Facebook Comments Box
ဆရာငြိမ်း၏ (18.Nov.2021 မှ 24.Nov.2021) အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

ဆရာငြိမ်း၏ (18.Nov.2021 မှ 24.Nov.2021) အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ
ဒီကာလအတွင်း အထင်လွဲနေခြင်း ၊စိတ်ဝမ်းကွဲနေခြင်းများ ၊ နားလည်မှုလွဲနေခြင်းများ ရှိခဲ့ရင်ပြန်လည် အဆင်ပြေလာပါလိမ့်မယ်။ ဘာသာရေးနဲ့ပတ်သက်သောကိစ္စတွေ ၊ အလှူအတန်းနဲ့ပတ်သက်သောကိစ္စတွေ လုပ် ကိုင် ဆောင်ရွက်ရပါလိမ့်မယ်။ မင်္ဂလာကိစ္စများ ကူညီလုပ်ကိုင်ပေးရပါလိမ့်မည်။ ငွေကြေးအစုလိုက်ဝင်ရကိန်းရှိ ပါတယ်။ ငွေကြေးကိစ္စများ စိတ်ချမ်းသာရပါလိမ့်မယ်။ အလုပ်သစ် စီးပွားသစ်အထူးကောင်းပါလိမ့်မယ်။ ပညာရပ် အသစ်များသင်ရပါလိမ့်မယ်။ ပညာတိုးခြင်း၊ဆရာကောင်းတွေ့ခြင်းမျိုးရှိပါလိမ့်မည်။ အချစ်ရေး အထူး ကောင်း နေပါ လိမ့်မယ်။ ပျော်ရွှင်စရာများ ကြုံ ရမည်။ချစ်သူရဲ့ဂရုစိုက်ခြင်းခံရမည်။ အချစ်ရေးလဲ စန်းပွင့် နေ တတ်ပါသည်။ ကျန်းမာရေး ဒေါင်ဒေါင်မည်နေပါလိမ့်မည်။ လက်သုပ်များ ၊ယင်နားစာများအထူးရှောင်ပါ။စူးစမ်း လေ့လာရမဲ့ အလုပ်များ၊ဖောက်ထွက်ပြီးလမ်းသစ်ထွင်ရမဲ့အလုပ်များအထူးကောင်းမွန်ချိန်ပါပဲ။ဘာကိစ္စကိုမှအလောတကြီး မလုပ်ဘဲ ဖြေးဖြေးမှန်မှန်လုပ်ခြင်းဖြင့် အောင်မြင်မှုတွေရယူနိုင်ပါလိမ့်မယ်။အထည်၊ထီး၊ဖိနပ်ဝင်မဲ့ကာလပါ။ လက် စမသတ်ရသေးသောကိစ္စများ၊ အလုပ်ကြွေးများ ဒီအချိန်မှာ ပြီးဆုံးအောင်လုပ်နိုင်မဲ့ကာလပါပဲ။ လမ်းမယား ချင်း အလုပ်ကိစ္စကိုအကြောင်းပြုပြီးစကားများရမည်။
အကျိုးပေးဂဏန်း-၂/၅/၈
အထူးဟော-လာဘ်ရွှင်မည်
ယတြာ-ငှက်ပျောကြော်ဘုရားကပ်လှူပါ။.....

တနင်္လာ
ဒီကာလအတွင်း အရာရာကြန့်ကြာမှုတွေဖြစ်ရတတ်ပါတယ်။ အလျှင်လိုလေ အနှေးဖြစ်လေဆိုတာမျိုးကြုံ ရတတ်ပါတယ်။ အရာရာမလောပါနဲ့ ။ခေါင်းအေးအေးထားပြီးလုပ်ဆောင်ပါ။ အလုပ်သစ်စတင်ခြင်း ၊ဆိုင်အသစ် စဖွင့် ခြင်း၊အိမ်အသစ်စတင်ဆောက်ခြင်းတွေ မလုပ်သင့်သေးတဲ့ကာလပါပဲ။ အလုပ်ထဲမှာ ရန်ပေါ်တတ်တယ်။ အထက်လူကြီး ငြိုငြင်မယ်။ကိုယ်ကစေတနာနဲ့ လုပ်လိုက်ပေမဲ့ ဝေဒနာဖြစ်သွားတတ်တဲ့ကာလပါပဲ။ အနီးကပ်လူရင်း တွေက ဒုက္ခပေးတတ်ပါတယ်။ အရမ်းရင်းနှီးတဲ့မိတ်ဆွေတွေနဲ့ခွဲခွာရတတ်ပါတယ်။ခရီးကိစ္စကြုံလာပါက သွား လိုက်ပါ။ စက်ပစ္စည်းများ ချို့ယွင်းတတ်ခြင်းမျိုး ကြုံရတတ်တဲ့အတွက် စက်ပစ္စည်းများနဲ့ ကိုင်တွယ်မောင်းနှင် နေသူများ သတိရှိဖို့လိုပါတယ်။ ပြဿနာများ နဲ့ ထိပ်တိုက်တွေ့စရာကြုံ ရပါက သည်းခံမှုတွေနဲ့သာဖြေရှင်းလိုက်ပါ။ မိမိဒေါသရှေ့ထားပါက အမှားတွေ့ပါလိမ့်မည်။ အလုပ်ပြိုင်များ စီးပွားဘက်များရဲ့ အပုပ်ချ ပြောဆိုခြင်းမျိုးခံရ တတ်ပါတယ်။ အလုပ်ကံတော့ကောင်းပါတယ်။ လုပ်ငန်းကိစ္စများ အဆင်ပြေပြေနဲ့ ပြီးမြောက်မှာပါ။ကျန်းမာရေး အထူးညံ့နေလိမ့်မယ်။ အချစ်ရေးမှာအဆိုးဆုံး အခြေအနေ (သို့)အကောင်းဆုံးအခြေအနေမျိုးကြုံရမှာပါ။ အစွန်း နှစ်ဖက်ဖြစ်ရကြုံရတာမျိုးပေါ့လေ ။
အကျိုးပေးဂဏန်း-၁/၅/၂
အထူးဟော-ကံအညံ့ထဲရောက်နေတာပါ။
ယတြာ-နီးစပ်ရာစေတီမှာ လျှပ်စစ်မီး ညလုံးပေါက်ကုသိုလ်ယူပါ။

အင်္ဂါ
အတိုက်အခိုက်အများဆုံးခံရမဲ့ကာလပါပဲ။ မိမိအားမနာလိုသူများ ၊ မိမိအောင်မြင်မှုကိုမရှုစိမ့်သူများက ကောင်းကောင်းကြီး မိမိအားဒုက္ခပေးပါလိမ့်မယ်။အမှန်တရားက မိမိဘက်မှာရှိနေပေမဲ့ ခဏတော့ စိတ်ဆင်းရဲ သောကရောက်ရမှာပါ။ အိမ်ထောင်သည် အမျိုးသားများမိန်းမကိစ္စမရှုပ်ပါနဲ့။ ရှုပ်မိပါက ပြဿနာအကြီးအကျယ် တတ်ပါ လိမ့်မယ်။ အမှုအခင်းကိစ္စများ ပိုင်ဆိုင်မှုနဲ့ပတ်သက်သော အရှုပ်အထွေးကိစ္စများ ဖြေရှင်းရလိမ့်မယ်။ မိမိ ဘက်ကသာမှန်ကန်နေပါက အရာရာကိုကျော်လွှားအောင်မြင်နိုင်မှာပါ။ အချစ်ရေးအနေနဲ့ မယုံသင့်တဲ့ကာလပါ။ ချစ်သူပြောတိုင်းမယုံသင့်ပါ။ပညာရေးမှာ ဇွဲသာရှိပါ။ လိုချင်တဲ့ပန်းတိုင်ကိုရပါလိမ့်မည်။ ခရီးသွားအလုပ်တွေ၊ စပ်တူအလုပ်တွေ၊ အုပ်စုဖွဲ့လုပ်ကိုင်ရတဲ့အလုပ်တွေနဲ့ပတ်သက်ပြီး သောကရောက်ရတတ်တယ်။ သားသမီးကြောင့် စိတ်ဆင်းရဲရလိမ့်မယ်။ ဒီကာလအတွင်း အထူးသတိပြုရမှာကတော့ ကျန်းမာရေးပါ။ ဝမ်းပျက်စာတွေလုံးဝမစား ပါနဲ့။ အစားမှားတာနဲ့ ဝမ်းပျက် ဝမ်းလျောဖြစ်မယ်။ဗိုက်အောက် ၊ဗိုက်နာဖြစ်မည်။မိသားစုအိမ်တွင်းရေး ကိစ္စတော့ အဆင်ပြေ ချောမွေ့နေမဲ့ကာလပါ။အထူးသဖြင့်ဒီကာလမှာ လုံးဝငွေမချေးပါနဲ့။ ဆုံးတတ်ပါတယ်။ ကြီးမားတဲ့ ငွေကြေး မြုပ်နှံ မှုတွေမလုပ်ပါနဲ့အုံး။ ငွေမြုပ်ရင်ဖော်ရခက်ခဲကာလပါပဲ။ ကိုယ့်ငွေနဲ့ကိုယ် စိတ်ဆင်းရဲရ တတ် ပါတယ်။
အကျိုးပေးဂဏန်း ၅/၄/၈
အထူးဟော ရန်များမည်
ယတြာ ပဌာန်းတစ်နေ့တစ်ခေါက်နှုန်းဖြင့် ၇ရက်တိတိရွတ်ဖတ်ပူဇော်ပါ။

ဗုဒ္ဓဟူး၊ရာဟု
ဒီကာလဟာ ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ စီးပွားရေး၊ လူမှုရေးအထူးကောင်းနေတဲ့ကာလပါ။ လုပ်ငန်း ကိစ္စ များအထူးကောင်းနေမည်။မိမိဆိုင်မိမိလုပ်ငန်းတိုးတတ်မည်။ဖောက်သည်အသစ်များရပါလိမ့်မယ်။မိမိအားလုပ်ငန်း လာအပ်သူများ ၊မိမိဆိုင်တွင် လာရောက်အားပေးသူများ အရင်ကထက် ပိုများနေမှာပါ။ လုပ်ငန်း သစ် စတင် ခြင်း၊လုပ်ငန်းချဲ့ထွင်ခြင်းပြုလုပ်လို့ကောင်းတဲ့အချိန်ပါပဲ။ အလုပ်မှာနေရာကောင်းရလွယ်တယ်။ ရာထူးတိုးပြီး အလုပ်နေရာပြောင်းပြီးတာဝန်ထမ်းဆောင်ရတတ်တယ်။ မိမိအားကူညီမဲ့သူတွေအနားမှာရှိမဲ့ကာလပါ။ မိမိသြဇာ ညောင်း မဲ့ အချိန်တွေပေါ့။ ကောင်းသောခရီးတွေသွားရတတ်တယ်။ ကုသိုလ်တရားတွေလဲ စိတ်ပါလက်ပါလုပ်ဖြစ် နေလိမ့်မယ်။ လူငယ်တွေကတော့ ချစ်သူအချင်းချင်းအထင်လွဲမဲ့ကာလပါ။ အချစ်ရေး က တော့ မျှော်လင့်သလို မဖြစ်နိုင်သေးပါဘူး။ အိမ်ထောင်သည်တွေကတော့ စုတ်ရော ၊လာဘ်ရောဝင်တတ်တဲ့အတွက် သတိထားပါ။ ငွေကုန်ကြေးကျများမဲ့ ကာလတစ်ခုပါ။ ဝန်ထမ်း များ လခစား များ အနေနဲ့ မိမိလုပ်ဖော်ကိုင်ဖက်များရဲ့ ချီးမြောက် ထောက် ခံမှုကြောင့် နေရာကောင်းရခြင်း ၊ ရာထူး တိုးခြင်းမျိုးကြုံ ရမည်။ ငယ်ရွယ်သူများ လူကြီးမိဘတွေ ဆီမှာမိမိလိုချင်တာ ရှိရင် ပူဆာလို့အကောင်းဆုံးကာလပါပဲ။ ပညာရေးကံ အကောင်းဆုံးပါ။ ပညာရည်ထူးချွန်မဲ့ ကာလ ပါ။
အကျိုးပေးဂဏန်း ၇/၅/၁
အထူးဟော အဘက်ဘက်ကအဆင်ပြေမည်
ယတြာ-ကြံတစ်ချောင်းဝယ် အခွံခွာ… ၁၅စိပ်စိပ်ပြီး ဘုရားကပ်လှူပါ။

ကြာသပတေး
ဒီကာလဟာ ကြာသပတေးသားသမီးတွေအနေနဲ့ သားသမီးကိစ္စများ အောက်လက်ငယ်သားကိစ္စများတွင် လိုက်ပါကူညီပေးရတတ်ပါတယ်။ မိမိအနေနဲ့ ဘယ်သူကိုမှ မျက်နှာလွှဲ၍မရဘဲကိုယ်တိုင်ကိုယ်ကျ လုပ်နေရမဲ့ အချိန်ပါ။ ခရီးကိစ္စများ ရပ်ဝေးနဲ့ ဆက်သွယ်လုပ်ကိုင်ရသောကိစ္စများ အဆင်မပြေတာမျိုးကြုံရပါလိမ့်မယ်။ လူမျိုး ခြား ဘာသာခြားတွေကြောင့် စိတ်အထူးညစ်ရတတ်တယ်။ အိမ်ထောင်ရေး အထူးအဆင်ပြေမယ်။ မိသားစုဝင်တွေ နားလည်မှုတွေရလာလိမ့်မည်။ အလုပ်စီးပွားများ ကောင်းမလိုလိုနှင့် အဖျားရှူးသွားတတ်သည်။ ကျန်းမာရေးအနေနဲ့ ရေချိုးမှားခြင်း ၊အပူရှပ်ခြင်းမျိုးကြုံရတတ်သည်။ အချစ်ရေးကိစ္စများ အဆင်မပြေတာကြုံ ရမည်။ ချစ်သူနဲ့သဘော ထားကွဲလွဲမည်။ တစ်ဦးနဲ့တစ်ဦးသံသယတွေများနေလိမ့်မည်။ ပညာရေးကံကတော့ အကောင်းဘက်မှာရှိနေတဲ့ အချိန်ပါပဲ။ အုပ်စုဖွဲ့ ပြဿ နာရှာခြင်းကြုံရတတ်သည်။ အိုးအိမ်နေရာထိုင်ခင်းကိစ္စကြောင့် စိတ်ညစ်ရမည်။ အမွေ ကိစ္စ မြေကိစ္စနဲ့ပတ်သက်ပြီး စကားပြောရမည်။ အထက်လူကြီးငြိုငြင်တာခံရမည်။ အဖေ့ဘက်ကအမျိုးတွေဒုက္ခ ပေးလိမ့် မည်။ မိမိအကျိုးစီးပွားမလုပ်ရဘဲ သူတစ်ပါးကိစ္စ လူမှုရေးကိစ္စတွေနဲ့အချိန်ကုန်နေတတ်သည်။
အကျိုးပေးဂဏန်း ၆/၄/၁
အထူးဟော အလုပ်တွေများနေတတ်သည်။
ယတြာ-ခရီးသွားမဲ့ ရဟန်းတစ်ပါးအား ခရီးစရိတ်ထောက်ပံ့လိုက်ပါ။

သောကြာ
ဒီကာလဟာ သောကြာသားသမီးတွေအနေနဲ့ အရမ်းခြူခြာလွယ်မဲ့အချိန်ပါပဲ။ အနေအထိုင်အနည်းငယ် မဆင်ခြင်တာနဲ့ဆေးရုံဆေးခန်းရောက်ရတတ်ပါတယ်။အရက်သေစာသောက်စားခြင်းမျိုးရှိရင်ဒီကာလမှာမသောက် တာအကောင်းဆုံးပါပဲ။ကျန်းမာရေးညံ့သွားတတ်လို့ပါ။ရွှေငွေလက်ဝတ်ရတနာများပျောက်ရှခြင်း၊ကျပျောက် ခြင်း မျိုး ကြုံရတတ်ပါတယ်။ ငွေကုန်ကြေးကျများတတ်တယ်နော်။ ငွေဝင်တာကနည်းနည်း ထွက်တာက များများ ဆို တာမျိုးပေါ့။ မသွားချင်သောခရီးတွေလဲသွားရတတ်ပါတယ်။ ကိုယ်စိတ်နှစ်ပါး ပင်ပန်းနေမည်။ အခက် အခဲပြဿနာ များရင်ဆိုင်ဖြေရှင်းရမည်။ သူများငွေကြောင့်ဒုက္ခရောက်တတ်သည်။ ကြားကအာမခံပေးတာ မျိုး မလုပ်ပါနဲ့။ သူများငွေ ခဏသိမ်းခိုင်းတာမျိုး၊အဖွဲ့အစည်းကငွေတွေခဏသိမ်းခိုင်းတာမျိုးတွေ လက်မခံပါနှင့် ။အလုပ် ပြောင်း၊ နေရာပြောင်း၊ဌာနပြောင်း ၊အိမ်ပြောင်းဆိုတာမျိုးတွေလဲကြုံရတတ်ပါတယ်။ ဒီကာလထဲ ရွှေဝယ် တာမျိုး မလုပ် ပါနဲ့။ လာဘ်ပိတ်သွားတတ်လို့ပါ။ သားသမီးကိစ္စအထူးပူပန်ရတတ်တယ်။ ကျန်မားရေးအနေနဲ့ ကိုယ်လက် မအီမသာ ဖြစ်တာ ၊သွေးတိုးတာလေးလံထိုင်းမှိုင်းနေတာမျိုးကြုံရပါလိမ့်မယ်။ အိမ်ထောင်သည်များ အိမ်ထောင် ဘက် နဲ့ စကားများရန်ဖြစ်ရတတ်ပါတယ်။ ဝန်ထမ်းများ အလုပ်တာဝန်တွေပိနေတတ်တဲ့ကာလပါပဲ။ အချစ်ရေးကံ ကတော့ ကောင်းနေမဲ့အချိန်ပါပဲ။ ပညာရေးအပေါ် မိမိကိုယ်တိုင်စိတ်မပါဖြစ်နေတတ်တဲ့ကာလပါ။
အကျိုးပေးဂဏန်း-၈/၅/၁
အထူးဟော-စိတ်ပင်ပန်းရမည်
ယတြာ-ပန်းကန်တစ်ချပ်ထဲလက်ဖက် ကိုးပုံပုံပြီး ဘုရားကပ်ပါ။

စနေ
အောင်မြင်မှုတွေစောင့်ကြိုနေမဲ့ကာလပါပဲ။ စိတ်ချမ်းသာရပါလိမ့်မယ်။ အထူးသဖြင့် အလုပ်ကိစ္စများ အိုး အိမ်ကိစ္စ၊ရာထူးကိစ္စ၊အမွေကိစ္စများကြောင့်လဲစိတ်ချမ်းသာရမှာပါ။ငွေကြေးကံကောင်းနေမှာပါ။ ရစရာရှိတဲ့ ငွေများ ၊ကြန်ကြာနေတဲ့ငွေများ၊ အလုပ်မှာမြုပ်နေတဲ့ငွေများပြန်လည်ရရှိပါလိမ့်မယ်။ စက်ပစ္စည်းနဲ့ ပတ်သက်ရင်တော့ ဒုက္ခ များရပါလိမ့်မယ်။ မကြာခဏချို့ယွင်းနေတဲ့စက်ကြောင့် စိတ်ညစ်ရမယ်။ စက်ပစ္စည်းအသစ်များလဲမဝယ် သင့် သေး ပါဘူး။ ပညာရေးကိစ္စများ၊ ဘာသာရေးကိစ္စများ အထူးကောင်းမွန်ပါလိမ့်မယ်။ အချစ်ရေးလဲအထူးအဆင် ပြေ နေမဲ့ ကာလပါပဲ။ ဒါပေမဲ့ ချစ်သူချင်းဝေးနေရတတ်ပါတယ်။ ကျန်းမာရေးကတော့ နည်းနည်းဂရုစိုက်ပါ။ ဇက်ကြော တတ် ခြင်း ခေါင်းကိုက်ခြင်း ဆီးချို သွေးချိုတတ်ခြင်းမျိုးကြံရတတ်ပါတယ်။ ကံကြမ္မာကောင်း နိမိတ်ကောင်းတွေ ရမဲ့ ကာ လ ပါပဲ။ ရေရှည်စီမံကိန်းတွေချမှတ်သင့်တဲ့နေ့ဖြစ်သလို ၊အဓိဌာန်စတင်ဝင်ရောက်မဲ့သူတွေအတွက် အကောင်းဆုံး ကာလပါပဲ။စတင်တရားအားထုတ်မဲ့သူတွေအတွက် တရားရဖို့ အထောက်အပံ့ကောင်းရ စေတဲ့အချိန် ပါပဲ။ စီးပွား ရေး လူမှုရေးအထူးကောင်းမယ်။ လုပ်သမျှအဆင်ပြေနေမယ်။ စိတ်ချမ်းသာရမယ်။အရမ်းရင်းနှီသူတွေ ရဲ့ခွဲခွာ ရ လိမ့်မယ်။ ဖခင်ကျန်းမာရေးအထူးဂရုစိုက်ရလိမ့်မယ်။ ဝန်ထမ်းအဖို့ အလုပ်ထွက်ချင်စိတ်တွေပေါ်နေ တတ်တယ်။ မထွက်ပါနဲ့အုံး။ ပိုဆိုးသွားတတ်ပါတယ်။
အကျိုးပေးဂဏန်း-၁/၉/၆
အထူးဟော-ကံမြင့်နေချိန်ပါပဲ
ယတြာ-ပျက်စီးယိုယွင်းနေပြီဖြစ်တဲ့ ဖုန်းအားသွင်းကြိုးတွေရှိရင် စွန့်ပစ်လိုက်ပါ
၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

ဆရာၿငိမ္း၏ (18.Nov.2021 မွ 24.Nov.2021) အထိတစ္ပတ္စာ ၇ရက္သားသမီး ေဟာစာတမ္း

တနဂၤေႏြ
ဒီကာလအတြင္း အထင္လြဲေနျခင္း ၊စိတ္ဝမ္းကြဲေနျခင္းမ်ား ၊ နားလည္မႈလြဲေနျခင္းမ်ား ရွိခဲ့ရင္ျပန္လည္ အဆင္ေျပလာပါလိမ့္မယ္။ ဘာသာေရးနဲ႔ပတ္သက္ေသာကိစၥေတြ ၊ အလႉအတန္းနဲ႔ပတ္သက္ေသာကိစၥေတြ လုပ္ ကိုင္ ေဆာင္ရြက္ရပါလိမ့္မယ္။ မဂၤလာကိစၥမ်ား ကူညီလုပ္ကိုင္ေပးရပါလိမ့္မည္။ ေငြေၾကးအစုလိုက္ဝင္ရကိန္းရွိ ပါတယ္။ ေငြေၾကးကိစၥမ်ား စိတ္ခ်မ္းသာရပါလိမ့္မယ္။ အလုပ္သစ္ စီးပြားသစ္အထူးေကာင္းပါလိမ့္မယ္။ ပညာရပ္ အသစ္မ်ားသင္ရပါလိမ့္မယ္။ ပညာတိုးျခင္း၊ဆရာေကာင္းေတြ႕ျခင္းမ်ိဳးရွိပါလိမ့္မည္။ အခ်စ္ေရး အထူး ေကာင္း ေနပါ လိမ့္မယ္။ ေပ်ာ္ရႊင္စရာမ်ား ၾကဳံ ရမည္။ခ်စ္သူရဲ့ဂ႐ုစိုက္ျခင္းခံရမည္။ အခ်စ္ေရးလဲ စန္းပြင့္ ေန တတ္ပါသည္။ က်န္းမာေရး ေဒါင္ေဒါင္မည္ေနပါလိမ့္မည္။ လက္သုပ္မ်ား ၊ယင္နားစာမ်ားအထူးေရွာင္ပါ။စူးစမ္း ေလ့လာရမဲ့ အလုပ္မ်ား၊ေဖာက္ထြက္ၿပီးလမ္းသစ္ထြင္ရမဲ့အလုပ္မ်ားအထူးေကာင္းမြန္ခ်ိန္ပါပဲ။ဘာကိစၥကိုမွအေလာတႀကီး မလုပ္ဘဲ ေျဖးေျဖးမွန္မွန္လုပ္ျခင္းျဖင့္ ေအာင္ျမင္မႈေတြရယူနိုင္ပါလိမ့္မယ္။အထည္၊ထီး၊ဖိနပ္ဝင္မဲ့ကာလပါ။ လက္ စမသတ္ရေသးေသာကိစၥမ်ား၊ အလုပ္ေႂကြးမ်ား ဒီအခ်ိန္မွာ ၿပီးဆုံးေအာင္လုပ္နိုင္မဲ့ကာလပါပဲ။ လမ္းမယား ခ်င္း အလုပ္ကိစၥကိုအေၾကာင္းျပဳၿပီးစကားမ်ားရမည္။
အက်ိဳးေပးဂဏန္း-၂/၅/၈
အထူးေဟာ-လာဘ္ရႊင္မည္
ယၾတာ-ငွက္ေပ်ာေၾကာ္ဘုရားကပ္လႉပါ။

တနလၤာ
ဒီကာလအတြင္း အရာရာၾကန႔္ၾကာမႈေတြျဖစ္ရတတ္ပါတယ္။ အလၽွင္လိုေလ အေႏွးျဖစ္ေလဆိုတာမ်ိဳးၾကဳံ ရတတ္ပါတယ္။ အရာရာမေလာပါနဲ႔ ။ေခါင္းေအးေအးထားၿပီးလုပ္ေဆာင္ပါ။ အလုပ္သစ္စတင္ျခင္း ၊ဆိုင္အသစ္ စဖြင့္ ျခင္း၊အိမ္အသစ္စတင္ေဆာက္ျခင္းေတြ မလုပ္သင့္ေသးတဲ့ကာလပါပဲ။ အလုပ္ထဲမွာ ရန္ေပၚတတ္တယ္။ အထက္လူႀကီး ၿငိဳျငင္မယ္။ကိုယ္ကေစတနာနဲ႔ လုပ္လိုက္ေပမဲ့ ေဝဒနာျဖစ္သြားတတ္တဲ့ကာလပါပဲ။ အနီးကပ္လူရင္း ေတြက ဒုကၡေပးတတ္ပါတယ္။ အရမ္းရင္းႏွီးတဲ့မိတ္ေဆြေတြနဲ႔ခြဲခြာရတတ္ပါတယ္။ခရီးကိစၥၾကဳံလာပါက သြား လိုက္ပါ။ စက္ပစၥည္းမ်ား ခ်ိဳ႕ယြင္းတတ္ျခင္းမ်ိဳး ၾကဳံရတတ္တဲ့အတြက္ စက္ပစၥည္းမ်ားနဲ႔ ကိုင္တြယ္ေမာင္းႏွင္ ေနသူမ်ား သတိရွိဖို႔လိုပါတယ္။ ျပႆနာမ်ား နဲ႔ ထိပ္တိုက္ေတြ႕စရာၾကဳံ ရပါက သည္းခံမႈေတြနဲ႔သာေျဖရွင္းလိုက္ပါ။ မိမိေဒါသေရွ႕ထားပါက အမွားေတြ႕ပါလိမ့္မည္။ အလုပ္ၿပိဳင္မ်ား စီးပြားဘက္မ်ားရဲ့ အပုပ္ခ် ေျပာဆိုျခင္းမ်ိဳးခံရ တတ္ပါတယ္။ အလုပ္ကံေတာ့ေကာင္းပါတယ္။ လုပ္ငန္းကိစၥမ်ား အဆင္ေျပေျပနဲ႔ ၿပီးေျမာက္မွာပါ။က်န္းမာေရး အထူးညံ့ေနလိမ့္မယ္။ အခ်စ္ေရးမွာအဆိုးဆုံး အေျခအေန (သို႔)အေကာင္းဆုံးအေျခအေနမ်ိဳးၾကဳံရမွာပါ။ အစြန္း ႏွစ္ဖက္ျဖစ္ရၾကဳံရတာမ်ိဳးေပါ့ေလ ။
အက်ိဳးေပးဂဏန္း-၁/၅/၂
အထူးေဟာ-ကံအညံ့ထဲေရာက္ေနတာပါ။
ယၾတာ-နီးစပ္ရာေစတီမွာ လၽွပ္စစ္မီး ညလုံးေပါက္ကုသိုလ္ယူပါ။

အဂၤါ
အတိုက္အခိုက္အမ်ားဆုံးခံရမဲ့ကာလပါပဲ။ မိမိအားမနာလိုသူမ်ား ၊ မိမိေအာင္ျမင္မႈကိုမရႈစိမ့္သူမ်ားက ေကာင္းေကာင္းႀကီး မိမိအားဒုကၡေပးပါလိမ့္မယ္။အမွန္တရားက မိမိဘက္မွာရွိေနေပမဲ့ ခဏေတာ့ စိတ္ဆင္းရဲ ေသာကေရာက္ရမွာပါ။ အိမ္ေထာင္သည္ အမ်ိဳးသားမ်ားမိန္းမကိစၥမရႈပ္ပါနဲ႔။ ရႈပ္မိပါက ျပႆနာအႀကီးအက်ယ္ တတ္ပါ လိမ့္မယ္။ အမႈအခင္းကိစၥမ်ား ပိုင္ဆိုင္မႈနဲ႔ပတ္သက္ေသာ အရႈပ္အေထြးကိစၥမ်ား ေျဖရွင္းရလိမ့္မယ္။ မိမိ ဘက္ကသာမွန္ကန္ေနပါက အရာရာကိုေက်ာ္လႊားေအာင္ျမင္နိုင္မွာပါ။ အခ်စ္ေရးအေနနဲ႔ မယုံသင့္တဲ့ကာလပါ။ ခ်စ္သူေျပာတိုင္းမယုံသင့္ပါ။ပညာေရးမွာ ဇြဲသာရွိပါ။ လိုခ်င္တဲ့ပန္းတိုင္ကိုရပါလိမ့္မည္။ ခရီးသြားအလုပ္ေတြ၊ စပ္တူအလုပ္ေတြ၊ အုပ္စုဖြဲ႕လုပ္ကိုင္ရတဲ့အလုပ္ေတြနဲ႔ပတ္သက္ၿပီး ေသာကေရာက္ရတတ္တယ္။ သားသမီးေၾကာင့္ စိတ္ဆင္းရဲရလိမ့္မယ္။ ဒီကာလအတြင္း အထူးသတိျပဳရမွာကေတာ့ က်န္းမာေရးပါ။ ဝမ္းပ်က္စာေတြလုံးဝမစား ပါနဲ႔။ အစားမွားတာနဲ႔ ဝမ္းပ်က္ ဝမ္းေလ်ာျဖစ္မယ္။ဗိုက္ေအာက္ ၊ဗိုက္နာျဖစ္မည္။မိသားစုအိမ္တြင္းေရး ကိစၥေတာ့ အဆင္ေၿပ ေခ်ာေမြ႕ေနမဲ့ကာလပါ။အထူးသျဖင့္ဒီကာလမွာ လုံးဝေငြမေခ်းပါနဲ႔။ ဆုံးတတ္ပါတယ္။ ႀကီးမားတဲ့ ေငြေၾကး ျမဳပ္ႏွံ မႈေတြမလုပ္ပါနဲ႔အုံး။ ေငြျမဳပ္ရင္ေဖာ္ရခက္ခဲကာလပါပဲ။ ကိုယ့္ေငြနဲ႔ကိုယ္ စိတ္ဆင္းရဲရ တတ္ ပါတယ္။
အက်ိဳးေပးဂဏန္း ၅/၄/၈
အထူးေဟာ ရန္မ်ားမည္
ယၾတာ ပဌာန္းတစ္ေန႔တစ္ေခါက္ႏႈန္းျဖင့္ ၇ရက္တိတိရြတ္ဖတ္ပူေဇာ္ပါ။

ဗုဒၶဟူး၊ရာဟု
ဒီကာလဟာ ဗုဒၶဟူးသားသမီးေတြအေနနဲ႔ စီးပြားေရး၊ လူမႈေရးအထူးေကာင္းေနတဲ့ကာလပါ။ လုပ္ငန္း ကိစၥ မ်ားအထူးေကာင္းေနမည္။မိမိဆိုင္မိမိလုပ္ငန္းတိုးတတ္မည္။ေဖာက္သည္အသစ္မ်ားရပါလိမ့္မယ္။မိမိအားလုပ္ငန္း လာအပ္သူမ်ား ၊မိမိဆိုင္တြင္ လာေရာက္အားေပးသူမ်ား အရင္ကထက္ ပိုမ်ားေနမွာပါ။ လုပ္ငန္း သစ္ စတင္ ျခင္း၊လုပ္ငန္းခ်ဲ႕ထြင္ျခင္းျပဳလုပ္လို႔ေကာင္းတဲ့အခ်ိန္ပါပဲ။ အလုပ္မွာေနရာေကာင္းရလြယ္တယ္။ ရာထူးတိုးၿပီး အလုပ္ေနရာေျပာင္းၿပီးတာဝန္ထမ္းေဆာင္ရတတ္တယ္။ မိမိအားကူညီမဲ့သူေတြအနားမွာရွိမဲ့ကာလပါ။ မိမိၾသဇာ ေညာင္း မဲ့ အခ်ိန္ေတြေပါ့။ ေကာင္းေသာခရီးေတြသြားရတတ္တယ္။ ကုသိုလ္တရားေတြလဲ စိတ္ပါလက္ပါလုပ္ျဖစ္ ေနလိမ့္မယ္။ လူငယ္ေတြကေတာ့ ခ်စ္သူအခ်င္းခ်င္းအထင္လြဲမဲ့ကာလပါ။ အခ်စ္ေရး က ေတာ့ ေမၽွာ္လင့္သလို မျဖစ္နိုင္ေသးပါဘူး။ အိမ္ေထာင္သည္ေတြကေတာ့ စုတ္ေရာ ၊လာဘ္ေရာဝင္တတ္တဲ့အတြက္ သတိထားပါ။ ေငြကုန္ေၾကးက်မ်ားမဲ့ ကာလတစ္ခုပါ။ ဝန္ထမ္း မ်ား လခစား မ်ား အေနနဲ႔ မိမိလုပ္ေဖာ္ကိုင္ဖက္မ်ားရဲ့ ခ်ီးေျမာက္ ေထာက္ ခံမႈေၾကာင့္ ေနရာေကာင္းရျခင္း ၊ ရာထူး တိုးျခင္းမ်ိဳးၾကဳံ ရမည္။ ငယ္ရြယ္သူမ်ား လူႀကီးမိဘေတြ ဆီမွာမိမိလိုခ်င္တာ ရွိရင္ ပူဆာလို႔အေကာင္းဆုံးကာလပါပဲ။ ပညာေရးကံ အေကာင္းဆုံးပါ။ ပညာရည္ထူးခၽြန္မဲ့ ကာလ ပါ။
အက်ိဳးေပးဂဏန္း ၇/၅/၁
အထူးေဟာ အဘက္ဘက္ကအဆင္ေျပမည္
ယၾတာ-ႀကံတစ္ေခ်ာင္းဝယ္ အခြံခြာ… ၁၅စိပ္စိပ္ၿပီး ဘုရားကပ္လႉပါ။

ၾကာသပေတး
ဒီကာလဟာ ၾကာသပေတးသားသမီးေတြအေနနဲ႔ သားသမီးကိစၥမ်ား ေအာက္လက္ငယ္သားကိစၥမ်ားတြင္ လိုက္ပါကူညီေပးရတတ္ပါတယ္။ မိမိအေနနဲ႔ ဘယ္သူကိုမွ မ်က္ႏွာလႊဲ၍မရဘဲကိုယ္တိုင္ကိုယ္က် လုပ္ေနရမဲ့ အခ်ိန္ပါ။ ခရီးကိစၥမ်ား ရပ္ေဝးနဲ႔ ဆက္သြယ္လုပ္ကိုင္ရေသာကိစၥမ်ား အဆင္မေျပတာမ်ိဳးၾကဳံရပါလိမ့္မယ္။ လူမ်ိဳး ျခား ဘာသာျခားေတြေၾကာင့္ စိတ္အထူးညစ္ရတတ္တယ္။ အိမ္ေထာင္ေရး အထူးအဆင္ေျပမယ္။ မိသားစုဝင္ေတြ နားလည္မႈေတြရလာလိမ့္မည္။ အလုပ္စီးပြားမ်ား ေကာင္းမလိုလိုႏွင့္ အဖ်ားရႉးသြားတတ္သည္။ က်န္းမာေရးအေနနဲ႔ ေရခ်ိဳးမွားျခင္း ၊အပူရွပ္ျခင္းမ်ိဳးၾကဳံရတတ္သည္။ အခ်စ္ေရးကိစၥမ်ား အဆင္မေျပတာၾကဳံ ရမည္။ ခ်စ္သူနဲ႔သေဘာ ထားကြဲလြဲမည္။ တစ္ဦးနဲ႔တစ္ဦးသံသယေတြမ်ားေနလိမ့္မည္။ ပညာေရးကံကေတာ့ အေကာင္းဘက္မွာရွိေနတဲ့ အခ်ိန္ပါပဲ။ အုပ္စုဖြဲ႕ ျပႆ နာရွာျခင္းၾကဳံရတတ္သည္။ အိုးအိမ္ေနရာထိုင္ခင္းကိစၥေၾကာင့္ စိတ္ညစ္ရမည္။ အေမြ ကိစၥ ေျမကိစၥနဲ႔ပတ္သက္ၿပီး စကားေျပာရမည္။ အထက္လူႀကီးၿငိဳျငင္တာခံရမည္။ အေဖ့ဘက္ကအမ်ိဳးေတြဒုကၡ ေပးလိမ့္ မည္။ မိမိအက်ိဳးစီးပြားမလုပ္ရဘဲ သူတစ္ပါးကိစၥ လူမႈေရးကိစၥေတြနဲ႔အခ်ိန္ကုန္ေနတတ္သည္။
အက်ိဳးေပးဂဏန္း ၆/၄/၁
အထူးေဟာ အလုပ္ေတြမ်ားေနတတ္သည္။
ယၾတာ-ခရီးသြားမဲ့ ရဟန္းတစ္ပါးအား ခရီးစရိတ္ေထာက္ပံ့လိုက္ပါ။

ေသာၾကာ
ဒီကာလဟာ ေသာၾကာသားသမီးေတြအေနနဲ႔ အရမ္းျခဴျခာလြယ္မဲ့အခ်ိန္ပါပဲ။ အေနအထိုင္အနည္းငယ္ မဆင္ျခင္တာနဲ႔ေဆး႐ုံေဆးခန္းေရာက္ရတတ္ပါတယ္။အရက္ေသစာေသာက္စားျခင္းမ်ိဳးရွိရင္ဒီကာလမွာမေသာက္ တာအေကာင္းဆုံးပါပဲ။က်န္းမာေရးညံ့သြားတတ္လို႔ပါ။ေရႊေငြလက္ဝတ္ရတနာမ်ားေပ်ာက္ရွျခင္း၊က်ေပ်ာက္ ျခင္း မ်ိဳး ၾကဳံရတတ္ပါတယ္။ ေငြကုန္ေၾကးက်မ်ားတတ္တယ္ေနာ္။ ေငြဝင္တာကနည္းနည္း ထြက္တာက မ်ားမ်ား ဆို တာမ်ိဳးေပါ့။ မသြားခ်င္ေသာခရီးေတြလဲသြားရတတ္ပါတယ္။ ကိုယ္စိတ္ႏွစ္ပါး ပင္ပန္းေနမည္။ အခက္ အခဲျပႆနာ မ်ားရင္ဆိုင္ေျဖရွင္းရမည္။ သူမ်ားေငြေၾကာင့္ဒုကၡေရာက္တတ္သည္။ ၾကားကအာမခံေပးတာ မ်ိဳး မလုပ္ပါနဲ႔။ သူမ်ားေငြ ခဏသိမ္းခိုင္းတာမ်ိဳး၊အဖြဲ႕အစည္းကေငြေတြခဏသိမ္းခိုင္းတာမ်ိဳးေတြ လက္မခံပါႏွင့္ ။အလုပ္ ေျပာင္း၊ ေနရာေျပာင္း၊ဌာနေျပာင္း ၊အိမ္ေျပာင္းဆိုတာမ်ိဳးေတြလဲၾကဳံရတတ္ပါတယ္။ ဒီကာလထဲ ေရႊဝယ္ တာမ်ိဳး မလုပ္ ပါနဲ႔။ လာဘ္ပိတ္သြားတတ္လို႔ပါ။ သားသမီးကိစၥအထူးပူပန္ရတတ္တယ္။ က်န္မားေရးအေနနဲ႔ ကိုယ္လက္ မအီမသာ ျဖစ္တာ ၊ေသြးတိုးတာေလးလံထိုင္းမွိုင္းေနတာမ်ိဳးၾကဳံရပါလိမ့္မယ္။ အိမ္ေထာင္သည္မ်ား အိမ္ေထာင္ ဘက္ နဲ႔ စကားမ်ားရန္ျဖစ္ရတတ္ပါတယ္။ ဝန္ထမ္းမ်ား အလုပ္တာဝန္ေတြပိေနတတ္တဲ့ကာလပါပဲ။ အခ်စ္ေရးကံ ကေတာ့ ေကာင္းေနမဲ့အခ်ိန္ပါပဲ။ ပညာေရးအေပၚ မိမိကိုယ္တိုင္စိတ္မပါျဖစ္ေနတတ္တဲ့ကာလပါ။
အက်ိဳးေပးဂဏန္း-၈/၅/၁
အထူးေဟာ-စိတ္ပင္ပန္းရမည္
ယၾတာ-ပန္းကန္တစ္ခ်ပ္ထဲလက္ဖက္ ကိုးပုံပုံၿပီး ဘုရားကပ္ပါ။

စေန
ေအာင္ျမင္မႈေတြေစာင့္ႀကိဳေနမဲ့ကာလပါပဲ။ စိတ္ခ်မ္းသာရပါလိမ့္မယ္။ အထူးသျဖင့္ အလုပ္ကိစၥမ်ား အိုး အိမ္ကိစၥ၊ရာထူးကိစၥ၊အေမြကိစၥမ်ားေၾကာင့္လဲစိတ္ခ်မ္းသာရမွာပါ။ေငြေၾကးကံေကာင္းေနမွာပါ။ ရစရာရွိတဲ့ ေငြမ်ား ၊ၾကန္ၾကာေနတဲ့ေငြမ်ား၊ အလုပ္မွာျမဳပ္ေနတဲ့ေငြမ်ားျပန္လည္ရရွိပါလိမ့္မယ္။ စက္ပစၥည္းနဲ႔ ပတ္သက္ရင္ေတာ့ ဒုကၡ မ်ားရပါလိမ့္မယ္။ မၾကာခဏခ်ိဳ႕ယြင္းေနတဲ့စက္ေၾကာင့္ စိတ္ညစ္ရမယ္။ စက္ပစၥည္းအသစ္မ်ားလဲမဝယ္ သင့္ ေသး ပါဘူး။ ပညာေရးကိစၥမ်ား၊ ဘာသာေရးကိစၥမ်ား အထူးေကာင္းမြန္ပါလိမ့္မယ္။ အခ်စ္ေရးလဲအထူးအဆင္ ေၿပ ေနမဲ့ ကာလပါပဲ။ ဒါေပမဲ့ ခ်စ္သူခ်င္းေဝးေနရတတ္ပါတယ္။ က်န္းမာေရးကေတာ့ နည္းနည္းဂ႐ုစိုက္ပါ။ ဇက္ေၾကာ တတ္ ျခင္း ေခါင္းကိုက္ျခင္း ဆီးခ်ိဳ ေသြးခ်ိဳတတ္ျခင္းမ်ိဳးႀကံရတတ္ပါတယ္။ ကံၾကမၼာေကာင္း နိမိတ္ေကာင္းေတြ ရမဲ့ ကာ လ ပါပဲ။ ေရရွည္စီမံကိန္းေတြခ်မွတ္သင့္တဲ့ေန႔ျဖစ္သလို ၊အဓိဌာန္စတင္ဝင္ေရာက္မဲ့သူေတြအတြက္ အေကာင္းဆုံး ကာလပါပဲ။စတင္တရားအားထုတ္မဲ့သူေတြအတြက္ တရားရဖို႔ အေထာက္အပံ့ေကာင္းရ ေစတဲ့အခ်ိန္ ပါပဲ။ စီးပြား ေရး လူမႈေရးအထူးေကာင္းမယ္။ လုပ္သမၽွအဆင္ေျပေနမယ္။ စိတ္ခ်မ္းသာရမယ္။အရမ္းရင္းႏွီသူေတြ ရဲ့ခြဲခြာ ရ လိမ့္မယ္။ ဖခင္က်န္းမာေရးအထူးဂ႐ုစိုက္ရလိမ့္မယ္။ ဝန္ထမ္းအဖို႔ အလုပ္ထြက္ခ်င္စိတ္ေတြေပၚေန တတ္တယ္။ မထြက္ပါနဲ႔အုံး။ ပိုဆိုးသြားတတ္ပါတယ္။
အက်ိဳးေပးဂဏန္း-၁/၉/၆
အထူးေဟာ-ကံျမင့္ေနခ်ိန္ပါပဲ
ယၾတာ-ပ်က္စီးယိုယြင္းေနၿပီျဖစ္တဲ့ ဖုန္းအားသြင္းႀကိဳးေတြရွိရင္ စြန႔္ပစ္လိုက္ပါ
၇ရက္သားသမီးအေပါင္း ရန္သူမ်ိဳးငါးပါးေဘးမွ ကင္းေဝးနိုင္ၾကပါေစ

ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ)

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box