ပုံလေးသုံးပုံကနေ ပြောပြပေးမယ့် သင့်ရဲ့ရှေ့တစ်ပတ်အတွက် ကြိုတင်ဟောကိန်း
(၁) ရှေ့တစ်ပတ်ထဲမှာတော့ သင့်ကိုသတိပေးချင်တာ စိတ်ခံစားချက်တွေကို လွှတ်မပေးဖို့ပါပဲ။ စိတ်ထင်တိုင်းမကြဲဖို့၊ ဘာလုပ်လုပ် ဘာကိုင်ကိုင် အချိန်ယူစဉ်းစားပြီးကာမှ ပြောဆိုလုပ်ကိုင်ဖို့ ပြောချင်ပါတယ်။ လာမယ့်ရသတ္တပတ်မှာ သင့်ရဲ့စိတ်အခြအနေဟာ တော်တော်လေးကို ပျော့နေပါလိမ့်မယ်။ ဒါကြောင့် ဘာမဟုတ်တာလေးနဲ့ ဒေါသထွက်လွယ်၊ ဝမ်းနည်းလွယ်၊ စိတ်ဓာတ်ကျလွယ်နေမှာပါ။ နောက်ထပ် သတိထားစ/ရရာအချက်ကတော့ လူတွေကို အဲဒီအပတ်ထဲ ဂရုသိပ်မစိုက်ပါနဲ့လို့။
(၂) သင့်အနေနဲ့ ရှေ့တစ်ပတ်မှာတော့ လက်ရှိခံစားနေရတဲ့ စိတ်ညစ်ထွေးမှုတွေကို နောက်တစ်ပတ်မှာ ကျော်လွန်နိုင်မှာပါ။ နောက် ကြိုးစားထားခဲ့သမျှတွေကို မျက်ဝါးထင်ထင်မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း သင့်အနေဲ့ အံ့အားသင့်ပျော်ရွှင်မှုမြင်တွေ့ရမှာပါ။ ဒါကြောင့်အချိန်ခဏလေးပဲစောင့်ပေးပါ။ ကောင်းခြင်းတွေပဲ လာတော့မှာဖြစ်ပါတယ်။
(၃) လာမယ့်တစ်ပတ်မှာတော့ သင့်အနေနဲ့ ဆုံးဖြတ်ချက်ချလို့ ကောင်းတဲ့ကာလတစ်ခုဖြစ်ပါတယ်။ မပြီးပြတ်သေးတဲ့ ကိစ္စတွေကို အပြီးသတ်ဆုံးဖြတ်ချက်ချလိုက်ပါတော့လို့အကြံပေးချင်ပါတယ်။ ဆုံးဖြတ်ချက်တွေမချခင်မှာ စိတ်ကိုရှင်းရှင်းထားပါ။ သူများတွေရဲ့အကြံပေးစကားထက် ကိုယ်တွေ့ဖြစ်ရပ်တွေကိုပဲ ပြန်လေ့လာကာ မှန်မှန်ကန်ကန်တွေးခေါ်ပါလေ။
lotaya
lotaya
Be the first to comment