
၂၀၂၂မှာ အောင်မြင်မယ့် နေ့နံများ

စနေ
အတိတ်က ကိုယ်ကြိုးစားနေခဲ့တဲ့အရာတွေက ဒီနှစ်မှာအကောင်အထည်ပေါ်လာပီး၊ မိမိအလုပ်တွေ၊ အသစ်စတင်တာ၊ ရှိပီးသားအလုပ်တစ်ခုကို တိုးချဲတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အခြားသူကူညီလို့ သို့မဟုတ် ထီပေါက်ချဲပေါက်ဆိုတာထက် မိမိကိုယ်တိုင်အပတ်တကုတ်ကြိုးစားခဲ့တာကြောင့် တစ်စုံတစ်ခုဖြစ်ထွန်းလာတာ၊ ချီးကျူးခံရတာမျိုးတွေဖြစ်တတ်ပါတယ်။ အဓိကက မိမိအခုပန်ပင်းကြီးစွာနဲ့ ကြိုးစားလုပ်ကိုင်နေတဲ့အရာတွေ အောင်မြင်လာတော့မယ့် သဘောပါပဲ။

တနင်္လာ
ဒီနှစ်က ဘဝအပြောင်းအလဲဖြစ်မယ့်နှစ်ဖြစ်ပီး နေရာတွေပါ ပြောင်းရတတ်ပါတယ်။ နိုင်ငံခြားသွားရတာ၊ အခြားမြို့ပြောင်းရွှေ့ပီး အလုပ်လုပ်ကိုင်ရတာ၊ ရှိပီးသားအလုပ်ကနေထွက်ပီး လုပ်ငန်းပြောင်းလဲရတာ စတာမျိုးတွေ ဖြစ်ရတတ်ပီး အပြောင်းအလဲနဲ့အတူ တိုးတတ်မယ့် ကာလဖြစ်ပါတယ်။ ကား၊ ဖုန်း၊ အိမ် ကြီးကြီးမားမားတစ်ခုခုဝင်တတ်ပီး အရောင်းအဝယ်၊ နိုင်ငံရပ်ခြားနဲ့ပတ်သတ်တာ ပိုအောင်မြင်တတ်ပီး နိုင်ငံခြားထွက်ဖို့လုပ်နေတဲ့သူတွေအတွက် ပိုကောင်းပါတယ်။


တနင်္ဂနွေ
ရာထူးအပြောင်းအလဲ၊ အိမ်နေရာထိုင်ခင်းအပြောင်းအလဲဖြစ်တတ်ပီး အလုပ်တစ်ခု စတင်လုပ်ကိုင်ဖြစ်တာ၊ ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ လက်ဆောင်၊ အထောက်အပံ့တွေများစွာရရှိတတ်ပီး ကိုယ့်ကျိုးစားမှုကြောင့်ရော၊ ကံကောင်းလို့ပါ ငွေဝင်တာ၊ လုပ်ငန်းအဆင်ပြေတာ၊ ရှိရင်းစွဲလုပ်ငန်းကို တိုးချဲဖြစ်တာမျိုးတွေ များတတ်ပါတယ်။ ခရီးရက်ရှည်ထွက်ရတတ်ပီး နေအိမ်၊ ဖုန်း အသစ်ဝင်တာ၊ ပြောင်းလဲရတာမျိုးတွေ ဖြစ်တတ်ပါတယ်။


အင်္ဂါ
အရမ်းစိတ်ရှုပ်ရတတ်တဲ့နှစ်ဖြစ်ပေမယ့် ကိုယ်ပိုင်လုပ်ငန်းစဖြစ်တာ၊ အကြွေးပြန်ရတာ၊ ငွေဝင်တာမျိုးကြီးကြီးမားမားဖြစ်တတ်ပီး ထီးပေါက်ချဲပေါက် ကြုံရတတ်ပါတယ်။ နိုင်ငံခြားသွားရတာ၊ ခရီးထွက်ရတာ၊ မြေ၊ အိမ်၊ ခြံကိစ္စအကုန်ကောင်းတယ်။ မိသား စုဆီက အကူအညီအထောက်အပံ့ရတတ်ပီး ဝင်ငွေ၂ဆ တိုးတတ်မယ့်ကာလဖြစ်ပါတယ်။ အခက်အခဲတွေကျော်လွှာရုန်းကန်ရင်း အချိန်ကုန်မှန်းမသိကုန်ပီး တိုးတတ်မယ့်နှစ်ဖြစ်ပါတယ်။
ထူးထူးခြားခြားအောင်မြင့်မယ့်နေ့နံတွေကို ပြောပြပေးတာဖြစ်ပါတယ်။ အခြားနေ့နံတွေလဲ သူ့အခြေအနေနဲ့သူ အဆင်ပြေပါတယ်။
Saya Nay Htoo
Be the first to comment