စိတ်နေသဘောထား နှင့် လက္ခဏာများ အပိုင်း ( ၃ )
မှတ်ဖွယ်မှတ်ရာ လက္ခဏာပညာ
(1)
လက္ခဏာပညာရပ်တွင် လက်ချောင်းများ၏ အပေါ်ဆုံးပထမဆစ်ကို စိတ်ကူးစိတ်သန်းများ၊ ဒုတိယဆစ်ကို ဆင်ခြင်တုံတရား၊
တတိယဆစ်ကိုတော့ ရုပ်ပိုင်းဆန်ခြင်း စတဲ့သဘောတရားများကို ရည်ညွှန်းပါတယ်။ (1)
(2)
လက်ချောင်များရဲ့ လက်ချောင်းရင်း တတိယဆစ်အားလုံး မို့မောက်နေပါက (တနည်း) ရွှေအိုးငွေအိုးဖြစ်နေပါက လူမှုစီးပွား၊ လိင်မှုအရေးတို့၌ ရုပ်ပိုင်းဆန်ဆန် ဦးစားပေးလိုကြောင်းကို ညွှန်ပြနေပါတယ်။
ကိုယ်လိုချင်ရာကို မရ,ရအောင် ယူတတ်တဲ့အလေ့ရှိသူ ဖြစ်သလို ကြွယ်ဝမှုကို ဖြစ်ထွန်းစေပါတယ်၊ ပစ္စည်းရှိလျှင် ဂုဏ်ပါဝါပြခြင်း၊ ကြွားဝါချင်သော စိတ်သဘောထားလည်း ရှိတတ်ပါတယ်၊ (အခြားလမ်းကြောင်းများနှင့် ညှိုနှိုင်းဆုံးဖြတ်ရန် သတိပြုပါ) ။ (2)
(3)
လက်ချောင်းများရဲ့တတိယဆစ်တွေဟာ မို့မောက်ခြင်းမရှိဘဲ ပုံမှန်အတိုင်းသာရှိနေပါက စီးပွားဥစ္စာ ဂုဏ်ရောင်မတင်ပဲ အနေပုံမှန်သာ ရှိတတ်ပါတယ်၊ တရားသဘော လက်ကိုင်ထားတတ်သူလည်း ဖြစ်တတ်ပါတယ်။ (3)
(4)
လက်ချောင်းထိပ်များ၌ ဗွေလျောများများပါ၍ တူညီစွာအတွင်းယိုင်ဖြစ်နေလျှင် တစ်ကိုယ်ကောင်းဆန်စိတ်မရှိဘဲ အားလုံးအပေါ် မေတ္တာညီတူထားနိုင်သောသူများ ဖြစ်ပါတယ်။
ဆရာတင်နိုင်လင်း(သိပ္ပံလက္ခဏာနဲ့ ဗေဒင်ပညာ)
(1)
(2)
(3)
(4)
Be the first to comment