Facebook Comments Box
အိမ်ထောင်ရေးလမ်းကြောင်းအဆုံးတွင် ကျွန်းပါရှိခြင်းနှင့် လက်မဒုတိယအဆစ်ကျွန်းတို့ ပေါင်းဆုံးမိသောအခါ

အိမ်ထောင်ရေးလမ်းကြောင်းအဆုံးတွင် ကျွန်းပါရှိခြင်းနှင့် လက်မဒုတိယအဆစ်ကျွန်းတို့ ပေါင်းဆုံးမိသောအခါ,

အိမ်ထောင်ရေးလမ်းကြောင်းရဲ့ အဆုံးမှာ ကျွန်းပါရှိခြင်းနှင့်ပါတ်သက်ပြီး ကျွန်တော်ရေးသားခဲ့ဖူးပါတယ်။ အခုတင်ပြလိုတာက အိမ်ထောင်ရေးလမ်းကြောင်းအဆုံးသတ်မှာ ကျွန်းပါရှိသူရဲ့ လက္ခဏာကို စစ်ဆေးသည်အခါ ထိုလက္ခဏာရှင်၏ လက်မ ဒုတိယအဆစ်တွင်လည်း ကျွန်းပါရှိနေသည်ကိုတွေ့ရသည့်အခါ ရလာသည့်ရ လဒ်ပြောင်းလဲသွားခြင်းကို တင်ပြလိုပါတယ်။ လက္ခဏာပညာမှာ အမှတ်အသားတစ်ခုနဲ့တစ်ခုဆိုတာ ဆက်စပ်နေ ကြတာဘဲဖြစ်တယ်။ ကောင်းသောအမှတ်အသားနဲ့ မကောင်းသောအမှတ်သားပေါင်းစပ်သည့်အခါ ၊ မကောင်းတဲ့ အမှတ်အသားနှစ်ခု ပါတ်သက်သည့်အခါ၊ ကောင်းသည့်အမှတ်အသားနှစ်ခု ပါတ်သက်သည့်အခါ စသဖြင့် ပေါင်းစပ်ရပါတယ်။ ဒီလိုပေါင်းစပ်တဲ့အခါ လက္ခဏာမှာရှိတဲ့ လမ်းကြောင်းအမှတ်အသားတွေဟာ သက်ဆိုင်ရာ ဂြိုဟ်ခုံ၊ဗွေများနဲ့ ချိန်ဆက်ပြီး (Network) တစ်ခုဖြစ်လာပါတယ်။ အလွယ်ပြောရရင်တော့ ချိတ်ဆက်ပြီးတဲ့နောက်မှာ ပူပေါင်းသော အဖြစ်အပျက်ကိုဖြစ်စေပါတယ်။ ဒီအချက်ကို လက္ခဏာပညာအဆင့်မြင့်သင်တန်းတွေနဲ့ အခုနောက်ဆုံးထွက်ရှိတဲ့ အနောက်နိုင်ငံကကျမ်းများမှာ အဓိကဖော်ပြနေပါတယ်။ဒီလိုဆက်စပ်လို့ရတဲ့ လက္ခဏာပညာကိုဘဲ ကျတော်တို့ လက္ခဏာပညာမှာ (Analysis Palmistry) ဆိုပြီး ပေါ်လာတာဖြစ်ပါတယ်။

ကျွန်တော်အခုတင်ပြမှာကတော့ အိမ်ထောင်ရေးလမ်းကြောင်းရဲ့ အဆုံးမှာ ကျွန်းပါရှိခြင်းကိုတင်ပြမှာဖြစ်ပေမယ့် ဒီကျွန်းပါရှိနေတဲ့ ရလဒ်ကို ပန့်ပိုးပြီး ချိတ်ဆက်ထားတဲ့ လက်မရဲ့ ဒုတိယအဆစ်မှာရှိတဲ့ ကျွန်းကလေးဖြစ်ပါတယ်။ဒီနေရာမှာ လက်မရဲ့ ဒုတိယအဆစ်မှာ ကျွန်းပါခြင်း နှင့် စပါးစေ့ကို ကွဲအောင်ကြည့်ရန်အထူးလိုပါတယ်။ စပါးစေ့ပါခြင်းသည် ဇိမ်ခံရခြင်း၊ အစားသောက်ကောင်းကို စားသောက်ရခြင်း၊အစာရေစားပေါများခြင်း လို့အဓိပ္ပါယ်ဖွင့်ရပါတယ်။ ကျွန်းပါရှိပါက ချစ်ခင်နှစ်သက်ရသူ၊ မိသားစု အိမ်ထောင်ဘက်တို့အပေါ် သံယောဇဉ်နည်းတတ်ခြင်း၊ မိသားစုသွေးသားကို မမှန်သောနည်းဖြင့် သံယောဇဉ်ဖြစ်ခြင်း၊ပေးဆပ်ခြင်း စတဲ့အချက်တွေနဲ့အတူ ၊ပါတ်ဝန်းကျန်ရဲ့ ကဲရဲခံရခြင်းဆိုတာလည်း ရှိပါတယ်၊ ဒါကြောင့် ကျွန်းနဲ့စပါးစေ့ ကွဲပြားဖို့ အထူးလိုပါတယ်။ အိမ်ထောင်ရေးလမ်းကြောင်း အဆုံးက ကျွန်းပါရှိတဲ့အဟောကတော့ အရင်ကအကျယ်ရေးပြီးဖြစ်ပါတယ်။ အခုတော့ ဒီအမှတ်အသားနှစ်ခုလုံး ပါရှိလာတဲ့သူကဘာတွေဖြစ်မလည်း၊ ဘယ်လိုအကျိုးတွေရတတ်သလည်းဆိုရင်တော့ -
သံယောဇဉ်ထားရတဲ့သူ ၊မိမိကအလွန်ချစ်ရတဲ့သူအတွက် မိမိဘဝအရာရာကိုစွန်လွတ်ရတတ်တယ်၊ အနှစ်နာခံတဲ့သဘောတွေပါတယ်။ဒီလိုမိမိဘဝအရာရာကို စွန်လွန်ပေးပြီးရင်လည်း မိမိလိုချင်တဲ့ အချစ်ကို မရ ရအောင်ယူဖို့ ကြိုးစားတတ်သူဖြစ်တယ်။ မိမိချစ်ရတဲ့သူကလည်း မိမိအပေါ်အထင်အမြင်တွေမှားနေတတ်တယ်၊ ဒီလိုအထင်အမြင်မှားတွေကြောင့် တော်တော်နဲ့ရင်ကြားစေ့လို့မရဖြစ်နေမယ်။ တစ်ကယ်လို့ ကွာကွာရမယ်ဆိုရင် ဘဝတစ်သက်တာမှာ တမ်းတမ်းတတလွမ်းနေရတဲ့သူအဖြစ်လည်း တွေ့နေရမှာဖြစ်တယ်။

ပါတ်ဝန်ကျင်နဲ့ မိဘအသိုင်းအဝိုင်းတွေက သဘောမတူကြတဲ့ အချစ်ရေးလည်းရတတ်တယ်၊ ဒီအတွက်ကြောင့်လည်း ကြေကွဲနေရမယ်လို့ ပြောလို့ရပါတယ်။ အိမ်ထောင်ရေးအနေနဲ့ပြောရရင် မချစ်သင့်မချစ်အပ်တဲ့သူနဲ့အိမ်ထောင်ကျတတ်တယ်လို့ စပြောရမှာဖြစ်တယ်။ ဆွေနီးမျိုးစပ်တော်စပ်တဲ့သူနဲ့ အိမ်ထောင်ကျတတ်တယ်၊ဒီလိုအိမ်ထောင်ကျပြီးရင်လည်း အိမ်ထောင်ရေးက သိပ်သာယာနေတာမျိုးမဟုတ်ဘူး၊ နောက်တစ်ခုက ဆွေမျိုးတော်ပြီး သွေးမတော်တဲ့သူနဲ့လည်း ကျူးလွန်တတ်တယ်၊ ဥပမာပြောရရင် ခယ်မလိုတော်စပ်မှု့ဖြစ်တယ်၊ ဆွေမျိုးတော့တော်စပ်ပါတယ်၊သွေးတော့မတော်ဘူး၊ ဒီလိုအခြေအနေမှာ ပူလောင်ရတဲ့ အိမ်ထောင်ရေးကို ကြုံရတာမျိုးဖြစ်တယ်။ အိမ်ထောင်ရေးလို့ပြောရင် ဆွေမျိုးသွေးနီးသူတွေနဲ့ တစ်နည်းမဟုတ်တစ်နည်း ပါတ်သက်နေတာမျိုးရှိပြီး အဆင်မချောတဲ့ အိမ်ထောင်ရေးတွေပါ။ ဒီအိမ်ထောင်ရေးကို အကြောင်းပြုပြီး ရပ်ရွာ၊ပါတ်ဝန်းကျင်က မိမိအပေါ် ကဲ့ရဲတတ်ကြတယ်။အိမ်ထောင်ရေးစိတ်သောက ရောက်ရတတ်တယ်။

ဒီလိုအခြေအနေတွေဖြစ်ပေါ်လာတာဟာ အိမ်ထောင်ရေးလမ်းကြောင်းမှာ ကျွန်းအမှတ်အသားပါရှိတယ် ဆိုတာတစ်ခုတည်းကြောင့် ဟောရတာမဟုတ်ဘူး၊ လက်မရဲ့ ဒုတိယအဆစ်မှာ ကျွန်းအမှတ်အသားပါရှိလို့ ဟောရတာဖြစ်တယ်။ ဒီကျွန်းနှစ်ခုကို ပေါင်းစပ်လို့ရတဲ့ အဟောဖြစ်လာတာပါ။ ဒီလို ပေါင်းစပ်အစောတွေဟာ ပုံမှန်ထက် ပိုပြီး မှန်ကန်တိကျတဲ့ အဟောတွေကို ပေးတာဖြစ်လို့ နောက်ပိုင်းသုတေသနတွေအရ (Analysis Palmistry) ခွဲခြမ်းစိတ်ဖြာခြင်းလက္ခဏာပညာကို ပိုပြီးအလေးထားလာကြတာဘဲဖြစ်တယ်။ သက်ဆိုင်ရာဂြိုဟ်ခုံလမ်းကြောင်းနဲ့ ထူးခြားအမှတ်အသားတွေရဲ့ သိမ့်မွေးတဲ့ ချိတ်ဆက်အလုပ် လုပ်ပုံတွေကို လေ့လာရတာဖြစ်ပါတယ်။
ဒါကြောင့် မိမိဘဝရဲ့ အနာဂါတ်အတွက် အကောင်းဆုံးအဖြေတွေနဲ့ အကောင်းဆုံးအကြံပြုချက်တွေကို ရယူမယ်ဆိုရင်တော့ သေချာသုတေသနပြုပြီးလေ့လာထားတဲ့ ဗေဒင်-လက္ခဏာဆရာများထံမှာ အသေးစိတ်မေးမြန်းခြင်းက ဘဝအတွက် အကျိုးကျေးဇူးကောင်းများရရှိနိုင်မှာဖြစ်ပါကြောင်း တင်ပြရပါတယ်။
ကင်္ကသူ

အိမ္ေထာင္ေရးလမ္းေၾကာင္းအဆုံးတြင္ ကၽြန္းပါရွိျခင္းႏွင့္ လက္မဒုတိယအဆစ္ကၽြန္းတို႔ ေပါင္းဆုံးမိေသာအခါ

အိမ္ေထာင္ေရးလမ္းေၾကာင္းရဲ့ အဆုံးမွာ ကၽြန္းပါရွိျခင္းႏွင့္ပါတ္သက္ၿပီး ကၽြန္ေတာ္ေရးသားခဲ့ဖူးပါတယ္။ အခုတင္ျပလိုတာက အိမ္ေထာင္ေရးလမ္းေၾကာင္းအဆုံးသတ္မွာ ကၽြန္းပါရွိသူရဲ့ လကၡဏာကို စစ္ေဆးသည္အခါ ထိုလကၡဏာရွင္၏ လက္မ ဒုတိယအဆစ္တြင္လည္း ကၽြန္းပါရွိေနသည္ကိုေတြ႕ရသည့္အခါ ရလာသည့္ရ လဒ္ေျပာင္းလဲသြားျခင္းကို တင္ျပလိုပါတယ္။ လကၡဏာပညာမွာ အမွတ္အသားတစ္ခုနဲ႔တစ္ခုဆိုတာ ဆက္စပ္ေန ၾကတာဘဲျဖစ္တယ္။ ေကာင္းေသာအမွတ္အသားနဲ႔ မေကာင္းေသာအမွတ္သားေပါင္းစပ္သည့္အခါ ၊ မေကာင္းတဲ့ အမွတ္အသားႏွစ္ခု ပါတ္သက္သည့္အခါ၊ ေကာင္းသည့္အမွတ္အသားႏွစ္ခု ပါတ္သက္သည့္အခါ စသျဖင့္ ေပါင္းစပ္ရပါတယ္။ ဒီလိုေပါင္းစပ္တဲ့အခါ လကၡဏာမွာရွိတဲ့ လမ္းေၾကာင္းအမွတ္အသားေတြဟာ သက္ဆိုင္ရာ ၿဂိဳဟ္ခုံ၊ေဗြမ်ားနဲ႔ ခ်ိန္ဆက္ၿပီး (Network) တစ္ခုျဖစ္လာပါတယ္။ အလြယ္ေျပာရရင္ေတာ့ ခ်ိတ္ဆက္ၿပီးတဲ့ေနာက္မွာ ပူေပါင္းေသာ အျဖစ္အပ်က္ကိုျဖစ္ေစပါတယ္။ ဒီအခ်က္ကို လကၡဏာပညာအဆင့္ျမင့္သင္တန္းေတြနဲ႔ အခုေနာက္ဆုံးထြက္ရွိတဲ့ အေနာက္နိုင္ငံကက်မ္းမ်ားမွာ အဓိကေဖာ္ျပေနပါတယ္။ဒီလိုဆက္စပ္လို႔ရတဲ့ လကၡဏာပညာကိုဘဲ က်ေတာ္တို႔ လကၡဏာပညာမွာ (Analysis Palmistry) ဆိုၿပီး ေပၚလာတာျဖစ္ပါတယ္။

ကၽြန္ေတာ္အခုတင္ျပမွာကေတာ့ အိမ္ေထာင္ေရးလမ္းေၾကာင္းရဲ့ အဆုံးမွာ ကၽြန္းပါရွိျခင္းကိုတင္ျပမွာျဖစ္ေပမယ့္ ဒီကၽြန္းပါရွိေနတဲ့ ရလဒ္ကို ပန႔္ပိုးၿပီး ခ်ိတ္ဆက္ထားတဲ့ လက္မရဲ့ ဒုတိယအဆစ္မွာရွိတဲ့ ကၽြန္းကေလးျဖစ္ပါတယ္။ဒီေနရာမွာ လက္မရဲ့ ဒုတိယအဆစ္မွာ ကၽြန္းပါျခင္း ႏွင့္ စပါးေစ့ကို ကြဲေအာင္ၾကည့္ရန္အထူးလိုပါတယ္။ စပါးေစ့ပါျခင္းသည္ ဇိမ္ခံရျခင္း၊ အစားေသာက္ေကာင္းကို စားေသာက္ရျခင္း၊အစာေရစားေပါမ်ားျခင္း လို႔အဓိပၸါယ္ဖြင့္ရပါတယ္။ ကၽြန္းပါရွိပါက ခ်စ္ခင္ႏွစ္သက္ရသူ၊ မိသားစု အိမ္ေထာင္ဘက္တို႔အေပၚ သံေယာဇဥ္နည္းတတ္ျခင္း၊ မိသားစုေသြးသားကို မမွန္ေသာနည္းျဖင့္ သံေယာဇဥ္ျဖစ္ျခင္း၊ေပးဆပ္ျခင္း စတဲ့အခ်က္ေတြနဲ႔အတူ ၊ပါတ္ဝန္းက်န္ရဲ့ ကဲရဲခံရျခင္းဆိုတာလည္း ရွိပါတယ္၊ ဒါေၾကာင့္ ကၽြန္းနဲ႔စပါးေစ့ ကြဲျပားဖို႔ အထူးလိုပါတယ္။ အိမ္ေထာင္ေရးလမ္းေၾကာင္း အဆုံးက ကၽြန္းပါရွိတဲ့အေဟာကေတာ့ အရင္ကအက်ယ္ေရးၿပီးျဖစ္ပါတယ္။ အခုေတာ့ ဒီအမွတ္အသားႏွစ္ခုလုံး ပါရွိလာတဲ့သူကဘာေတြျဖစ္မလည္း၊ ဘယ္လိုအက်ိဳးေတြရတတ္သလည္းဆိုရင္ေတာ့ -
သံေယာဇဥ္ထားရတဲ့သူ ၊မိမိကအလြန္ခ်စ္ရတဲ့သူအတြက္ မိမိဘဝအရာရာကိုစြန္လြတ္ရတတ္တယ္၊ အႏွစ္နာခံတဲ့သေဘာေတြပါတယ္။ဒီလိုမိမိဘဝအရာရာကို စြန္လြန္ေပးၿပီးရင္လည္း မိမိလိုခ်င္တဲ့ အခ်စ္ကို မရ ရေအာင္ယူဖို႔ ႀကိဳးစားတတ္သူျဖစ္တယ္။ မိမိခ်စ္ရတဲ့သူကလည္း မိမိအေပၚအထင္အျမင္ေတြမွားေနတတ္တယ္၊ ဒီလိုအထင္အျမင္မွားေတြေၾကာင့္ ေတာ္ေတာ္နဲ႔ရင္ၾကားေစ့လို႔မရျဖစ္ေနမယ္။ တစ္ကယ္လို႔ ကြာကြာရမယ္ဆိုရင္ ဘဝတစ္သက္တာမွာ တမ္းတမ္းတတလြမ္းေနရတဲ့သူအျဖစ္လည္း ေတြ႕ေနရမွာျဖစ္တယ္။ ပါတ္ဝန္က်င္နဲ႔ မိဘအသိုင္းအဝိုင္းေတြက သေဘာမတူၾကတဲ့ အခ်စ္ေရးလည္းရတတ္တယ္၊ ဒီအတြက္ေၾကာင့္လည္း ေၾကကြဲေနရမယ္လို႔ ေျပာလို႔ရပါတယ္။

အိမ္ေထာင္ေရးအေနနဲ႔ေျပာရရင္ မခ်စ္သင့္မခ်စ္အပ္တဲ့သူနဲ႔အိမ္ေထာင္က်တတ္တယ္လို႔ စေျပာရမွာျဖစ္တယ္။ ေဆြနီးမ်ိဳးစပ္ေတာ္စပ္တဲ့သူနဲ႔ အိမ္ေထာင္က်တတ္တယ္၊ဒီလိုအိမ္ေထာင္က်ၿပီးရင္လည္း အိမ္ေထာင္ေရးက သိပ္သာယာေနတာမ်ိဳးမဟုတ္ဘူး၊ ေနာက္တစ္ခုက ေဆြမ်ိဳးေတာ္ၿပီး ေသြးမေတာ္တဲ့သူနဲ႔လည္း က်ဴးလြန္တတ္တယ္၊ ဥပမာေျပာရရင္ ခယ္မလိုေတာ္စပ္မႈ႔ျဖစ္တယ္၊ ေဆြမ်ိဳးေတာ့ေတာ္စပ္ပါတယ္၊ေသြးေတာ့မေတာ္ဘူး၊ ဒီလိုအေျခအေနမွာ ပူေလာင္ရတဲ့ အိမ္ေထာင္ေရးကို ၾကဳံရတာမ်ိဳးျဖစ္တယ္။ အိမ္ေထာင္ေရးလို႔ေျပာရင္ ေဆြမ်ိဳးေသြးနီးသူေတြနဲ႔ တစ္နည္းမဟုတ္တစ္နည္း ပါတ္သက္ေနတာမ်ိဳးရွိၿပီး အဆင္မေခ်ာတဲ့ အိမ္ေထာင္ေရးေတြပါ။ ဒီအိမ္ေထာင္ေရးကို အေၾကာင္းျပဳၿပီး ရပ္ရြာ၊ပါတ္ဝန္းက်င္က မိမိအေပၚ ကဲ့ရဲတတ္ၾကတယ္။အိမ္ေထာင္ေရးစိတ္ေသာက ေရာက္ရတတ္တယ္။

ဒီလိုအေျခအေနေတြျဖစ္ေပၚလာတာဟာ အိမ္ေထာင္ေရးလမ္းေၾကာင္းမွာ ကၽြန္းအမွတ္အသားပါရွိတယ္ ဆိုတာတစ္ခုတည္းေၾကာင့္ ေဟာရတာမဟုတ္ဘူး၊ လက္မရဲ့ ဒုတိယအဆစ္မွာ ကၽြန္းအမွတ္အသားပါရွိလို႔ ေဟာရတာျဖစ္တယ္။ ဒီကၽြန္းႏွစ္ခုကို ေပါင္းစပ္လို႔ရတဲ့ အေဟာျဖစ္လာတာပါ။ ဒီလို ေပါင္းစပ္အေစာေတြဟာ ပုံမွန္ထက္ ပိုၿပီး မွန္ကန္တိက်တဲ့ အေဟာေတြကို ေပးတာျဖစ္လို႔ ေနာက္ပိုင္းသုေတသနေတြအရ (Analysis Palmistry) ခြဲျခမ္းစိတ္ျဖာျခင္းလကၡဏာပညာကို ပိုၿပီးအေလးထားလာၾကတာဘဲျဖစ္တယ္။ သက္ဆိုင္ရာၿဂိဳဟ္ခုံလမ္းေၾကာင္းနဲ႔ ထူးျခားအမွတ္အသားေတြရဲ့ သိမ့္ေမြးတဲ့ ခ်ိတ္ဆက္အလုပ္ လုပ္ပုံေတြကို ေလ့လာရတာျဖစ္ပါတယ္။
ဒါေၾကာင့္ မိမိဘဝရဲ့ အနာဂါတ္အတြက္ အေကာင္းဆုံးအေျဖေတြနဲ႔ အေကာင္းဆုံးအႀကံျပဳခ်က္ေတြကို ရယူမယ္ဆိုရင္ေတာ့ ေသခ်ာသုေတသနျပဳၿပီးေလ့လာထားတဲ့ ေဗဒင္-လကၡဏာဆရာမ်ားထံမွာ အေသးစိတ္ေမးျမန္းျခင္းက ဘဝအတြက္ အက်ိဳးေက်းဇူးေကာင္းမ်ားရရွိနိုင္မွာျဖစ္ပါေၾကာင္း တင္ျပရပါတယ္။
ကကၤသူ

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box