၂၀၂၂မှာ ကံကောင်းမယ့် နေ့နံများ
တနင်္ဂနွေ
အလုပ်အကိုင်နဲ့ပတ်သတ်လို့ အခွင့်အလမ်းကောင်းတွေပေါ်လာမယ့်ကာလဖြစ်ပီး မိမိရဲရည်ရွယ်ချက်တွေ၊ စိတ်ကူးတွေ၊ ဆန္ဒတွေကို အကောင်အထည်ဖော်ခွင့်ရမယ့် ကာလဖြစ်ပါတယ်။ အိမ်၊ ကား၊ ဖုန်း စသည့် ပစ္စည်းကြီးကြီးမားမားတစ်ခု လက်ဝယ်ပိုင်ဆိုင်ရတတ်ပီး မထင်မှတ်ထားဘဲ အကူအညီရတာ၊ မိတ်ကောင်းဆွေကောင်းတွေ့တာမျိုးတွေ ကြုံရတတ်ပါတယ်။ စိတ်ကူးကောင်းဦ အကြံညဏ်ကောင်းတွေ ရတတ်ပီး မိသားစုနဲ့ပတ်သတ်ရင် ပြဿနာများရတတ်တာလေး သတိပြုပေးရပါမယ်။ တနင်္ဂနွေတွေကိုကျတော့ ကံကောင်းလို့ဆိုတာထက် မိမိလုပ်အားကြောင့် တိုးတတ်မယ့်နှစ်ဖြစ်ပီး အရမ်းလဲပင်ပန်းတတ်သလို မိမိအတွက် တိုးတတ်စေမယ့် ကာလဖြစ်ပါတယ်။ ကိုယ့်စိတ်ထဲမှာ ငါအရမ်းပင်ပန်းနေပီး အေးအေးဆေးဆေးနဲ့ သက်တောင့်သက်သာနေချင်တော့တယ်ဆိုတဲ့စိတ်လေးဖြစ်နေတတ်တယ်ဆိုပေမယ့် အရင်ကထက်အလုပ်တွေ ၂ဆအလုပ်လုပ်ရမယ့်အချိန််ဖြစ်ပါတယ်။
သောကြာ
၂၀၂၁မှာကတည်းက ကြန့်ကြာခဲ့တဲ့ကိစ္စတွေက အခုလက်ရှိ၂၀၂၂မှာ အကောင်အထည်ဖော်လာမယ့်နှစ်ဖြစ်ပါတယ်။ နိုင်ငံခြားသွားရတာ၊ အလုပ်အသစ်ရတာ၊ ဘာသာစကားသင်ယူရတာ၊ သင်တန်းအသစ်၊ အတွေ့အကြုံအသစ်၊ ပညာရပ်အသစ် လေ့လာဆည်းပူးမိတာမျိုးတွေဖြစ်တတ်ပါတယ်။ နိုင်ငံခြားထွက်ဖို့စီစဉ်နေတဲ့သူတွေ၊ မိမိအိမ်နဲ့အဝေးတစ်နေရာမှာအလုပ်လုပ်ဖို့ကြိုးစားနေတာတွေ အဆင်ပြေလာတတ်ပီး စိတ်ရှုပ်စရာလေးတွေကြားကနေပဲ အောင်မြင်မှုရရှိနေတတ်ပါတယ်။ အလုပ်နဲ့ပတ်သတ်တဲစိတ်ကူးအသစ်လေးတွေလဲပေါ်လာတတ်ပီး ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်စိတ်ပေါ်လာတာမျိုး၊ အရင်ကထက် အောင်မြင်ချင်တဲ့စိတ်ဆန္ဒလေး ပေါ်လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ စိတ်အခြေအနေနဲ့ပတ်သတ်တာတွေကို အရမ်းသတိပြုပေးရပါမယ်၊ စိတ်ရှုပ်ခံလို့မရတဲ့ကာလတစ်ခုဖြစ်နေတာ သတိပြုပေးပါ။
ဗုဒ္ဓဟူး
မိမိကိုယ်တိုင်ကြိုးစားလို့ဆိုတာထက် မိမိကံကြောင့် တိုးတတ်မယ့်အချိန်ကာလဖြစ်ပါတယ်၊ ထီးပေါက်၊ချဲပေါက်လို့ ငွေဝင်တာမျိုး၊ မိမိကြုံရတဲ့အခက်အခဲတွေကို တစ်စုံတစ်ယောက်ကကူညီလို့ ပြေလည်သွားတာမျိုး၊ မိသားစုဆိက အထောက်အပံ့ရတာ၊ လက်ဆောင်ပစ္စည်းရတာမျိုးတွေ ဖြစ်တတ်ပါတယ်၊ ဒါ့ကြောင့် ၂၀၂၁ကများ မိမိကိုယ်ကို ကံညံ့ခဲ့တယ်လို့ ယူဆရရင် ၂၀၂၂က မိမိအတွက် ကောင်းမွန်လာပီး ပျော်ရွှင်စရာလေးတွေ ကြုံရတတ်ပါတယ်။ ဖုန်း၊ ရွှေ၊ လက်စွပ်၊ ကွန်ပျူတာ၊ ဆိုင်ကယ်၊ ကား စသဖြင့် ပစ္စည်းကြိးကြီးမားမားတစ်ခုဝင်လာတတ်ပီး မထင်မှတ်ဖဲ ကိုယ်လုပ်လိုက်တဲ့အရာတွေက အောင်မြင်လာမယ့်နှစ်ဖြစ်ပါတယ်။ သို့ပေမယ့် မိမိကိုယ်ကို ယုံကြည်မှုအားနည်းနေတာလေး သတိပြုရပါမယ်၊ မိမိကိုကိုယ် ယုံယုံကြည်ကြည်နဲ့ ရှေ့ဆက်ဖို့လိုအပ်မှာဖြစ်ပီး ငါလုပ်နိုင်တယ်၊ ဖြစ်ကိုဖြစ်ရမယ့်ဆိုတဲ့စိတ်လေး မွေးမြူးထားဖို့လိုအပ်ပါတယ်။
ကြာသပတေး
စိတ်ရှုပ်စရာလေးတွေကြားကနေဘဲ အောင်မြင်မှုရှိရှိနေတတ်ပီး မိမိကိုကူညီမယ့်သူ၊ ဂရုစိုက်မယ့်သူပေါ်လာတတ်တဲ့ကာလလေးဖြစ်ပါတယ်။ အလုပ်အသစ်ရတာ၊ လုပ်ငန်းပြောင်းရွှေ့ရတာ၊ ရာထူးတိုး၊ လစာတိုး စတာတွေဖြစ်တတ်ပီး အလုပ်အကိုင်အခွင့်ကောင်းများစွာပေါ်လာတတ်ပါတယ်၊ ကိုယ်ပိုင်လုပ်ငန်းလုပ်သူတွေအနေနဲ့ တိုးတတ်မယ့်ကာလဖြစ်ပီး အကြွေးပြန်ရတာ၊ ဆုံးရှုံးထားတဲ့ငွေတွေပြန်ဝင်တာ၊ ထီးပေါက်ချဲပေါက်တာ စသဖြင့် မိမိအတွက် မိမိအလုပ်အကိုင်ကနေ အခွင့်အလမ်းများစွာပေါ်လာပီး ဆရာကောင်းသမားကောင်းတွေ့ကာ မိမိအပေါ်စေတနာထားမယ့် အလုပ်ရှင်စတာတွေနဲ့ တွေ့ရတတ်ပါတယ်။ မိမိရဲ့တစ်နေ့တာကို ပေါ့ပေါ့ပါးပါးလေးဖြတ်သန်းရင်းနဲ့ ကံအထောက်အပံ့ရတတ်ပီး အရာရာဟာ အစပိုင်းမှာခက်ခဲပေမယ့်နောက်ဆုံးပိုင်းမှာ ပြေလည်သွားပါလိမ့်မယ်။ သို့ပေမယ့် မိမိကိုကိုယ် ကံကောင်းတယ်လို့တော့ သိသိသာသာမခံစားရမိဖြစ်တတ်ပါတယ်။
NayHtoo
Be the first to comment