ဇီးကွက်တစ်ကောင်ကို ရွေးပြီး သင့်ရဲ့ အားနည်းအားသာချက်ကို ရှာဖွေမယ်
ဇီးကွက် 1
နံပါတ် (၁)ကို ရွေးလိုက်တယ်ဆိုရင် သင်ဟာ သိမြင်စူးစမ်းလိုစိတ် သိပ်ပြင်းပျတဲ့သူပါ။ အမြဲအသစ်အဆန်းတွေကို လေ့လာသင်ယူချင်လိုစိတ်ရှိနေပြီး ပွင့်လင်းတဲ့ ဗီဇ သင့်မှာ ရှိပါတယ်။ သင့် အားနည်းချက်တစ်ခုကတော့ တခြားသူတွေအကြောင်းပါ တခါတရံ စပ်စုတတ်တာပါ။ ဒီအချက်ကိုသာ ပြင်လိုက်ရင် သင် ပိုကောင်းသွားမှာပါ ။
ဇီးကွက် 2
နံပါတ် (၂)ကို ရွေးလိုက်တယ်ဆိုရင် သင်ဟာ အခုထိ ကလေးတစ်ယောက်လို စိတ်ထားရိုးရှင်းဆဲ ဖြစ်ပြီး လောကကြီးရဲ့ စဉ်းလဲမှုတွေအကြောင်း သိပ်မသိသေးသူ ဖြစ်ပါတယ်။ သင်ကတော့ ရိုးရှင်းစွာ တွေးနေပေမယ့် လူတွေက သင့်လို မဟုတ်ဘဲ သင့်ရိုးသားမှုအပေါ် အခွင့်ကောင်း ယူတတ်ကြပါတယ်။ ဒါကို သတိထားပြီး ဆက်လက်ရှင်သန်ပါ။
ဇီးကွက် 3
နံပါတ် (၃)ကို ရွေးလိုက်တယ်ဆိုရင် သင်ဟာ သင့်ကိုယ်သင် သံသယ အမြဲဝင်နေတတ်ပါတယ်။ သင်ဟာ တော်ပြီးသား ဖြစ်ပေမယ့် သင့်ကိုယ်သင် ယုံကြည်မှုရှိဖို့ လိုအပ်နေတာပါ။ ကြောက်စိတ်တွေကို ဖယ်လိုက်ပြီး အတွေးလွန်တာတွေကို လျှော့လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။
ဇီးကွက် 4
နံပါတ် (၄)ကို ရွေးလိုက်တယ်ဆိုရင် သင်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိပြီး စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ ဝန်မလေးတတ်သူ ဖြစ်ပါတယ်။ ဒါပေမယ့် ဆက်တိုက်ကြိုးစားလာပြီး နောက်ဆုံးအချိန်မှ ရပ်တန့်သွားတာမျိုးတွေ သင်လုပ်တတ်ပါတယ်။ အဲဒီ့အကျင့်ကို ပြင်ပြီး ရင့်ကျက်ဖို့ အသင့်တော်ဆုံး အချိန် ရောက်နေပါပြီ။
ဇီးကွက် 5
နံပါတ် (၅)ကို ရွေးလိုက်တယ်ဆိုရင်တော့ သင်ဟာ အဆိုးမြင်စိတ် များသူဖြစ်ပြီး သင် မအောင်မြင်ရတဲ့ အကြောင်းရင်းကလည်း အဲဒီ့အဆိုးမြင်စိတ်ကြောင့်ပဲ ဖြစ်နေပါတယ်။ အဲဒီ့စိတ်ဓာတ်ကို ပြင်ပြီး ဘဝမှာ တာရှည်တည်မြဲတဲ့ ဆက်ဆံရေးတွေကို တည်ဆောက်ဖို့ ကြိုးစားကြည့်ပါ။ အကောင်းမြင်စိတ် များလာတဲ့ သင့်ကို လူတွေ ပိုချစ်လာကြမှာပါ။
ဇီးကွက် 6
နံပါတ် (၆)ကို ရွေးလိုက်တယ်ဆိုရင် သင်ဟာ ရည်မှန်းချက်ကြီးမားပြီး သင့်အတွက်ပဲ သင် ကြည့်လေ့ရှိတဲ့သူ ဖြစ်ပါတယ်။ တခြားသူတွေကို သင် လျှော့တွက်လေ့ရှိပြီး ဒီအကျင့်ကိုသာ ပြင်လိုက်မယ်ဆိုရင် လူတွေနဲ့ သင် ပိုအဆင်ပြေလာနိုင်ပါလိမ့်မယ်။
credit
ဇီးကွက် 1
ဇီးကွက် 2
ဇီးကွက် 3
ဇီးကွက် 4
ဇီးကွက် 5
ဇီးကွက် 6
credit
Be the first to comment