Facebook Comments Box
ကျိုက်နှဲရေလယ်ဘုရား သမိုင်းကြောင်း

ကျိုက်နှဲရေလယ်ဘုရား သမိုင်းကြောင်း

ဆံတော်ရှင် ကျိုက်နဲရေလယ်ဘုရားပွဲတော်ဟာ သံဖြူဇရပ်မြို့ နယ်ရှိ မွန်ရွာ အများဆုံးလာရောက်ဖူးမျှော်လေ့ရှိတဲ့ ရေလယ်ဘုရားပွဲတော်တစ်ခုဆိုလည်းမမှားနိုင်ပါဘူး။
ဆံတော်ရှင် ကျိုက်နဲရေလယ်ဘုရားသည် တန်ဆောင်မုန်းလပြည့်ကျော် (၂)ရက်နေ့ညမှ (၃)၇က်နေ့မနက်ထိ စည်ကားသိုက်မြိုက်စွာ နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိပါသည်။
ရေလယ်စေတီဘုရားပေါ်မှ ဝေယျာဝစ္စကိစ္စအရပ်ရပ်များကို ဝဲကလောင်းကျေးရွာ ရွာသူရွာသားများ တာဝန်ယူဆောင်ရွက်လေ့ရှိပြီးဘုရားတည်ရှိနေရာကတော့ ဝဲကလောင်းရွာကမ်းခြေနှင့် အံခဲရွာကမ်းခြေကြားပဲဖြစ်ပါတယ်။.
နှစ်စဉ်နှစ်တိုင်း ရပ်နီးရပ်ဝေးဧည့်သည်များ စည်ကားများပြားစွာ လာရောက်လည်ပတ်နေကြသည်ကို ဘုရားပွဲချိန်မှာ တွေ့မြင်နိုင်ပါတယ်။

ကျိုက်နဲရေလယ်ဘုရားရဲ့ ထူးခြားချက်များ
ထူးခြားချက်မှာ ဘယ်လိုပင်ရေတက်တက် ဘုရားပေါ်မရောက်နိုင်ပဲ ဘယ်လောက်ပင် လူများများ နေစရာနေရာလုံလောက်စွာ ရှိပါတယ်။ နောက်တစ်ခုမှာ တစ်နှစ်မှတစ်ခါသာ ပေါ်လာတတ်တဲ့ နတ်လမ်းမြင်ကွင်းပဲဖြစ်ပါတယ်။
ထိုနတ်လမ်းဟာ ကားခြောက်စီးလောက် တစ်ပြိုင်တည်း သွားလာနိုင်ပြီး လှပတဲ့ ကျောက်တုံးများဖြင့် ဖန်ဆင်းခင်ကျင်းထားသည်ကို ဘုရားပွဲချိန် တန်ဆောင်မုန်းလပြည့် (၃) ရက်နေ့မနက်တွင် ထင်ရှားစွားတွေ့မြင်နိုင်ပါတယ်။
နတ်လမ်းပေါ်လာတဲ့အချိန်မှာ (၂)နာရီကျော် အချိန်သာကြာမြင့်ပြီး ထိုအချိန်အတွင်း ကမ်းခြေမှ (၁)မိုင် (၆)ဖာလုံ အကွာအဝေးရှိတဲ့ ရေလယ်ဘုရားဆီ လမ်းလျှောက်ပြီး အလွယ်တကူသွားလာနိုင်ပါတယ်။
ဆံတော်ရှင် ကျိုက်နဲရေလယ်ဘုရားနှင့် သမိုင်းအကျဉ်း
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလောင်းကျေးရွာနှင့် အံခဲကျေးရွာကြား ပင်လယ်ပြင်မှာ ထင်ရှားရှိသောနတ်လမ်းသမိုင်းဝင် ဆံတော်ရှင်စေတီတော်တစ်ဆ ူ(ကျိုက်နဲဘုရား)ရှိတော်မူလေသည်။
ကမ်းခြေမှ (၁)မိုင် (၆)ဖာလုံ အဝေးမှာရှိပြီး သူတော်စင် ပါရမီရှင်များသာ သွားရောက်ဖူးမြင် ကုသိုလ်ပြုဆုတောင်းနိုင်လေသည်။
“ကျိုက်နဲဘုရား ထင်ရှားသမိုင်းပင်လယ်မှာတည် စေတီရေဝိုင်းကုသိုလ်ရှိမှ ရောက်ကြပျော်နိုင်ဆံတော်ရှင် ဖူးမြင်ဆုတောင်းခိုင်း”
ဒီသမိုင်းဝင်ဆံတော်ရှင်စေတီ ကျိုက်နဲရေလယ်ဘုရားကို သုဝဏ္ဏဘူမိ သထုံမြို့ဌာနီ မွန်တို့ပြည် သီရီမာသောကမင်းကြီးလက်ထက်၌ ဂဝမ္ပတိမထေရ်မြတ်၏ ကျေးဇူးရှင်မိခင်ကြီးကို အကြောင်းပြု၍
မဟာသက္ကရာဇ်(၁၁၁)ခုနှစ်၊ ဘီစီ(၅၈၁) မြတ်စွာဘုရားရှစ်ဝါရှိသော ကာလမှာ ရဟန္တာသံဃာတော် နှစ်သောင်းခြံရံလျက် ယခုကျိုက်နဲဘုရား တည်ရှိနေရာသို့ ကြွရောက်လာပြီး နောက်အခါ ငါဘုရား၏ ဆံတော်တစ်ဆူ ရောက်ရှိလာမည်ဟု ဗျာဒိတ်တော် ပေးသနားတော်မူလေသည်။
တို့မြတ်ဘုရား ရှစ်ဝါကာလဒေသစာရီ ကြွချီမညဂဝမ္ပတိ အမိထေရချီးမြှောက်က လာကြသံဃာနှင့်”
လွန်လေပြီးသောအခါ ဘဝတခုမှာ တို့မြတ်ဘုရား ငါးကြင်းဖြစ်၍ သိန်းငှက်တစ်ကောင် ပင်လယ်ပြင်တစ်နေရာမှ ဖမ်းချီလာပြီး ဤကျောက်ဆောင်ပေါ်၌ စားခဲ့လေသည်။ ၎င်းကျောက်ဆောင်ပေါ်မှာပင် နတ်ဘီလူးကြမ်းများကို ဆုံးမတော်မူရာ မေတ္တာဓာတ်နှင့် အောင်မြင်တော်မူ၍ ဗျာဒိတ်တော် မွန်လူမျိုးတို့က ကျိုက်နဲဘုရား(အောင်တော်မူဘုရား)ဟုခေါ်ဆိုကြကုန်၏။

“လွန်လေပြီးခါ ငါးကြင်းဘဝသိန်းငှက်ဖမ်းလာ စားရာဌာနနတ်ဘီးလူးပေါင်း ငါအောင်မြင်ပမွန်တို့က ခေါ်ကြကျိုက်နဲမည်”
ဆံတော်ရှင် ကျိုက်နဲရေလယ်ဘုရားကို အရှေ့ဖက်ကမ်းခြေမှမျှော်၍ လှမ်းကြည့်သော် ပင်လယ်ရေနက် ချိုင့်ခွက်အလယ်မှာ မြတ်စွာဘုရား၏ ဆံတော်တစ်ဆူ ရွှေခွက်ထဲထည့်၍ မျှောထားသလိုကို သဒ္ဓါကြည်ညို သွားရောက်ကုသိုလ်ပြု သာဓုခေါ်နိုင်သည်။
“ကမ်းခြေဖက်မှ မျှော်ထကြည့်သော်ဘုရားဘေးဖက် ချိုင့်ခွက်လို့နော်ရွှေခွက်ပမာ မျှော်ထားဆံတော်ယုံကြည်သော် ကော်ရော်ပူဇော်ပါ”
ကျိုက်နဲရေလယ်ဘုရားကို သွားရောက်ဖူးမျှော်လိုပါက ကမ်းခြေမှ (၁)မိုင်(၆)ဖာလုံရှိ နတ်လမ်းနဲ့လည်းခြေလျင်လျှောက်သွားရောက်နိုင်သည်။
“ဘုရားမြတ်ထံ နတ်လမ်းလျှောက်ကာတစ်မိုင်ကျော်လောက် ခြောက်ဖာလုံံမှာကျိုက်နဲစေတီ တန်ခိုးကြီးမားတည်၍ထား လာရောက်ပူဇော်ပါ”
ကျိုက်နဲစေတီ တန်ခိုးကြီးဘုရားကို ပင်လယ်ရေပြင်မှာရှိ၍ လေးဘက်ရပ်မှ ဒီရေလေကြမ်း လှိုင်းထန်ကြီးများက တိုးဝင် လာပြီးမလွှမ်းမိုးနိုင်ပါ။
ဘုရားရှိကုန်း ပရဝုဏ်ပတ်လည်မှာလည်း နတ်တကာများက ကျောက်တိုင်လေးခု ကာကွယ်ပြုထား၍ဘေးရန်ကင်းစွာ သွားရောက်ဖူးမျှော်နိုင်သည်။
“ဓါတ်တော်မြတ်ထံ ရေကြမ်းဒီလှိုင်းပြေးဝင်လို့တိုး လွှမ်းမိုးမနိုင်လေးဘက်ရပ်မှာ ရှိထားကျောက်တိုင်သဒ္ဓါခိုင်း ကိုယ်တိုင်ကြည်ညိုပါ”
ကျိုက်နဲ(အောင်တော်မူ)ဘုရားကို ကြည်ညိုသဒ္ဓါရှိ၍ ရှိခိုးပူဇော်ရသည့် အကျိုးကား အပါယ်လေးပါး လမ်းတံခါးပိတ်ပြီး ယခုမျက်မှောက်ဘဝ၌ ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာပျော်ရွှင် နောင်တမလွန်ဘဝမှာလည်း လူနတ်ချမ်းသာ အမတာနိဗ္ဗာန်သို့ရောက်ရှိ လေတော့သတည်း။
“ဘုရားတန်ခိုး ကြည်ညိုပူဇော်အပါယ်လေးပါး တံခါးပိတ်ပျော်နတ်လူနိဗ္ဗာန် အေးချမ်းမြို့တော်ကုသိုလ်ခေါ် စောစောလာခဲ့ပါ”
ဘုရားပေါ်ဆွမ်းတော်ကပ်ချင်တဲ့ ရပ်နီးရပ်ဝေးမှ ရွှေဧည့်သည်တော်များအတွက်
ကျိုက်နဲ့ရေလယ်ဘုရားဆီ ဘုရားပေါ်ဆွမ်းတော်ကပ်ချင်တဲ့ ရပ်နီးရပ်ဝေးမှ ရွှေဧည့်သည်တော်များအတွက် တန်ဆောင်မုန်းလပြည့်နေ့မတိုင်ခင် အဖိတ်နေ့ မနက်ပိုင်းမှ ညနေပိုင်းအထိ ဧည့်သည်များအတွက် ရေလယ်ဘုရားဆီ အလွယ်တကူ သွားရောက်နိုင်ရန် ဝဲကလောင်းရွာမှာ စနစ်တကျ စီစဉ်ပေးထားသော လှေများနှင့် အန္တရာယ်ကင်းရှင်းစွာ ပို့ဆောင်ပေးပါတယ်။
ဘုရားပေါ်တစ်ညအိပ်ရင်း နေဝင်ချိန် နေထွက်ချိန် နှင့်အတူ ရေလယ်ဘုရားရဲ့ ရေကျပြီးနောက်ပိုင်း မြင်ရတဲ့ တုနှိုင်းမမှီ တင့်တယ်လှပတဲ့ ကျောက်ဆောင်ကျောက်တန်းများရဲ့ အလှကို တဝကြီးမြင်တွေ့ခံစားနိုင်ရမှာပါ။ လပြည့်နေ့မနက်စောစောပိုင်းမှာ ဆွမ်းတော်ကပ်ပြီးရင် ကမ်းခြေသို့ င်္စီစဉ်ပေးထားသောလှေများနှင့် ပြန်လည်ပို့ဆောင်ပေးပါတယ်။
ဆွမ်းတော်ကပ်မည့်သူများအတွက် လိုအပ်တဲ့ တဲ့ ပစ္စည်းတန်ဆာများ
သစ်သီးဝလံ၊ ဖယောင်းတိုင်၊ အမွှေးတိုင်၊ ညအိပ်မည်ဖြစ်တဲ့အတွက် Power Bank ၊ မြန်မာရိုးရာဝတ်စုံ(သို့)တိုင်းရင်းသားရိုးရာဝတ်စုံအပိုထည့်လာပါရန်။ မျက်နှာသုတ်ပုဝါ။ စသဖြင့် လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းများထည့်လာနိုင်ပါတယ်။

ဘယ်လိုလာရမလဲ
မော်လမြိုင် သံဖြူဇရပ် ဘက်ကနေလာဖူးမျှော်မယ့် ဧည့်သည်များအတွက်
သံဖြူဇရပ်မြို့အစွန်ဘက်ရောက်လာခဲ့လျှင်“ရေး” သို့ နဲ့ “ပင” သို့ ဆိုတဲ့ လမ်းညွှန်ဆိုင်းပုဒ်တွေ့မြင်နိုင်ပါတယ်။
“ပင” သို့ ဘက်ကို လာရပါမည်။ လမ်းကြောင့်တည့်တည့်သာ ဆင်းလာလျှင် ပငရွာကိုရောက်ရှိမည်။ ပင ရွာ ဆားကွင်းကိုဖြတ်ပြီးရင် ကရုပ္ပိ စံပြကျေးရွာကို ရောက်ရှိမှာဖြစ်ပါတယ်။
ကရုပ္ပိ ကိုဖြတ်ကျော်ပြီးတာနဲ့ ကျိုက်နဲရေလယ်ဘုရား ကျင်းပရာ ဝဲကလောင်းရွာကို ရောက်ရှိပြီးဖြစ်ပါတယ်။
ဝဲကလောင်းရွာ ရောက်ရှိပြီးတာနဲ့ တည့်တည့်မောင်လာရာ ရွာအဆုံးတွင် ကျိုက်နဲရေလယ်ဘုရား သို့သွားရာလမ်း မုဒ်ဦးတစ်ခုကို တွေ့မြင်က လမ်းကြောင်းအတိုင်းသာ ဆင်းမောင်းလာနိုင်ပါတယ်
Source-wk mm
Credit မူရင်း

က်ိဳက္ႏွဲေရလယ္ဘုရား သမိုင္းေၾကာင္း

ဆံေတာ္ရွင္ က်ိဳက္နဲေရလယ္ဘုရားပြဲေတာ္ဟာ သံျဖဴဇရပ္ၿမိဳ႕ နယ္ရွိ မြန္ရြာ အမ်ားဆုံးလာေရာက္ဖူးေမၽွာ္ေလ့ရွိတဲ့ ေရလယ္ဘုရားပြဲေတာ္တစ္ခုဆိုလည္းမမွားနိုင္ပါဘူး။
ဆံေတာ္ရွင္ က်ိဳက္နဲေရလယ္ဘုရားသည္ တန္ေဆာင္မုန္းလျပည့္ေက်ာ္ (၂)ရက္ေန႔ညမွ (၃)၇က္ေန႔မနက္ထိ စည္ကားသိုက္ၿမိဳက္စြာ ႏွစ္စဥ္ႏွစ္တိုင္းက်င္းပေလ့ရွိပါသည္။
ေရလယ္ေစတီဘုရားေပၚမွ ေဝယ်ာဝစၥကိစၥအရပ္ရပ္မ်ားကို ဝဲကေလာင္းေက်းရြာ ရြာသူရြာသားမ်ား တာဝန္ယူေဆာင္ရြက္ေလ့ရွိၿပီးဘုရားတည္ရွိေနရာကေတာ့ ဝဲကေလာင္းရြာကမ္းေျခႏွင့္ အံခဲရြာကမ္းေျခၾကားပဲျဖစ္ပါတယ္။
ႏွစ္စဥ္ႏွစ္တိုင္း ရပ္နီးရပ္ေဝးဧည့္သည္မ်ား စည္ကားမ်ားျပားစြာ လာေရာက္လည္ပတ္ေနၾကသည္ကို ဘုရားပြဲခ်ိန္မွာ ေတြ႕ျမင္နိုင္ပါတယ္။

က်ိဳက္နဲေရလယ္ဘုရားရဲ့ ထူးျခားခ်က္မ်ား
ထူးျခားခ်က္မွာ ဘယ္လိုပင္ေရတက္တက္ ဘုရားေပၚမေရာက္နိုင္ပဲ ဘယ္ေလာက္ပင္ လူမ်ားမ်ား ေနစရာေနရာလုံေလာက္စြာ ရွိပါတယ္။ ေနာက္တစ္ခုမွာ တစ္ႏွစ္မွတစ္ခါသာ ေပၚလာတတ္တဲ့ နတ္လမ္းျမင္ကြင္းပဲျဖစ္ပါတယ္။
ထိုနတ္လမ္းဟာ ကားေျခာက္စီးေလာက္ တစ္ၿပိဳင္တည္း သြားလာနိုင္ၿပီး လွပတဲ့ ေက်ာက္တုံးမ်ားျဖင့္ ဖန္ဆင္းခင္က်င္းထားသည္ကို ဘုရားပြဲခ်ိန္ တန္ေဆာင္မုန္းလျပည့္ (၃) ရက္ေန႔မနက္တြင္ ထင္ရွားစြားေတြ႕ျမင္နိုင္ပါတယ္။
နတ္လမ္းေပၚလာတဲ့အခ်ိန္မွာ (၂)နာရီေက်ာ္ အခ်ိန္သာၾကာျမင့္ၿပီး ထိုအခ်ိန္အတြင္း ကမ္းေျခမွ (၁)မိုင္ (၆)ဖာလုံ အကြာအေဝးရွိတဲ့ ေရလယ္ဘုရားဆီ လမ္းေလၽွာက္ၿပီး အလြယ္တကူသြားလာနိုင္ပါတယ္။
ဆံေတာ္ရွင္ က်ိဳက္နဲေရလယ္ဘုရားႏွင့္ သမိုင္းအက်ဥ္း
မြန္ျပည္နယ္၊ သံျဖဴဇရပ္ၿမိဳ႕နယ္၊ ဝဲကေလာင္းေက်းရြာႏွင့္ အံခဲေက်းရြာၾကား ပင္လယ္ျပင္မွာ ထင္ရွားရွိေသာနတ္လမ္းသမိုင္းဝင္ ဆံေတာ္ရွင္ေစတီေတာ္တစ္ဆ ူ(က်ိဳက္နဲဘုရား)ရွိေတာ္မူေလသည္။
ကမ္းေျခမွ (၁)မိုင္ (၆)ဖာလုံ အေဝးမွာရွိၿပီး သူေတာ္စင္ ပါရမီရွင္မ်ားသာ သြားေရာက္ဖူးျမင္ ကုသိုလ္ျပဳဆုေတာင္းနိုင္ေလသည္။
“က်ိဳက္နဲဘုရား ထင္ရွားသမိုင္းပင္လယ္မွာတည္ ေစတီေရဝိုင္းကုသိုလ္ရွိမွ ေရာက္ၾကေပ်ာ္နိုင္ဆံေတာ္ရွင္ ဖူးျမင္ဆုေတာင္းခိုင္း”
ဒီသမိုင္းဝင္ဆံေတာ္ရွင္ေစတီ က်ိဳက္နဲေရလယ္ဘုရားကို သုဝဏၰဘူမိ သထုံၿမိဳ႕ဌာနီ မြန္တို႔ျပည္ သီရီမာေသာကမင္းႀကီးလက္ထက္၌ ဂဝမၸတိမေထရ္ျမတ္၏ ေက်းဇူးရွင္မိခင္ႀကီးကို အေၾကာင္းျပဳ၍
မဟာသကၠရာဇ္(၁၁၁)ခုႏွစ္၊ ဘီစီ(၅၈၁) ျမတ္စြာဘုရားရွစ္ဝါရွိေသာ ကာလမွာ ရဟႏၲာသံဃာေတာ္ ႏွစ္ေသာင္းၿခံရံလ်က္ ယခုက်ိဳက္နဲဘုရား တည္ရွိေနရာသို႔ ႂကြေရာက္လာၿပီး ေနာက္အခါ ငါဘုရား၏ ဆံေတာ္တစ္ဆူ ေရာက္ရွိလာမည္ဟု ဗ်ာဒိတ္ေတာ္ ေပးသနားေတာ္မူေလသည္။
တို႔ျမတ္ဘုရား ရွစ္ဝါကာလေဒသစာရီ ႂကြခ်ီမညဂဝမၸတိ အမိေထရခ်ီးေျမႇာက္က လာၾကသံဃာႏွင့္”
လြန္ေလၿပီးေသာအခါ ဘဝတခုမွာ တို႔ျမတ္ဘုရား ငါးၾကင္းျဖစ္၍ သိန္းငွက္တစ္ေကာင္ ပင္လယ္ျပင္တစ္ေနရာမွ ဖမ္းခ်ီလာၿပီး ဤေက်ာက္ေဆာင္ေပၚ၌ စားခဲ့ေလသည္။ ၎ေက်ာက္ေဆာင္ေပၚမွာပင္ နတ္ဘီလူးၾကမ္းမ်ားကို ဆုံးမေတာ္မူရာ ေမတၱာဓာတ္ႏွင့္ ေအာင္ျမင္ေတာ္မူ၍ ဗ်ာဒိတ္ေတာ္ မြန္လူမ်ိဳးတို႔က က်ိဳက္နဲဘုရား(ေအာင္ေတာ္မူဘုရား)ဟုေခၚဆိုၾကကုန္၏။

“လြန္ေလၿပီးခါ ငါးၾကင္းဘဝသိန္းငွက္ဖမ္းလာ စားရာဌာနနတ္ဘီးလူးေပါင္း ငါေအာင္ျမင္ပမြန္တို႔က ေခၚၾကက်ိဳက္နဲမည္”
ဆံေတာ္ရွင္ က်ိဳက္နဲေရလယ္ဘုရားကို အေရွ႕ဖက္ကမ္းေျခမွေမၽွာ္၍ လွမ္းၾကည့္ေသာ္ ပင္လယ္ေရနက္ ခ်ိဳင့္ခြက္အလယ္မွာ ျမတ္စြာဘုရား၏ ဆံေတာ္တစ္ဆူ ေရႊခြက္ထဲထည့္၍ ေမၽွာထားသလိုကို သဒၶါၾကည္ညိဳ သြားေရာက္ကုသိုလ္ျပဳ သာဓုေခၚနိုင္သည္။
“ကမ္းေျခဖက္မွ ေမၽွာ္ထၾကည့္ေသာ္ဘုရားေဘးဖက္ ခ်ိဳင့္ခြက္လို႔ေနာ္ေရႊခြက္ပမာ ေမၽွာ္ထားဆံေတာ္ယုံၾကည္ေသာ္ ေကာ္ေရာ္ပူေဇာ္ပါ”
က်ိဳက္နဲေရလယ္ဘုရားကို သြားေရာက္ဖူးေမၽွာ္လိုပါက ကမ္းေျခမွ (၁)မိုင္(၆)ဖာလုံရွိ နတ္လမ္းနဲ႔လည္းေျခလ်င္ေလၽွာက္သြားေရာက္နိုင္သည္။
“ဘုရားျမတ္ထံ နတ္လမ္းေလၽွာက္ကာတစ္မိုင္ေက်ာ္ေလာက္ ေျခာက္ဖာလုံံမွာက်ိဳက္နဲေစတီ တန္ခိုးႀကီးမားတည္၍ထား လာေရာက္ပူေဇာ္ပါ”
က်ိဳက္နဲေစတီ တန္ခိုးႀကီးဘုရားကို ပင္လယ္ေရျပင္မွာရွိ၍ ေလးဘက္ရပ္မွ ဒီေရေလၾကမ္း လွိုင္းထန္ႀကီးမ်ားက တိုးဝင္ လာၿပီးမလႊမ္းမိုးနိုင္ပါ။
ဘုရားရွိကုန္း ပရဝုဏ္ပတ္လည္မွာလည္း နတ္တကာမ်ားက ေက်ာက္တိုင္ေလးခု ကာကြယ္ျပဳထား၍ေဘးရန္ကင္းစြာ သြားေရာက္ဖူးေမၽွာ္နိုင္သည္။
“ဓါတ္ေတာ္ျမတ္ထံ ေရၾကမ္းဒီလွိုင္းေျပးဝင္လို႔တိုး လႊမ္းမိုးမနိုင္ေလးဘက္ရပ္မွာ ရွိထားေက်ာက္တိုင္သဒၶါခိုင္း ကိုယ္တိုင္ၾကည္ညိဳပါ”
က်ိဳက္နဲ(ေအာင္ေတာ္မူ)ဘုရားကို ၾကည္ညိဳသဒၶါရွိ၍ ရွိခိုးပူေဇာ္ရသည့္ အက်ိဳးကား အပါယ္ေလးပါး လမ္းတံခါးပိတ္ၿပီး ယခုမ်က္ေမွာက္ဘဝ၌ ကိုယ္စိတ္ႏွစ္ျဖာ က်မ္းမာေပ်ာ္ရႊင္ ေနာင္တမလြန္ဘဝမွာလည္း လူနတ္ခ်မ္းသာ အမတာနိဗၺာန္သို႔ေရာက္ရွိ ေလေတာ့သတည္း။
“ဘုရားတန္ခိုး ၾကည္ညိဳပူေဇာ္အပါယ္ေလးပါး တံခါးပိတ္ေပ်ာ္နတ္လူနိဗၺာန္ ေအးခ်မ္းၿမိဳ႕ေတာ္ကုသိုလ္ေခၚ ေစာေစာလာခဲ့ပါ”
ဘုရားေပၚဆြမ္းေတာ္ကပ္ခ်င္တဲ့ ရပ္နီးရပ္ေဝးမွ ေရႊဧည့္သည္ေတာ္မ်ားအတြက္
က်ိဳက္နဲ႔ေရလယ္ဘုရားဆီ ဘုရားေပၚဆြမ္းေတာ္ကပ္ခ်င္တဲ့ ရပ္နီးရပ္ေဝးမွ ေရႊဧည့္သည္ေတာ္မ်ားအတြက္ တန္ေဆာင္မုန္းလျပည့္ေန႔မတိုင္ခင္ အဖိတ္ေန႔ မနက္ပိုင္းမွ ညေနပိုင္းအထိ ဧည့္သည္မ်ားအတြက္ ေရလယ္ဘုရားဆီ အလြယ္တကူ သြားေရာက္နိုင္ရန္ ဝဲကေလာင္းရြာမွာ စနစ္တက် စီစဥ္ေပးထားေသာ ေလွမ်ားႏွင့္ အႏၲရာယ္ကင္းရွင္းစြာ ပို႔ေဆာင္ေပးပါတယ္။
ဘုရားေပၚတစ္ညအိပ္ရင္း ေနဝင္ခ်ိန္ ေနထြက္ခ်ိန္ ႏွင့္အတူ ေရလယ္ဘုရားရဲ့ ေရက်ၿပီးေနာက္ပိုင္း ျမင္ရတဲ့ တုႏွိုင္းမမွီ တင့္တယ္လွပတဲ့ ေက်ာက္ေဆာင္ေက်ာက္တန္းမ်ားရဲ့ အလွကို တဝႀကီးျမင္ေတြ႕ခံစားနိုင္ရမွာပါ။ လျပည့္ေန႔မနက္ေစာေစာပိုင္းမွာ ဆြမ္းေတာ္ကပ္ၿပီးရင္ ကမ္းေျခသို႔ စႌစဥ္ေပးထားေသာေလွမ်ားႏွင့္ ျပန္လည္ပို႔ေဆာင္ေပးပါတယ္။
ဆြမ္းေတာ္ကပ္မည့္သူမ်ားအတြက္ လိုအပ္တဲ့ တဲ့ ပစၥည္းတန္ဆာမ်ား
သစ္သီးဝလံ၊ ဖေယာင္းတိုင္၊ အေမႊးတိုင္၊ ညအိပ္မည္ျဖစ္တဲ့အတြက္ Power Bank ၊ ျမန္မာရိုးရာဝတ္စုံ(သို႔)တိုင္းရင္းသားရိုးရာဝတ္စုံအပိုထည့္လာပါရန္။ မ်က္ႏွာသုတ္ပုဝါ။ စသျဖင့္ လိုအပ္တဲ့ အသုံးအေဆာင္ပစၥည္းမ်ားထည့္လာနိုင္ပါတယ္။

ဘယ္လိုလာရမလဲ
ေမာ္လၿမိဳင္ သံျဖဴဇရပ္ ဘက္ကေနလာဖူးေမၽွာ္မယ့္ ဧည့္သည္မ်ားအတြက္
သံျဖဴဇရပ္ၿမိဳ႕အစြန္ဘက္ေရာက္လာခဲ့လၽွင္“ေရး” သို႔ နဲ႔ “ပင” သို႔ ဆိုတဲ့ လမ္းညႊန္ဆိုင္းပုဒ္ေတြ႕ျမင္နိုင္ပါတယ္။
“ပင” သို႔ ဘက္ကို လာရပါမည္။ လမ္းေၾကာင့္တည့္တည့္သာ ဆင္းလာလၽွင္ ပငရြာကိုေရာက္ရွိမည္။ ပင ရြာ ဆားကြင္းကိုျဖတ္ၿပီးရင္ က႐ုပၸိ စံျပေက်းရြာကို ေရာက္ရွိမွာျဖစ္ပါတယ္။
က႐ုပၸိ ကိုျဖတ္ေက်ာ္ၿပီးတာနဲ႔ က်ိဳက္နဲေရလယ္ဘုရား က်င္းပရာ ဝဲကေလာင္းရြာကို ေရာက္ရွိၿပီးျဖစ္ပါတယ္။
ဝဲကေလာင္းရြာ ေရာက္ရွိၿပီးတာနဲ႔ တည့္တည့္ေမာင္လာရာ ရြာအဆုံးတြင္ က်ိဳက္နဲေရလယ္ဘုရား သို႔သြားရာလမ္း မုဒ္ဦးတစ္ခုကို ေတြ႕ျမင္က လမ္းေၾကာင္းအတိုင္းသာ ဆင္းေမာင္းလာနိုင္ပါတယ္
Source-wk mm
Credit မူရင္း

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box