ပိုက်ဆံမရှိဘူးလို့ ..
ပါးစပ်က
အမြဲပြောနေရင်
တနေ့တခြား ကြပ်တည်းလာတာ
ပိုသိသာလာတယ်။
အဆင်မပြေဘူးလို့
ခနခနတွေးနေရင်
ပိုပြီး အဆင်မပြေ ဖြစ်လာတယ်။
ဒါအယူအဆမဟုတ်ဘူး။
ဘာသာရေး အတွေးမဟုတ်ဘူး။
Psycho သဘောပါပဲ။
ကြားရဖန်များလာရင်
အတွေးတွေဖြစ်လာတယ်။
ပြောပါများလာရင်
အဲ့ဒီအတိုင်းယုံကြည်လာတယ်။
ကြာတော့ ကိုယ့်စိတ်ကူးထဲကအတိုင်း
ကိုယ့်နှုတ်ထွက်စကားတွေ အတိုင်း
ကိုယ့်ဘဝက ပြောင်းသွားတယ်။
ဒါ့ကြောင့် အမြဲတမ်း
အကောင်းဘက်ကတွေးပါ။
အကောင်းဘက်ကို တွေးပါ။
အောင်မြင်သူလိုတွေးပါ။
အောင်မြင်သူတွေနား
ချဉ်းကပ်ပါ လို့ပြောကြတာပေါ့။
လဲကျတာဟာ ပြဿနာ မဟုတ်ဖူးလေ
ပြန်မထချင်တော့တာ or
ငါ ပြန်မထ နိုင်လောက်ပါဘူးလို့တွေးတာ
လက်လျှော့လိုက်တော့မယ်ဆိုတာကသာ
ပြဿနာကြီးပါ။
မဖြစ်နိုင်ဘူးဆိုတာထက်
ဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုဘဲ
တွေးဖို့ပိုလိုတာပါ။
လူတိုင်းမှာ ခက်ခဲတဲ့ အခိုက်အတန့်တွေရှိတယ်
ဖြေရှင်းပုံပေါ်မူတည်ပြီး
လူတွေရဲ့ ဘဝ အခြေအနေတွေ
ကွာသွားတာပါ။
Credit✍🏻 မူရင်း
Photo Credit;

ႏႈတ္ထြက္စကား နဲ႔အေတြးကိုသတိထား
ပိုက္ဆံမရွိဘူးလို႔ ..
ပါးစပ္က
အၿမဲေျပာေနရင္
တေန႔တျခား ၾကပ္တည္းလာတာ
ပိုသိသာလာတယ္။
အဆင္မေျပဘူးလို႔
ခနခနေတြးေနရင္
ပိုၿပီး အဆင္မေျပ ျဖစ္လာတယ္။
ဒါအယူအဆမဟုတ္ဘူး။
ဘာသာေရး အေတြးမဟုတ္ဘူး။
Psycho သေဘာပါပဲ။
ၾကားရဖန္မ်ားလာရင္
အေတြးေတြျဖစ္လာတယ္။
ေျပာပါမ်ားလာရင္
အဲ့ဒီအတိုင္းယုံၾကည္လာတယ္။
ၾကာေတာ့ ကိုယ့္စိတ္ကူးထဲကအတိုင္း
ကိုယ့္ႏႈတ္ထြက္စကားေတြ အတိုင္း
ကိုယ့္ဘဝက ေျပာင္းသြားတယ္။
ဒါ့ေၾကာင့္ အၿမဲတမ္း
အေကာင္းဘက္ကေတြးပါ။
အေကာင္းဘက္ကို ေတြးပါ။
ေအာင္ျမင္သူလိုေတြးပါ။
ေအာင္ျမင္သူေတြနား
ခ်ဥ္းကပ္ပါ လို႔ေျပာၾကတာေပါ့။
လဲက်တာဟာ ျပႆနာ မဟုတ္ဖူးေလ
ျပန္မထခ်င္ေတာ့တာ or
ငါ ျပန္မထ ႏိုင္ေလာက္ပါဘူးလို႔ေတြးတာ
လက္ေလွ်ာ့လိုက္ေတာ့မယ္ဆိုတာကသာ
ျပႆနာႀကီးပါ။
မျဖစ္ႏိုင္ဘူးဆိုတာထက္
ျဖစ္ေအာင္ဘယ္လိုလုပ္ရမလဲဆိုတာကိုဘဲ
ေတြးဖို႔ပိုလိုတာပါ။
လူတိုင္းမွာ ခက္ခဲတဲ့ အခိုက္အတန္႔ေတြရွိတယ္
ေျဖရွင္းပုံေပၚမူတည္ၿပီး
လူေတြရဲ႕ ဘဝ အေျခအေနေတြ
ကြာသြားတာပါ။
Credit✍🏻 မူရင္း
Photo Credit;
Be the first to comment