Facebook Comments Box
အသက်ရှည်ပြီး အိုဇာတာကောင်းမွန်ခြင်း နှင့် ညံဖျင်းခြင်း

အသက်ရှည်ပြီး အိုဇာတာကောင်းမွန်ခြင်း နှင့် ညံဖျင်းခြင်း

ကျွန်ုပ်ထံလက္ခဏာမေးမြန်းကြသော မိတ်ဆွေတို့မေးလေ့မေးထရှိသော မေးခွန်းတစ်ခုရှိပါတယ်။ ဒီမေးခွန်းကတော့ “အသက်ရှည်မလား၊အိုဇာတာကောင်းမလား” ဆိုတဲ့ မေးခွန်းပါဘဲ။ ဒီမေးခွန်းကိုဖြေရတဲ့အခါ အသက်ရှည်ခြင်းနဲ့ အိုမင်းတဲ့အခါ ပြည့်စုံခြင်းတို့ကို ပေါင်းစပ်စစ်ဆေးရတာဖြစ်တယ်။ အချို့ကတော့ အသက်ရှည်ပြီး အိုဇာတာကောင်းမွန်ပြီး အစစအရာရာပြည့်စုံကြသူတွေရှိတယ်၊အချို့ကတော့ အသက်ရှည်သော်လည်း အိုဇာတာမကောင်းကြပါဘူး။ ဒီနေရာမှာ အိုဇာတာကောင်းခြင်းအတွက် အိမ်ထောင်ရှိခြင်း၊သားသမီးရှိခြင်း၊ဆွေမျိုးများခြင်း၊စီးပွား၊ရာထူးကောင်းမွန်ခြင်းတို့နဲ့ မဆိုင်ပါဘူူး။ သားသမီးများပြီး၊စီးပွားကောင်းခဲ့ပေမယ့် အသက်ကြီးတဲ့အခါ ဘယ်သူကမှမစောင့်ရှောက်လို့ လူအို စောင့်ရှောက်ရေးမှာ ချို့တဲ့စွာ နေထိုင်ရတဲ့ သက်ကြီးဘိုး၊ဘွားတွေကို အများကြီးတွေ့နိုင်သလို လူပျိုကြီး၊ဆွေမရှိ၊မျိုးမရှိ တစ်ကောင်းကြွက်ဖြစ်သော်လည်း အသက်ကြီးသည့်အခါ အလွန်အဆင်ပြေပြီး ကံကောင်းလှတဲ့သူတွေလည်းရှိပါတယ်။ ဒါကြောင့် အသက်ရှည်ခြင်း၊အိုဇာတာကောင်းခြင်းဆိုတာ ကံပေါ်မှာဘဲ မူတည်လျှက်ရှိတာဖြစ်တယ်။

လက္ခဏာကို လေ့လာတဲ့အခါ အသက်ရှည်ခြင်းအတွက် အသက်လမ်းကြောင်း၊ ဦးခေါင်းလမ်းကြောင်း၊ နှလုံးလမ်းကြောင်း စတဲ့ လမ်းကြောင်းကြီးတွေကို ချိန်ဆကြည့်ရတာဖြစ်တယ်။ မွေးနေ့၊ရက်၊လ၊ခုနှစ်၊မွေးချိန်တွေကနေရရှိတဲ့ ဇာတာမှာလည်း ဒီဃာယုသုခယောဂယုဂ် ရရှိခြင်းရှိမရှိစစ်ဆေးရပါတယ်။ ဒီလိုစစ်ဆေးတဲ့အခါ အကြမ်းအားဖြင့် လဂ်သခင်နှင့် ကြာသပတေးတို့ဟာ မိတ်သဘောဖြင့် ကောင်းသောဘာဝတို့တွင် အတူပူးယှင်နေခဲ့ရင်တော့ ယုဂ်ကောင်းရရှိပြီး အသက်ရှည်ခြင်း အိုဇာတာကောင်းခြင်းကိုဖြစ်စေပြီး စနေဂြိုဟ်နှင့် မရဏဘာဝသခင်တို့ သမ္ဗန္ဓပြုပြီးရရှိသော ဒီဃာယုသုခယောဂယုဂ် ကိုရရှိမည်ဆိုပါက အသက်ရှည်ခြင်းသာဖြစ်ပေါ်ပြီး အိုမင်းလာသည့်အခါ စနေဂြိုဟ်၏သတ္တိပြပြီး ဆင်းရဲခြင်း၊ အနာရောဂါဖိစီးခြင်းတို့ရှိကာ အိုဇာတာမကောင်းတတ်ကြောင်းကို ဘာဝတ္ထရတနာကာရကျမ်း အခန်း(၇) ဂါထာ ၁ နှင့် ၂ တို့တွင် ဖော်ပြထားသဖြင့် ထိုအချက်တို့ကို သေချာစစ်ဆေး ရပေသည်။

အိုဇာတာကောင်းမွန်းခြင်းအတွက် လက္ခဏာပညာရပ်တွင် အောင်မြင်ရေးလမ်းကြောင်းသည် အလွန်အရေးပါ လှသည်။ အောင်မြင်ရေးလမ်းကြောင်းကောင်းမွန်ပြီး အဖျက်မှတ်များကင်းသောလက္ခဏာရှင်အနေနှင့် အသက်ရှည်သည့် အခါ အိုဇာတာလည်းအလွန်ကောင်းမွန်ပြီး သားသမီး၊မြေး၊မြစ်များဖြင့် ကျန်းမာ-ချမ်းသာစွာနေထိုင်ရသူဖြစ်သော်လည်း အောင်မြင်ရေးလမ်းကြောင်း ညံ့သူအနေဖြင့် ထိုသို့မဟုတ်ပါ။ အောင်မြင်ရေးလမ်းကြောင်းတွင် အဖျက်မှတ်များပါရှိနေခဲ့ပါက အိုဇာတာတွင် ထိခိုက်တတ်ပေသည်။ ယခုတင်ပြလိုသည်မှာ အောင်မြင်ရေးလမ်းကြောင်း၏ အဆုံးတွင် ကျွန်းပါရှိသူလက္ခဏာရှင်ဖြစ်ခဲ့ပါက ဖြစ်ပေါ်လာမည့် အခြေအနေကို တင်ပြလိုပါတယ်။
အောင်မြင်ရေးလမ်းကြောင်းရဲ့ အဆုံးမှာ ကျွန်းပါရှိခဲ့ရင် အိုဇာတာလုံးဝ(လုံးဝ) မကောင်းပါဘူး။ သားသမီး၊မြေး၊မြစ် ဘယ်လောက်ပင်ရှိစေကာမူ၊ ငယ်စဉ်က ရာထူးရာခံရှိခြင်း၊ချမ်းသာခြင်းမည်မျှပင်ကြီးစေကာမူ အသက်ကြီးလာလေလေ ဒုက္ခ တွေ့ရလေလေဖြစ်တော့သည်။ အသက်ကြီးလာသည်နှင့်အတူ ဂုဏ်သိက္ခာကျဆင်းခြင်း၊ငွေကြေးပစ္စည်းများ အလိမ်ခံရခြင်း၊ သူခိုး၊ဓါးပြတို့ရန်၊ရန်သူမျိုးငါးပါးရန်ကြောင့် ပျက်စီးရခြင်း၊ အနာရောဂါတို့နိုက်စက်ခြင်း၊သားသမီးမြေးမြစ်တို့က လျစ်လျူပြုခံရခြင်း၊ မိမိရပ်တည်နေသော လူမှု့အသိုင်းအဝိုင်းမှ ဖယ်ကျင်ခံရခြင်းတို့ရှိမည်။

မျက်နာမဖော်ရဲလောက်သော လုပ်ရပ်များကြောင့် အသက်ကြီးလာသည့်အခါ အလွန်ဆင်းရဲပြီး နေရေး၊စားရေးအတွက် စိတ်ပူပင်နေရသော ဘာဝဖြစ်မည်ဟု ပြောရမည်ဖြစ်သည်။ အသက်ငယ်စဉ်က မည်မျှပင်ချမ်းသာပါစေ၊ အာဏာဘုန်းတံခိုးမည်မျှပင် ကြီးမားစေကာမူ အသက်ကြီးပါက ထိုအကြောင်းအရာအဖြစ်အပျက်များ ခံရမည်ပင်ဖြစ်သည်။ မူလဇာတာကို စစ်ဆေးသည့်အခါ စနေဂြိုဟ်နှင့် မရဏဘာဝသခင်တို့ သမ္ဗန္ဓပြုပြီးရရှိသော ဒီဃာယုသုခယောဂယုဂ် ကိုရရှိသူဖြစ်ပါက အလွန်သေချာသွားပြီဖြစ်သည်။
ထိုသို့ မိမိအနေနှင့် အိုဇာတာညံံ့သည်ကို သိသောအခါ ထိုအခြေအနေကို ကယ်တင်ရန်အတွက် ကုသိုလ်ပြုခြင်း၊ဘာသာရေးကိုအစဉ်ဆောင်ရွက်ခြင်း၊မေတ္တာပွားခြင်း၊ နွမ်းပါးသူ လူ၊တိရိစ္ဆာန်များကို ပေးလှူခြင်းတို့ကို ယခုချိန်မှစပြီး အကောင်းဆုံးဆောင်ရွက်နိုင်မှသာ သက်သာမည်ဖြစ်ရာ မိမိတို့ လက္ခဏာ၊ဇာတာတို့တွင် မိမိ၏ အသက်ကြီးပိုင်း အိုဇာတာကောင်းမွန်ခြင်းအခြေအနေကို မိမိအနေနှင့် တတ်သိသော ဆရာများထံတွင် သေချာစစ်ဆေးသင့်ပါကြောင်း တင်ပြရပါသည်။
ကင်္ကသူ

အသက္ရွည္ၿပီး အိုဇာတာေကာင္းမြန္ျခင္း ႏွင့္ ညံဖ်င္းျခင္း

ကၽြန္ုပ္ထံလကၡဏာေမးျမန္းၾကေသာ မိတ္ေဆြတို႔ေမးေလ့ေမးထရွိေသာ ေမးခြန္းတစ္ခုရွိပါတယ္။ ဒီေမးခြန္းကေတာ့ “အသက္ရွည္မလား၊အိုဇာတာေကာင္းမလား” ဆိုတဲ့ ေမးခြန္းပါဘဲ။ ဒီေမးခြန္းကိုေျဖရတဲ့အခါ အသက္ရွည္ျခင္းနဲ႔ အိုမင္းတဲ့အခါ ျပည့္စုံျခင္းတို႔ကို ေပါင္းစပ္စစ္ေဆးရတာျဖစ္တယ္။ အခ်ိဳ႕ကေတာ့ အသက္ရွည္ၿပီး အိုဇာတာေကာင္းမြန္ၿပီး အစစအရာရာျပည့္စုံၾကသူေတြရွိတယ္၊အခ်ိဳ႕ကေတာ့ အသက္ရွည္ေသာ္လည္း အိုဇာတာမေကာင္းၾကပါဘူး။ ဒီေနရာမွာ အိုဇာတာေကာင္းျခင္းအတြက္ အိမ္ေထာင္ရွိျခင္း၊သားသမီးရွိျခင္း၊ေဆြမ်ိဳးမ်ားျခင္း၊စီးပြား၊ရာထူးေကာင္းမြန္ျခင္းတို႔နဲ႔ မဆိုင္ပါဘူူး။ သားသမီးမ်ားၿပီး၊စီးပြားေကာင္းခဲ့ေပမယ့္ အသက္ႀကီးတဲ့အခါ ဘယ္သူကမွမေစာင့္ေရွာက္လို႔ လူအို ေစာင့္ေရွာက္ေရးမွာ ခ်ိဳ႕တဲ့စြာ ေနထိုင္ရတဲ့ သက္ႀကီးဘိုး၊ဘြားေတြကို အမ်ားႀကီးေတြ႕နိုင္သလို လူပ်ိဳႀကီး၊ေဆြမရွိ၊မ်ိဳးမရွိ တစ္ေကာင္းႂကြက္ျဖစ္ေသာ္လည္း အသက္ႀကီးသည့္အခါ အလြန္အဆင္ေျပၿပီး ကံေကာင္းလွတဲ့သူေတြလည္းရွိပါတယ္။ ဒါေၾကာင့္ အသက္ရွည္ျခင္း၊အိုဇာတာေကာင္းျခင္းဆိုတာ ကံေပၚမွာဘဲ မူတည္လၽွက္ရွိတာျဖစ္တယ္။

လကၡဏာကို ေလ့လာတဲ့အခါ အသက္ရွည္ျခင္းအတြက္ အသက္လမ္းေၾကာင္း၊ ဦးေခါင္းလမ္းေၾကာင္း၊ ႏွလုံးလမ္းေၾကာင္း စတဲ့ လမ္းေၾကာင္းႀကီးေတြကို ခ်ိန္ဆၾကည့္ရတာျဖစ္တယ္။ ေမြးေန႔၊ရက္၊လ၊ခုႏွစ္၊ေမြးခ်ိန္ေတြကေနရရွိတဲ့ ဇာတာမွာလည္း ဒီဃာယုသုခေယာဂယုဂ္ ရရွိျခင္းရွိမရွိစစ္ေဆးရပါတယ္။ ဒီလိုစစ္ေဆးတဲ့အခါ အၾကမ္းအားျဖင့္ လဂ္သခင္ႏွင့္ ၾကာသပေတးတို႔ဟာ မိတ္သေဘာျဖင့္ ေကာင္းေသာဘာဝတို႔တြင္ အတူပူးယွင္ေနခဲ့ရင္ေတာ့ ယုဂ္ေကာင္းရရွိၿပီး အသက္ရွည္ျခင္း အိုဇာတာေကာင္းျခင္းကိုျဖစ္ေစၿပီး စေနၿဂိဳဟ္ႏွင့္ မရဏဘာဝသခင္တို႔ သမၺႏၶျပဳၿပီးရရွိေသာ ဒီဃာယုသုခေယာဂယုဂ္ ကိုရရွိမည္ဆိုပါက အသက္ရွည္ျခင္းသာျဖစ္ေပၚၿပီး အိုမင္းလာသည့္အခါ စေနၿဂိဳဟ္၏သတၱိျပၿပီး ဆင္းရဲျခင္း၊ အနာေရာဂါဖိစီးျခင္းတို႔ရွိကာ အိုဇာတာမေကာင္းတတ္ေၾကာင္းကို ဘာဝတၳရတနာကာရက်မ္း အခန္း(၇) ဂါထာ ၁ ႏွင့္ ၂ တို႔တြင္ ေဖာ္ျပထားသျဖင့္ ထိုအခ်က္တို႔ကို ေသခ်ာစစ္ေဆး ရေပသည္။

အိုဇာတာေကာင္းမြန္းျခင္းအတြက္ လကၡဏာပညာရပ္တြင္ ေအာင္ျမင္ေရးလမ္းေၾကာင္းသည္ အလြန္အေရးပါ လွသည္။ ေအာင္ျမင္ေရးလမ္းေၾကာင္းေကာင္းမြန္ၿပီး အဖ်က္မွတ္မ်ားကင္းေသာလကၡဏာရွင္အေနႏွင့္ အသက္ရွည္သည့္ အခါ အိုဇာတာလည္းအလြန္ေကာင္းမြန္ၿပီး သားသမီး၊ေျမး၊ျမစ္မ်ားျဖင့္ က်န္းမာ-ခ်မ္းသာစြာေနထိုင္ရသူျဖစ္ေသာ္လည္း ေအာင္ျမင္ေရးလမ္းေၾကာင္း ညံ့သူအေနျဖင့္ ထိုသို႔မဟုတ္ပါ။ ေအာင္ျမင္ေရးလမ္းေၾကာင္းတြင္ အဖ်က္မွတ္မ်ားပါရွိေနခဲ့ပါက အိုဇာတာတြင္ ထိခိုက္တတ္ေပသည္။ ယခုတင္ျပလိုသည္မွာ ေအာင္ျမင္ေရးလမ္းေၾကာင္း၏ အဆုံးတြင္ ကၽြန္းပါရွိသူလကၡဏာရွင္ျဖစ္ခဲ့ပါက ျဖစ္ေပၚလာမည့္ အေျခအေနကို တင္ျပလိုပါတယ္။
ေအာင္ျမင္ေရးလမ္းေၾကာင္းရဲ့ အဆုံးမွာ ကၽြန္းပါရွိခဲ့ရင္ အိုဇာတာလုံးဝ(လုံးဝ) မေကာင္းပါဘူး။ သားသမီး၊ေျမး၊ျမစ္ ဘယ္ေလာက္ပင္ရွိေစကာမူ၊ ငယ္စဥ္က ရာထူးရာခံရွိျခင္း၊ခ်မ္းသာျခင္းမည္မၽွပင္ႀကီးေစကာမူ အသက္ႀကီးလာေလေလ ဒုကၡ ေတြ႕ရေလေလျဖစ္ေတာ့သည္။ အသက္ႀကီးလာသည္ႏွင့္အတူ ဂုဏ္သိကၡာက်ဆင္းျခင္း၊ေငြေၾကးပစၥည္းမ်ား အလိမ္ခံရျခင္း၊ သူခိုး၊ဓါးျပတို႔ရန္၊ရန္သူမ်ိဳးငါးပါးရန္ေၾကာင့္ ပ်က္စီးရျခင္း၊ အနာေရာဂါတို႔နိုက္စက္ျခင္း၊သားသမီးေျမးျမစ္တို႔က လ်စ္လ်ဴျပဳခံရျခင္း၊ မိမိရပ္တည္ေနေသာ လူမႈ႔အသိုင္းအဝိုင္းမွ ဖယ္က်င္ခံရျခင္းတို႔ရွိမည္။

မ်က္နာမေဖာ္ရဲေလာက္ေသာ လုပ္ရပ္မ်ားေၾကာင့္ အသက္ႀကီးလာသည့္အခါ အလြန္ဆင္းရဲၿပီး ေနေရး၊စားေရးအတြက္ စိတ္ပူပင္ေနရေသာ ဘာဝျဖစ္မည္ဟု ေျပာရမည္ျဖစ္သည္။ အသက္ငယ္စဥ္က မည္မၽွပင္ခ်မ္းသာပါေစ၊ အာဏာဘုန္းတံခိုးမည္မၽွပင္ ႀကီးမားေစကာမူ အသက္ႀကီးပါက ထိုအေၾကာင္းအရာအျဖစ္အပ်က္မ်ား ခံရမည္ပင္ျဖစ္သည္။ မူလဇာတာကို စစ္ေဆးသည့္အခါ စေနၿဂိဳဟ္ႏွင့္ မရဏဘာဝသခင္တို႔ သမၺႏၶျပဳၿပီးရရွိေသာ ဒီဃာယုသုခေယာဂယုဂ္ ကိုရရွိသူျဖစ္ပါက အလြန္ေသခ်ာသြားၿပီျဖစ္သည္။
ထိုသို႔ မိမိအေနႏွင့္ အိုဇာတာညံံ့သည္ကို သိေသာအခါ ထိုအေျခအေနကို ကယ္တင္ရန္အတြက္ ကုသိုလ္ျပဳျခင္း၊ဘာသာေရးကိုအစဥ္ေဆာင္ရြက္ျခင္း၊ေမတၱာပြားျခင္း၊ ႏြမ္းပါးသူ လူ၊တိရိစၧာန္မ်ားကို ေပးလႉျခင္းတို႔ကို ယခုခ်ိန္မွစၿပီး အေကာင္းဆုံးေဆာင္ရြက္နိုင္မွသာ သက္သာမည္ျဖစ္ရာ မိမိတို႔ လကၡဏာ၊ဇာတာတို႔တြင္ မိမိ၏ အသက္ႀကီးပိုင္း အိုဇာတာေကာင္းမြန္ျခင္းအေျခအေနကို မိမိအေနႏွင့္ တတ္သိေသာ ဆရာမ်ားထံတြင္ ေသခ်ာစစ္ေဆးသင့္ပါေၾကာင္း တင္ျပရပါသည္။
ကကၤသူ

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box