
စိတ်ညစ်သူများဒါကိုဖတ် World Trade Center ဖြစ်စဉ်မှ ကံဖယ်ပြီး အသက်ရှင်ကျန်ခဲ့ သူများ
တစ်ချို့အရာတွေက ဖြစ်ရမှာမို့ကို ဖြစ်လာကြတာ
၉/၁၁ တိုက်ခိုက်မှုဖြစ်ပြီး
နောက်
World Trade Center မှာ
ရုံးခန်းတွေရှိတဲ့
ကုမ္ပဏီတစ်ခုက
သူ့ရဲ့အသက်ရှင်ကျန်ခဲ့တဲ့
ဝန်ထမ်းတွေကို ခေါ်ယူ
မေးမြန်းခဲ့ပါတယ်
အလွန်အရေးမပါတဲ့
အကြောင်းပြချက်
လေးတွေကြောင့်
ဒီလူတွေ အသက်ဆက်ရှင်
နေကြတာတွေ့ခဲ့ရတယ်

ကုမ္ပဏီဒါရိုက်တာ
တစ်ယောက်က
သူ့သားလေးရဲ့
သူငယ်တန်းတက်မယ့်
ပထမဆုံးနေ့မို့
နောက်ကျခဲ့တယ်
အမျိုးသမီးတစ်ယောက်
ကတော့
နာရီ alarm မမြည်တာကြောင့်
နောက်ကျနေခဲ့တယ်
တစ်ယောက်ကတော့
လမ်းမှာ
ယာဉ်တိုက်မှုတစ်ခုရှိလို့
ကားပိတ်နေခဲ့တယ်
နောက်တစ်ယောက်ကတော့
ဘတ်စ်ကားလွှတ်သွားလို့
တစ်ယောက်ကတော့
ကိုယ်ပေါ်ကို
မုန့်တွေမှောက်ကျလို့
အဝတ်အစားပြန်လဲလို့
နောက်ကျနေခဲ့တယ်

တစ်ယောက်က ကားစက်
နှိုးလို့မရလို့
တစ်ယောက်က ဖုန်းထွက်
ပြောနေလို့
နောက်တစ်ယောက်က
မီးဖွားနေလို့
တက်စီငှားမရလို့
နောက်ဆုံး
တစ်ယောက်ကတော့
အဲ့ဒီနေ့မှာ ရုံးကို
ရှူးဖိနပ်အသစ်လေး
စီးခဲ့ရာကနေ ဖိနပ်ပေါက်ပြီး
ရေကြည်ဖုထလို့
ဆေးဆိုင်မှာ ပလာစတာ
ဝင်ဝယ်နေရာကနေ
အသက်ရှင်ကျန်ခဲ့ရတယ်

အခု ကျွန်တော်တို့
ကားတွေပိတ်တဲ့အခါ
ဓာတ်လှေကားမမှီလိုက်တဲ့
အခါ
အိမ်အပြင်ရောက်ပြီးခါမှ
အိမ်ဖုန်းထမြည်လို့
အိမ်ထဲပြန်ဝင်ပြောရတဲ့
အခါနှင့်
အခြားအခြားသော
စိတ်အနှောက်အယှက်
ဖြစ်စရာများ ကြုံရတဲ့အခါ
ဒီနေရာမှာ ငါ ရောက်သင့်လို့
ရောက်နေတာ"လို့
ပထမဆုံးတွေးလိုက်တယ်
နောက်တစ်ခါ
သင့်ရဲ့မနက်တွေကို
စိတ်ရှုပ်စရာနဲ့ စတင်ရတယ်…
ကလေးတွေ အဝတ်လဲတာ
ကြာနေတယ်…
ကားသော့ရှာမတွေ့ဘူး…
မီးနီဘဲ ဆက်တိုက်
မိနေတယ်ဆို
ဒေါသမထွက်ပါနဲ့ စိတ်မပျက်
ပါနဲ့
သင်ဟာ ဒီနေရာမှာ ရှိကို
ရှိရမှာမို့ ရှိနေတာပါ
စိတ်ရှုပ်ရတဲ့ မနက်တွေတိုင်း
ဒီစာလေးကို ပြန်ဖတ်ပါ
ဖတ်မိသော
နိုင်ငံခြားဆောင်းပါးတစ်ခုကို
ဘာသာပြန်ထားပါတယ်…
Credit

Be the first to comment