အိမ်တွင်း အနှောက်အယှက်ပယောဂကင်းဝေခြင်း၊ မိသားစုအတွင်း ကပ်ရောဂါကင်းဝေးခြင်းများရရှိနိုင်ရန် လပြည့်နေ့တွင် အစီအရင်ပြုလုပ်ပါ
မနက်ဖြန် လပြည့်နေ့သည် အစီအရင်တွေပေးဖို့ အချိန်အခါကောင်းအလွန်နည်းပါးတဲ့နေ့ရက်ဖြစ်ပါတယ်။ တစ်နေကုန်ကောင်းသောအချိန်က မရှိသလောက်ရှားတာတွေ့ရပါတယ်။
လပြည့်နေ့အတွက်အစီအရင်တွေဒီလအတွက် အထွေအထူးမပြောပေးတော့ပါ။
ဒါကြောင့်ဘာတွေဆောင်ရွက်လို့ရမလဲ ?
ဘာကုသိုလ်တွေလုပ်ရမလဲ? ဆိုတာကိုပြောပေးပါ့မယ်။
လပြည့်နေ့ဟာ ဗုဒ္ဓဟူးနေ့နဲ့ တိုက်ဆိုင်နေမယ်ဆိုရင်တော့ ဘုရားအနေကဇာတင်ခြင်းကိစ္စများ အထူးဆောင်ရွက်လို့ကောင်းပါတယ်။
ဒါကြောင့် အခုထိဘုရားအနေကဇာမတင်ရသေးသူတွေ လပြည့်နေ့မှာ ရဟန်းသံဃာတွေပင့်ဖိတ်ပြီးဘုရားအနေကဇာတင်လို့ အထူးကောင်းပါတယ်။
ဘုရားအနေကဇာတင်တင်ပြီးသူတွေကလဲ အိမ်ကဘုရားဆင်းတုတော်ကို ရေသပ္ပယ်ခြင်း၊ရောင်တော်ဖွင့်ခြင်း၊(လိုအပ်ပါက )ရွှေချခြင်းများ ဆောင်ရွက်ခြင်း၊ဘုရားဆောင်သန့်ရှင်းရေးလုပ်ခြင်းများ ဦးစွာပထမဆောင်ရွက်ပါ။
ထိုသိုဆောင်ရွက်ပြီးပါက ဘုရားရှင်အားပန်းဆီမီးကပ်လှူပြီး ဘုရားရှင်ကိုယ်တိုင် ဥဒါန်းကျူးရင့်တော်မူသော အနေကဇာတိ သံသာရံ အစချီတဲ့ ဥဒါန်းဂါထာကို(၇)ခေါက်တိတိရွတ်ပွားပူဇော်နိုင်ပါတယ်။ ဂါထာတော်ကအောက်မှာပေးထားပါတယ်။.
(၁) “အနေကဇာတိသံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗသံ။
ဂဟကာရံ ဂဝေသန္တာ၊ ဒုက္ခာ ဇာတိ ပုနပ္ပနံ။
(၂) ဂဟကာရက ဒိဋ္ဌာသိ၊ ပုန ဂေဟံ န ကာဟသိ။
သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋိ ဝိသင်္ခတံ။
ဝိသင်္ခါရဂတံ စိတ္တံ့၊ တဏှာနံ ခယမဇ္ဈဂါ”။
အကျိုးကျေးဇူးကတော့ အိမ်တွင်း ကျက်သရေမင်္ဂလာရှိခြင်း၊ အနှောက်အယှက်ပယောဂကင်းဝေခြင်း၊ မိသားစုအေးချမ်းခြင်း၊ မိသားစုအတွင်း ကပ်ရောဂါကင်းဝေးခြင်းအကျိုးကိုရရှိစေပါတယ်။
တစ်ဆက်တည်းပြောလိုတာက ဒီနေ့မှာ ငွေကြေး စတင်စုဆောင်းခြင်းကိစ္စများဆောင်ရွက်နိုင်ပါတယ်။ ငွေမမြဲဖြစ်နေသူများ၊ငွေကြေးလာဘ်ရွှင်လိုသူများ၊ ငွေကြေးအလေအလွင့်နည်းပါးလိုသူများအတွက်အကောင်းဆုံး အစီအမံဖြစ်ပါလိမ့်မယ်။
လပြည့်နေ့မနက် ၁၀နာရီ ၂၂မိနစ်ကနေ ၁၁နာရီ ၄၉ မိနစ်အတွင်း မိမိလက်ထဲရှိတဲ့စုမဲ့ငွေတစ်ချို့ကို စုဘူးထဲဖြစ်စေ၊ မိမိသိမ်းနေကျအိတ်ထဲဖြစ်စေ၊ ဗီဒိုထဲဖြစ်စေ၊ မီးခံသေတ္တာထဲဖြစ်စေ၊ မိမိသိမ်းလိုတဲ့နေရာတစ်ခုခုမှာ စတင်သိမ်းဆည်းစုဆောင်း လိုက်ပါ။ စတင်စုဆောင်းမဲ့ငွေကို စာအိတ်အနီနဲ့ဖြစ်စေ၊ပိတ်စအနီနဲ့ဖြစ်စေ၊အိတ်အနီနဲ့ဖြစ်စေ ထည့်ထားရင်ပိုကောင်းပါတယ်။ နောက်ရက်တွေမှာ ရလာမဲ့ငွေထဲက မိမိစုချင်တဲ့ ငွေပမာဏ ကိုထပ်ထပ်ထည့်ပြီး စုသွားပါ။ ငွေကြေးကိစ္စတော်တော်များများအဆင်ပြေပါလိမ့်မယ်။ ငွေလဲ မြဲလာလိမ့်မယ်။ ငွေစုရခက်သူများ…
စုလိုက်--ကုန်လိုက်ဖြစ်နေသူများ၊ ငွေအလေအလွင့်များနေသူများ အထက်ပါအတိုင်းဆောင်ရွက်ကြည့်ပါ။အကျိုးထူးပါလိမ့်မယ်။
ကောင်းသောဆန္ဒတွေလဲ လပြည့်ဝန်းပမာ အပြည့်အဝရရှိခံစားနိုင်ကြပါစေ
ငြိမ်းအေးလူ
Be the first to comment