စိတ်နေသဘောထား နှင့် လက္ခဏာများ အပိုင်း ( ၂ )
မှတ်ဖွယ်မှတ်ရာ လက္ခဏာပညာ
(1)
ဉာဏ်လမ်းကြောင်းဟာ အစပိုင်းမှာ အသက်လမ်းကြောင်းနဲ့ရှည်လျားစွာပူးတွဲနေပြီး အဖျားပိုင်းဟာလည်း အသက်လမ်းကြောင်းနှင့် မကွေမကွာ တနင်္လာဂြိုလ်ခုံအောက်ဘက်ဆီ တည်ရှိ/ညွှန်ပြနေပါက သဘောစိတ်ကူးကောင်းသော်လည်း အားနာလိုက်လျောမှုများကာ သူများခိုင်းဘက် ဖြစ်နေတတ်ပါတယ်၊ သူတစ်ပါးရဲ့အခိုင်းမခံရရင်လည်း ``ငါမရှိရင် မဖြစ်ဘူး´´ဆိုပြီး သူဌေးက ခြံစောင့်ဖြစ်တတ်တဲ့ လက္ခဏာမျိုးပါ။
(2)
အသက်လမ်းကြောင်းမှ အထက်သို့တက်လာသော အတက်လမ်းကြောင်းငယ်များနှင့် ဉာဏ်လမ်းကြောင်းမှ အောက်ဘက်သို့ဆင်းလာသော လမ်းကြောင်းငယ်များ ရောယှက်ရှုပ်ထွေးနေပါက ဘဝတွင် တိုးတက်မည့်အခွင့်အလမ်းများရသော်လည်း မပြတ်သားခြင်း၊ စိတ်ရှုပ်ထွေးခြင်းတို့ကြောင့် အသုံးမချနိုင်၊ အောင်မြင်မှုမရလေဘဲ အခွင့်အရေးလက်လွှတ်လိုက်ရသူများ၏လက္ခဏာ ဖြစ်ပါတယ်။
(3)
ဉာဏ်လမ်းမှ အောက်ဘက်ဆင်းတဲ့ လမ်းငယ်တစ်ခုစ နှစ်ခုစ,ပါရင် အမြဲတစ်စေစိတ်ရှုပ်ထွေးခြင်းမဟုတ်ဘဲ တစ်ခါတစ်မှသာ အကြီးအကျယ်စိတ်ရှုပ်ရခြင်းကို ပြဆိုပါတယ်။
(4)
ဗုဒ္ဓဟူးဂြိုလ်ခုံနဲ့ တနင်္ဂနွေဂြိုလ်ခုံတွေဆီ တက်လာတဲ့ လမ်းကြောင်းနှစ်ခုဟာ ဆက်စပ်ပြီး ဖလားခွက်ပုံစံဖြစ်နေပါက မှန်မှန်ကန်ကန်နဲ့ လောဘဇောတိုက်ပြီး စီးပွားရှာတတ်သလို ကုသိုလ်ကောင်းမှုအတွက်လည်း လုပ်ဆောင်ပါတယ်။
(5)
၎င်းလမ်းကြောင်းငယ်များဟာ အထက်ဘက်သို့အညွှန့်မတက်ပဲ အောက်ဘက်ဆီသို့သာ ဇောက်ထိုးဖြစ်ညွှန်ပြနေလျှင် မမှန်မကန်စီးပွားရှာ၍ အောင်မြင်ဖြစ်ထွန်းပြီး ဘာသာရေးကိုလည်း ပြစ်ပယ်တတ်ပါတယ်။
(6)
လက်သန်းနဲ့ လက်ခလယ်ကြား အောက်ဘက်နားမှာ (ပွိုင့်ချော်နေတဲ့)လက်ရေစာတစ်ခုရှိနေရင် သူတစ်ပါးအား လိုက်ပြီးဝေဖန်သုံးသပ်တတ်၊ စကားနှိုက်တတ်ပါတယ်။
ဆရာတင်နိုင်လင်း(သိပ္ပံလက္ခဏာနဲ့ ဗေဒင်ပညာ)
(1)
ဥာဏ်လမ်းကြောင်းဟာ အစပိုင်းမှာ အသက်လမ်းကြောင်းနဲ့ရှည်လျားစွာပူးတွဲနေပြီး အဖျားပိုင်းဟာလည်း အသက်လမ်းကြောင်းနှင့် မကွေမကွာ တနင်္လာဂြိုလ်ခုံအောက်ဘက်ဆီ တည်ရှိ/ညွှန်ပြနေပါက သဘောစိတ်ကူးကောင်းသော်လည်း အားနာလိုက်လျောမှုများကာ သူများခိုင်းဘက် ဖြစ်နေတတ်ပါတယ်၊ သူတစ်ပါးရဲ့အခိုင်းမခံရရင်လည်း ``ငါမရှိရင် မဖြစ်ဘူး´´ဆိုပြီး သူဌေးက ခြံစောင့်ဖြစ်တတ်တဲ့ လက္ခဏာမျိုးပါ။
(2)
အသက်လမ်းကြောင်းမှ အထက်သို့တက်လာသော အတက်လမ်းကြောင်းငယ်များနှင့် ဥာဏ်လမ်းကြောင်းမှ အောက်ဘက်သို့ဆင်းလာသော လမ်းကြောင်းငယ်များ ရောယှက်ရှုပ်ထွေးနေပါက ဘဝတွင် တိုးတက်မည့်အခွင့်အလမ်းများရသော်လည်း မပြတ်သားခြင်း၊ စိတ်ရှုပ်ထွေးခြင်းတို့ကြောင့် အသုံးမချနိုင်၊ အောင်မြင်မှုမရလေဘဲ အခွင့်အရေးလက်လွှတ်လိုက်ရသူများ၏လက္ခဏာ ဖြစ်ပါတယ်။
(3)
ဥာဏ်လမ်းမှ အောက်ဘက်ဆင်းတဲ့ လမ်းငယ်တစ်ခုစ နှစ်ခုစ,ပါရင် အမြဲတစ်စေစိတ်ရှုပ်ထွေးခြင်းမဟုတ်ဘဲ တစ်ခါတစ်မှသာ အကြီးအကျယ်စိတ်ရှုပ်ရခြင်းကို ပြဆိုပါတယ်။
(4)
(5)
(6)
Be the first to comment