အရမ်းချစ်ကြတဲ့ ချစ်သူတွေ ရန်ဖြစ်နည်း
" ကိုကို … သဲကိုဘယ်လောက်ချစ်လဲဟင် "
" များကြီးချစ်တယ် "
" ဘယ်လောက်များကြီးလဲ "
" အော် … အများ ….. ကြီးပေါ့ "
" ဘယ်လောက်ကြီးလဲလို့ "
" အမ် … တော်တော်များများကွာ "
" ဘယ်လောက်များတာလဲလို့ "
" သဲကလဲကြာ "
" အများကြီးချစ်ပါတယ်လို့ပြောနာကို
လာရစ်နေတယ် "
" ကိုကိုကလည်းကွာ "
" မိုးလောက်ကြီးလား , ပင်လယ်ကြီးလောက်လား လို့
အဲ့လိုမေးတာရီးကို "
" အော် … ဒီလိုလား "
" စင်္ကြာဝဠာကြီးလောက်ချစ်ပါသတဲ့ဗျာ … "
" နည်းနည်းလောက် ထပ်ကြီးအူး ကိုကိုရာ "
အများကြီးချစ်ပါတယ်ပြောနေရင်း
သောက်ထွန့်ကတက်လာပြီ
ပြဿနာတော့တက်တော့မယ်.
" စင်္ကြဝဠာကြီးထက်တော့ မကြီးတက်တော့ဘူး ကွာ "
" ကို သိတဲ့အကြီးဆုံးထဲမှာ စင်္ကြဝဠာကကြီးဆုံးပဲ "
" အာ … နည်းနည်းထပ်ကြီးပါအူးဆို "
" မင်းကို ဒီ့ထက်မကြီးတက်တော့ဘူးလို့ ဘယ်နှစ်ခါ
ပြောရမလဲ "
" အလကား … အဟွာကို သန်းရှာချင်နေတာ "
စိတ်ထဲ ပေါက်ပေါက်ရှိတာနဲ့
အော်ပြစ်လိုက်တယ်
" ငါ့ကို လာမအော်နဲ့ ' စုံထောက် ' " ရဲ့
" ဘာလဲ စုံထောက် "
" အောင်မာ … ခုမှမသိချင်ယောင်ဆောင်မနေနဲ့
နင်ငယ်ငယ်တုန်းက အ , လွန်းလို့
နင့်သူငယ်ချင်းတွေက နင့်ကို
စုံထောက် ~ စောက်ထုံ လို့ခေါ်တာ
ငါသိပြီးသား "
" အော် … နင်က ငယ်ဂျိုးငယ်နာတွေ ဖော်တယ်ပေါ့ "
" ဖော်တော့ဘာဖြစ်လဲ .. မဟုက်လို့လား "
" အမှန်တရားဆိုတာ ဖုံးကွယ်လို့မရဘူး … "
" အေးပါ … ' ဝဲထူ 'မရယ် "
" အမှန်တရားက ဖုံးကွယ်လို့မရပါဘူး "
" ဘာ "
" မဘာနဲ့ နင်ဆယ်တန်းနှစ်အထိ
ဝဲတွေမပျောက်သေးလို့
တမာယားနာပျောက်ဆေးတွေ
ဝယ်ဝယ်လူးနေရသေးတယ်ဆိုတာ
ငါသိပြီးသားဟဲ့ ' ဝဲထူ ' မရဲ့ "
" ဝဲထူတာက ခုပျောက်သွားပြီ "
" နင်သာ … သောက်ထုံ "
" နင်က .. ဝဲထူမ "
" နင်သာ သောက်ထုံ "
" တိပ်စမ်း ဝဲထူမ "
" မတိပ်နိူင်ဘူး .. ပုံစံကိုက အ, တီးအ, တနဲ့ "
" သနားလို့အဖြေပြန်ပေးထားတာကို အဟုက်မှတ်မနေနဲ့ "
" အရက်သမားမျိုးရဲ့ "
" ဟဲ့ နင်ပြောချင်ရင် ငါ့ကိုပြောနော် "
" ငါ့အမျိုးတွေဆွဲမထည့်နဲ့ "
" အရက်သမားမျိုးမို့လို့ အရက်သမားမျိုးပြောတာ နာစရာလား "
" နင့် ဦးလေး အောင်မောင်း မူးရူးပြီး သူများအိမ်မှား
တက်လို့ ရဲစခန်းမှာ ၃ ရက်အိပ်လိုက်ရသေးတယ်
မဟုက်လား "
" အေးငါ့ ဦးလေး အရက်မူးတာက
သူပို့ဆံနဲ့ သူသောက်တာ … "
" နင့်အဒေါ်သိန်းကြည်လို ကြွေးမထူဘူးဟဲ့ "
" အဒေါ်ကြွေးထူ တူမ ဝဲထူရဲ့ "
" အောင်မာ … ငါ့အဒေါ်ကြွေးထူတာ
နင်ဘယ့်နဲ့လုပ်နေလို့လဲ "
" နင့် အဒေါ်မခင်တုက်လို့
အလျူအိမ်က ထမင်းကို ဂျိုင့်နဲ့ မသယ်
ရင်ပြီးတာပဲလေ "
" အလျူအိမ်ထမင်းဂျိုင့်နဲ့ သယ်တာ ဘာဖြစ်လဲ
လျူလို့ယူတာလေ "
" နင့် မောင်ငယ်ငယ်ကလို ဘုန်းကြီးကျောင်းမှာ
ကပ်မစားရင်ပြီးတာပဲ "
" ယောကျာ်းတန်မဲ့ နူတ်သီးကောင်း လျှာပါးဟယ် "
" ကပ်ကပ်လန်ရန်ပြန်တွေ့နေလိုက်တာ ကြည့်စမ်း "
" ယောက်ျားလည်း ပါးစပ်နဲ့ပဲ နင်ပြောတာကို
ငြိမ်ခံနေရမှာလား … နင်အရင် အစဖော်တာလေ "
" ဒီလိုလားရတယ်လေ … ငါ့မောင် ဘုန်းကြီးကျောင်းမှာ
ကပ်စားတာ ဘာမှမဖြစ်ဘူး နင့်ညီမလို ၁၅နှစ်နဲ့ ယောကျာ်း
မယူဘူးဟဲ့ …. "
" အေး ငါ့ညီမ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျတာ
နင်တို့ ရွာက အုပ်ချုပ်ရေးမူး မကောင်းလို့ဟဲ့ ဝဲထူမရဲ့ "
ဟုက်တယ်လေ … ကျုပ်ညီမလေး ကိုးတန်းတက်နေရင်း
ရည်းစားနဲ့ ချိန်းတွေ့တာကို သူတို့ရွာက အုပ်ချုပ်ရေးမူးက
အတင်းပေးစားပြစ်တာ …
" ငါတို့ရွာက အုပ်ချုပ်ရေးမူးက လူမူ့ရေးသိတက်လို့
မဖြစ်သင့်တာမဖြစ်အောင် လုပ်ပေးလိုက်တာဟဲ့ "
" နင်တို့ရွာက ဘုန်းကြီးလို သင်္ကန်းခြုံပြီး ချဲမတွက်ဘူး "
" ဟဲ့ … အဲ့ ချဲဂဏာန်းကို လာလာတောင်းတာ
နင့် အမေပဲလေ "
" ငါတို့ဘုန်းကြီးကောင်းမူ့နဲ့ နင်တို့ရွာမှာ နင်တို့ ဆိုင်ကယ်ဝယ်စီးနိူင်တာလေလည်းထည့်ပြောပါအူးဟဲ့ "
" တော်တော့ဟာ ကြာရင်လက်ပါမိလိမ့်မယ် "
" နင်မှာမှ လက်ပါတာ မဟုက်ဘူး .. ငါ့မှလည်းလက်ပါတယ်"
" ထိရဲရင်ထိကြည့်လိုက်လေ "
" ငါလုပ်လိုက်ရင် သေတော့မယ် သနားလို့ "
" တကယ်သနားတာလား "
" အင်းပေါ့ "
" အာ့ကြောင့်ကိုကို့ ကိုချစ်တာ "
" အာဘှား မှမှ"
" ကိုကိုကလည်း … သဲမေးကတည်းက
စင်္ကြာဝဠာကြီး နှစ်လုံးလောက်ဆို ပြီးတာပဲကို
ဒါလေးတောင် ပြောတက်ဘူး "
" သဲကလည်းကွာ ဒီလောက်ကြီးရင်တော်ရောပေါ့ "
" ဟု… ကိုကို "
အဲ့တာသာကြည့် ကျုပ်ရည်းဇားနဲ့ ကျုပ်ရန်ဖြစ်ရင်
နောက်ဆုံးကျဘာမှ ဟုက်တာလည်း မဟုတ်ဘူး
ပြီးတော့လည်းပြီးသွားတာပဲ
မကောင်းတာက
ကြားထဲက ကြားထဲအမျိုးတွေရယ်
ရွာအုပ်ချုပ်ရေးမူး နဲ့ ဘုန်းကြီး ရယ်
အဖြေက ဒါပဲ ….😁😋
Credit ….KK ✍️✍️✍️
Be the first to comment