
စိတ်ကျန်းမာရေးဆေးရုံမှာ
အရူးတွေသောင်းကျန်းလွန်းလို့
ဆရာဝန်တွေ မနိုင်တော့တာကြောင့်
အစည်းအဝေးလုပ်ပြီး တိုင်ပင်ကြတယ်။
အရူးအချင်းချင်း ထိန်းခိုင်းရင်
အဆင်ပြေနိုင်တယ်ယူဆတာကြောင့်
နောက်တစ်နေ့မှာ အရူးအားလုံးကို
ခေါ်ပြောလိုက်ပါတယ်။
”ကဲ မင်းတို့ထဲက ခေါင်းဆောင်
သုံးယောက် ရွေးမယ်၊ ခေါင်းဆောင်
အဖြစ်ရွေးချယ်ခံရရင် ကျန်တဲ့သူတွေကို
အုပ်ချုပ်ခွင့်ရမယ်။ မေးခွန်းကို မှန်အောင်

ဖြေနိုင်သူ ခေါင်းဆောင်ခန့်မယ်”
မာလကာသီးတစ်လုံးကို ပြပြီး
ဒါဘာသီးလဲမေးတော့ အကုန်တွေဝေ
ကုန်ကြတယ်။ ခဏနေမှ
အရူးတစ်ယောက်က ထဖြေတယ်။
”မာလကာသီးပါ”
အဲ့ဒါနဲ့ သူ့ကို ခေါင်းဆောင်ခန့်လိုက်တယ်။
တစ်ယောက်ရပြီ။ ကဲ နောက်တစ်ယောက်
ဆိုပြီး သရက်သီးကို ပြတယ်။
အရူးတစ်ယောက်က ထဖြေတယ်။
”သရက်သီး”
နှစ်ယောက်မြောက် ခေါင်းဆောင် ရပြန်တယ်။
နောက်ဆုံး တစ်ယောက်အတွက် အသီး ပြစရာ
လောလောဆယ် မရှိလို့ ပါးစပ်ကပဲ

သေချာပြောပြမယ် နားထောင်။
"အလုံးက လက်နှစ်ကိုင်စာလောက် ရှိတယ်။
ပြီးတော့ အသီးအခွံမှာ ဆူးတွေ အများကြီးနဲ့။
မွန်ပြည်နယ် ကရင်ပြည်နယ်ဘက်က
အများဆုံး ထွက်တယ်။ ကြိုက်တဲ့သူတွေအတွက်
သူ့အနံ့က မွှေးတယ်။ မကြိုက်တဲ့သူတွေ
အတွက်ကတော့ သူ့အနံ့က ခေါင်းကိုက်လောက်
အောင် နံတယ်။ အဲ့ဒါ ဘာသီးလဲ" ❓
နောက်ဆုံး ဒီမေးခွန်းကိုတော့ တစ်နေကုန်တဲ့အထိ
ဖြေနိုင်တဲ့သူ မရှိပါဘူး။
ဒါပေမယ့် ဒီစာကိုဖတ်နေတဲ့သူကတော့
အဖြေကိုသိလို့ စိတ်ထဲကတောင်

ဖြေပြီးနေလောက်ပြီ။
ဟုတ်ကဲ့ ဂုဏ်ယူပါတယ်ဗျာ။
ခင်များကို တတိယမြောက်
ခေါင်းဆောင်အဖြစ် ခန့်လိုက်ပါပြီ။ 😃 😃 😃
ပြုံးရယ်နိုင်ကြပါစေ
😂😁😀😀😁😂
-
Crd ….KK ✍️✍️✍️
Be the first to comment