အိမ်ဆောက်မယ်ဆိုရင် (သိထားသင့်တယ်) တချိန်လိုအပ်လာမယ် Share ထားပါ.
(တန်ဖိုးရှိလွန်းလို့သိမ်းထားခဲ့တာပါ။အခုခေတ်မှာ လုပ်ဖို့မပြောနဲ့သိသူတောင်နည်းသွားပြီ)
ဆရာကြီးဒဂုန် ရဲ့စာတွေဖတ်ရင်း
တွေ့မိလို့သိမ်းထားခဲ့တဲ့ထဲက
အိမ်ဆောက်ရင် လိုအပ်ချက်တွေကို
သိနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။
မြင်လဲမြင်ဆရာ ပါ။
သူရေးခဲ့တဲ့ စာစုကို
ပြန်ဖော်ပြလိုက်ပါတယ်။
အသက်တွက်ပြီးမှအိမ်ဆောက်ပါ။
အိမ်ဆောက်တော့မယ်ဆိုရင် အသက်တွက်ပြီးမှ
အိမ်ဆောက်သင့်တယ်လို့ ဆိုပါတယ်။
ဒီအချက်ကို လင်္ကာလေးနဲ့ညွှန်းထားပုံက
အိမ်သစ်ဆောက်လိုများလူဗိုလ်၊
သက်ကိုရှစ်နဲ့စား
တစ်ခုကြွင်းမူသူဌေးယူ၊
နှစ်မူသူကြွယ်သား။လေးခုကြွင်းငြားရွှေလှေခါး၊
ငါးကားရွှေပြဿဒ်။
သုံး၊ခြောက်၊ခုနှစ်၊သုံးဘုံလစ်၊
အိမ်သစ်မဆောက်အပ်တဲ့။
လင်္ကာရဲ့သဘောကဒီလိုပါ။
ကိုယ့်ရဲ့ အသက်ကို (၈)နဲ့ စားလိုက်ပါ။
၁=ကြွင်းရင် ဒီနှစ်မှာ
အိမ်ဆောက်တဲ့အတွက် သူဌေးဖြစ်နိုင်သလို၊
၂=ကြွင်းရင်လည်း သူကြွယ်ဖြစ်တတ်ပါသတဲ့။
၄-ကြွင်းရင် ဘဝရဲ့ အဆင့်မြင့်မှုကို ရရှိပြီး၊
၅=ကြွင်းရင် လည်း တို့ထက်ကောင်းပါတယ်။
၃၊ ၆၊ရနဲ့ ၀ ကြွင်းရင်တော့ ဒီအသက်၊
ဒီနှစ်ထဲမှာ အိမ်သစ် မဆောက်သင့်ပါဘူး။ ဆောက်ရင် ဆောက်သူအဖို့ ဘေးရန်များတာ၊ စီးပွားပျက်တာ၊ ရောဂါဘယများပြားတာတွေ ဖြစ်နိုင်တယ်နဲ့တူပါတယ်။
အိမ်သစ်ဆောက်မယ့်မြေရွေးရဦးမယ်အိမ်သစ်ဆောက်သင့်တဲ့ အသက်ရောက်လိုက အိမ်သစ်ဆောက်ဖို့စီစဉ်ပြီဆိုရင်၊ ဆောက်မယ့်မြေလည်းရွေးချယ်ရပါဦးမယ်။ စနစ်တကျရွေးချယ်မှအိမ်ရှင်အတွက် ကောင်းမွန်ပြီး ဘေးရန်အသွယ် ကင်းဝေးနိုင်ပါမယ်၊ မြေရွေးနည်း လင်္ကာကတော့ ဒီလိုပါ။
အဆင်းဖြူငြားမြေပုဏ္ဏား၊စီးပွားဖြစ်တတ်စွာ။
အဆင်းနီလွင်မြေဘုရင်၊မင်းလျှင်ဖြစ်တတ်ပါ။
အဆင်းနက်ကမြေဒါသ၊ဒုက္ခဘေးတွေ့ရာ။
အဆင်းဝါဘိမြေပကတိ၊သုခိအဝေရာ။
အဆင်းပြာလျှံ၊ကေသပံ၊နိုင်ငံတည်ထောင်ရာ။
မြေမင်းပုဏ္ဏားကျောင်းအိမ်များ၊ ဆောက်ထားဇရပ်သာ။
မြေဒါသမှာဥယျာဉ်သာ၊
လယ်မှာလုပ်လေပါ၊
မြေပကတိကိုရဟန်းဆို၊
နေလို့ကောင်းလေစွ။
လင်္ကာရဲ့သဘောက မြေရဲ့အဆင်းအရောင်ကိုကြည့်ပြီး အိမ်၊ ကျောင်း၊ ဇရပ်၊ ဥယျာဉ်တို့ တည်ထားသင့်တယ်ဆိုတဲ့သဘောပါ။ သေသေချာချာပြောရရင်
အဆင်းဖြူတဲ့ မြေကို မြေပုဏ္ဏားလို့ ခေါ်တယ်။
ဒီမြေမှာအိမ်ဆောက်ရင် အိမ်ရှင်ဟာစီးပွားတက်မယ်။ ချမ်းသာမယ်။
မြေအဆင်းနီရင် ဒီမြေကိုမြေဘုရင်လို့ သတ်မှတ် တယ်။ ဒီမြေမှာ အိမ်ဆောက်ရင် အိမ်ရှင်ဟာအကြီး အကဲဖြစ်မယ်။ အများရဲ့ ကြည်ညိုလေးစားမှုကို ခံရမယ်။
အဆင်းနက်တဲ့ (မြေသြဇာ၊ မြေဆီမြေနှစ်များတဲ့) မြေကို မြေဒါသလို့ ခေါ်တယ်။
ဒီမြေမှာ အိမ်မဆောက်သင့်ဘူး။ ဘေးရန်များတတ်တယ်။
ဒီမြေဟာ (မြေဆီ မြေနှစ် များတဲ့အတွက် ) ဥယျာဉ် စိုက်ပျိုးတာ၊ လယ်လုပ်ကိုင်တာသာ
လုပ်သင့်ပါ သတဲ့။
အဆင်းအရောင် ခပ်ပြာပြာရှိတဲ့မြေကိုတော့ ကေသပ လို့ခေါ်ပြီး နိုင်ငံအကြီးအကဲတွေရဲ့
အေရးပါတဲ့ အဆောက်အအုံတွေ ဆောက်သင့်တယ်လို့ယူဆရပါ တယ်။
မြေအဆင်းဟာ ဝါရင်ပကတိ မြေသားအဖြစ် သတ်မှတ်ပါတယ်။
ဒီမြေဟာ အိမ်တို့၊ ဇရပ်တို့ ထက်ရဟန်း သံဃာတော်များ သီတင်းသုံးရာ ကျောင်းဆောက်သင့်ပါတယ်။ ရဟန်းသံဃာတော် များကြည်လင် အေးချမ်းစွာ သီတင်းသုံးပျော်မွေ့စေနိုင်တဲ့မြေမျိုးပါ။
ဒီလမှာအိမ်သစ်ဆောက်ပါအိမ်သစ်ဆောက်ဖို့ အသက်လဲရောက်ပြီ၊ ဆောက်သင့်တဲ့ မြေလဲရပြီ၊ ကဲ အိမ်သစ်ဆောက်ကြစို့။ အဲတစ်ခု ကျန်သေးတယ်။ ဘယ္လမွာ ဆောက်မလဲ။ လင်္ကာလေးကို ဖတ်ကြည့်ပါဦး။
လတန်ခူးမှာအိမ်ဆောက်ခါ၊ ချမ်းသာပြည့်ကြွယ်ဝ။
လကဆုန္ကားဆန္စပါး၊ ပေါများကြွယ်တက်လှ။
ဝါခေါငျလမှာအိမျဆောကျခါ၊ ဥစ္စာတိုးပွားရ။
နတ်တော်လတွင်အိမ်ဆောက်လျှင်၊ ပေါ်ထင်ကျော် စောစွ။
ပြာသိုလမှာလူတကာ၊များစွာချီးမွမ်းရ။
တပေါင်းလဝယ်၊ချမ်းသာကြွယ်၊ဆောင်းဖွယ်
ဤခြောက်လ။
လင်္ကာက ပြောထားတာကလေးက ရှင်းရှင်းကလေးပါနော်၊
အကျဉ်းရုံးပြောရရင် တန်ခူးလ၊ ကဆုန်လ၊ ဝါခေါင်လ၊ နတ်တော်လ၊ ပြာသိုလ၊ တပေါင်းလ စတဲ့ မြန်မာလတွေမှာ အိမ်သစ်ဆောက်သင့်တယ်။ ဆောက်ရင် ကောင်းတယ်။ သူ့လနဲ့သူစီးပွားတက်တာ၊ စပါးထွက်တာ၊ ချမ်းသာတာ၊ ထင်ပေါ်ကျော်ကြားတာတွေ ဖြစ်မယ်။ ဒါကြောင့် အဲဒီခြောက်လမှာ အိမ်သစ်ဆောက်သင့်ပြီး စပါးစိုက်တဲ့လ၊ အလုပ်များတဲ့လတွေမှာဖြစ်တဲ့ နယုန်လ၊ ဝါဆိုလ၊ ဝါဆိုလ၊ တော်သလင်း၊ သီတင်းကျွတ်၊ တန်ဆောင်မုန်း။ တပိုတွဲ စတဲ့ လတွေမှာ အိမ်သစ်မဆောက်သင့်ပါဘူး။ လရွေးပြီးရင်၊နေ့လဲရွေးပေးဦး။ အဲဒီလိုအိမ်သစ်ဆောက်ဖို့ လရွေးပြီးတာနဲ့ ကြိုက်တဲ့နေ့မှာ စတင်ပြီးဆောက်လို့မဖြစ်သေးပါဘူး သင့်လျှော်တဲ့နေ့ ရွေးဖို့ကိုလဲ လင်္ကာနဲ့ပဲ လမ်းညွန်ထားပါတယ်။
လင်္ကာကလေးကဒီလိုပါ။
တနင်္ဂနွေတွင်အိမ်ဆောက်လျှင်၊ မရွှင်စိတ်သောက။
နေ့တနင်္လာလွန်ချမ်းသာ၊ အင်္ဂါ လာဘ်ကြီးရ။
ဗုဒ္ဓဆောက်ခါဆင်းရဲစွာ၊ ရံခါ ချမ်းသာရ။
ကြာသပတေးမှာအိမ်ဆောက်ခါ၊ ရောဂါကင်းစင်ပ။
နေ့ကားသောကြာအေးကြည်စွာ၊ ရံဖန်ပူပင်ရ။
စနေနေ့မူအိမ်ဆောက်သူ၊ ဗိုလ်လူညှင်းပမ်းကြ။
ဒီလင်္ကာသဘောအရ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေတို့မှာ အိမ်သစ်စမဆောက်သင့်ဘူး၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့မှာ အသင့်အသင့်ကောင်းပေမယ့် စနေ၊ တနင်္ဂနွေ မှာတော့ လုံးဝမကောင်းနိုင်ဘူး။ စပြီး ဆောက်သင့်တဲ့ ရက်တွေကတော့ တနင်္လာနေ့၊ အင်္ဂါနေ့၊ ကြာသပတေးနေ့ တို့ပါပဲ။ ဘာကြောင့် ဆောက်လုပ်သင့်သလဲဆိုတာကတော့ လင်္ကာမှာပါပြီးသားပါ။
မြေကျစ်အားကဟောတဲ့ဗေဒင် ကိုယ်အိမ်ဆောက်ဖို့ရွေးထားတဲ့မြေရဲ့ မြေကျစ်အား(မြေရဲ့သိပ်သည်းခြင်း)က ကိုယ့်ကိုဗေဒင်ဟောတတ်ပါသတဲ့။
ဟောပုံက-
အိမ်ကျောင်းဆောက်ရာ၊ မြေကိုသာ၊ သေချာမှတ်ပြီးမှ။
ပေါက်ပေါက်ဆန်ပန်း ဓိဌာန်မှန်း၊ ချိန်နော်ကြည့်အပ်လှ။
တစ်ကျပ်ပြည့်လတန်၊ ဆင်းရဲတက် နှစ်ကျပ်ဒုက္ခရ။
သုံးကျပ်လေးကျပ်၊ မတောင်းတက်၊ ငါးကျပ်မေတ္တာမျှ။
ခြောက်ကျပ်မှာ လာဘ်၊ ခုနှစ်ကျပ် အရပ်ပြောင်းရွေ့ရ။
ရှစ်ကျပ်ဥစ္စာ ၊ ပေါများပါ၊ ကိုးမွာ သိဒ္ဓိကပ်၊
တစ်ဆယ်ဘေးမှတ်၊ ဆယ့်တစ်ကျပ်၊ တိုးတက်သက်ဇီဝ။
ဆယ့်နှစ်ဆယ့်သုံး၊ ချိန်ကျပ်နှုန်း၊ ရွှင်ပြုံးချမ်းသုခ။
ဆယ့်လေးချစ်ခင်၊ ဆယ့်ငါးကွင်းလူရှင်မှန်တတ်စွ။
ဆယ့်ခြောက်ကောင်းစွန်၊ တစ်ဆယ့်ခွန်၊ အလွန်မျက်ထွက်စွ။
ချိန်ကျပ်ကောင်းစွာ၊ အိမ်ကျောင်းရာ၊ ဆောက်ခါနေထိုင်ကြ။
ကြံတိုင်းလည်းအောင်၊ သိဒ္ဓိဆောင်၊ လူ့ဘောင်ကျော်ဇောလှ။ တဲ့
ဒီလင်္ကာကို (Burmese to Burmese)
ဘာသာပြန်ရရင်- အိမ်တို့၊ ကျောင်းတို့ဆောက်ဖို့ မြေနေရာတိတိကျကျရပြီဆိုရင် မြေပေါ်မှာ ဆန်၊ ပန်း၊ ပေါက်ပေါက် နဲ့ဖြန့်ကြဲပူဇော်ရမယ်၊ အဓိဋ္ဌာန်ပြု သစ္စာဆိုပြီး တိကျမှန်ကန်တဲ့ အတိတ်နမိတ်ပေါ်အောင် ဆုတောင်းရမယ်။
ပြီးရင်တူရွင်းနဲ့မြေကိုတစ်ကော်ကော်လိုက်ရမယ်။
ရတဲ့ မြေ တစ်ကော်စာကို ကျပ်သားနဲ့ ချိန်ကြည့်ရမယ်။ မြေတစ်ကော်စာချင်း တူပေမယ့် အလေးချိန်မတူနိုင်ဘူး။ ဒါက မြေကျပ်အား (ဝါ) မြေရဲ့ သိပ်သည်းမှုချင်း မတူလို့ပါ။ ဒီမြေကျစ်အားဟာ အိမ်ဆောက်မယ့်သူအတွက် အတိတ်နိမိတ်ပါပဲ။ ဘယ်လိုအတိတ်နမိတ်လဲဆိုတော့-
တူရင်းမြေတစ်ကော်စာဟာ-
တစ်ကျပ်သားရှိရင်ဆင်းရဲမယ်။
နှစ်ကျပ်သားရှိရင်ဘေးဒုက္ခတွေ့မယ်။
သုံးကျပ်သားရှိရင် လေးကျပ်သားရှိရင် သိပ်မကောင်းဘူး။ ငါးကျပ်သားရှိရင် လူတကာရဲ့ချစ်ခင်မှုကိုခံရမယ်။
ခြောက်ကျပ်သားရှိရင် လာဘ်ရမယ်။
ခုနှစ်ကျပ်သားရှိရင် အရပ်တစ်ပါးကို ပြောင်းရွေ့ ရတတ်တယ်။
ရှစ်ကျပ်သားရှိရင် ဥစ္စာဓနပေါများမယ်။
ကိုးကျပ်သားရှိရင် သိဒ္ဓိအပေါင်းနဲ့ပြည့်စုံနိုင်တယ်။
ဆယ်ကျပ်သားရှိရင်တော့ ဘေးဥပါဒ်အန္တရာယ်တွေ့ ကြုံရတက်တယ်။
ဆယ့်တစ်ကျပ်သားရှိရင် အသက်ရှင်မယ်။
ဆယ့်နှစ်ကျပ်၊ ဆယ့်သုံးကျပ်သားရှိရင် ပျော်ရွှင် ချမ်းသာစွာနေရမယ်။
ဆယ့်လေးကျပ်သားရှိရင် ချစ်သူခင်သူပေါများမယ်။
ဆယ့်ငါးကျပ်သားရှိရင် တော်မှန်တဲ့သူဖြစ်မယ်။
ဆယ့်ခြောက်ကျပ်သားရှိရင် ကောင်းတယ်။
ဆယ့်ခုနှစ်ကျပ်သားရှိရင်တော့ ဒေါသထွက်စရာ။ အမျက်ထွက်တာတွေ ဖြစ်မယ်။
ရိုးရာဓလေ့ပန္နက်ရိုက်ပုံ
ဒီလိုမြေကို စနစ်တကျရွေး၊ အိမ်ဆောက်မယ့်၊ နှစ်၊ လ၊ ရက်တွေ သေသေချာချာရွေးပြီးလို့ အိမ်ဆောက်ပြီဆိုရင် စစချင်းဆောင်ရွက်ရမှာက ပန္နက်ရိုက်ခြင်းပါပဲ။
ပန္နက်ရိုက်ရာမှာ ထုံးတမ်းအစဉ်အလာအရ မြေစောင့်နတ်ကို ပူဇော်ရပါတယ်။ ပူဇော်ရာမှာ တင်လှူရတဲ့၊ အရာတွေကတော့ အသားသက်လွတ် ထမင်းနှင့်ယိုစုံပါ။
ဒါတွေကို ဖက်သန့်သန့်နဲ့ထည့်ပြီး ပူဇော်ရပါတယ်။ ပူဇော်ရာမှာရတဲ့ ဆုတောင်းကတော့ ဒီလိုပါ။ (ရိုးရာအစဉ်အလာ ထိန်းသိမ်းမှတ်တမ်းတင်တဲ့အနေနဲ့ ထည့်သွင်းဖော်ပြပါရစေ)။
ဥုံ ဘုမ္မိရာဇာ၊ မြေသင်္ချာကို၊ အစိုးရသည့် နဂါး သနင်း၊မြေနတ်မင်း၊ ကောင်းခြင်းတိုင်မြဲ၊ ပန္နက်သဲက၊ စသည်ရုံပေါင်း၊ ခြပုန်းတောင်ပို့၊ ဤသို့တစ်ကြောင်း၊ ရှေးသူဟောင်းတို့၊
မကောင်းချွတ်လွဲ၊မြေထဲလားမြုပ်၊ အရုပ်ဆင်းချ၊ ဆိုရေးစသား၊ ဒေါသကင်းရေး၊ ကောင်းရာဆေးလော့၊ သူ့သွေးသွန်ရာ၊ ဆရာပြုဟောင်း၊ မကောင်းတစ်ဆေ၊ နေ့တွင်သည်ကား၊ ဝေးဝေးရှား၊ ဘုရားရုပ်တု၊ ဆင်းတုမလွတ်၊ ဓာတ်တော် မွေတော်ရှိငြားသော်လည်း၊ ကော်ရော်ရိုညွတ် နတ်တကာတို့၊ မပါစေကြောင်း။ ရေကြောင်းဆေး မည်။ အလျှံတည်၊ အရောင်ညီးညီး၊ လင်ပန်းကြီး နှင့်၊ ပွဲကြိုနတ်ယကာ၊ ကိုင်စွဲကာဖြင့်၊ အင်းကားလက်ယျာ၊ ဆေးကားလက်ဝဲ၊ ကိုင်စွဲအနေ မြေတွင်ချ၊ ပသမလွတ်၊ ယွင်းချွတ်သော်လည်း၊ နတ်ရှင့်ပွဲတော်၊ စားတော်ခေါ်လော့၊ ဇဟိ ံတတ္တိ ံဘုံဥ္ဇာဟိ ဘုဥ္ဇာဟိဒီလို ပူဇော်ဆုတောင်းပြီးရင် ဆန်ပေါက်ပေါက်တွေနဲ့ မြေကွက်အနှံ့ ကြဲဖြန့်ရပါတယ်။ ပြီးတော့မှ ပန္နက်ချကြလေ့ရှိကြပါတယ်။
တိုင်ထူရင် ရှောင်ရမယ့်အသား
အိမ်ဆောက်ရာမှာ မသုံးသင့်တဲ့အသားတွေကိုလဲ ညွန်ပြထားတာရှိပါသေးတယ်။ အဲဒီအသားတွေကတော့ မိချောင်း၊ မအူ၊ သခွပ်၊ သျှိသျှား၊ သီးသား၊ သပြေသား၊ သစ်ဆိမ့်သား၊ ရေသာသား၊ ကေလာသား၊ လက်ပံသား၊ လဲဝါတို့ဖြစ်ပါတယ်။
မိဘတိုင်ခြောက်လုံးရဲ့ အမည်သညာမြန်မာ့ရိုးရာ အိမ်ပုံစံအရ အဓိကကျတဲ့ တိုင်ခြောက်လုံးရှိပါတယ်။ ဒီတိုင်ခြောက်လုံးတည်ပုံနဲ့ အမည်တွေကတော့ ဟောဒီပုံစံအတိုင်းပါပဲ။
အရှေ့မြောက် (စုံပင်လယ်)
အရှေ့တောင် ( ဦးယူ )
အလယ်မြောက် ( ကျငန်းမ )
အလယ်တောင် ( ကျငန်းဖို )
အနောက်မြောက် ( သပြေ )
အနောက်တောင် ( ကုမ်ဘီ )
အဲဒီတိုင်ခြောက်လုံးမထူခင်မှာ တိုင်စိုက်မယ့်ကျင်းထဲကို ဟောဒီအတိုင်း ဆိုင်ရာရာ သွန်းလောင်းမြုပ်နှံရပါတယ်။
ကျငန်းဖိုကျင်းထဲ ပတ္တမြားစိမ်းရေလောင်းရမယ်။
ကျငန်းမကျင်းထဲကို ခဲရေ လောင်းရမယ်။
ဦးယူတိုင်စိုက်မယ့်ကျင်းထဲကို ကြေးနီမြုပ်ရမယ်။
စုံပင်လယ်တိုင်စိုက်မယ့်ကျင်းထဲကို ဆန်မြုပ်ရမယ်။
ကုမ်ဘီတိုင်စိုက်မယ့် ကျင်းထဲကို ကြေးဖြူမြုပ်ရမယ်။
သပြေတိုင်စိုက်မယ့်ကျင်းထဲကို ခဲမဖြူမြှုပ်ရမယ်။
ဒီတိုင်တွေကို မစိုက်မီက တစ်ခါတည်းမှန်ကန်အောင် စနစ်တကျစိုက်ထူရမယ်။ ပန္နတ်သေသေချာချာချပြီးမှ ထူရမယ်။ ထူပြီးတော့မှ မကြိုက်လို့ သဘောမကျလို့ဆိုပြီး ပြန်နှုတ်၊ ပြန်စိုက်တာမျိုးမဖြစ်စေရဘူး။
ဒါတွေလဲရှောင်ရဦးမယ် ။
အိမ်ဆောက်ရာမှာ ရှောင်သင့်တာတွေလဲ ရှိပါသေးတယ်။
အဲဒါတွေကတော့ -
အိမ်ဖြစ်တဲ့အတွက် တိုင်တွေ၊ ဘောင်တွေမှာ ကနုတ် ပန်းဆွဲတွေ ဘာတွေနဲ့ တန်ဆာမဆင်ရဘူး။
ထုတ်တန်းမစွပ်ခင် ယက်မတင်တာမျိုး မလုပ်ရဘူး။ ယက်မတင်ပြီးမှ ထုတ်တန်းစွပ်ရမယ်။ ကြမ်းခင်းထက်ကျော်ပြီး ရှည်ထွက်နေတဲ့ တိုင်တွေမရှိသင့်ဘူး။ ရှိနေရင် ဖြတ်ပစ်ရမယ်။ ခေါင်ရိုးနဲ့ (ခေါင်လျှောက်ခွ) မတင်ခင်မှာလဲ ကြမ်းမဖောက်ရဘူး။ ထုတ်တွေ၊ တန်းတွေ အစွန်းထွက်တာ မရှိစေရဘူး။ ရှည်ထွက်နေရင်ဖြတ်ပစ်ရမယ်။ ပြီးတော့ အိမ်မဆောက်ခင်က ဝင်းထရံကို ကြိုပြီး ခတ်မထားရဘူး။ အိမ်ဆောက်ပြီးမှ ဝင်းခတ်ရမယ်။ အိမ်သစ်ပြီးလို့ အိမ်သစ်တက်တော့မယ်ဆိုရင် သပြေသားကိုင်ပြီးမှ တတ်ရပါမယ်။ ကျောင်းသစ် တက်တော့မယ်ဆိုရင် သနပ်သားဆောင်ပြီးမှ တက်ရမယ်။ ဒါမှ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းမယ်လို့ ဆိုပါတယ်။
အိမ်အကာအကွယ်
အိမ်သစ်မှာနေထိုင်ကြမယ့် မိသားစုတွေ ဘေးဥပါဒ်အန္တရာယ်တွေကင်းဝေးအောင် ကာကွယ်ကြပုံလဲ ရှိပါသေးတယ်။
ကာကွယ်ပုံမှာ --
အရှေ့တောင်ကတိုင်မှာ သိ
အနောက်တောင်က တိုင်မှာ န
အနောက်မြောက်ကတိုင်မှာ ဗိ
အရှေ့မြောက်ကတိုင်မှာ ဘု
ဆိုပြီး ရေးသားရခြင်းပါပဲ။
အဲဒီ စာတစ်လုံးစီရဲ့ အရှည်ကတော့ -
သိ= သိကြား
န= နဂါး
ဗိ= ဗိဿနိုး
ဘု=ဘုရား ဖြစ်ပါတယ်။
ဒီစာရေးထားတဲ့ တိုင်တွေကိုလဲ ရွှေရည်၊ ငွေရည်၊ စိန်ရည်၊ ကျောက်ရည်တို့ သွန်းလောင်းပေးရပါတယ်။ ဒီလိုပြုခြင်းအားဖြင့် အိမ်သူအိမ်သားများဖို့ ဥပါဒ်အန္တရာယ်ကင်းရှင်းပြီး စိတ်ရဲ့ချမ်းသာခြင်း၊ ကိုယ်ရဲ့ချမ်းသာခြင်းတို့နဲ့ ပြည့်စုံနိုင်ပါသတဲ့ ။
အခုတင်ပြခဲ့တဲ့ အကြောင်းအရာတွေကတော့ မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာအရ အိမ်သစ်၊ ကျောင်းသစ် ဆောက်ရာမှာ ပြုလုပ်ဆောင်ရွက်၊ ရှောင်ကြ၊ ဆောင်ကြတဲ့အချက်တွေပါ။
ခေတ်နဲ့ လျော်ညီစွာရှိတယ်၊ မလျော်ညီတယ်ဆိုတာကိုတော့ စာဖတ်သူတို့ကို ဆုံးဖြတ်ခွင့်ပေးပြီး ရိုးရာဓလေ့ထုံးစံတစ်ရပ်ကို မှတ်တမ်းတင်တဲ့အနေနဲ့ ဖော်ပြလိုက်ရပါတယ်။
မူရင်းရေးသားသူအားလေးစားစွာCreditပေးပါသည်
အိမ္ေဆာက္မယ္ဆိုရင္ (သိထားသင့္တယ္) တခ်ိန္လိုအပ္လာမယ္ Share ထားပါ
(တန္ဖိုးရွိလြန္းလို႔သိမ္းထားခဲ့တာပါ။အခုေခတ္မွာ လုပ္ဖို႔မေျပာနဲ႔သိသူေတာင္နည္းသြားၿပီ)
ဆရာႀကီးဒဂုန္ ရဲ့စာေတြဖတ္ရင္း
ေတြ႕မိလို႔သိမ္းထားခဲ့တဲ့ထဲက
အိမ္ေဆာက္ရင္ လိုအပ္ခ်က္ေတြကို
သိနိုင္ဖို႔ ေဖာ္ျပလိုက္ပါတယ္။
ျမင္လဲျမင္ဆရာ ပါ။
သူေရးခဲ့တဲ့ စာစုကို
ျပန္ေဖာ္ျပလိုက္ပါတယ္။
အသက္တြက္ၿပီးမွအိမ္ေဆာက္ပါ။
အိမ္ေဆာက္ေတာ့မယ္ဆိုရင္ အသက္တြက္ၿပီးမွ
အိမ္ေဆာက္သင့္တယ္လို႔ ဆိုပါတယ္။
ဒီအခ်က္ကို လကၤာေလးနဲ႔ညႊန္းထားပုံက
အိမ္သစ္ေဆာက္လိုမ်ားလူဗိုလ္၊
သက္ကိုရွစ္နဲ႔စား
တစ္ခုႂကြင္းမူသူေဌးယူ၊
ႏွစ္မူသူႂကြယ္သား။ေလးခုႂကြင္းျငားေရႊေလွခါး၊
ငါးကားေရႊျပႆဒ္။
သုံး၊ေျခာက္၊ခုႏွစ္၊သုံးဘုံလစ္၊
အိမ္သစ္မေဆာက္အပ္တဲ့။
လကၤာရဲ့သေဘာကဒီလိုပါ။
ကိုယ့္ရဲ့ အသက္ကို (၈)နဲ႔ စားလိုက္ပါ။
၁=ႂကြင္းရင္ ဒီႏွစ္မွာ
အိမ္ေဆာက္တဲ့အတြက္ သူေဌးျဖစ္နိုင္သလို၊
၂=ႂကြင္းရင္လည္း သူႂကြယ္ျဖစ္တတ္ပါသတဲ့။
၄-ႂကြင္းရင္ ဘ၀ရဲ့ အဆင့္ျမင့္မႈကို ရရွိၿပီး၊
၅=ႂကြင္းရင္ လည္း တို႔ထက္ေကာင္းပါတယ္။
၃၊ ၆၊၇နဲ႔ ၀ ႂကြင္းရင္ေတာ့ ဒီအသက္၊
ဒီႏွစ္ထဲမွာ အိမ္သစ္ မေဆာက္သင့္ပါဘူး။ ေဆာက္ရင္ ေဆာက္သူအဖို႔ ေဘးရန္မ်ားတာ၊ စီးပြားပ်က္တာ၊ ေရာဂါဘယမ်ားျပားတာေတြ ျဖစ္နိုင္တယ္နဲ႔တူပါတယ္။
အိမ္သစ္ေဆာက္မယ့္ေျမေရြးရဦးမယ္အိမ္သစ္ေဆာက္သင့္တဲ့ အသက္ေရာက္လိုက အိမ္သစ္ေဆာက္ဖို႔စီစဥ္ၿပီဆိုရင္၊ ေဆာက္မယ့္ေျမလည္းေရြးခ်ယ္ရပါဦးမယ္။ စနစ္တက်ေရြးခ်ယ္မွအိမ္ရွင္အတြက္ ေကာင္းမြန္ၿပီး ေဘးရန္အသြယ္ ကင္းေဝးနိုင္ပါမယ္၊ ေျမေရြးနည္း လကၤာကေတာ့ ဒီလိုပါ။
အဆင္းျဖဴျငားေျမပုဏၰား၊စီးပြားျဖစ္တတ္စြာ။
အဆင္းနီလြင္ေျမဘုရင္၊မင္းလၽွင္ျဖစ္တတ္ပါ။
အဆင္းနက္ကေျမဒါသ၊ဒုကၡေဘးေတြ႕ရာ။
အဆင္းဝါဘိေျမပကတိ၊သုခိအေဝရာ။
အဆင္းျပာလၽွံ၊ေကသပံ၊နိုင္ငံတည္ေထာင္ရာ။
ေျမမင္းပုဏၰားေက်ာင္းအိမ္မ်ား၊ ေဆာက္ထားဇရပ္သာ။
ေျမဒါသမွာဥယ်ာဥ္သာ၊
လယ္မွာလုပ္ေလပါ၊
ေျမပကတိကိုရဟန္းဆို၊
ေနလို႔ေကာင္းေလစြ။
လကၤာရဲ့သေဘာက ေျမရဲ့အဆင္းအေရာင္ကိုၾကည့္ၿပီး အိမ္၊ ေက်ာင္း၊ ဇရပ္၊ ဥယ်ာဥ္တို႔ တည္ထားသင့္တယ္ဆိုတဲ့သေဘာပါ။ ေသေသခ်ာခ်ာေျပာရရင္
အဆင္းျဖဴတဲ့ ေျမကို ေျမပုဏၰားလို႔ ေခၚတယ္။
ဒီေျမမွာအိမ္ေဆာက္ရင္ အိမ္ရွင္ဟာစီးပြားတက္မယ္။ ခ်မ္းသာမယ္။
ေျမအဆင္းနီရင္ ဒီေျမကိုေျမဘုရင္လို႔ သတ္မွတ္ တယ္။ ဒီေျမမွာ အိမ္ေဆာက္ရင္ အိမ္ရွင္ဟာအႀကီး အကဲျဖစ္မယ္။ အမ်ားရဲ့ ၾကည္ညိဳေလးစားမႈကို ခံရမယ္။
အဆင္းနက္တဲ့ (ေျမၾသဇာ၊ ေျမဆီေျမႏွစ္မ်ားတဲ့) ေျမကို ေျမဒါသလို႔ ေခၚတယ္။
ဒီေျမမွာ အိမ္မေဆာက္သင့္ဘူး။ ေဘးရန္မ်ားတတ္တယ္။
ဒီေျမဟာ (ေျမဆီ ေျမႏွစ္ မ်ားတဲ့အတြက္ ) ဥယ်ာဥ္ စိုက္ပ်ိဳးတာ၊ လယ္လုပ္ကိုင္တာသာ
လုပ္သင့္ပါ သတဲ့။
အဆင္းအေရာင္ ခပ္ျပာျပာရွိတဲ့ေျမကိုေတာ့ ေကသပ လို႔ေခၚၿပီး နိုင္ငံအႀကီးအကဲေတြရဲ့
ေအရးပါတဲ့ အေဆာက္အအုံေတြ ေဆာက္သင့္တယ္လို႔ယူဆရပါ တယ္။
ေျမအဆင္းဟာ ဝါရင္ပကတိ ေျမသားအျဖစ္ သတ္မွတ္ပါတယ္။
ဒီေျမဟာ အိမ္တို႔၊ ဇရပ္တို႔ ထက္ရဟန္း သံဃာေတာ္မ်ား သီတင္းသုံးရာ ေက်ာင္းေဆာက္သင့္ပါတယ္။ ရဟန္းသံဃာေတာ္ မ်ားၾကည္လင္ ေအးခ်မ္းစြာ သီတင္းသုံးေပ်ာ္ေမြ႕ေစနိုင္တဲ့ေျမမ်ိဳးပါ။
ဒီလမွာအိမ္သစ္ေဆာက္ပါအိမ္သစ္ေဆာက္ဖို႔ အသက္လဲေရာက္ၿပီ၊ ေဆာက္သင့္တဲ့ ေျမလဲရၿပီ၊ ကဲ အိမ္သစ္ေဆာက္ၾကစို႔။ အဲတစ္ခု က်န္ေသးတယ္။ ဘယႅမြာ ေဆာက္မလဲ။ လကၤာေလးကို ဖတ္ၾကည့္ပါဦး။
လတန္ခူးမွာအိမ္ေဆာက္ခါ၊ ခ်မ္းသာျပည့္ႂကြယ္၀။
လကဆုႏၠားဆႏၥပါး၊ ေပါမ်ားႂကြယ္တက္လွ။
ဝါေခါင်လမွာအိမ်ေဆာက်ခါ၊ ဥစၥာတိုးပြားရ။
နတ္ေတာ္လတြင္အိမ္ေဆာက္လၽွင္၊ ေပၚထင္ေက်ာ္ ေစာစြ။
ျပာသိုလမွာလူတကာ၊မ်ားစြာခ်ီးမြမ္းရ။
တေပါင္းလ၀ယ္၊ခ်မ္းသာႂကြယ္၊ေဆာင္းဖြယ္
ဤေျခာက္လ။
လကၤာက ေျပာထားတာကေလးက ရွင္းရွင္းကေလးပါေနာ္၊
အက်ဥ္း႐ုံးေျပာရရင္ တန္ခူးလ၊ ကဆုန္လ၊ ဝါေခါင္လ၊ နတ္ေတာ္လ၊ ျပာသိုလ၊ တေပါင္းလ စတဲ့ ျမန္မာလေတြမွာ အိမ္သစ္ေဆာက္သင့္တယ္။ ေဆာက္ရင္ ေကာင္းတယ္။ သူ႔လနဲ႔သူစီးပြားတက္တာ၊ စပါးထြက္တာ၊ ခ်မ္းသာတာ၊ ထင္ေပၚေက်ာ္ၾကားတာေတြ ျဖစ္မယ္။ ဒါေၾကာင့္ အဲဒီေျခာက္လမွာ အိမ္သစ္ေဆာက္သင့္ၿပီး စပါးစိုက္တဲ့လ၊ အလုပ္မ်ားတဲ့လေတြမွာျဖစ္တဲ့ နယုန္လ၊ ဝါဆိုလ၊ ဝါဆိုလ၊ ေတာ္သလင္း၊ သီတင္းကၽြတ္၊ တန္ေဆာင္မုန္း။ တပိုတြဲ စတဲ့ လေတြမွာ အိမ္သစ္မေဆာက္သင့္ပါဘူး။ လေရြးၿပီးရင္၊ေန႔လဲေရြးေပးဦး။ အဲဒီလိုအိမ္သစ္ေဆာက္ဖို႔ လေရြးၿပီးတာနဲ႔ ႀကိဳက္တဲ့ေန႔မွာ စတင္ၿပီးေဆာက္လို႔မျဖစ္ေသးပါဘူး သင့္ေလၽွာ္တဲ့ေန႔ ေရြးဖို႔ကိုလဲ လကၤာနဲ႔ပဲ လမ္းညြန္ထားပါတယ္။
လကၤာကေလးကဒီလိုပါ။
တနဂၤေႏြတြင္အိမ္ေဆာက္လၽွင္၊ မရႊင္စိတ္ေသာက။
ေန႔တနလၤာလြန္ခ်မ္းသာ၊ အဂၤါ လာဘ္ႀကီးရ။
ဗုဒၶေဆာက္ခါဆင္းရဲစြာ၊ ရံခါ ခ်မ္းသာရ။
ၾကာသပေတးမွာအိမ္ေဆာက္ခါ၊ ေရာဂါကင္းစင္ပ။
ေန႔ကားေသာၾကာေအးၾကည္စြာ၊ ရံဖန္ပူပင္ရ။
စေနေန႔မူအိမ္ေဆာက္သူ၊ ဗိုလ္လူညႇင္းပမ္းၾက။
ဒီလကၤာသေဘာအရ တနဂၤေႏြ၊ ဗုဒၶဟူး၊ ေသာၾကာ၊ စေနတို႔မွာ အိမ္သစ္စမေဆာက္သင့္ဘူး၊ ဗုဒၶဟူးနဲ႔ ေသာၾကာေန႔မွာ အသင့္အသင့္ေကာင္းေပမယ့္ စေန၊ တနဂၤေႏြ မွာေတာ့ လုံး၀မေကာင္းနိုင္ဘူး။ စၿပီး ေဆာက္သင့္တဲ့ ရက္ေတြကေတာ့ တနလၤာေန႔၊ အဂၤါေန႔၊ ၾကာသပေတးေန႔ တို႔ပါပဲ။ ဘာေၾကာင့္ ေဆာက္လုပ္သင့္သလဲဆိုတာကေတာ့ လကၤာမွာပါၿပီးသားပါ။
ေျမက်စ္အားကေဟာတဲ့ေဗဒင္ ကိုယ္အိမ္ေဆာက္ဖို႔ေရြးထားတဲ့ေျမရဲ့ ေျမက်စ္အား(ေျမရဲ့သိပ္သည္းျခင္း)က ကိုယ့္ကိုေဗဒင္ေဟာတတ္ပါသတဲ့။
ေဟာပုံက-
အိမ္ေက်ာင္းေဆာက္ရာ၊ ေျမကိုသာ၊ ေသခ်ာမွတ္ၿပီးမွ။
ေပါက္ေပါက္ဆန္ပန္း ဓိဌာန္မွန္း၊ ခ်ိန္ေနာ္ၾကည့္အပ္လွ။
တစ္က်ပ္ျပည့္လတန္၊ ဆင္းရဲတက္ ႏွစ္က်ပ္ဒုကၡရ။
သုံးက်ပ္ေလးက်ပ္၊ မေတာင္းတက္၊ ငါးက်ပ္ေမတၱာမၽွ။
ေျခာက္က်ပ္မွာ လာဘ္၊ ခုႏွစ္က်ပ္ အရပ္ေျပာင္းေရြ႕ရ။
ရွစ္က်ပ္ဥစၥာ ၊ ေပါမ်ားပါ၊ ကိုးမြာ သိဒၶိကပ္၊
တစ္ဆယ္ေဘးမွတ္၊ ဆယ့္တစ္က်ပ္၊ တိုးတက္သက္ဇီ၀။
ဆယ့္ႏွစ္ဆယ့္သုံး၊ ခ်ိန္က်ပ္ႏႈန္း၊ ရႊင္ျပဳံးခ်မ္းသုခ။
ဆယ့္ေလးခ်စ္ခင္၊ ဆယ့္ငါးကြင္းလူရွင္မွန္တတ္စြ။
ဆယ့္ေျခာက္ေကာင္းစြန္၊ တစ္ဆယ့္ခြန္၊ အလြန္မ်က္ထြက္စြ။
ခ်ိန္က်ပ္ေကာင္းစြာ၊ အိမ္ေက်ာင္းရာ၊ ေဆာက္ခါေနထိုင္ၾက။
ႀကံတိုင္းလည္းေအာင္၊ သိဒၶိေဆာင္၊ လူ႔ေဘာင္ေက်ာ္ေဇာလွ။ တဲ့
ဒီလကၤာကို (Burmese to Burmese)
ဘာသာျပန္ရရင္- အိမ္တို႔၊ ေက်ာင္းတို႔ေဆာက္ဖို႔ ေျမေနရာတိတိက်က်ရၿပီဆိုရင္ ေျမေပၚမွာ ဆန္၊ ပန္း၊ ေပါက္ေပါက္ နဲ႔ျဖန႔္ၾကဲပူေဇာ္ရမယ္၊ အဓိ႒ာန္ျပဳ သစၥာဆိုၿပီး တိက်မွန္ကန္တဲ့ အတိတ္နမိတ္ေပၚေအာင္ ဆုေတာင္းရမယ္။
ၿပီးရင္တူရြင္းနဲ႔ေျမကိုတစ္ေကာ္ေကာ္လိုက္ရမယ္။
ရတဲ့ ေၿမ တစ္ေကာ္စာကို က်ပ္သားနဲ႔ ခ်ိန္ၾကည့္ရမယ္။ ေျမတစ္ေကာ္စာခ်င္း တူေပမယ့္ အေလးခ်ိန္မတူနိုင္ဘူး။ ဒါက ေျမက်ပ္အား (ဝါ) ေျမရဲ့ သိပ္သည္းမႈခ်င္း မတူလို႔ပါ။ ဒီေျမက်စ္အားဟာ အိမ္ေဆာက္မယ့္သူအတြက္ အတိတ္နိမိတ္ပါပဲ။ ဘယ္လိုအတိတ္နမိတ္လဲဆိုေတာ့-
တူရင္းေျမတစ္ေကာ္စာဟာ-
တစ္က်ပ္သားရွိရင္ဆင္းရဲမယ္။
ႏွစ္က်ပ္သားရွိရင္ေဘးဒုကၡေတြ႕မယ္။
သုံးက်ပ္သားရွိရင္ ေလးက်ပ္သားရွိရင္ သိပ္မေကာင္းဘူး။ ငါးက်ပ္သားရွိရင္ လူတကာရဲ့ခ်စ္ခင္မႈကိုခံရမယ္။
ေျခာက္က်ပ္သားရွိရင္ လာဘ္ရမယ္။
ခုႏွစ္က်ပ္သားရွိရင္ အရပ္တစ္ပါးကို ေျပာင္းေရြ႕ ရတတ္တယ္။
ရွစ္က်ပ္သားရွိရင္ ဥစၥာဓနေပါမ်ားမယ္။
ကိုးက်ပ္သားရွိရင္ သိဒၶိအေပါင္းနဲ႔ျပည့္စုံနိုင္တယ္။
ဆယ္က်ပ္သားရွိရင္ေတာ့ ေဘးဥပါဒ္အႏၲရာယ္ေတြ႕ ၾကဳံရတက္တယ္။
ဆယ့္တစ္က်ပ္သားရွိရင္ အသက္ရွင္မယ္။
ဆယ့္ႏွစ္က်ပ္၊ ဆယ့္သုံးက်ပ္သားရွိရင္ ေပ်ာ္ရႊင္ ခ်မ္းသာစြာေနရမယ္။
ဆယ့္ေလးက်ပ္သားရွိရင္ ခ်စ္သူခင္သူေပါမ်ားမယ္။
ဆယ့္ငါးက်ပ္သားရွိရင္ ေတာ္မွန္တဲ့သူျဖစ္မယ္။
ဆယ့္ေျခာက္က်ပ္သားရွိရင္ ေကာင္းတယ္။
ဆယ့္ခုႏွစ္က်ပ္သားရွိရင္ေတာ့ ေဒါသထြက္စရာ။ အမ်က္ထြက္တာေတြ ျဖစ္မယ္။
ရိုးရာဓေလ့ပႏၷက္ရိုက္ပုံ
ဒီလိုေျမကို စနစ္တက်ေရြး၊ အိမ္ေဆာက္မယ့္၊ ႏွစ္၊ လ၊ ရက္ေတြ ေသေသခ်ာခ်ာေရြးၿပီးလို႔ အိမ္ေဆာက္ၿပီဆိုရင္ စစခ်င္းေဆာင္ရြက္ရမွာက ပႏၷက္ရိုက္ျခင္းပါပဲ။
ပႏၷက္ရိုက္ရာမွာ ထုံးတမ္းအစဥ္အလာအရ ေျမေစာင့္နတ္ကို ပူေဇာ္ရပါတယ္။ ပူေဇာ္ရာမွာ တင္လႉရတဲ့၊ အရာေတြကေတာ့ အသားသက္လြတ္ ထမင္းႏွင့္ယိုစုံပါ။
ဒါေတြကို ဖက္သန႔္သန႔္နဲ႔ထည့္ၿပီး ပူေဇာ္ရပါတယ္။ ပူေဇာ္ရာမွာရတဲ့ ဆုေတာင္းကေတာ့ ဒီလိုပါ။ (ရိုးရာအစဥ္အလာ ထိန္းသိမ္းမွတ္တမ္းတင္တဲ့အေနနဲ႔ ထည့္သြင္းေဖာ္ျပပါရေစ)။
ဥဳံ ဘုမၼိရာဇာ၊ ေျမသခၤ်ာကို၊ အစိုးရသည့္ နဂါး သနင္း၊ေျမနတ္မင္း၊ ေကာင္းျခင္းတိုင္ျမဲ၊ ပႏၷက္သဲက၊ စသည္႐ုံေပါင္း၊ ျခပုန္းေတာင္ပို႔၊ ဤသို႔တစ္ေၾကာင္း၊ ေရွးသူေဟာင္းတို႔၊
မေကာင္းခၽြတ္လြဲ၊ေျမထဲလားျမဳပ္၊ အ႐ုပ္ဆင္းခ်၊ ဆိုေရးစသား၊ ေဒါသကင္းေရး၊ ေကာင္းရာေဆးေလာ့၊ သူ႔ေသြးသြန္ရာ၊ ဆရာျပဳေဟာင္း၊ မေကာင္းတစ္ေဆ၊ ေန႔တြင္သည္ကား၊ ေဝးေဝးရွား၊ ဘုရား႐ုပ္တု၊ ဆင္းတုမလြတ္၊ ဓာတ္ေတာ္ ေမြေတာ္ရွိျငားေသာ္လည္း၊ ေကာ္ေရာ္ရိုညြတ္ နတ္တကာတို႔၊ မပါေစေၾကာင္း။ ေရေၾကာင္းေဆး မည္။ အလၽွံတည္၊ အေရာင္ညီးညီး၊ လင္ပန္းႀကီး ႏွင့္၊ ပြဲႀကိဳနတ္ယကာ၊ ကိုင္စြဲကာျဖင့္၊ အင္းကားလက္ယ်ာ၊ ေဆးကားလက္ဝဲ၊ ကိုင္စြဲအေန ေျမတြင္ခ်၊ ပသမလြတ္၊ ယြင္းခၽြတ္ေသာ္လည္း၊ နတ္ရွင့္ပြဲေတာ္၊ စားေတာ္ေခၚေလာ့၊ ဇဟိ ံတတၱိ ံဘုံဥၨာဟိ ဘုဥၨာဟိဒီလို ပူေဇာ္ဆုေတာင္းၿပီးရင္ ဆန္ေပါက္ေပါက္ေတြနဲ႔ ေျမကြက္အႏွံ့ ၾကဲျဖန႔္ရပါတယ္။ ၿပီးေတာ့မွ ပႏၷက္ခ်ၾကေလ့ရွိၾကပါတယ္။
တိုင္ထူရင္ ေရွာင္ရမယ့္အသား
အိမ္ေဆာက္ရာမွာ မသုံးသင့္တဲ့အသားေတြကိုလဲ ညြန္ျပထားတာရွိပါေသးတယ္။ အဲဒီအသားေတြကေတာ့ မိေခ်ာင္း၊ မအူ၊ သခြပ္၊ သၽွိသၽွား၊ သီးသား၊ သေျပသား၊ သစ္ဆိမ့္သား၊ ေရသာသား၊ ေကလာသား၊ လက္ပံသား၊ လဲဝါတို႔ျဖစ္ပါတယ္။
မိဘတိုင္ေျခာက္လုံးရဲ့ အမည္သညာျမန္မာ့ရိုးရာ အိမ္ပုံစံအရ အဓိကက်တဲ့ တိုင္ေျခာက္လုံးရွိပါတယ္။ ဒီတိုင္ေျခာက္လုံးတည္ပုံနဲ႔ အမည္ေတြကေတာ့ ေဟာဒီပုံစံအတိုင္းပါပဲ။
အေရွ႕ေျမာက္ (စုံပင္လယ္)
အေရွ႕ေတာင္ ( ဦးယူ )
အလယ္ေျမာက္ ( က်ငန္းမ )
အလယ္ေတာင္ ( က်ငန္းဖို )
အေနာက္ေျမာက္ ( သေၿပ )
အေနာက္ေတာင္ ( ကုမ္ဘီ )
အဲဒီတိုင္ေျခာက္လုံးမထူခင္မွာ တိုင္စိုက္မယ့္က်င္းထဲကို ေဟာဒီအတိုင္း ဆိုင္ရာရာ သြန္းေလာင္းျမဳပ္ႏွံရပါတယ္။
က်ငန္းဖိုက်င္းထဲ ပတၱျမားစိမ္းေရေလာင္းရမယ္။
က်ငန္းမက်င္းထဲကို ခဲေရ ေလာင္းရမယ္။
ဦးယူတိုင္စိုက္မယ့္က်င္းထဲကို ေၾကးနီျမဳပ္ရမယ္။
စုံပင္လယ္တိုင္စိုက္မယ့္က်င္းထဲကို ဆန္ျမဳပ္ရမယ္။
ကုမ္ဘီတိုင္စိုက္မယ့္ က်င္းထဲကို ေၾကးျဖဴျမဳပ္ရမယ္။
သေျပတိုင္စိုက္မယ့္က်င္းထဲကို ခဲမျဖဴျမႇုပ္ရမယ္။
ဒီတိုင္ေတြကို မစိုက္မီက တစ္ခါတည္းမွန္ကန္ေအာင္ စနစ္တက်စိုက္ထူရမယ္။ ပႏၷတ္ေသေသခ်ာခ်ာခ်ၿပီးမွ ထူရမယ္။ ထူၿပီးေတာ့မွ မႀကိဳက္လို႔ သေဘာမက်လို႔ဆိုၿပီး ျပန္ႏႈတ္၊ ျပန္စိုက္တာမ်ိဳးမျဖစ္ေစရဘူး။
ဒါေတြလဲေရွာင္ရဦးမယ္ ။
အိမ္ေဆာက္ရာမွာ ေရွာင္သင့္တာေတြလဲ ရွိပါေသးတယ္။
အဲဒါေတြကေတာ့ -
အိမ္ျဖစ္တဲ့အတြက္ တိုင္ေတြ၊ ေဘာင္ေတြမွာ ကႏုတ္ ပန္းဆြဲေတြ ဘာေတြနဲ႔ တန္ဆာမဆင္ရဘူး။
ထုတ္တန္းမစြပ္ခင္ ယက္မတင္တာမ်ိဳး မလုပ္ရဘူး။ ယက္မတင္ၿပီးမွ ထုတ္တန္းစြပ္ရမယ္။ ၾကမ္းခင္းထက္ေက်ာ္ၿပီး ရွည္ထြက္ေနတဲ့ တိုင္ေတြမရွိသင့္ဘူး။ ရွိေနရင္ ျဖတ္ပစ္ရမယ္။ ေခါင္ရိုးနဲ႔ (ေခါင္ေလၽွာက္ခြ) မတင္ခင္မွာလဲ ၾကမ္းမေဖာက္ရဘူး။ ထုတ္ေတြ၊ တန္းေတြ အစြန္းထြက္တာ မရွိေစရဘူး။ ရွည္ထြက္ေနရင္ျဖတ္ပစ္ရမယ္။ ၿပီးေတာ့ အိမ္မေဆာက္ခင္က ၀င္းထရံကို ႀကိဳၿပီး ခတ္မထားရဘူး။ အိမ္ေဆာက္ၿပီးမွ ၀င္းခတ္ရမယ္။ အိမ္သစ္ၿပီးလို႔ အိမ္သစ္တက္ေတာ့မယ္ဆိုရင္ သေျပသားကိုင္ၿပီးမွ တတ္ရပါမယ္။ ေက်ာင္းသစ္ တက္ေတာ့မယ္ဆိုရင္ သနပ္သားေဆာင္ၿပီးမွ တက္ရမယ္။ ဒါမွ ေဘးရန္ခပ္သိမ္း ကင္းၿငိမ္းမယ္လို႔ ဆိုပါတယ္။
အိမ္အကာအကြယ္
အိမ္သစ္မွာေနထိုင္ၾကမယ့္ မိသားစုေတြ ေဘးဥပါဒ္အႏၲရာယ္ေတြကင္းေဝးေအာင္ ကာကြယ္ၾကပုံလဲ ရွိပါေသးတယ္။
ကာကြယ္ပုံမွာ --
အေရွ႕ေတာင္ကတိုင္မွာ သိ
အေနာက္ေတာင္က တိုင္မွာ န
အေနာက္ေျမာက္ကတိုင္မွာ ဗိ
အေရွ႕ေျမာက္ကတိုင္မွာ ဘု
ဆိုၿပီး ေရးသားရျခင္းပါပဲ။
အဲဒီ စာတစ္လုံးစီရဲ့ အရွည္ကေတာ့ -
သိ= သိၾကား
န= နဂါး
ဗိ= ဗိႆနိုး
ဘု=ဘုရား ျဖစ္ပါတယ္။
ဒီစာေရးထားတဲ့ တိုင္ေတြကိုလဲ ေရႊရည္၊ ေငြရည္၊ စိန္ရည္၊ ေက်ာက္ရည္တို႔ သြန္းေလာင္းေပးရပါတယ္။ ဒီလိုျပဳျခင္းအားျဖင့္ အိမ္သူအိမ္သားမ်ားဖို႔ ဥပါဒ္အႏၲရာယ္ကင္းရွင္းၿပီး စိတ္ရဲ့ခ်မ္းသာျခင္း၊ ကိုယ္ရဲ့ခ်မ္းသာျခင္းတို႔နဲ႔ ျပည့္စုံနိုင္ပါသတဲ့ ။
အခုတင္ျပခဲ့တဲ့ အေၾကာင္းအရာေတြကေတာ့ ျမန္မာ့ရိုးရာ ထုံးတမ္းအစဥ္အလာအရ အိမ္သစ္၊ ေက်ာင္းသစ္ ေဆာက္ရာမွာ ျပဳလုပ္ေဆာင္ရြက္၊ ေရွာင္ၾက၊ ေဆာင္ၾကတဲ့အခ်က္ေတြပါ။
ေခတ္နဲ႔ ေလ်ာ္ညီစြာရွိတယ္၊ မေလ်ာ္ညီတယ္ဆိုတာကိုေတာ့ စာဖတ္သူတို႔ကို ဆုံးျဖတ္ခြင့္ေပးၿပီး ရိုးရာဓေလ့ထုံးစံတစ္ရပ္ကို မွတ္တမ္းတင္တဲ့အေနနဲ႔ ေဖာ္ျပလိုက္ရပါတယ္။
မူရင္းေရးသားသူအားေလးစားစြာCreditေပးပါသည္
Be the first to comment