လမ်းတစ်ခုကိုရွေးချယ်လိုက်ပြီး အဲဒီလမ်းအဆုံးမှာသင့်ကိုဘာကစောင့်မျှော်နေမလဲဆိုတာ ရှာဖွေလိုက်ပါ
(၁)
(၂) ဖောက်ထားတဲ့လမ်းမဟုတ်ဘဲ လမ်းမရှိတဲ့ပုံကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာတော်တော်လေးရဲရင့်တဲ့သူလို့ ဆိုရမှာပါပဲ။ ဖောက်ပြီးသားလမ်းကိုလျှောက်ချင်တာမျိုးမဟုတ်ဘဲ လျှောက်ရမယ့်လမ်းကို ဖောက်ချင်တဲ့သူပေါ့။ ဒ
ါကြောင့် ကိုယ့်တာဝန်ကိုယူတတ်ပြီး ဆင်ခြေပေးတာတွေကို မကြိုက်တဲ့စိတ်ထားမျိုးရှိနေတတ်ပါတယ်။ နောက် ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုစွမ်းအားသိပ်မြင့်တယ်။ ကြုံတွေ့လာတဲ့အခက်အခဲတွေဟာ သင့်ဘဝအတွက် တိုးတက်မှုတွေကိုပဲ အမြဲဖြစ်စေတတ်ပါသတဲ့။ သင်ကဘဝကို ခက်ခက်ခဲခဲနဲ့အမြင့်ရောက်ဖို့ ကြိုးပမ်းနေချိန် သင်နဲ့ဘယ်သူမှမလိုက်ရဲ၊ သင့်ကိုဘယ်သူမှမယုံကြည်ရင်တောင်မှပဲ သင့်အနေနဲ့ တစ်ယောက်တည်းလည်း အေးဆေးစွန့်စားနိုင်မှာပါ။
(၃)
ရထားလမ်းကို ရွေးချယ်လိုက်ပြီဆိုရင်တော့ ဒီလမ်းဟာ သင့်ကို ပုံစံခွက်ထဲက ပန်းတိုင်ကိုအရောက်ပို့ပေးမှာပါတဲ့။ ဆိုလိုချင်တာ သင်ရောက်ချင်လို့ ကြိုးစားနေတဲ့ ပန်းတိုင်ကိုမလွဲမသေရောက်မယ်ဆိုတဲ့သဘောပေါ့။
ဒါပေမဲ့ ဒီလမ်းကိုလျှောက်ရတဲ့အခါ ပင်ပမ်းမယ်၊ ခက်ခဲကြမ်းတမ်းပြီး social life နဲ့ကင်းဝေးသွားတဲ့အခါမျိုး ဖြစ်လာမှာပါ။ ဒါပေမဲ့လို့ ဘယ်လောက်ပဲလဲကျပါစေ၊ မဆုတ်မနစ်တဲ့ဇွဲလုံ့လနဲ့ကြိုးစားခဲ့မယ်ဆိုရင် တစ်နေ့တော့ပန်းတိုင်ရောက်လာမှာပါ။
(၄) ကတ္တရာလမ်းကိုရွေးချယ်လိုက်ခြင်းဖြင့် သင့်ဘဝမှာ ဘယ်လိုရွေးချယ်မှုမျိုးပဲလုပ်လုပ် ကိစ္စမရှိဘူးပါဘူး။ ဆိုလိုချင်တာ ဘဝလမ်းကြောင်းပြောင်းမယ်ဆိုလည်း နောက်ဆံမတင်းဘဲပြောင်းလဲလို့ရမယ့် အနေအထားမှာရှိမယ်ပေါ့။
သင့်ဘဝရဲ့အခြေအနေတွေဟာ ဘယ်တော့မဆို ငြိမ်းချမ်းပြီး တည်ငြိမ်တယ်၊ သက်တောင့်သက်သာရှိနေမှာမလို့ လမ်းတစ်လျှောက်မှာရော လမ်းအဆုံးမှာရော ကောင်းခြင်းတွေကသာ စောင့်ကြိုနေမှာပါ။
(၅) လမ်းကျဉ်းလေးကသာ သင့်ရဲ့ရွေးချယ်မှုဖြစ်ခဲ့မယ်ဆိုရင်တော့ သင့်ဘဝလမ်းကြောင်းတစ်လျှောက်မှာ တစ်သတ်မတ်တည်းမဟုတ်တဲ့ ဆုံးဖြတ်ချက်မျိုးချခြင်းဟာ အောင်မြင်မှုကို ပိုနီးကပ်စေအောင် ဆောင်ရွက်ပေးမှာပါတဲ့။ အဓိကကတော့ အဲဒီ ရွေးချယ်မှုဟာ သင်တကယ်စိတ်အားထက်သန်ပြီး တကယ်သွားချင်တဲ့ လမ်းကြောင်းမျိုးဖြစ်ဖို့တော့ လိုအပ်ပါတယ်။
ဒီလိုသာဖြစ်ခဲ့မယ်ဆိုရင် ဘယ်သူမှ အဲဒီလမ်းကြောင်းကို ပုံမဖော်နိုင်ရင်တောင်မှဘဲ သင်ဖောက်လိုက်လို့ လိုက်လျှောက်မယ့်သူတွေအများကြီးပါ။
credit to lotaya
Be the first to comment