၁လပိုင်း အတွက် (၇)ရက်သားသမီး ဟောကိန်း
မိတ်ဆွေ သူငယ်ချင်းတွေပါ ဖတ်လို့ရအောင် ရှယ်ယား မျှဝေထားပေးပါ
💢တနင်္ဂနွေ သားသမီးများ
ဒီလမှာ လုပ်ငန်းအသစ်များ ကြံစည်လုပ်ကိုင်ရမည့်အချိန်ဖြစ်သည်။ မြေ ဝင်လာငြား ကောင်းကျိုးများစွာရရှိတတ်ပါသည်။မိတ်ဆွေ အပေါင်းအသင်းများအား ဆေးရုံဆေးခန်း မေးရတတ်ပါသည်။ ရပ်ဝေးမှဆွေမျိုးများထံမှ မကောင်းသောသတင်းစကားများကြားရတတ်ပါသည်။ ဆိုင်ကယ် ကား စသည့် ယာဥ်မတော်တဆ ထိခိုက်ပီး အမှုအခင်းဖြစ်ကာ အချုပ်အနှောင်ခံရတတ်ပါသည်။ လက်ရှိလုပ်ကိုင်နေသောအလုပ်မှာ စိတ်လေပီး အလုပ်ထွက်ချင်စိတ်ပေါ်နေပါမည် သတိထားပါ။ ငွေကြေး ကိစ္စ များအလွယ်တကူ ရတတ်ပီး ပျော်ရွှင်ရမည်။ စက်ပစ္စည်းနဲ့ပတ်သတ်လို့ ဝင်လာပါက ထီထိုးပါ။ မိမိ၏ အထက်လူကြီးနဲ့ စကားများရတတ်သည် သတိနှင့်နေပါ။ ပညာရေးမှာအလွန်ကံကောင်းတဲ့အချိန်ကာလဖြစ်ပါသည်။ မိမိကိုယ်ကျင့်တရားကောင်းလျှင် ကောင်းကျိုးချမ်းသာများရရှိမည်။ အာမခံကိစ္စများ မပြုလုပ်သင့်ပါ။ ယခုအချိန်မှာ ရှေ့မတိုးသာ နောက်မဆုပ်သာ ဖြစ်နေတတ်သည်။ အချစ်ရေးမှာ ချစ်သူ၏ထင်မြင်လွှဲမှားခြင်းခံရမည်။အိမ်ထောင်သည်များအတွက် မိမိအိမ်ထောင်ဖက်နှင့်စကားများရတတ်သည်။ ယခု ကာလအတွင်း မိမိကြံစည်သမျှ အလုပ်အကိုင်များ လွှဲချော်နေတတ်ပါတယ် ငွေကြေးရင်းနှီးမြုပ်နှံမှု မလုပ်သင့်ပါ။အကြွေးပြန်မရတာဖြစ်တက်သည်။
ယတြာ👉ဆရာ တစ်ရက်တစ်ခါတင်ပေးတဲ့ ယတြာတွေသာ ကိုသေချာလိုက်လုပ်ပါ အဆင်ပြေလာပါလိမ့်မယ်။ရှယ်ယား မျှဝေထားပေးပါ
💢တနင်္လာ သားသမီးများအတွက်
ဒီလမှာ အသိပညာနဲ့ပတ်သတ်ပီး သင်ယူမည်ဆိုလျှင် အလွန်ကောင်းပါသည်။ လျှပ်စစ်နဲ့ပတ်သတ်ပီး သတိထားပါ လျှပ်စစ်လျော့ဖြစ်တတ်သည်။ ခုချိန်မှာ နာမည်ကြီးထမင်းငတ်ဖြစ်နေတတ်သည်။ ပေးစရာရှိတဲ့ကြွေးဟောင်းများပေါ်လာပီး အကြွေးအတွက်ပြောရခက်နေသောအချိန်ကာလဖြစ်ပါသည်ပါသည်။ မိန်းကလေးများ သွေးသားနဲ့ပတ်သတ်သောရောဂါဝေဒနါခံစားရတတ်သည်။ မိတ်ဆွေကောင်းဟုထင်ရသောက မိမိအားနှစ်ကြိမ်နှစ်ခါလိမ်ညာခံရတတ်ပါသည်။ ယခုလအတွင်း ခရီးထွက်ရမည်။ အမည်သတင်းကျော်ကြားမည်။ အလုပ်အကိုင်ဆုံးရှုံးရတတ်သည် သတိထားပါ။ မိသားစု ကျန်းမာရေး ဂရုစိုက်ပါ အနာရောဂါများတတ်သည်။ ချစ်သူ၏ အလေးပေးခြင်းအလေးထားခြင်းခံရမည်။ အိမ်ထောင်သည်များအနေနဲ့ မိမိအိမ်ထောင်ဘက်မှ အနိုင်ယူခြင်းကြုံရမည်။ မိတ်ဆွေများ၏ အကူညီအထောက်ပံ ရရှိပီး ငွေကြေးအမြောက်အများ ရရှိမည်။။အစစအရာအရာ အဆင်ပြေလာတက်သည်။ထီချဲပေါက်ကိန်းရှိသည်။အကြွေးတင်တာ ပြန်မဆက်နိုင်တာဖြစ်တက်ပါသည်
ယတြာ👉ဆရာ တစ်ရက်တစ်ခါတင်ပေးတဲ့ ယတြာတွေသာ ကိုသေချာလိုက်လုပ်ပါ အဆင်ပြေလာပါလိမ့်မယ်။ရှယ်ယား မျှဝေထားပေးပါ
💢အင်္ဂါ သားသမီးများအတွက်
ဒီလမှာ ဆရာသမား ကြီးကဲသူများ ထူခြားစွာ မစလိမ့်မည်။ နိုင်ငံရပ်ခြားခရီးသွားလာရတတ်သည်။ လက်ဆောင်ပစ္စည်း ရောက်လာပီးပျော်ရွှင်ရတတ်သည်။ မိဘနှစ်ပါး မျက်စိနာပီး ဆေးခန်းပြရတတ်သည် သတိထားပါ။ ဒီလအတွင်းဘာသာရေးများများလုပ်ပါ ထူးခြားစွာ ငွေကြေးဝင်ကိန်းရှိသည်။ မိသားစုတွင် အရေးမကြီးသော စကားပြောဆိုနေရင်စကားများရတတ်သည်။ စက်ပစ္စည်းအသစ်ဝင်လာမည်။ ငွေကြေးကံအရမ်းကောင်းသည်။ အလုပ်တွင် စိတ်ပင်ပန်းလူပင်ပန်းဖြစ်တတ်သည်။ စီးပွားရေးတွင် အနှောက်အယှက်ရှိသော်လည်း စီးပွားတိုးတတ်နေမည်။ အချစ်ရေးတွင် မိမိချစ်သူနဲ့စကားခဏခဏများတတ်သည်။ အိမ်ထောင်ရေးတွင် သဝန်တိုဖြစ်ခြင်းကြောင့် စိတ်သောက ရောက်နေတတ်သည်။
မိမိနေအိမ်တွင် နတ်အုန်းသီးတွင် အစို့မြင်ပါက သတိနှင့်ဆင်ခြင်နေပါ။ အနေအထိုင်မတတ်မှုကြောင့် လမ်းလွှဲသွားတတ်သည်။ မိမိနေအိမ်တွင် ဆေးသုပ်ပါက ငွေးကြေးများဝင်လာမည်။အတင်းပြောခံရတက်သည်။ထီချဲပေါက်ကိန်းရှိသည်။အချစ်ရေး အိမ်ထောင်ရေး ညံ့နေတက်သည်။ငွေအထွက်များတက်သည်။
ယတြာ👉ဆရာ တစ်ရက်တစ်ခါတင်ပေးတဲ့ ယတြာတွေသာ ကိုသေချာလိုက်လုပ်ပါ အဆင်ပြေလာပါလိမ့်မယ်။ရှယ်ယား မျှဝေထားပေးပါ
💢ဗုဒ္ဓဟူး သားသမီးများအတွက်
ဒီလတွင် အလုပ်ကိစ္စ နှင့်ပတ်သတ်ပီးရာထူးတိုးတတ်သည်။ မိမိနေအိမ်ရွေ့အပြောင်းလုပ်ရတတ်သည်။ အိမ်ထောင်ရှိသူများ မိန်းမ ဖျားနာတတ်သည်။ မိမိအိမ်ရှိကလေးငယ်များအမြင့်မှလိမ့်ကျတတ်သည် သတိထားပါ။ ပညာရေးတစ်ပိုင်းတစ်စဖြစ်နေတတ်သည်။ မိမိနေအိမ်သို ထူးခြားသော ဓာတ်ပုံများ ဘုရားပုံတော်များရောက်လာတတ်ပါသည်။ ထူးခြားသောဧည့်သည်နှစ်ဦး အိမ်အလည်လာတတ်သည်။ ကျန်းမာရေး ညံတတ်ပါသည်။ သူတစ်ပါးနဲ့ပတ်သတ်ပီးငွေကုန်ကြေးကျများနေပါမည်။ အိမ်ပြောင်းအိမ်ရွေ့ပီး ပြုပြင်ရတတ်ပါသည်။ ပျော်ပွဲစားခရီးထွက်ရတတ်သည်။ အချစ်ရေးမှာ ကြားလူကြောင့်စိတ်အနှောက်ယှက်ဖြစ်တတ်သည်။ သတိလက်လွှတ်နေမိသောကြောင့်ဘေးတွေ့ရတတ်သည်။ ကံကောင်းမှုများရောက်လာဖို့အတွက် ကံဆိုးမှုများအရင်ကြုံမည် သတိနှင်စဥ်ကြင်နေထိုင်ပါ။ အိမ်ထောင်ရေးတွင် မိန်းမအနှောက်ယှက်ကြောင့် ပြသနာတတ်တတ်ပါသည်။ အလုပ်မရသေးသောသူများ အလုပ်ရမည်။ထိခိုက်ရှနာ ဖျားနာတာ ခေါင်းကိုက်တာဖြစ်တက်သည်။
ယတြာ👉ဆရာ တစ်ရက်တစ်ခါတင်ပေးတဲ့ ယတြာတွေသာ ကိုသေချာလိုက်လုပ်ပါ အဆင်ပြေလာပါလိမ့်မယ်။ရှယ်ယား မျှဝေထားပေးပါ
💢ကြာသပတေး သားသမီးအတွက်
ကြာသပတေးနေ့
ဒီလတွင် လုပ်ငန်းကြီးများပေါ်လာပီ အလွန်ပင်အောင်မြင်စွာလုပ်ကိုင်ရမည်။ မိမိရင်ဆိုင်နေသောအမှုအခင်းများရှိက အနိုင်ရတတ်သည်။ ယခုဖြစ်ပေါ်နေသောအခက်အခဲများကြားမှအောင်မြင်မှုရရှိတတ်သည်။ ထူခြားသော ပုဂ္ဂိုလ် မစ မည်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးမည်။ မိတ်ဆွေရင်းဟုထင်နေသူက မကောင်းကြံခြင်းခံရမည်။ ယခုအချိန်မှာ လူလိမ်ခံရမည်အသေချာပင် ဖြစ်သည်။ အိမ်ထောင်ရေးအိမ်တွင်းရေးအဆင်မပြေဖြစ်တတ်ပါသည်။ မိမိ မသွားဖြစ်ဘူးထင်သည်ခရီး သွားရတတ်ပါသည်။ ငွေကြေးများဝင်လာတတ်ပါသည်။ အလှူရေစက်လက်နဲ့မကွာ လှူနိုင်သောသူဖြစ်နေမည်။ ဆင်ခြင်တုံတရားနှင်ပြည့်စုံပီး ရိုးသားပါက အကျိုးအမြတ်များစွားရရှိတတ်ပါသည်။ သူတစ်ပါးကြောင့်မကောင်းမှုပြုလုပ်တတ်ပါသည်သတိထားပါ။ အချစ်ရေးကံအရမ်းကောင်းသောအချိန်ကာလဖြစ်ပါသည်။ မကောင်းသော အလုပ်များကို ရှောင်ရှားပါက ငွေဝင်မည် ။ထီချဲပေါက်ကိန်းရှိသည်။
ငွေမချေးပါနဲ့ ဆုံးတက်သည်။ပစ္စည်းတွေ မရောင်းရပဲ အောင်းနေတက်သည်။စန်းပွင့်မည် လူချစ်လူခင်ပေါများမည်
ယတြာ👉ဆရာ တစ်ရက်တစ်ခါတင်ပေးတဲ့ ယတြာတွေသာ ကိုသေချာလိုက်လုပ်ပါ အဆင်ပြေလာပါလိမ့်မယ်။ရှယ်ယား မျှဝေထားပေးပါ
💢သောကြာ သားသမီးများအတွက်
ဒီကာလတွင် မိမိနေအိမ်သို့ ရဟန်းတစ်ပါးကြွလာလျှင် မိမိတတ်နိုင်သမျှလှူဒါန်းပါ အကျိုးထူးရရှိပါလိမ့်မည်။ မိဘနှစ်ပါး ကျန်းမာရေးညံနေတတ်ပါသည်။ မိမိမှာလဲ ခေါင်းကိုက်ဝေဒနါ ခံစားရတတ်ပါသည် ရောဂါကြီးဟုထင်နေတတ်ပါသည်။ အဖိုးမဖြတ်နိုင်သော လက်ဝတ်ရတနာ ဝင်ကိန်းရှိပါသည်။ ငွေကြေးကံကောင်းပီး လာဘ်ရွှင်နေမည်။ ယခုအချိန် သင်ဘာလုပ်လုပ်အောင်မြင်မှုရနေတတ်ပါသည်။ အိမ်ထောင်သည်များကတော့ ကိုယ်ဝန်ရတတ်ပါသည်။ မထင်မှတ်ဘဲ ခရီးထွက်ရတတ်သည်။ ယခုအချိန်မှာ လူယုံမထားပါနှင့်လိမ်ခံရတတ်သည်။ စကားရှုပ်သောသူများကြောင့် ဂုဏ်သိက္ခာကျတတ်သည်။ မိမိနေအိမ်တွင် ပရိတ်ရည်ဖြင့်ဖြန်းပါ လာဘ်လာဘရွှင်လာပါမည်။ ဘဝရှေ့ရေးမျှော်မှန်းထားတဲ့အတိုင်း အောင်မြင်မှုရရှိမည်။ မိမိချစ်သူအား လက်လွှတ်ဆုံးရှုံးရတတ်သည်။ ဘာသာရေးအဆုံးအမများ လိုက်နာဆောင်ရွက်ပါ။
ငွေဝင်ကိန်းရှိသည်။အလုပ်အက်ိုင် အရောင်းအဝယ်များ အဆင်ပြေလာမည်။
ယတြာ👉ဆရာ တစ်ရက်တစ်ခါတင်ပေးတဲ့ ယတြာတွေသာ ကိုသေချာလိုက်လုပ်ပါ အဆင်ပြေလာပါလိမ့်မယ်။ရှယ်ယား မျှဝေထားပေးပါ
💢စနေ သားသမီးများအတွက်
ဒီလတွင် ချစ်သူမရှိသေးသောသူများ ချစ်သူသစ်ရရှိမည့်အချိန်ကာလဖြစ်ပါသည်။ ရေကြောင်းနဲ့ပတ်သတ်ပီး ပြည်တွင်းပြည်ပ ခရီးသွားလာရတန်ပါသည်။ သားသမီး နဲ့ပတ်သတ်ပီး သောကရောက်တတ်ပါသည်။ ငွေကြေးကံ ညံနေသောကြောင့် ငွေအတွက် သောကရောက်နေတတ်ပါသည်။ မိဘလုပ်ကျွေးပြုစုနေသူများအတွက် စိတ်ချမ်းသာစရာတွေ ကြုံတွေ့ရမည်။ လျှပ်စစ်ပစ္စည်း ဖုန်း စသည်တို့ လက်ဆောင်ရတတ်ပါသည်။ ယခုအချိန် မဂ်လာရက်ရွေးထားသူများ အကြောင်းအမျိုးမျိုးကြောင့်ရက်ရွေ့ရတတ်ပါသည်။ ယခုချိန်ခါမှာ အတတ်ပညာနဲ့ပတ်သတ်လို့ သင်တန်းတတ်မည်ဆိုလျှင် အလွန်အကျိုးထူးရရှိပါလိမ့်မည်။ အိမ်ထောင်ရေးမှာ ပျော်ရွှင်ချမ်းမြေ့ဖွယ် မိသားစုပိုင်ဆိုင်ရတတ်ပါသည်။ မိမိ၏ သစ္စာ ရှိခြင်းကြောင့် ပြည့်စုံသော ဘဝကိုပိုင်ဆိုင်ရတတ်ပါသည်။ အမှားအမှန် ခွဲခြားနိုင်မှုမရှိသောကြောင့် အမှားတွေ့ရတတ်ပါသည် အဖြူအမဲ သဲသဲကွဲကွဲ ရွေးချယ်သင့်ပါသည်။ မိတ်ဆွေကောင်းများရရှိတတ်ပါသည်။ထီချဲပေါက်ကိန်းရှိသည် ဈေးအရောင်းအဝယ်ကောင်းလာမည်
ယတြာ👉ဆရာ တစ်ရက်တစ်ခါတင်ပေးတဲ့ ယတြာတွေသာ ကိုသေချာလိုက်လုပ်ပါ အဆင်ပြေလာပါလိမ့်မယ်။ရှယ်ာား မျှဝေထားပေးပါ
Be the first to comment