္ရင္ထဲမွာခံစားခ်က္
နည္းလာသလို အျခားသူကို အျပစ္ျမင္မႈလည္း ေလ်ာ့နည္းလာၿပီး ကိစၥေတာ္ေတာ္မ်ားမ်ားမွာ
သင္ ၿငိမ္းခ်မ္းေပ်ာ္႐ႊင္လာပါလိမ့္မယ္။
သူငယ္ခ်င္း
ေနတတ္ရင္ လက္ခံတတ္ရင္ အရာအားလုံးက
ေက်နပ္စရာေတြခ်ည္းပါပဲ။
Credit ဇင္းနစ္(မေကြး)

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box