လူအများစုဘ၀မှာနောက်ကျမှ သင်ယူရတဲ့သင်ခန်းစာ(၅)ခု
၁။ မရေရာမသေချာတဲ့ ဘ၀ကို မဖြတ်သန်းပါနဲ့။
Warren Buffet က အလုပ်နဲ့ ပက်သက်ပြီး ဥပမာပေးထားပါတယ်။ အရေးကြီးဆုံးက အလုပ်မလိုအပ်သေးချိန်မှာ (လက်ရှိအလုပ်ကမထွက်ခင်) ကိုယ်လိုချင်တဲ့အလုပ်ကို အရင်တွေ့အောင်ရှာပါ။ လူတိုင်းကတော့ ကိုယ်နှစ်သက်မြတ်နိုးတဲ့အရာ၊ စိတ်ပျော်ရွှင်စေမယ့်အရာတွေပဲ လုပ်ချင်ကြတာပါ။ လက်ရှိအလုပ်မှာ ဘယ်လောက်ပဲမပျော်ရွှင်ဖြစ်နေပါစေ နောက်အလုပ်က အဆင်သင့်မဖြစ်ဘဲ ဘယ်တော့မှမပြောင်းပါနဲ့။
၂။ ဘ၀ကိုကြောက်ရွံ့မှုမရှိိစွာဖြတ်သန်းပါ။
Will Smith ကတော့ ဘ၀ဆိုတာ တိုတောင်းလှတဲ့အတွက်ကြောင့် ကြောက်ရွံထိန့်လန့်မှုတွေနဲ့ မရှင်သန်ဖို့ ပြောထားပါတယ်။ ကြောက်ရွံထိန့်လန့်မှုတွေဆိုတာ အပြင်လက်တွေ့ဘ၀မှာ မရှိိနိုင်တဲ့အရာတွေကို အတွင်းစိတ်ကတွေးပြီး ကြောက်နေတဲ့အရာတွေသာ ဖြစ်ပါတယ်။ ကြောက်ရွံမှုကြောင့် ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲအန္တရယ်ကသာ အစစ်ဖြစ်တယ်။ ကြောက်ရွံနေမလား နောက်ဆက်တွဲအန္တရယ်ကို လက်ခံမလား ဆိုတာကတော့ ကိုယ့်ရွေးချယ်မှုနဲ့ဘဲ ဆိုင်ပါတယ်။ ကျွန်တော်တို့ငယ်ငယ်ထဲက ကြောက်ရွံ့ထိန့်လန့်မှုတွေများစွာကြောင့် လက်လွှတ်လိုက်ရတဲ့ အခွင့်အရေးပေါင်း မနည်းတော့ပါဘူး။ လက်ရှိသာယာနေတဲ့ comfort zone ထဲကနေ ခြေတစ်လှမ်းစထွက်ကြည့်ပြီး အောင်မြင်တဲ့ဘ၀ကို လျှောက်လှမ်းကြည့်ပါ။
၃။ မကျေမနပ်ဖြစ်ပြီး ညည်းတွားနေတာတွေရပ်တန့်လိုက်ပါ။
ကျွန်တော်အကြိုက်ဆုံး စွန့်ဦးတီထွင်တွေထဲကတစ်ယောက်ဖြစ်တဲ့ Gary Vaynerchuk ကတော့ အကယ်၍ ဒီနေ့ဟာ မင်းဘ၀ရဲ့ နောက်ဆုံးနေ့ဖြစ်ခဲ့မယ်ဆိုရင် ခါတိုင်းနေ့တွေလိုမျိုး နေအရမ်းပူလို့၊ မိုးအရမ်းရွာလို့၊ ခေါင်းမူးနေလို့၊ တနင်္လာနေ့မို့၊ သောကြာနေ့မို့ စတဲ့ အကြောင်းပြချက် ဆင်ခြေတွေနဲ့ လက်ကျန်အချိန်တွေကို ကုန်ခိုင်းမလား? ဒါမှမဟုတ် အကျိုးရှိတဲ့ အလုပ်တွေ မြန်မြန်ပြီးအောင်လုပ်ရင်း အချိန်ကုန်စေမလား? ဘယ်ဟာက ဘ၀အတွက်အကျိုးရှိစေမယ်ထင်လဲ? အဲတော့ ဘ၀ကို မြန်မြန်အောင်မြင်စေဖို့ မကျေနပ်ဘဲ ညည်တွားနေတာတွေလျော့ပြီး လက်ရှိအလုပ်ကို ဒီထက်ပိုကောင်းအောင် ဘယ်လိုလုပ်မလဲဆိုတာ ကြိုးစားကြည့်ပါ။
၄။ ကိုယ့်ရဲ့ပန်းတိုင်ကိုယ်သိပါ။
ရောင်းအကောင်းဆုံး စာအုပ်စာရင်း၀င် Start with Why စာအုပ်ရေးသားသူ Simon Sinek က ကိုယ့်ဘ၀ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ကိုယ်တိုင်သိအောင်လုပ်ပါ။
ဘယ်အရာဘဲလုပ်လုပ် ရည်မှန်းချက် ပန်းတိုင်ထားပြီးလုပ်ပါ။ ပန်းတိုင်ကိုရောက်ဖို့ လမ်းကြောင်းထက် ပန်းတိုင်က ဘယ်မှာရှိိလဲဆိုတာ သိဖို့ အရေးကြီးပါတယ်။
ပန်းတိုင်ကိုသိမှသာ သွားနေတဲ့လမ်းကြောင်းက အဆင်မပြေရင် နောက်တစ်ခုပြောင်းနိုင်မှာပါ။
လမ်းကြောင်းသာသိပြီး ပန်းတိုင်ကို မသိရင်တော့ အခက်အခဲ ဆူးငြောင့်ခလုတ်တွေနဲ့ တွေ့ရင် ဘယ်လမ်းကနေ ဆက်သွားရမယ်မှန်းမသိဖြစ်နေပါလိမ့်မယ်။
၅။ ဘ၀ကိုပျော်ရွှင်စွာဖြတ်သန်းပါ။
Jack Ma ကတော့ တိုတောင်းလှတဲ့ ဘ၀ကို ပျော်ရွှင်မှုတွေနဲ့ဖြတ်သန်းဖို့ အကြံပေးထားပါတယ်။ ကိုယ့်ကို ပျော်ရွှင်ကျေနပ်မှုရစေမယ့်အရာက ဘာလဲဆိုတာ သိအောင်ရှာဖွေပါ။
ဥပမာ – အလုပ်က၀င်ငွေနဲ့ ရပ်တည်နေရပေမယ့် ဝါသနာပါတာက အားကစားတစ်ခုခု လုပ်ရတာဆိုရင် ပြန်တွေးကြည့်ပါ။
အဲ့ဒီအားကစားနဲ့ အသက်မွေး၀မ်းကြောင်း ပြုနိုင်မလားဆိုတာကို မဟုတ်ရင်တော့ ဘ၀ရဲ့ မွန်းကြပ်မှုထွက်ပေါက် အနေနဲ့သာ လုပ်ပြီး ပျော်ရွှင်စွာဖြတ်သန်းပါ။
(Evan Carmichael ရဲ့ Motivation video မှ အချက်များကိုအခြေခံပြီး မိမိ၏ထင်မြင်ယူဆချက်များနှင့် ဆီလျော်အောင်ပေါင်းစပ် ရေးသားထားခြင်းသာဖြစ်ပါသည်။)
Writer-Htoo Zaw Wai
ပြောင်းလဲချင်သူ အောင်မြင်ချင်သူများအတွက်
Credit. To. Original writer
လူအမ်ားစုဘ၀မွာေနာက္က်မွ သင္ယူရတဲ့သင္ခန္းစာ(၅)ခု
၁။ မေရရာမေသခ်ာတဲ့ ဘ၀ကို မျဖတ္သန္းပါနဲ႔။
Warren Buffet က အလုပ္နဲ႔ ပက္သက္ၿပီး ဥပမာေပးထားပါတယ္။ အေရးႀကီးဆုံးက အလုပ္မလိုအပ္ေသးခ်ိန္မွာ (လက္ရွိအလုပ္ကမထြက္ခင္) ကိုယ္လိုခ်င္တဲ့အလုပ္ကို အရင္ေတြ႕ေအာင္ရွာပါ။ လူတိုင္းကေတာ့ ကိုယ္ႏွစ္သက္ျမတ္ႏိုးတဲ့အရာ၊ စိတ္ေပ်ာ္႐ႊင္ေစမယ့္အရာေတြပဲ လုပ္ခ်င္ၾကတာပါ။ လက္ရွိအလုပ္မွာ ဘယ္ေလာက္ပဲမေပ်ာ္႐ႊင္ျဖစ္ေနပါေစ ေနာက္အလုပ္က အဆင္သင့္မျဖစ္ဘဲ ဘယ္ေတာ့မွမေျပာင္းပါနဲ႔။
၂။ ဘ၀ကိုေၾကာက္႐ြံ႕မႈမရွိိစြာျဖတ္သန္းပါ။
Will Smith ကေတာ့ ဘ၀ဆိုတာ တိုေတာင္းလွတဲ့အတြက္ေၾကာင့္ ေၾကာက္႐ြံထိန႔္လန႔္မႈေတြနဲ႔ မရွင္သန္ဖို႔ ေျပာထားပါတယ္။ ေၾကာက္႐ြံထိန႔္လန႔္မႈေတြဆိုတာ အျပင္လက္ေတြ႕ဘ၀မွာ မရွိိႏိုင္တဲ့အရာေတြကို အတြင္းစိတ္ကေတြးၿပီး ေၾကာက္ေနတဲ့အရာေတြသာ ျဖစ္ပါတယ္။ ေၾကာက္႐ြံမႈေၾကာင့္ ျဖစ္ေပၚလာမယ့္ ေနာက္ဆက္တြဲအႏၲရယ္ကသာ အစစ္ျဖစ္တယ္။ ေၾကာက္႐ြံေနမလား ေနာက္ဆက္တြဲအႏၲရယ္ကို လက္ခံမလား ဆိုတာကေတာ့ ကိုယ့္ေ႐ြးခ်ယ္မႈနဲ႔ဘဲ ဆိုင္ပါတယ္။ ကြၽန္ေတာ္တို႔ငယ္ငယ္ထဲက ေၾကာက္႐ြံ႕ထိန႔္လန႔္မႈေတြမ်ားစြာေၾကာင့္ လက္လႊတ္လိုက္ရတဲ့ အခြင့္အေရးေပါင္း မနည္းေတာ့ပါဘူး။ လက္ရွိသာယာေနတဲ့ comfort zone ထဲကေန ေျခတစ္လွမ္းစထြက္ၾကည့္ၿပီး ေအာင္ျမင္တဲ့ဘ၀ကို ေလွ်ာက္လွမ္းၾကည့္ပါ။
၃။ မေက်မနပ္ျဖစ္ၿပီး ညည္းတြားေနတာေတြရပ္တန႔္လိုက္ပါ။
ကြၽန္ေတာ္အႀကိဳက္ဆုံး စြန႔္ဦးတီထြင္ေတြထဲကတစ္ေယာက္ျဖစ္တဲ့ Gary Vaynerchuk ကေတာ့ အကယ္၍ ဒီေန႔ဟာ မင္းဘ၀ရဲ႕ ေနာက္ဆုံးေန႔ျဖစ္ခဲ့မယ္ဆိုရင္ ခါတိုင္းေန႔ေတြလိုမ်ိဳး ေနအရမ္းပူလို႔၊ မိုးအရမ္း႐ြာလို႔၊ ေခါင္းမူးေနလို႔၊ တနလၤာေန႔မို႔၊ ေသာၾကာေန႔မို႔ စတဲ့ အေၾကာင္းျပခ်က္ ဆင္ေျခေတြနဲ႔ လက္က်န္အခ်ိန္ေတြကို ကုန္ခိုင္းမလား? ဒါမွမဟုတ္ အက်ိဳးရွိတဲ့ အလုပ္ေတြ ျမန္ျမန္ၿပီးေအာင္လုပ္ရင္း အခ်ိန္ကုန္ေစမလား? ဘယ္ဟာက ဘ၀အတြက္အက်ိဳးရွိေစမယ္ထင္လဲ? အဲေတာ့ ဘ၀ကို ျမန္ျမန္ေအာင္ျမင္ေစဖို႔ မေက်နပ္ဘဲ ညည္တြားေနတာေတြေလ်ာ့ၿပီး လက္ရွိအလုပ္ကို ဒီထက္ပိုေကာင္းေအာင္ ဘယ္လိုလုပ္မလဲဆိုတာ ႀကိဳးစားၾကည့္ပါ။
၄။ ကိုယ့္ရဲ႕ပန္းတိုင္ကိုယ္သိပါ။
ေရာင္းအေကာင္းဆုံး စာအုပ္စာရင္း၀င္ Start with Why စာအုပ္ေရးသားသူ Simon Sinek က ကိုယ့္ဘ၀ရဲ႕ ရည္မွန္းခ်က္ပန္းတိုင္ကို ကိုယ္တိုင္သိေအာင္လုပ္ပါ။
ဘယ္အရာဘဲလုပ္လုပ္ ရည္မွန္းခ်က္ ပန္းတိုင္ထားၿပီးလုပ္ပါ။ ပန္းတိုင္ကိုေရာက္ဖို႔ လမ္းေၾကာင္းထက္ ပန္းတိုင္က ဘယ္မွာရွိိလဲဆိုတာ သိဖို႔ အေရးႀကီးပါတယ္။
ပန္းတိုင္ကိုသိမွသာ သြားေနတဲ့လမ္းေၾကာင္းက အဆင္မေျပရင္ ေနာက္တစ္ခုေျပာင္းႏိုင္မွာပါ။
လမ္းေၾကာင္းသာသိၿပီး ပန္းတိုင္ကို မသိရင္ေတာ့ အခက္အခဲ ဆူးေျငာင့္ခလုတ္ေတြနဲ႔ ေတြ႕ရင္ ဘယ္လမ္းကေန ဆက္သြားရမယ္မွန္းမသိျဖစ္ေနပါလိမ့္မယ္။
၅။ ဘ၀ကိုေပ်ာ္႐ႊင္စြာျဖတ္သန္းပါ။
Jack Ma ကေတာ့ တိုေတာင္းလွတဲ့ ဘ၀ကို ေပ်ာ္႐ႊင္မႈေတြနဲ႔ျဖတ္သန္းဖို႔ အႀကံေပးထားပါတယ္။ ကိုယ့္ကို ေပ်ာ္႐ႊင္ေက်နပ္မႈရေစမယ့္အရာက ဘာလဲဆိုတာ သိေအာင္ရွာေဖြပါ။
ဥပမာ – အလုပ္က၀င္ေငြနဲ႔ ရပ္တည္ေနရေပမယ့္ ဝါသနာပါတာက အားကစားတစ္ခုခု လုပ္ရတာဆိုရင္ ျပန္ေတြးၾကည့္ပါ။
အဲ့ဒီအားကစားနဲ႔ အသက္ေမြး၀မ္းေၾကာင္း ျပဳႏိုင္မလားဆိုတာကို မဟုတ္ရင္ေတာ့ ဘ၀ရဲ႕ မြန္းၾကပ္မႈထြက္ေပါက္ အေနနဲ႔သာ လုပ္ၿပီး ေပ်ာ္႐ႊင္စြာျဖတ္သန္းပါ။
(Evan Carmichael ရဲ႕ Motivation video မွ အခ်က္မ်ားကိုအေျခခံၿပီး မိမိ၏ထင္ျမင္ယူဆခ်က္မ်ားႏွင့္ ဆီေလ်ာ္ေအာင္ေပါင္းစပ္ ေရးသားထားျခင္းသာျဖစ္ပါသည္။)
Writer-Htoo Zaw Wai
ေျပာင္းလဲခ်င္သူ ေအာင္ျမင္ခ်င္သူမ်ားအတြက္
Credit. To. Original writer
Be the first to comment