Facebook Comments Box
ခရီးသွားခြင်းနှင့်ဆိုင်သော လက္ခဏာဆိုင်ရာ မှတ်ချက်များ

ခရီးသွားခြင်းနှင့်ဆိုင်သော လက္ခဏာဆိုင်ရာ မှတ်ချက်များ

ခရီးသွားခြင်းမရှိသူဆိုတာ ရှားပါတယ်။ လူတိုင်းဘဝမှာ ခရီးတစ်ခုခုကိုတော့ သွားတတ်ကြတာပါဘဲ။ ခရီးသွားခြင်းနဲ့ ကင်းကွာနေသူဆိုတာ မရှိသလောက်ကို နည်းပါးလှပါတယ်။ဒီလိုခရီးသွားတဲ့အခါ အပျော်ခရီးသွားတာရှိသလို၊ဘဝအတွက် အလုပ်အကိုင်အတွက် ခရီးရှည်တွေကို သွားနေကြရသူတွေ၊ နိုင်ငံရပ်ခြာကို ခရီးသွားနေရသူတွေ စသဖြင့် အမျိုးမျိုးသော အကြောင်းအရာကိစ္စတွေနဲ့ ခရီးရှည်များစွာသွားနေကြရတာပါ။ဒီခရီးနဲ့ပါတ်သက်လို့ လက္ခဏာပေါ်မှာ ဘယ်လိုအမှတ် အသားတွေက ခရီးသွားခြင်းကို ဖော်ပြနေသလည်း၊ကောင်းသလား၊ဆိုးသလားဆိုတာကို လေ့လာရပါတယ်။ ခရီးသွားရင်း ချမ်းသာအောင်မြင်ကြသလို ခရီးသွားရင် ဒုက္ခတွေ့ကြရသူတွေ၊အသက်သေဆုံးကြသူတွေလည်း ရှိကြလို့ပါဘဲ။.

ရေခြားမြေခြားနှင့်ဆိုင်သောလမ်းကြောင်းများ။
၁။ ပထမ လက်ကောက်ရစ်မှ စတင်သော လမ်းကြောင်းတိုလေးများဟာ

တနင်္လာဂြိုဟ်ခုံကို တက်ရောက်ထိုးတက်နေတဲ့အခြေအနေပါခဲ့ရင် ဒီပုဂ္ဂိုဟ်ဟာ ပြည်ပနိုင်ငံတစ်ခုခု(ရေခြားမြေခြား)မှာ အခြေချနေထိုင်ခြင်း၊ ကြာမြင့်စွာနေထိုင်ခြင်းနဲ့ ပြည်ပနိုင်ငံတစ်ခုခုမှာ အလုပ်အကိုင် လုပ်ဆောင်ခြင်းတို့ရှိပါလိမ့်မယ်။

၂။ အသက်လမ်းကြောင်းကနေ လမ်းကြောင်းငယ်တစ်ခုဟာ
တနင်္လာဂြိုဟ်ခုံဘက်ကို ထိုးဆင်းလာတာ၊ အသက်လမ်းကြောင်းနဲ့ ပြိုင်ပြီး လက်ကောက်ရစ်နားအထိ ဆင်းလာတာဆိုရင်လည်း ပြည်ပနိုင်ငံတွေအထိ သွားရောက်ရတဲ့ ခရီးသွားလမ်းကြောင်းဘဲဖြစ်တယ်။.

၃။ တနင်္လာဂြိုဟ်ခုံကနေ စတင်တဲ့ လမ်းကြောင်းငယ်လေးတွေဟာ
အသက်လမ်းကြောင်းဘက်ကို ဦးတည်ထွက်ပေါ်နေခဲ့ရင်လည်း ပလယ်ရပ်ခြားခရီးသွားရတဲ့ အမှတ်အသားတစ်ခုဘဲဖြစ်တယ်။

၄။ အင်္ဂါဂြိုခုံကနေ ထွက်ပေါ်လာတဲ့လမ်းကြောင်းဟာ
အသက်လမ်းကြောင်းကို ဖြတ်ပြီးထွက်ပေါ်တာ၊ထိနေတာ ဆိုရင်လည်း ခရီးသွားရတဲ့ လမ်းကြောင်းဖြစ်တယ်။ ဒီနေရာမှာ အင်္ဂါဂြိုဟ်ကထွက်လာတဲ့ လမ်းကြောင်းဟာ အသက်လမ်းကို ဖြတ်တဲ့အခါ အဲဒီလမ်းကြောင်းကို ဥပါဒ်လမ်းလို့လည်းခေါ်ပြီး အသက်ကို ခြိမ်းခြောက်တတ်တဲ့ လမ်းကြောင်းလို့လည်း ဆိုပါတယ်။ ခရီးသွားခြင်းကို သုံးသပ်မယ်ဆိုရင်တော့ အဲဒီလမ်းကြောင်းဖြတ်တဲ့ အသက်အရွယ်မှာသွားရတဲ့ခရီးဟာ ခရီးကြမ်းတစ်ခုဖြစ်နိုင်တယ်၊ အသက်နဲ့ရင်းနှီးရတဲ့ စွန့်စားတဲ့ ခရီးလို့ပြောရင်လည်း ရတဲ့ လမ်းကြောင်းဖြစ်တယ်။

၅။ တနင်္လာဂြိုဟ်ခုံပေါ်က အလျားလိုက်လမ်းကြောင်းများကတော့
ရေးလမ်းကြောင်းနဲ့သက်ဆိုင်တဲ့ လမ်းကြောင်းတွေဖြစ်တာများပါတယ်။ ရေလမ်းခရီးတစ်ခုထဲကို ပြတာတော့ မဟုတ်ပါဘူး၊ သုတေသနပြုချက်အရ အခြားနိုင်ငံတစ်ခုမှာ ရေထွက်ပစ္စည်းလုပ်ငန်းလုပ်နေတဲ့သူ(ရေနဲ့ပါတ်သက်တဲ့သူ)လည်းဖြစ်နိုင်ပါသေးတယ်။

၆။ လက်သန်းအောက် အင်္ဂါဂြိုဟ်ခုံမှ လမ်းကြောင်းတစ်ခုဟာ
အထက် တနင်္ဂနွေဂြိုဟ်ခုံကို ကွေတက်သွားတဲ့ လမ်းကြောင်းဟာလည်း ခရီးရှည်သွားပြီး အောင်မြင်ခြင်းကို ဖော်ပြတဲ့ လမ်းကြောင်းတစ်ခုဖြစ်တယ်။ ဒီလိုလမ်းကြောင်းပါတဲ့သူဟာ ခရီးရှည်မှာအောင်မြင်ဖို့ အတိုက်အခိုက်တွေကြားက ရုံးကန်လှုပ်ရှားရတာဖြစ်ပါတယ်။

အခြားသော လမ်းကြောင်းဆိုင်ရာ သိမှတ်စရာများကတော့
အသက်လမ်းကြောင်းဟာ ခရင်းခွပုံစံဖြစ်သွားပြီး မူလအသက်လမ်းကြောင်းနဲ့ အားတူသော လမ်းကြောင်းတစ်ခုက တနင်္လာဂြိုဟ်ခုံဘက်ကို အားပြုနေခဲ့မယ်ဆိုရင်တော့ ဒီပုဂ္ဂိုဟ်ဟာ မွေးရပ်မြေကို စွန့်ခွာပြီး ရေခြားမြေခြားတစ်နေရာရာမှာ သေသည့်တိုင် လုပ်ကိုင်စားသောက်နေထိုင်မယ်ဆိုတဲ့ အမှတ် အသားဖြစ်တယ်။ ဒါပေမယ့်တစ်ခုသတိထားရမှာက အသက်လမ်းကြောင်းဟာ လေးကိုင်းပုံစံကွေးပြီး သောကြာဂြိုဟ်ခုံကို အတိအကျ ပါတ်နေခဲ့မယ်ဆိုရင်တော့ ပြည်ပခရီးထက် ၊ပြည်တွင်ရဲ့ မွေးရပ်မြေနဲ့ဝေးရာမှာ လည်း ဖြစ်နိုင်ပါတယ်။

တနင်္လာဂြိုဟ်ခံကထွက်ပေါ်လာတဲ့ ခရီးသွားလမ်းကြောင်းဟာ ကံလမ်းကြောင်း၊ အောင်မြင်ရေးလမ်းကြောင်း တို့ကို ထိစပ်နေခဲ့မယ်ဆိုရင်တော့ ခရီးသွားခြင်းကြောင့် ချမ်းသာခြင်း၊အောင်မြင်ခြင်း၊ကံကောင်းခြင်းတွေ များစွာရမယ့်သူတွေဖြစ်တယ်။ ဒီပုဂ္ဂိုဟ်တွေဟာ ခရီးသွားလုပ်ငန်းပိုင်ရှင်တွေမှာလည်း တွေ့ရတတ်သလို ခရီးသွားခြင်းကြောင့် အကျိုးများသူတွေမှာလည်း တွေ့ရတတ်ပါတယ်။

တနင်္လာဂြိုဟ်ခုံက စတင်ထွက်ပေါ်လာတဲ့ ခရီးသွားလမ်းကြောင်းဟာ လက်ကောက်ရစ်ကို ကွေ့ဆင်းနေရင် တော့ မအောင်မြင်တဲ့ ခရီးကို ဖော်ပြတယ်။ သွားခဲ့တဲ့ခရီးရဲ့ ရည်မှန်ချက်မပြည့်နိုင်တာကို ဖော်ပြတာဖြစ်တယ်။ ဒီလမ်းကြောင်းမှာ ကြက်ခြေအမှတ်ပါရှိနေမယ်ဆိုရင်တော့ အလွန်ဆိုးပါတယ်၊ ခရီးလမ်းမှာဘဲ အသက် အန္တရာယ်တောင်ဖြစ်တတ်ပါတယ်။

တနင်္လာဂြိုဟ်ခုံကထွက်ပေါ်လာတဲ့ မည့်သည့်ခရီးလမ်းကြောင်းဖြစ်ပါစေ၊တနင်္လာဂြိုဟ်ခုံကို ဝင်ရောက်လာတဲ့ မည်သည့်ခရီးလမ်းဖြစ်ပါစေ အစ၊အဆုံးများမှာ ကျွန်းအမှတ်အသားပါရှိနေရင် မအောင်မြင်သောခရီးကို ပြတာဖြစ်တယ်။ရေလမ်းခရီးနဲ့ပါတ်သက်ရင် သင်္ဘောနစ်တာကအစ၊အသက်အန္တရာယ်ရှိပါတယ်။ တနင်္လာဂြိုဟ်ခုံမှာ ခရီးလမ်းကြောင်းနှစ်ခုဆုံတွေ့ပြီး ကြက်ခြေပုံဖြစ်နေရင် ခရီးတစ်ခုအတွက် အကြိမ်ကြိမ်ကြိုး စားရတာဖြစ်ပါတယ်။

ခရီးသွားလမ်းကြောင်းများပေါ်မှာ ကြက်ခြေ၊ကျွန်း၊အခြားလမ်းကြောင်းတိုတစ်ခုခုရဲ့ အဖြက်မှတ်၊ လမ်းပြတ်များ ပါရှိနေရင် အဆိုပါခရီးဟာ မဖျောင့်ဖြူးပါဘူး။ လမ်းခရီးမှာ သောကတွေနဲ့ အခက်အခဲတွေရင်ဆိုင်ရမယ်ဆိုတဲ့ အချက်ကို ပြနေတာဖြစ်ပါတယ်။ ဒီလမ်းကြောင်းတွေကို ကြည့်တဲ့အခါ လက်ပုံစံ၊လက်ရေစာနဲ့ အခြားသောလမ်းကြောင်းများ၊ ဂြိုဟ်ခုံများကိုလည်း ပေါင်းစပ်သုံးသပ်ရမှာဖြစ်ပါတယ်။ ဒီလိုသုံးသတ်ပြီး အသက်အရွယ်ပိုင်းခြားလိုက်တဲ့အခါမှ တိကျတဲ့ ဟောချက်ကို ရရှိနိုင်ပါကြေင်း တင်ပြရပါတယ်။
ကင်္ကသူ

ခရီးသြားျခင္းႏွင့္ဆိုင္ေသာ လကၡဏာဆိုင္ရာ မွတ္ခ်က္မ်ား

ခရီးသြားျခင္းမရွိသူဆိုတာ ရွားပါတယ္။ လူတိုင္းဘဝမွာ ခရီးတစ္ခုခုကိုေတာ့ သြားတတ္ၾကတာပါဘဲ။ ခရီးသြားျခင္းနဲ႔ ကင္းကြာေနသူဆိုတာ မရွိသေလာက္ကို နည္းပါးလွပါတယ္။ဒီလိုခရီးသြားတဲ့အခါ အေပ်ာ္ခရီးသြားတာရွိသလို၊ဘဝအတြက္ အလုပ္အကိုင္အတြက္ ခရီးရွည္ေတြကို သြားေနၾကရသူေတြ၊ ႏိုင္ငံရပ္ျခာကို ခရီးသြားေနရသူေတြ စသျဖင့္ အမ်ိဳးမ်ိဳးေသာ အေၾကာင္းအရာကိစၥေတြနဲ႔ ခရီးရွည္မ်ားစြာသြားေနၾကရတာပါ။ဒီခရီးနဲ႔ပါတ္သက္လို႔ လကၡဏာေပၚမွာ ဘယ္လိုအမွတ္ အသားေတြက ခရီးသြားျခင္းကို ေဖာ္ျပေနသလည္း၊ေကာင္းသလား၊ဆိုးသလားဆိုတာကို ေလ့လာရပါတယ္။ ခရီးသြားရင္း ခ်မ္းသာေအာင္ျမင္ၾကသလို ခရီးသြားရင္ ဒုကၡေတြ႕ၾကရသူေတြ၊အသက္ေသဆုံးၾကသူေတြလည္း ရွိၾကလို႔ပါဘဲ။

ေရျခားေျမျခားႏွင့္ဆိုင္ေသာလမ္းေၾကာင္းမ်ား။
၁။ ပထမ လက္ေကာက္ရစ္မွ စတင္ေသာ လမ္းေၾကာင္းတိုေလးမ်ားဟာ

တနလၤာၿဂိဳဟ္ခုံကို တက္ေရာက္ထိုးတက္ေနတဲ့အေျခအေနပါခဲ့ရင္ ဒီပုဂၢိဳဟ္ဟာ ျပည္ပႏိုင္ငံတစ္ခုခု(ေရျခားေျမျခား)မွာ အေျခခ်ေနထိုင္ျခင္း၊ ၾကာျမင့္စြာေနထိုင္ျခင္းနဲ႔ ျပည္ပႏိုင္ငံတစ္ခုခုမွာ အလုပ္အကိုင္ လုပ္ေဆာင္ျခင္းတို႔ရွိပါလိမ့္မယ္။

၂။ အသက္လမ္းေၾကာင္းကေန လမ္းေၾကာင္းငယ္တစ္ခုဟာ
တနလၤာၿဂိဳဟ္ခုံဘက္ကို ထိုးဆင္းလာတာ၊ အသက္လမ္းေၾကာင္းနဲ႔ ၿပိဳင္ၿပီး လက္ေကာက္ရစ္နားအထိ ဆင္းလာတာဆိုရင္လည္း ျပည္ပႏိုင္ငံေတြအထိ သြားေရာက္ရတဲ့ ခရီးသြားလမ္းေၾကာင္းဘဲျဖစ္တယ္။

၃။ တနလၤာၿဂိဳဟ္ခုံကေန စတင္တဲ့ လမ္းေၾကာင္းငယ္ေလးေတြဟာ
အသက္လမ္းေၾကာင္းဘက္ကို ဦးတည္ထြက္ေပၚေနခဲ့ရင္လည္း ပလယ္ရပ္ျခားခရီးသြားရတဲ့ အမွတ္အသားတစ္ခုဘဲျဖစ္တယ္။

၄။ အဂၤါၿဂိဳခုံကေန ထြက္ေပၚလာတဲ့လမ္းေၾကာင္းဟာ
အသက္လမ္းေၾကာင္းကို ျဖတ္ၿပီးထြက္ေပၚတာ၊ထိေနတာ ဆိုရင္လည္း ခရီးသြားရတဲ့ လမ္းေၾကာင္းျဖစ္တယ္။ ဒီေနရာမွာ အဂၤါၿဂိဳဟ္ကထြက္လာတဲ့ လမ္းေၾကာင္းဟာ အသက္လမ္းကို ျဖတ္တဲ့အခါ အဲဒီလမ္းေၾကာင္းကို ဥပါဒ္လမ္းလို႔လည္းေခၚၿပီး အသက္ကို ၿခိမ္းေျခာက္တတ္တဲ့ လမ္းေၾကာင္းလို႔လည္း ဆိုပါတယ္။ ခရီးသြားျခင္းကို သုံးသပ္မယ္ဆိုရင္ေတာ့ အဲဒီလမ္းေၾကာင္းျဖတ္တဲ့ အသက္အ႐ြယ္မွာသြားရတဲ့ခရီးဟာ ခရီးၾကမ္းတစ္ခုျဖစ္ႏိုင္တယ္၊ အသက္နဲ႔ရင္းႏွီးရတဲ့ စြန႔္စားတဲ့ ခရီးလို႔ေျပာရင္လည္း ရတဲ့ လမ္းေၾကာင္းျဖစ္တယ္။

၅။ တနလၤာၿဂိဳဟ္ခုံေပၚက အလ်ားလိုက္လမ္းေၾကာင္းမ်ားကေတာ့
ေရးလမ္းေၾကာင္းနဲ႔သက္ဆိုင္တဲ့ လမ္းေၾကာင္းေတြျဖစ္တာမ်ားပါတယ္။ ေရလမ္းခရီးတစ္ခုထဲကို ျပတာေတာ့ မဟုတ္ပါဘူး၊ သုေတသနျပဳခ်က္အရ အျခားႏိုင္ငံတစ္ခုမွာ ေရထြက္ပစၥည္းလုပ္ငန္းလုပ္ေနတဲ့သူ(ေရနဲ႔ပါတ္သက္တဲ့သူ)လည္းျဖစ္ႏိုင္ပါေသးတယ္။

၆။ လက္သန္းေအာက္ အဂၤါၿဂိဳဟ္ခုံမွ လမ္းေၾကာင္းတစ္ခုဟာ
အထက္ တနဂၤေႏြၿဂိဳဟ္ခုံကို ေကြတက္သြားတဲ့ လမ္းေၾကာင္းဟာလည္း ခရီးရွည္သြားၿပီး ေအာင္ျမင္ျခင္းကို ေဖာ္ျပတဲ့ လမ္းေၾကာင္းတစ္ခုျဖစ္တယ္။ ဒီလိုလမ္းေၾကာင္းပါတဲ့သူဟာ ခရီးရွည္မွာေအာင္ျမင္ဖို႔ အတိုက္အခိုက္ေတြၾကားက ႐ုံးကန္လႈပ္ရွားရတာျဖစ္ပါတယ္။

အျခားေသာ လမ္းေၾကာင္းဆိုင္ရာ သိမွတ္စရာမ်ားကေတာ့
အသက္လမ္းေၾကာင္းဟာ ခရင္းခြပုံစံျဖစ္သြားၿပီး မူလအသက္လမ္းေၾကာင္းနဲ႔ အားတူေသာ လမ္းေၾကာင္းတစ္ခုက တနလၤာၿဂိဳဟ္ခုံဘက္ကို အားျပဳေနခဲ့မယ္ဆိုရင္ေတာ့ ဒီပုဂၢိဳဟ္ဟာ ေမြးရပ္ေျမကို စြန႔္ခြာၿပီး ေရျခားေျမျခားတစ္ေနရာရာမွာ ေသသည့္တိုင္ လုပ္ကိုင္စားေသာက္ေနထိုင္မယ္ဆိုတဲ့ အမွတ္ အသားျဖစ္တယ္။ ဒါေပမယ့္တစ္ခုသတိထားရမွာက အသက္လမ္းေၾကာင္းဟာ ေလးကိုင္းပုံစံေကြးၿပီး ေသာၾကာၿဂိဳဟ္ခုံကို အတိအက် ပါတ္ေနခဲ့မယ္ဆိုရင္ေတာ့ ျပည္ပခရီးထက္ ၊ျပည္တြင္ရဲ႕ ေမြးရပ္ေျမနဲ႔ေဝးရာမွာ လည္း ျဖစ္ႏိုင္ပါတယ္။

တနလၤာၿဂိဳဟ္ခံကထြက္ေပၚလာတဲ့ ခရီးသြားလမ္းေၾကာင္းဟာ ကံလမ္းေၾကာင္း၊ ေအာင္ျမင္ေရးလမ္းေၾကာင္း တို႔ကို ထိစပ္ေနခဲ့မယ္ဆိုရင္ေတာ့ ခရီးသြားျခင္းေၾကာင့္ ခ်မ္းသာျခင္း၊ေအာင္ျမင္ျခင္း၊ကံေကာင္းျခင္းေတြ မ်ားစြာရမယ့္သူေတြျဖစ္တယ္။ ဒီပုဂၢိဳဟ္ေတြဟာ ခရီးသြားလုပ္ငန္းပိုင္ရွင္ေတြမွာလည္း ေတြ႕ရတတ္သလို ခရီးသြားျခင္းေၾကာင့္ အက်ိဳးမ်ားသူေတြမွာလည္း ေတြ႕ရတတ္ပါတယ္။

တနလၤာၿဂိဳဟ္ခုံက စတင္ထြက္ေပၚလာတဲ့ ခရီးသြားလမ္းေၾကာင္းဟာ လက္ေကာက္ရစ္ကို ေကြ႕ဆင္းေနရင္ ေတာ့ မေအာင္ျမင္တဲ့ ခရီးကို ေဖာ္ျပတယ္။ သြားခဲ့တဲ့ခရီးရဲ႕ ရည္မွန္ခ်က္မျပည့္ႏိုင္တာကို ေဖာ္ျပတာျဖစ္တယ္။ ဒီလမ္းေၾကာင္းမွာ ၾကက္ေျခအမွတ္ပါရွိေနမယ္ဆိုရင္ေတာ့ အလြန္ဆိုးပါတယ္၊ ခရီးလမ္းမွာဘဲ အသက္ အႏၲရာယ္ေတာင္ျဖစ္တတ္ပါတယ္။

တနလၤာၿဂိဳဟ္ခုံကထြက္ေပၚလာတဲ့ မည့္သည့္ခရီးလမ္းေၾကာင္းျဖစ္ပါေစ၊တနလၤာၿဂိဳဟ္ခုံကို ဝင္ေရာက္လာတဲ့ မည္သည့္ခရီးလမ္းျဖစ္ပါေစ အစ၊အဆုံးမ်ားမွာ ကြၽန္းအမွတ္အသားပါရွိေနရင္ မေအာင္ျမင္ေသာခရီးကို ျပတာျဖစ္တယ္။ေရလမ္းခရီးနဲ႔ပါတ္သက္ရင္ သေဘၤာနစ္တာကအစ၊အသက္အႏၲရာယ္ရွိပါတယ္။ တနလၤာၿဂိဳဟ္ခုံမွာ ခရီးလမ္းေၾကာင္းႏွစ္ခုဆုံေတြ႕ၿပီး ၾကက္ေျခပုံျဖစ္ေနရင္ ခရီးတစ္ခုအတြက္ အႀကိမ္ႀကိမ္ႀကိဳး စားရတာျဖစ္ပါတယ္။

ခရီးသြားလမ္းေၾကာင္းမ်ားေပၚမွာ ၾကက္ေျခ၊ကြၽန္း၊အျခားလမ္းေၾကာင္းတိုတစ္ခုခုရဲ႕ အျဖက္မွတ္၊ လမ္းျပတ္မ်ား ပါရွိေနရင္ အဆိုပါခရီးဟာ မေဖ်ာင့္ျဖဴးပါဘူး။ လမ္းခရီးမွာ ေသာကေတြနဲ႔ အခက္အခဲေတြရင္ဆိုင္ရမယ္ဆိုတဲ့ အခ်က္ကို ျပေနတာျဖစ္ပါတယ္။ ဒီလမ္းေၾကာင္းေတြကို ၾကည့္တဲ့အခါ လက္ပုံစံ၊လက္ေရစာနဲ႔ အျခားေသာလမ္းေၾကာင္းမ်ား၊ ၿဂိဳဟ္ခုံမ်ားကိုလည္း ေပါင္းစပ္သုံးသပ္ရမွာျဖစ္ပါတယ္။ ဒီလိုသုံးသတ္ၿပီး အသက္အ႐ြယ္ပိုင္းျခားလိုက္တဲ့အခါမွ တိက်တဲ့ ေဟာခ်က္ကို ရရွိႏိုင္ပါေၾကင္း တင္ျပရပါတယ္။
ကကၤသူ

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box