Facebook Comments Box
သင်အကြိုက်ဆုံးအရောင်က သင့်ရဲ့အကျင့်စရိုက်လက္ခဏာများကို ပြောပြမယ်

သင်အကြိုက်ဆုံးအရောင်က သင့်ရဲ့အကျင့်စရိုက်လက္ခဏာများကို ပြောပြမယ်

(၁) အနီရောင်
အနီရောင်ကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင်ဟာ ဟန်ဆောင်မှုမရှိတဲ့ ရိုးသားသူ တစ်ယောက်ဖြစ်ပြီး ပွင့်ပွင့်လင်းလင်းနဲ့ တဲ့တိုးပြောတတ်တဲ့ အကျင့်ရှိပါတယ်။ နောက်တစ်ချက်က သင်ဟာ လုံလဝီရိယနဲ့ စိတ်အားထက်သန်မှု အပြည့်ရှိပြီး စွန့်စားမှုတွေနဲ့ စိန်ခေါ်မှုတွေကို နှစ်သက်တဲ့အပြင် ဆန်းသစ်တီထွင်မှု အားကောင်းပြီး စူးစမ်းလိုစိတ်လည်း အပြည့်ရှိပါတယ်။ ခေါင်းဆောင်ကောင်းတို့ရဲ့ အရည်အချင်းတွေနဲ့ မွေးဖွားလာတဲ့အပြင် ဘဝမှာ သင်လိုချင်တဲ့အရာတွေကို ရအောင်ယူနိုင်စွမ်းရှိပါတယ်။ တရားမျှတတဲ့ နည်းလမ်းတွေနဲ့ ဒုက္ခရောက်နေတဲ့လူတွေကို ကူညီဖေးမတတ်တာကလည်း သင့်ရဲ့မွန်မြတ်တဲ့ စိတ်ထားတစ်ခုပေါ့။

(၂) လိမ္မော်ရောင်
လိမ္မောရောင်ကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင်ဟာ ပြည့်ဝတဲ့စိတ်နေစိတ်ထားရှိပြီး ပျော်ပျော်ရွှင်ရွှင် နေတတ်သူတစ်ယောက်ပါ။ တရားမျှတမှုကို မြတ်နိုးပြီး ကြင်နာသနားတတ်တဲ့သင်ဟာ လူတိုင်းကို အတတ်နိုင်ဆုံး ကူညီဖေးမလေ့ရှိပါတယ်။ ဒါပေမယ့် တချို့အရာတွေကို သင့်အနေနဲ့ ပြောင်းလဲနိုင်စွမ်း၊ ကူညီနိုင်စွမ်း၊ လုပ်နိုင်စွမ်းမရှိတဲ့ အခြေအနေတွေမှာ စိတ်ဓာတ်ကျပြီး ဝမ်းနည်းရတတ်ပါတယ်။ တစ်နည်းပြောရရင် ဒုက္ခရောက်နေမှန်း သိနေပေမယ့်လည်း ကိုယ့်အစွမ်းအစနဲ့ ကူညီနိုင်စွမ်းမရှိတဲ့ အခြေအနေတွေပေါ့။ ဒီအခြေအနေတွေမှာ သင့်ကိုယ်သင် အားမလိုအားမရဖြစ်ပြီး စိတ်ဓာတ်ကျသွားတတ်ပါတယ်။

(၃) အဝါရောင်
အဝါရောင်ကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင်ဟာ စူးစမ်းလေ့လာစိတ် အပြည့်ရှိပြီး ဉာဏ်ကောင်းသူတစ်ယောက်ပါ။ ဒါပေမယ့် နေ့စဉ်ထပ်တလဲလဲ ပုံမှန်လုပ်ဆောင်နေရတဲ့ လုပ်ငန်းတွေမှာ အလွယ်တကူ ပျင်းရိငြီးငွေ့လာတတ်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အရာတွေကို ပြောင်းလဲပြီး လုပ်ဆောင်တတ်ပါတယ်။ နောက်ကျတဲ့အထိ အလုပ်လုပ်ရတာမျိုးကို နှစ်သက်တတ်ပါတယ်။ ဘာလို့လဲဆိုတော့ နောက်ကျမှသင့်ဦးနှောက်က သွက်လက်ပြီး အကြံဉာဏ်ကောင်းတွေ ရတတ်လို့ပါ။ ပျော်ပျော်နေတတ်ပြီး အစအနှောက်သန်တဲ့အတွက် တစ်ခါတစ်ရံ လူမုန်းများတတ်ပါတယ်။

(၄) အစိမ်းရောင်
အစိမ်းရောင်ကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင်ဟာ မိမိရဲ့ကိုယ်ရေးကိုယ်တာ၊ လွတ်လပ်ခွင့်နဲ့ အလုပ်ကိစ္စကို သီးသန့်ခွဲထားဖို့ လိုအပ်သူတစ်ယောက်ပါ။ တစ်စုံတစ်ယောက်က သင့်အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေကို ထိပါးလာရင်တောင် သည်းခံနေတတ်ပါတယ်။ အလုပ်လုပ်တဲ့နေရာမှာ စည်းစနစ်တကျ ပြောဆိုလုပ်ကိုင်တတ်ပေမယ့် သင့်ရဲ့အားနည်းချက်ကတော့ ပြီးပြည့်စုံတဲ့ရလဒ်တစ်ခု ဖန်တီးနိုင်ဖို့ မိမိရဲ့ကိုယ်ပိုင်အချိန်တွေထဲကပါ ဖဲ့ပြီး အလုပ်လုပ်လေ့ရှိတာပါပဲ။ ဒါကြောင့် မိမိချစ်ရတဲ့လူတွေနဲ့ မိမိကိုယ်ကို သိပ်အချိန်မပေးနိုင်ပါဘူး။

(၅) အပြာရောင်
အပြာရောင်ကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင်ဟာ စိတ်ကူးစိတ်သန်းကောင်း မြောက်များစွာကို ပိုင်ဆိုင်ထားတဲ့ စကားပြောကောင်းသူ တစ်ယောက်ပါ။ ဒါကြောင့် လူတိုင်းနဲ့ ဘယ်လိုအခြေအနေမျိုးမှာမဆို အလွယ်တကူ ပေါင်းသင်းဆက်ဆံနိုင်ပါတယ်။ တစ်ဖက်သားကို သံသယမဝင်ပဲ ယုံကြည်ပေးတတ်တဲ့အတွက် မကြာခဏ အသုံးချခံရတတ်ပြီး အလိမ်ခံရတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သင်ဟာ ကိုယ့်ကိုယ်ကို စိတ်ပျက်အားငယ်ပြီး ယုံကြည်မှုတွေ ပျောက်ဆုံးသွားတတ်ပါတယ်။ သင့်ရဲ့အားနည်းချက်ကတော့ လူတိုင်းနဲ့အံ့ဝင်ဂွင်ကျ ပေါင်းသင်းဆက်ဆံနိုင်ဖို့ ကိုယ့်ကိုယ်ကို ဆရာကြီးဆိုဒ် ဖမ်းတာပဲဖြစ်ပါတယ်။ ဒါကြောင့် တစ်ချို့လူတွေက သင့်ကိုကြည့်မရတာမျိုးတွေ ဖြစ်တတ်ပါတယ်။

(၆) ခရမ်းရောင်
ခရမ်းရောင်ကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင်ဟာ မြောက်များလှစွာသော စိတ်ကူးစိတ်သန်းကောင်းတွေကို ပိုင်ဆိုင်ထားတဲ့အပြင် အရမ်းစိတ်ကူးယဉ်တတ်သူတစ်ယောက်ပါ။ ဖက်ရှင်၊ အနုပညာနဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေမှာ တဖက်လူတွေရဲ့ အားကျအတုယူခြင်းကို အမြဲခံရလေ့ရှိပါတယ်။ ဒါပေမယ့် သင့်ရဲ့စိတ်ကူးအကြံဉာဏ်တွေက တခြားလူတွေနဲ့ မတူညီပဲ ကွဲပြားနေတတ်တဲ့အတွက် လူတွေက သင့်ကိုလှောင်ပြောင် ဝေဖန်မှာ စိုးရိမ်တဲ့အတွက် အဲဒီစိတ်ကူးတွေကို ရဲရဲဝံ့ဝံ့ မထုတ်ပြရဲပါဘူး။ လူတွေနဲ့ တွေးခေါ်စဉ်းစားပုံမတူတာ ပြဿနာမဟုတ်ပါဘူး။ မတူညီတဲ့အရာတွေကို လက်ခံပေးပြီး သင့်အစွမ်းအစတွေကို ထုတ်ဖော်နိုင်အောင် ကြိုးစားပါ။

credit

သင္အႀကိဳက္ဆုံးအေရာင္က သင့္ရဲ႕အက်င့္စ႐ိုက္လကၡဏာမ်ားကို ေျပာျပမယ္

(၁) အနီေရာင္
အနီေရာင္ကို ေ႐ြးခ်ယ္ခဲ့တယ္ဆိုရင္ေတာ့ သင္ဟာ ဟန္ေဆာင္မႈမရွိတဲ့ ႐ိုးသားသူ တစ္ေယာက္ျဖစ္ၿပီး ပြင့္ပြင့္လင္းလင္းနဲ႔ တဲ့တိုးေျပာတတ္တဲ့ အက်င့္ရွိပါတယ္။ ေနာက္တစ္ခ်က္က သင္ဟာ လုံလဝီရိယနဲ႔ စိတ္အားထက္သန္မႈ အျပည့္ရွိၿပီး စြန႔္စားမႈေတြနဲ႔ စိန္ေခၚမႈေတြကို ႏွစ္သက္တဲ့အျပင္ ဆန္းသစ္တီထြင္မႈ အားေကာင္းၿပီး စူးစမ္းလိုစိတ္လည္း အျပည့္ရွိပါတယ္။ ေခါင္းေဆာင္ေကာင္းတို႔ရဲ႕ အရည္အခ်င္းေတြနဲ႔ ေမြးဖြားလာတဲ့အျပင္ ဘဝမွာ သင္လိုခ်င္တဲ့အရာေတြကို ရေအာင္ယူႏိုင္စြမ္းရွိပါတယ္။ တရားမွ်တတဲ့ နည္းလမ္းေတြနဲ႔ ဒုကၡေရာက္ေနတဲ့လူေတြကို ကူညီေဖးမတတ္တာကလည္း သင့္ရဲ႕မြန္ျမတ္တဲ့ စိတ္ထားတစ္ခုေပါ့။

(၂) လိေမၼာ္ေရာင္
လိေမၼာေရာင္ကို ေ႐ြးခ်ယ္ခဲ့တယ္ဆိုရင္ေတာ့ သင္ဟာ ျပည့္ဝတဲ့စိတ္ေနစိတ္ထားရွိၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနတတ္သူတစ္ေယာက္ပါ။ တရားမွ်တမႈကို ျမတ္ႏိုးၿပီး ၾကင္နာသနားတတ္တဲ့သင္ဟာ လူတိုင္းကို အတတ္ႏိုင္ဆုံး ကူညီေဖးမေလ့ရွိပါတယ္။ ဒါေပမယ့္ တခ်ိဳ႕အရာေတြကို သင့္အေနနဲ႔ ေျပာင္းလဲႏိုင္စြမ္း၊ ကူညီႏိုင္စြမ္း၊ လုပ္ႏိုင္စြမ္းမရွိတဲ့ အေျခအေနေတြမွာ စိတ္ဓာတ္က်ၿပီး ဝမ္းနည္းရတတ္ပါတယ္။ တစ္နည္းေျပာရရင္ ဒုကၡေရာက္ေနမွန္း သိေနေပမယ့္လည္း ကိုယ့္အစြမ္းအစနဲ႔ ကူညီႏိုင္စြမ္းမရွိတဲ့ အေျခအေနေတြေပါ့။ ဒီအေျခအေနေတြမွာ သင့္ကိုယ္သင္ အားမလိုအားမရျဖစ္ၿပီး စိတ္ဓာတ္က်သြားတတ္ပါတယ္။

(၃) အဝါေရာင္
အဝါေရာင္ကို ေ႐ြးခ်ယ္ခဲ့တယ္ဆိုရင္ေတာ့ သင္ဟာ စူးစမ္းေလ့လာစိတ္ အျပည့္ရွိၿပီး ဉာဏ္ေကာင္းသူတစ္ေယာက္ပါ။ ဒါေပမယ့္ ေန႔စဥ္ထပ္တလဲလဲ ပုံမွန္လုပ္ေဆာင္ေနရတဲ့ လုပ္ငန္းေတြမွာ အလြယ္တကူ ပ်င္းရိၿငီးေငြ႕လာတတ္ၿပီး စိတ္ဝင္စားဖို႔ေကာင္းတဲ့ အရာေတြကို ေျပာင္းလဲၿပီး လုပ္ေဆာင္တတ္ပါတယ္။ ေနာက္က်တဲ့အထိ အလုပ္လုပ္ရတာမ်ိဳးကို ႏွစ္သက္တတ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ေနာက္က်မွ သင့္ဦးေႏွာက္က သြက္လက္ၿပီး အႀကံဉာဏ္ေကာင္းေတြ ရတတ္လို႔ပါ။ ေပ်ာ္ေပ်ာ္ေနတတ္ၿပီး အစအေႏွာက္သန္တဲ့အတြက္ တစ္ခါတစ္ရံ လူမုန္းမ်ားတတ္ပါတယ္။

(၄) အစိမ္းေရာင္
အစိမ္းေရာင္ကို ေ႐ြးခ်ယ္ခဲ့တယ္ဆိုရင္ေတာ့ သင္ဟာ မိမိရဲ႕ကိုယ္ေရးကိုယ္တာ၊ လြတ္လပ္ခြင့္နဲ႔ အလုပ္ကိစၥကို သီးသန႔္ခြဲထားဖို႔ လိုအပ္သူတစ္ေယာက္ပါ။ တစ္စုံတစ္ေယာက္က သင့္အခြင့္အေရးေတြ၊ ရပိုင္ခြင့္ေတြကို ထိပါးလာရင္ေတာင္ သည္းခံေနတတ္ပါတယ္။ အလုပ္လုပ္တဲ့ေနရာမွာ စည္းစနစ္တက် ေျပာဆိုလုပ္ကိုင္တတ္ေပမယ့္ သင့္ရဲ႕အားနည္းခ်က္ကေတာ့ ၿပီးျပည့္စုံတဲ့ရလဒ္တစ္ခု ဖန္တီးႏိုင္ဖို႔ မိမိရဲ႕ကိုယ္ပိုင္အခ်ိန္ေတြထဲကပါ ဖဲ့ၿပီး အလုပ္လုပ္ေလ့ရွိတာပါပဲ။ ဒါေၾကာင့္ မိမိခ်စ္ရတဲ့လူေတြနဲ႔ မိမိကိုယ္ကို သိပ္အခ်ိန္မေပးႏိုင္ပါဘူး။

(၅) အျပာေရာင္
အျပာေရာင္ကို ေ႐ြးခ်ယ္ခဲ့တယ္ဆိုရင္ေတာ့ သင္ဟာ စိတ္ကူးစိတ္သန္းေကာင္း ေျမာက္မ်ားစြာကို ပိုင္ဆိုင္ထားတဲ့ စကားေျပာေကာင္းသူ တစ္ေယာက္ပါ။ ဒါေၾကာင့္ လူတိုင္းနဲ႔ ဘယ္လိုအေျခအေနမ်ိဳးမွာမဆို အလြယ္တကူ ေပါင္းသင္းဆက္ဆံႏိုင္ပါတယ္။ တစ္ဖက္သားကို သံသယမဝင္ပဲ ယုံၾကည္ေပးတတ္တဲ့အတြက္ မၾကာခဏ အသုံးခ်ခံရတတ္ၿပီး အလိမ္ခံရတတ္ပါတယ္။ ဒီလိုအေျခအေနမ်ိဳးမွာ သင္ဟာ ကိုယ့္ကိုယ္ကို စိတ္ပ်က္အားငယ္ၿပီး ယုံၾကည္မႈေတြ ေပ်ာက္ဆုံးသြားတတ္ပါတယ္။ သင့္ရဲ႕အားနည္းခ်က္ကေတာ့ လူတိုင္းနဲ႔အံ့ဝင္ဂြင္က် ေပါင္းသင္းဆက္ဆံႏိုင္ဖို႔ ကိုယ့္ကိုယ္ကို ဆရာႀကီးဆိုဒ္ ဖမ္းတာပဲျဖစ္ပါတယ္။ ဒါေၾကာင့္ တစ္ခ်ိဳ႕လူေတြက သင့္ကိုၾကည့္မရတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။

(၆) ခရမ္းေရာင္
ခရမ္းေရာင္ကို ေ႐ြးခ်ယ္ခဲ့တယ္ဆိုရင္ေတာ့ သင္ဟာ ေျမာက္မ်ားလွစြာေသာ စိတ္ကူးစိတ္သန္းေကာင္းေတြကို ပိုင္ဆိုင္ထားတဲ့အျပင္ အရမ္းစိတ္ကူးယဥ္တတ္သူတစ္ေယာက္ပါ။ ဖက္ရွင္၊ အႏုပညာနဲ႔ တီထြင္ဖန္တီးႏိုင္စြမ္းေတြမွာ တဖက္လူေတြရဲ႕ အားက်အတုယူျခင္းကို အၿမဲခံရေလ့ရွိပါတယ္။ ဒါေပမယ့္ သင့္ရဲ႕စိတ္ကူးအႀကံဉာဏ္ေတြက တျခားလူေတြနဲ႔ မတူညီပဲ ကြဲျပားေနတတ္တဲ့အတြက္ လူေတြက သင့္ကိုေလွာင္ေျပာင္ ေဝဖန္မွာ စိုးရိမ္တဲ့အတြက္ အဲဒီစိတ္ကူးေတြကို ရဲရဲဝံ့ဝံ့ မထုတ္ျပရဲပါဘူး။ လူေတြနဲ႔ ေတြးေခၚစဥ္းစားပုံမတူတာ ျပႆနာမဟုတ္ပါဘူး။ မတူညီတဲ့အရာေတြကို လက္ခံေပးၿပီး သင့္အစြမ္းအစေတြကို ထုတ္ေဖာ္ႏိုင္ေအာင္ ႀကိဳးစားပါ။

credit

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box