ရည်ရွယ်ချက်ဆိုတာ လူတစ်ယောက် ဖွံဖြိုးတိုးတက်ဖို့အတွက်ပဲဖြစ်ဖြစ် စီးပွားရေးလုပ်ငန်းတွေ ဖွံဖြိုးတိုးတက်ဖို့အတွက်ပဲဖြစ်ဖြစ် အများကြီးအရေးပါတယ်။
(၁)ရည်ရွယ်ချက်မရှိတဲ့သူက တုံ့ပြန်တယ်။
ရည်ရွယ်ချက်ရှိတဲ့သူက ကြိုတင်ပြင်ဆင်တယ်။အခြေနေတစ်ခုခု ဖြစ်လာတဲ့အခါမှာ ရည်ရွယ်ချက်မရှိတဲ့သူက တုံ့ပြန်တယ်။ ရည်ရွယ်ချက်ရှိတဲ့သူက ဖြစ်လာနိုင်ခြေရှိတဲ့ အရာတွေကို သူ့အနေနဲ့ ကြိုတင်မျှော်မှန်းထားပြီးတော့ ကြိုတင်ပြင်ဆင်မှုတွေလုပ်တယ်။
ဖြစ်လာတော့မှ တုံ့ပြန်တဲ့သူနဲ့ ကြိုတင်ပြင်ဆင်ထားတဲ့သူနဲ့ ဘယ်သူကသာမလဲဆိုရင် ကြိုတင်ပြင်ဆင်ထားတဲ့သူက သာတယ်။ ဒါကြောင့် ဒီစာဖတ်နေတဲ့ မိတ်ဆွေတွေလည်း ကိုယ်က ကြိုတင်ပြင်ဆင်တဲ့ဘက်မှာရှိလား၊ တစ်ခုခုဖြစ်လာတော့မှ တုံ့ပြန်တဲ့ဘက်မှာရှိလား။ ဒါလေးကို ပြန်ပြီးတော့ ဆင်ခြင်ဖို့အတွက် တိုက်တွန်းချင်ပါတယ်။
(၂) ရည်ရွယ်ချက်မရှိတဲ့သူက စောင့်တယ်။
ရည်ရွယ်ချက်ရှိတဲ့သူက သွားတယ်။သူ့ဆီကို တစ်ခုခုလာကူပေးမှာကို စောင့်တယ်၊ တစ်ယောက်ယောက် ဖုန်းခေါ်လာမှာကို စောင့်တယ်။ အခွင့်အလမ်းတွေ သူ့ဆီကို လာမှာကို စောင့်တယ်။ ရည်ရွယ်ချက်ရှိတဲ့သူက သွားတယ်။
အခွင့်အလမ်းရှိတဲ့နေရာကို သွားတယ်။ သူကစပြီးတော့ ဖုန်းခေါ်တယ်၊ သူကစပြီးတော့ သွားတွေ့တယ်၊ သူကစပြီးတော့ ခွင့်လွှတ်တယ်၊ သူကစပြီးတော့ တောင်းပန်တယ်။ အဲဒါကြောင့် အခြေအနေတစ်ခုမှာ ဘယ်သူက တိုးတက်နိုင်ခြေများလဲဆိုရင် ရည်ရွယ်ချက်ရှိတဲ့သူက ပိုပြီးတော့များတယ်။
(၃)ရည်ရွယ်ချက်မရှိတဲ့သူက အပြစ်တင်တယ်။
ရည်ရွယ်ချက်ရှိတဲ့သူက တာဝန်ယူတယ်။ရည်ရွယ်ချက်မရှိတဲ့သူက ဘာလုပ်လဲဆိုရင် သူက ပတ်ဝန်းကျင်ကလူတွေနဲ့ အခြေအနေတစ်ခုကို အပြစ်တင်တယ်။ သူ့ဘဝမှာ အဆင်မပြေတာတွေကို အပြစ်တင်တဲ့ဘက်ကိုသွားပြီးတော့ ရည်ရွယ်ချက်ရှိတဲ့သူက ဘာလုပ်သလဲဆိုရင် တာဝန်ယူတယ်။
အခုဖြစ်ပျက်နေတဲ့ကိစ္စတွေက ကိုယ့်တာဝန်ဖြစ်တယ်။ ကိုယ့်အနေနဲ့ ကြိုပြီးတော့ တိုးတက်အောင်လုပ်လို့ရတယ်။ ခုဖြစ်နေတဲ့အရာတွေက ကိုယ်အရင်တုန်းက ပြုပြင်သင့်တဲ့ အရာတွေကို မပြုပြင်လို့ဖြစ်တယ်။ ထိုအရာတွေကို ပြုပြင်ချင်ရင် ကိုယ်ကိုယ်တိုင်က စပြီးတော့လုပ်ရမယ်လို့ တာဝန်ယူချင်စိတ်ရှိတယ်။
(၄)ရည်ရွယ်ချက်မရှိတဲ့သူက သင်ယူမှုမရှိတော့ဘူး။
ရည်ရွယ်ချက်ရှိတဲ့သူက လေ့လာသင်ယူမှုကို ဘယ်တော့မှမရပ်ဘူး။ရည်ရွယ်ချက်မရှိတဲ့သူက ပုံမှန်ကျောင်းပညာရေးပြီးသွားရင် ဆက်ပြီးတော့လေ့လာ သင်ယူမှု မရှိတော့ဘူး။ ရည်ရွယ်ချက်ရှိတဲ့လူက သူ့ဘဝမှာ လေ့လာသင်ယူမှုကို ရပ်တယ်ဆိုတာ မရှိဘူး။ ဒီစာဖတ်နေတဲ့ မိတ်ဆွေတွေရော ကိုယ်က လေ့လာသင်ယူမှုကို ဘယ်တော့မှ မရပ်လိုက်တဲ့လူမျိုးလား။
ဒါမှမဟုတ် ဆယ်တန်းပြီးပြီ ဘွဲ့ရပြီးပြီ လေ့လာသင်ယူတာတော်ပြီဆိုပြီး ရပ်လိုက်တဲ့သူမျိုးလား။ ကိုယ်က Master ဘွဲ့လိုမျိုး ရထားရင်တောင် လေ့လာသင်ယူမှုကို ရပ်လိုက်ရင် သိထားတဲ့ အသိပညာတွေက Update မဖြစ်တော့ဘူး။ ဒါကြောင့် လေ့လာသင်ယူမှုဆိုတာ ဘယ်တော့မှ ရပ်လို့မရနိုင်ဘူး။
(၅)ရည်ရွယ်ချက်မရှိတဲ့သူက လွယ်လွယ်နဲ့ မကြာခဏ ထွက်ပြေးတယ်။
ရည်ရွယ်ချက်ရှိတဲ့သူက ကြံ့ကြံ့ခံပြီးတော့ကြိုးစားတယ်။လွယ်လွယ်နဲ့ မကြာခဏ ထွက်ပြေးတယ်ဆိုတာ ဘယ်လိုအခြေအနေမျိုးတွေမှာလဲဆိုရင် အခက်အခဲတွေကြုံလာရပြီ သူလိုချင်တဲ့ရည်မှန်းချက်ကိုသွားတယ်။ သို့ပေမယ့်လည်း အခက်အခဲတွေနဲ့ ရင်ဆိုင်ရရင် လွယ်လွယ်နဲ့မကြာခဏ ထွက်ပြေးတတ်တယ်၊ လက်လျှော့တတ်တယ်။
ရည်ရွယ်ချက်ရှိတဲ့သူကတော့ သူလိုချင်တဲ့ ရည်ရွယ်ချက်ကို မဖြစ်မနေ ရချင်တဲ့အတွက်ကြောင့် ကြံ့ကြံ့ခံပြီးတော့ ကြိုးစားတယ်။ အဲဒီလို လူမျိုးနှစ်ယောက်မှာ ဘယ်သူက ပိုပြီးတော့ အောင်မြင်နိုင်ခြေများလဲ။ ဘယ်သူက ပိုပြီးတော့ ပျော်ရွှင်နိုင်ခြေများလဲ ဘယ်သူကပိုပြီးတော့ စိတ်ချမ်းသာနိုင်ခြေများလဲဆိုရင် ရည်ရွယ်ချက်ရှိတဲ့သူက ပိုပြီးတော့ စိတ်ချမ်းသာနိုင်တယ်။
ပိုပြီးတော့ ဘဝအဓိပ္ပာယ်ရှိနိုင်တယ်။ဒါကြောင့် မိတ်ဆွေတွေလည်း အပေါ်ကအချက်တွေကို ပြန်လည်သုံးသပ်ကြည့်ပါ။ သင်က ဖြစ်လာတော့မှ တုံ့ပြန်တဲ့သူလား၊ ပြင်ဆင်တဲ့သူလား၊ စောင့်တဲ့သူလား၊ သွားတဲ့သူလား၊ အပြစ်တင်တဲ့သူလား၊ တာဝန်ယူတဲ့သူလား၊ ကျောင်းပညာရေးပြီးတဲ့ခါ မလေ့လာတော့တဲ့သူလား၊
စဉ်ဆက်မပြတ် လေ့လာသင်ယူတဲ့သူလား၊ လွယ်လွယ်နဲ့မကြာခဏ ထွက်ပြေးတတ်တဲ့သူလား၊ ကြံ့ကြံ့ခံပြီးတော့ ကြိုးစားတတ်တဲ့သူလား ပြန်ပြီးတော့ သုံးသပ်ကြည့်ပါ။ ပြုပြင်သင့်တဲ့ အရာလေးတွေကို ပြုပြင်ဖို့ အကြံပြုချင်ပါတယ်။
Writing by Naing Win Aung / Advice Myanmar မှပြန်လည်ဝေမျှသည်။
zawgyi
ရည္႐ြယ္ခ်က္ဆိုတာ လူတစ္ေယာက္ ဖြံၿဖိဳးတိုးတက္ဖို႔အတြက္ပဲျဖစ္ျဖစ္ စီးပြားေရးလုပ္ငန္းေတြ ဖြံၿဖိဳးတိုးတက္ဖို႔အတြက္ပဲျဖစ္ျဖစ္ အမ်ားႀကီးအေရးပါတယ္။
(၁)ရည္႐ြယ္ခ်က္မရွိတဲ့သူက တုံ႔ျပန္တယ္။
ရည္႐ြယ္ခ်က္ရွိတဲ့သူက ႀကိဳတင္ျပင္ဆင္တယ္။အေျခေနတစ္ခုခု ျဖစ္လာတဲ့အခါမွာ ရည္႐ြယ္ခ်က္မရွိတဲ့သူက တုံ႔ျပန္တယ္။ ရည္႐ြယ္ခ်က္ရွိတဲ့သူက ျဖစ္လာႏိုင္ေျခရွိတဲ့ အရာေတြကို သူ႔အေနနဲ႔ ႀကိဳတင္ေမွ်ာ္မွန္းထားၿပီးေတာ့ ႀကိဳတင္ျပင္ဆင္မႈေတြလုပ္တယ္။
ျဖစ္လာေတာ့မွ တုံ႔ျပန္တဲ့သူနဲ႔ ႀကိဳတင္ျပင္ဆင္ထားတဲ့သူနဲ႔ ဘယ္သူကသာမလဲဆိုရင္ ႀကိဳတင္ျပင္ဆင္ထားတဲ့သူက သာတယ္။ ဒါေၾကာင့္ ဒီစာဖတ္ေနတဲ့ မိတ္ေဆြေတြလည္း ကိုယ္က ႀကိဳတင္ျပင္ဆင္တဲ့ဘက္မွာရွိလား၊ တစ္ခုခုျဖစ္လာေတာ့မွ တုံ႔ျပန္တဲ့ဘက္မွာရွိလား။ ဒါေလးကို ျပန္ၿပီးေတာ့ ဆင္ျခင္ဖို႔အတြက္ တိုက္တြန္းခ်င္ပါတယ္။
(၂) ရည္႐ြယ္ခ်က္မရွိတဲ့သူက ေစာင့္တယ္။
ရည္႐ြယ္ခ်က္ရွိတဲ့သူက သြားတယ္။သူ႔ဆီကို တစ္ခုခုလာကူေပးမွာကို ေစာင့္တယ္၊ တစ္ေယာက္ေယာက္ ဖုန္းေခၚလာမွာကို ေစာင့္တယ္။ အခြင့္အလမ္းေတြ သူ႔ဆီကို လာမွာကို ေစာင့္တယ္။ ရည္႐ြယ္ခ်က္ရွိတဲ့သူက သြားတယ္။
အခြင့္အလမ္းရွိတဲ့ေနရာကို သြားတယ္။ သူကစၿပီးေတာ့ ဖုန္းေခၚတယ္၊ သူကစၿပီးေတာ့ သြားေတြ႕တယ္၊ သူကစၿပီးေတာ့ ခြင့္လႊတ္တယ္၊ သူကစၿပီးေတာ့ ေတာင္းပန္တယ္။ အဲဒါေၾကာင့္ အေျခအေနတစ္ခုမွာ ဘယ္သူက တိုးတက္ႏိုင္ေျခမ်ားလဲဆိုရင္ ရည္႐ြယ္ခ်က္ရွိတဲ့သူက ပိုၿပီးေတာ့မ်ားတယ္။
(၃)ရည္႐ြယ္ခ်က္မရွိတဲ့သူက အျပစ္တင္တယ္။
ရည္႐ြယ္ခ်က္ရွိတဲ့သူက တာဝန္ယူတယ္။ရည္႐ြယ္ခ်က္မရွိတဲ့သူက ဘာလုပ္လဲဆိုရင္ သူက ပတ္ဝန္းက်င္ကလူေတြနဲ႔ အေျခအေနတစ္ခုကို အျပစ္တင္တယ္။ သူ႔ဘဝမွာ အဆင္မေျပတာေတြကို အျပစ္တင္တဲ့ဘက္ကိုသြားၿပီးေတာ့ ရည္႐ြယ္ခ်က္ရွိတဲ့သူက ဘာလုပ္သလဲဆိုရင္ တာဝန္ယူတယ္။
အခုျဖစ္ပ်က္ေနတဲ့ကိစၥေတြက ကိုယ့္တာဝန္ျဖစ္တယ္။ ကိုယ့္အေနနဲ႔ ႀကိဳၿပီးေတာ့ တိုးတက္ေအာင္လုပ္လို႔ရတယ္။ ခုျဖစ္ေနတဲ့အရာေတြက ကိုယ္အရင္တုန္းက ျပဳျပင္သင့္တဲ့ အရာေတြကို မျပဳျပင္လို႔ျဖစ္တယ္။ ထိုအရာေတြကို ျပဳျပင္ခ်င္ရင္ ကိုယ္ကိုယ္တိုင္က စၿပီးေတာ့လုပ္ရမယ္လို႔ တာဝန္ယူခ်င္စိတ္ရွိတယ္။
(၄)ရည္႐ြယ္ခ်က္မရွိတဲ့သူက သင္ယူမႈမရွိေတာ့ဘူး။
ရည္႐ြယ္ခ်က္ရွိတဲ့သူက ေလ့လာသင္ယူမႈကို ဘယ္ေတာ့မွမရပ္ဘူး။ရည္႐ြယ္ခ်က္မရွိတဲ့သူက ပုံမွန္ေက်ာင္းပညာေရးၿပီးသြားရင္ ဆက္ၿပီးေတာ့ေလ့လာ သင္ယူမႈ မရွိေတာ့ဘူး။ ရည္႐ြယ္ခ်က္ရွိတဲ့လူက သူ႔ဘဝမွာ ေလ့လာသင္ယူမႈကို ရပ္တယ္ဆိုတာ မရွိဘူး။ ဒီစာဖတ္ေနတဲ့ မိတ္ေဆြေတြေရာ ကိုယ္က ေလ့လာသင္ယူမႈကို ဘယ္ေတာ့မွ မရပ္လိုက္တဲ့လူမ်ိဳးလား။
ဒါမွမဟုတ္ ဆယ္တန္းၿပီးၿပီ ဘြဲ႕ရၿပီးၿပီ ေလ့လာသင္ယူတာေတာ္ၿပီဆိုၿပီး ရပ္လိုက္တဲ့သူမ်ိဳးလား။ ကိုယ္က Master ဘြဲ႕လိုမ်ိဳး ရထားရင္ေတာင္ ေလ့လာသင္ယူမႈကို ရပ္လိုက္ရင္ သိထားတဲ့ အသိပညာေတြက Update မျဖစ္ေတာ့ဘူး။ ဒါေၾကာင့္ ေလ့လာသင္ယူမႈဆိုတာ ဘယ္ေတာ့မွ ရပ္လို႔မရႏိုင္ဘူး။
(၅)ရည္႐ြယ္ခ်က္မရွိတဲ့သူက လြယ္လြယ္နဲ႔ မၾကာခဏ ထြက္ေျပးတယ္။
ရည္႐ြယ္ခ်က္ရွိတဲ့သူက ႀကံ့ႀကံ့ခံၿပီးေတာ့ႀကိဳးစားတယ္။လြယ္လြယ္နဲ႔ မၾကာခဏ ထြက္ေျပးတယ္ဆိုတာ ဘယ္လိုအေျခအေနမ်ိဳးေတြမွာလဲဆိုရင္ အခက္အခဲေတြႀကဳံလာရၿပီ သူလိုခ်င္တဲ့ရည္မွန္းခ်က္ကိုသြားတယ္။ သို႔ေပမယ့္လည္း အခက္အခဲေတြနဲ႔ ရင္ဆိုင္ရရင္ လြယ္လြယ္နဲ႔မၾကာခဏ ထြက္ေျပးတတ္တယ္၊ လက္ေလွ်ာ့တတ္တယ္။
ရည္႐ြယ္ခ်က္ရွိတဲ့သူကေတာ့ သူလိုခ်င္တဲ့ ရည္႐ြယ္ခ်က္ကို မျဖစ္မေန ရခ်င္တဲ့အတြက္ေၾကာင့္ ႀကံ့ႀကံ့ခံၿပီးေတာ့ ႀကိဳးစားတယ္။ အဲဒီလို လူမ်ိဳးႏွစ္ေယာက္မွာ ဘယ္သူက ပိုၿပီးေတာ့ ေအာင္ျမင္ႏိုင္ေျခမ်ားလဲ။ ဘယ္သူက ပိုၿပီးေတာ့ ေပ်ာ္႐ႊင္ႏိုင္ေျခမ်ားလဲ ဘယ္သူကပိုၿပီးေတာ့ စိတ္ခ်မ္းသာႏိုင္ေျခမ်ားလဲဆိုရင္ ရည္႐ြယ္ခ်က္ရွိတဲ့သူက ပိုၿပီးေတာ့ စိတ္ခ်မ္းသာႏိုင္တယ္။
ပိုၿပီးေတာ့ ဘဝအဓိပၸာယ္ရွိႏိုင္တယ္။ဒါေၾကာင့္ မိတ္ေဆြေတြလည္း အေပၚကအခ်က္ေတြကို ျပန္လည္သုံးသပ္ၾကည့္ပါ။ သင္က ျဖစ္လာေတာ့မွ တုံ႔ျပန္တဲ့သူလား၊ ျပင္ဆင္တဲ့သူလား၊ ေစာင့္တဲ့သူလား၊ သြားတဲ့သူလား၊ အျပစ္တင္တဲ့သူလား၊ တာဝန္ယူတဲ့သူလား၊ ေက်ာင္းပညာေရးၿပီးတဲ့ခါ မေလ့လာေတာ့တဲ့သူလား၊
စဥ္ဆက္မျပတ္ ေလ့လာသင္ယူတဲ့သူလား၊ လြယ္လြယ္နဲ႔မၾကာခဏ ထြက္ေျပးတတ္တဲ့သူလား၊ ႀကံ့ႀကံ့ခံၿပီးေတာ့ ႀကိဳးစားတတ္တဲ့သူလား ျပန္ၿပီးေတာ့ သုံးသပ္ၾကည့္ပါ။ ျပဳျပင္သင့္တဲ့ အရာေလးေတြကို ျပဳျပင္ဖို႔ အႀကံျပဳခ်င္ပါတယ္။
Writing by Naing Win Aung / Advice Myanmar မွျပန္လည္ေဝမွ်သည္။
Be the first to comment