Facebook Comments Box
ဒေါသအိုးကွဲ ရာသီခွင်များအကြောင်း

ဒေါသအိုးကွဲ ရာသီခွင်များအကြောင်း

ဒီနေရာမှာတော့ သွေးဆူပေါက်ကွဲလွယ်တဲ့ ကိစ္စမျိုးတွေမှာ သူများတကာထက် ပိုပြီး စိတ်ရှည်ဖို့၊ စိတ်ထိန်းချုပ်ဖို့ လိုမယ့် ရာသီခွင်တွေကို ဆင်ခြင်သတိထားနိုင်ဖို့ရာ ဖော်ပြပေးလိုက်ပါတယ်။

မိဿရာသီဖွား (မတ် ၂၁ – ဧပြီ ၁၉)
အတိုက်အခံနဲ့တွေ့ရင် သွေးဆူလွယ် ဒေါသကြီးလွယ်တဲ့ ရာသီဖွားတွေ ဖြစ်ပြီး ပဋိပက္ခတိုင်းမှာ စိတ်လိုက်မာန်ပါ ရင်ဆိုင်တတ်ကြလို့ ရနိုင်သမျှ ကိုယ့်ဒေါသကို ဘရိတ်အုပ်ထိန်းချုပ်ဖို့ လိုပါလိမ့်မယ်။ သည်းခံစိတ်ရှည်ရပါမယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ – သြဂုတ် ၂၂ )
တစ်ခုခု ဖြစ်ပြီဆိုရင် ဟိန်းဟောက် အသံကျယ်လာပြီး ဘယ်သူ့ကိုမှ ဗိုလ်မထားချင်တဲ့ ရာသီဖွားတွေ ဖြစ်တယ်။ ဘယ်လို ခြိမ်းခြောက်မှုကိုမှ မဖြုံတတ်ကြဘဲ ဒေါသထွက်ပြီဆိုရင်လည်း ဝိုင်းထိန်းဖို့တောင် ခက်ခဲပါလိမ့်မယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁ )
လျှို့ဝှက်ပြီး နားလည်ရခက်တဲ့ ရာသီဖွားမျိုး ဖြစ်ပေမယ့် လိုချင်တာတွေ ဖြစ်မလာတော့ရင် ဒေါသမာန်ဟုန်ကို အဆုံးထိ လွှတ်ချ ပေါက်ကွဲတတ်သူတွေ ဖြစ်ပါတယ်။ တချို့ဆိုရင် အကြမ်းဖက်ဖို့လည်း ဝန်မလေးတော့ပါဘူး။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ – ဇူလိုင် ၂၂)
ကိုယ့်အသိုင်းအဝိုင်းလေးနဲ့ကိုယ့်ဖာသာ အေးအေးနေတတ်ပေမယ့် တစ်ဖက်မှာလည်း ဆတ်ဆတ်ထိမခံအောင် ပေါက်ကွဲတတ်ကြပါတယ်။ ကိုယ်ချစ်ခင်ရသူတွေကို ထိခိုက်လာပြီဆိုရင် အသက်စွန့်ဖို့ အသင့် ဖြစ်လာပါတယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ – မေ ၂၀)
စိတ်ရှည်သည်းခံသူတွေ ဆိုပေမယ့် ခေါင်းမာတယူသန်တဲ့အကျင့်လည်း ရှိတတ်လို့ သည်းခံနိုင်စွမ်းကို ကျော်ပြီး လွန်လွန်ကဲကဲ ဖြစ်လာပြီဆိုရင် ဒေါသမုန်တိုင်းဆင်လာတတ်ပါတယ်။ ပြီးရင်တော့ စိတ်ပြန်လျှော့တတ်ပါတယ်။

တကယ်လို့များ စာဖတ်သူဟာ ဖော်ပြပါရာသီခွင်တွေထဲမှာ ပါဝင်နေမယ်ဆိုရင် အခြေအတင် ပြဿနာတွေနဲ့ ပဋိပက္ခအငြင်းပွားမှုတွေကို ကြုံလာတဲ့အခါ ကိုယ့်စိတ်ကို ပြန်ထိန်းချုပ်ပြီး သတိထားနိုင်ဖို့ မှာချင်ပါတယ်။

ဧက (ဗေဒင်သုတ)

ေဒါသအိုးကြဲ ရာသီခြင္မ်ားအေၾကာင္း

ဒီေနရာမွာေတာ့ ေသြးဆူေပါက္ကြဲလြယ္တဲ့ ကိစၥမ်ိဳးေတြမွာ သူမ်ားတကာထက္ ပိုၿပီး စိတ္ရွည္ဖို႔၊ စိတ္ထိန္းခ်ဳပ္ဖို႔ လိုမယ့္ ရာသီခြင္ေတြကို ဆင္ျခင္သတိထားႏိုင္ဖို႔ရာ ေဖာ္ျပေပးလိုက္ပါတယ္။

မိႆရာသီဖြား (မတ္ ၂၁ – ဧၿပီ ၁၉)
အတိုက္အခံနဲ႔ေတြ႕ရင္ ေသြးဆူလြယ္ ေဒါသႀကီးလြယ္တဲ့ ရာသီဖြားေတြ ျဖစ္ၿပီး ပဋိပကၡတိုင္းမွာ စိတ္လိုက္မာန္ပါ ရင္ဆိုင္တတ္ၾကလို႔ ရႏိုင္သမွ် ကိုယ့္ေဒါသကို ဘရိတ္အုပ္ထိန္းခ်ဳပ္ဖို႔ လိုပါလိမ့္မယ္။ သည္းခံစိတ္ရွည္ရပါမယ္။

သိဟ္ရာသီဖြား (ဇူလိုင္ ၂၃ – ၾသဂုတ္ ၂၂ )
တစ္ခုခု ျဖစ္ၿပီဆိုရင္ ဟိန္းေဟာက္ အသံက်ယ္လာၿပီး ဘယ္သူ႔ကိုမွ ဗိုလ္မထားခ်င္တဲ့ ရာသီဖြားေတြ ျဖစ္တယ္။ ဘယ္လို ၿခိမ္းေျခာက္မႈကိုမွ မၿဖဳံတတ္ၾကဘဲ ေဒါသထြက္ၿပီဆိုရင္လည္း ဝိုင္းထိန္းဖို႔ေတာင္ ခက္ခဲပါလိမ့္မယ္။

ၿဗိစာၦရာသီဖြား (ေအာက္တိုဘာ ၂၃ – ႏိုဝင္ဘာ ၂၁ )
လွ်ိဳ႕ဝွက္ၿပီး နားလည္ရခက္တဲ့ ရာသီဖြားမ်ိဳး ျဖစ္ေပမယ့္ လိုခ်င္တာေတြ ျဖစ္မလာေတာ့ရင္ ေဒါသမာန္ဟုန္ကို အဆုံးထိ လႊတ္ခ် ေပါက္ကြဲတတ္သူေတြ ျဖစ္ပါတယ္။ တခ်ိဳ႕ဆိုရင္ အၾကမ္းဖက္ဖို႔လည္း ဝန္မေလးေတာ့ပါဘူး။

ကရကဋ္ရာသီဖြား (ဇြန္ ၂၁ – ဇူလိုင္ ၂၂)
ကိုယ့္အသိုင္းအဝိုင္းေလးနဲ႔ကိုယ့္ဖာသာ ေအးေအးေနတတ္ေပမယ့္ တစ္ဖက္မွာလည္း ဆတ္ဆတ္ထိမခံေအာင္ ေပါက္ကြဲတတ္ၾကပါတယ္။ ကိုယ္ခ်စ္ခင္ရသူေတြကို ထိခိုက္လာၿပီဆိုရင္ အသက္စြန႔္ဖို႔ အသင့္ ျဖစ္လာပါတယ္။

ၿပိႆရာသီဖြား (ဧၿပီ ၂၀ – ေမ ၂၀)
စိတ္ရွည္သည္းခံသူေတြ ဆိုေပမယ့္ ေခါင္းမာတယူသန္တဲ့အက်င့္လည္း ရွိတတ္လို႔ သည္းခံႏိုင္စြမ္းကို ေက်ာ္ၿပီး လြန္လြန္ကဲကဲ ျဖစ္လာၿပီဆိုရင္ ေဒါသမုန္တိုင္းဆင္လာတတ္ပါတယ္။ ၿပီးရင္ေတာ့ စိတ္ျပန္ေလွ်ာ့တတ္ပါတယ္။

တကယ္လို႔မ်ား စာဖတ္သူဟာ ေဖာ္ျပပါရာသီခြင္ေတြထဲမွာ ပါဝင္ေနမယ္ဆိုရင္ အေျခအတင္ ျပႆနာေတြနဲ႔ ပဋိပကၡအျငင္းပြားမႈေတြကို ႀကဳံလာတဲ့အခါ ကိုယ့္စိတ္ကို ျပန္ထိန္းခ်ဳပ္ၿပီး သတိထားႏိုင္ဖို႔ မွာခ်င္ပါတယ္။

ဧက (ေဗဒင္သုတ)

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box