Facebook Comments Box
ပဋာစာရီလိုကျိန်စာမတိုက်လေနဲ့

ငါ့အိမ်ကို ဓားမြတိုက်ပြီး
ငါရဲ့ မိသားစုကို သတ်တဲ့ သူတွေ
ငါ့ရှေ့မှာ အသေဆိုးနဲ့ သေတာကို ငါကိုယ်တိုင် မြင်တွေ့ပါရစေ။
၁။ တောထဲသွား မြွေကိုက် သေပါစေ။
၂။ ရေထဲဆင်း ရေမျော သေပါစေ။
၃။ကုန်းပေါ်မှာနေ စွန်ချီ ခံရပါစေ။
၄။ အိမ်ထဲမှာနေ အိမ်ပြိုပိလို့ သေပါစေ။
ရန်သူအဖြစ်နဲ့ ကျိန်ခဲ့တဲ့ကျိန်စာ၊
မိသားစုအဖြစ်နဲ့ ဆုံလာခဲ့ပြီး
ဆုတောင်း ပြည့်လေတော့
ကိုယ်ပေါ် အဝတ် မကပ်နိုင်အောင်ထိ ရူးသွပ် ခဲ့ရပါတယ်။

ပဋာစာရီ ••
လင်ကို မြွေကိုက်၊
သားကြီး ရေနစ်၊
သားငယ် စွန်ချီ၊
မိဘ နှစ်ပါးနှင့် အကိုကြီး လေပြင်း မုန်တိုင်းကြောင့်
အိမ်ပိလို့ ဆုံးရူံး
ကြုံရတော့ အဝတ်အစားမဲ့သည်ထိ ရူးခဲ့ ရပါတယ်။
မြတ်ဗုဒ္ဓ_နှင့်တွေ့တော့
ချစ်သမီး •••
ဒီပွဲဟာ ငိုရမယ့် ပွဲ မဟုတ်ဘူး၊
လက်ခုပ်လက်ဝါးတီးပြီး ရယ်မောရမယ့် ပွဲတဲ့။
ဘာလို့လည်း ဆိုတော့ -
အတိတ်ဘဝ တစ်ခုတုန်းက ••
ခု သေဆုံးသွားတဲ့ ဆွေမျိုးရင်းချာ (၆)ဦးဟာ
ချစ်သမီးရဲ့အိမ်ကို ဓားပြတိုက်၊
မီးရှို့၊ လူသတ် လုပ်တော့
ချစ်သမီးက စိတ်ဆိုးလွန်းလို့ ••
ဒင်းတို့ (၆)ဦးလုံး -
ငါ့ မျက်စိရှေ့မှာ အသေဆိုးနဲ့ သေတာကို
တပ်အပ် မြင်ရပါစေသား လို့
ကျနိစာတိုက် ဆုတောင်းခဲ့ဖူးတယ်။
ခု အဲဒီ ဆုတောင်း ပြည့်ပြီလေ တဲ့။
ဒါကြောင့် ••
ပြုသူ အသစ်၊
ဖြစ်သူ အဟောင်း၊
ကံမှန်ရင် အကျိုးပေး သန်လှပါတယ်။
သံသရာဟာ ဥာဏ်နဲ့ မဖြတ်ရင် မပြတ်ပါဘူး။
ပဋာစာရီ ရူးသွပ်နေချိန်မှာ
မြတ်ဗုဒ္ဓနှင့် ဘာကြောင့် ကြုံဆုံခွင့် ရခဲ့ပါသလည်း။
အတိတ်က ဘဝတစ်ခုမှာ -
ဝိပဿနာတရားကို တစ်ကြိမ်တစ်ခါ အားထုတ် ခဲ့ဖူးလို့ပါ တဲ့။
အဲဒါကြောင့် သင်တို့၊ ကျုပ်တို့ -
ပဋာစာရီ လောက်လည်း အခြေနေ မဆိုးခဲ့ ကြပါဘူး။
ကံကောင်းသူများ
တရားနာယူခွင့် ရကြသည်။
ကံ အလွန် ကောင်းသူများ
တရား အားထုတ်ခွင့် ရကြသည်။
ကံဆိုး သူများသာ တရားကို ရှောင်ကြသည်။
ဘဝမှာ ••
မုန်းလို့ ဖြစ်စေ၊ စိတ်ဆိုးလို ဖြစ်စေ
ဘယ်တော့မှ ကျိန်စာတိုက်ပြီး ဆုမတောင်းပါနှင့်။
ချစ်လို့လည်း ဆုမတောင်း လေနဲ့၊
နောင်လာမည့်အကြောင်း မသိရဘူးလေ။
သင် ••
ကံကောင်း သူလား၊
ကံဆိုး သူလား။
ဘဝမှာ ••
ဒုက္ခ တစ်ခုနဲ့ ကြုံတိုင်း
ကောင်းမှုကုသိုလ် တစ်ခု
အနည်းဆုံး လုပ်ဖို့ တိုက်တွန်းပါရစေ။
သဗ်ဗေ သတ်တာ ကမ်မဿကာ
သဗ္ဗေ သင်္ခါရာ အနိစ္စပါ တကား။
Credit :

ပဋာစာရီလိုက်ိန္စာမတိုက္ေလနဲ႔


ငါ့အိမ္ကို ဓားျမတိုက္ၿပီး
ငါရဲ႕ မိသားစုကို သတ္တဲ့ သူေတြ
ငါ့ေရွ႕မွာ အေသဆိုးနဲ႔ ေသတာကို ငါကိုယ္တိုင္ ျမင္ေတြ႕ပါရေစ။
၁။ ေတာထဲသြား ေႁမြကိုက္ ေသပါေစ။
၂။ ေရထဲဆင္း ေရေမ်ာ ေသပါေစ။
၃။ကုန္းေပၚမွာေန စြန္ခ်ီ ခံရပါေစ။
၄။ အိမ္ထဲမွာေန အိမ္ၿပိဳပိလို႔ ေသပါေစ။
ရန္သူအျဖစ္နဲ႔ က်ိန္ခဲ့တဲ့က်ိန္စာ၊
မိသားစုအျဖစ္နဲ႔ ဆုံလာခဲ့ၿပီး
ဆုေတာင္း ျပည့္ေလေတာ့
ကိုယ္ေပၚ အဝတ္ မကပ္ႏိုင္ေအာင္ထိ ႐ူးသြပ္ ခဲ့ရပါတယ္။

ပဋာစာရီ ••
လင္ကို ေႁမြကိုက္၊
သားႀကီး ေရနစ္၊
သားငယ္ စြန္ခ်ီ၊
မိဘ ႏွစ္ပါးႏွင့္ အကိုႀကီး ေလျပင္း မုန္တိုင္းေၾကာင့္
အိမ္ပိလို႔ ဆုံး႐ူံး
ႀကဳံရေတာ့ အဝတ္အစားမဲ့သည္ထိ ႐ူးခဲ့ ရပါတယ္။
ျမတ္ဗုဒၶ_ႏွင့္ေတြ႕ေတာ့
ခ်စ္သမီး •••
ဒီပြဲဟာ ငိုရမယ့္ ပြဲ မဟုတ္ဘူး၊
လက္ခုပ္လက္ဝါးတီးၿပီး ရယ္ေမာရမယ့္ ပြဲတဲ့။
ဘာလို႔လည္း ဆိုေတာ့ -
အတိတ္ဘဝ တစ္ခုတုန္းက ••
ခု ေသဆုံးသြားတဲ့ ေဆြမ်ိဳးရင္းခ်ာ (၆)ဦးဟာ
ခ်စ္သမီးရဲ႕အိမ္ကို ဓားျပတိုက္၊
မီးရႈိ႕၊ လူသတ္ လုပ္ေတာ့
ခ်စ္သမီးက စိတ္ဆိုးလြန္းလို႔ ••
ဒင္းတို႔ (၆)ဦးလုံး -
ငါ့ မ်က္စိေရွ႕မွာ အေသဆိုးနဲ႔ ေသတာကို
တပ္အပ္ ျမင္ရပါေစသား လို႔
က်နိစာတိုက္ ဆုေတာင္းခဲ့ဖူးတယ္။
ခု အဲဒီ ဆုေတာင္း ျပည့္ၿပီေလ တဲ့။
ဒါေၾကာင့္ ••
ျပဳသူ အသစ္၊
ျဖစ္သူ အေဟာင္း၊
ကံမွန္ရင္ အက်ိဳးေပး သန္လွပါတယ္။
သံသရာဟာ ဥာဏ္နဲ႔ မျဖတ္ရင္ မျပတ္ပါဘူး။
ပဋာစာရီ ႐ူးသြပ္ေနခ်ိန္မွာ
ျမတ္ဗုဒၶႏွင့္ ဘာေၾကာင့္ ႀကဳံဆုံခြင့္ ရခဲ့ပါသလည္း။
အတိတ္က ဘဝတစ္ခုမွာ -
ဝိပႆနာတရားကို တစ္ႀကိမ္တစ္ခါ အားထုတ္ ခဲ့ဖူးလို႔ပါ တဲ့။
အဲဒါေၾကာင့္ သင္တို႔၊ က်ဳပ္တို႔ -
ပဋာစာရီ ေလာက္လည္း အေျခေန မဆိုးခဲ့ ၾကပါဘူး။
ကံေကာင္းသူမ်ား
တရားနာယူခြင့္ ရၾကသည္။
ကံ အလြန္ ေကာင္းသူမ်ား
တရား အားထုတ္ခြင့္ ရၾကသည္။
ကံဆိုး သူမ်ားသာ တရားကို ေရွာင္ၾကသည္။
ဘဝမွာ ••
မုန္းလို႔ ျဖစ္ေစ၊ စိတ္ဆိုးလို ျဖစ္ေစ
ဘယ္ေတာ့မွ က်ိန္စာတိုက္ၿပီး ဆုမေတာင္းပါႏွင့္။
ခ်စ္လို႔လည္း ဆုမေတာင္း ေလနဲ႔၊
ေနာင္လာမည့္အေၾကာင္း မသိရဘူးေလ။
သင္ ••
ကံေကာင္း သူလား၊
ကံဆိုး သူလား။
ဘဝမွာ ••
ဒုကၡ တစ္ခုနဲ႔ ႀကဳံတိုင္း
ေကာင္းမႈကုသိုလ္ တစ္ခု
အနည္းဆုံး လုပ္ဖို႔ တိုက္တြန္းပါရေစ။
သဗ္ေဗ သတ္တာ ကမ္မႆကာ
သေဗၺ သခၤါရာ အနိစၥပါ တကား။
Credit :

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box