Facebook Comments Box
အဓိဋ္ဌာန်နှင့်အကြွေးများသူ

အဓိဋ္ဌာန်နှင့်အကြွေးများသူ

တနေသ၌ လွန်စွာ အကြွေးများ၍ ဒုက္ခရောက်နေသော အသက်(၄၀)ခန့်ခပ်နွမ်းနွမ်း အမျိုးသမီး တစ်ဦးသည် ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းအတွင်းသို့ရောက်ရှိ လာလေသည်။ သူမ၏ ဇာတာအား ကျွန်ုပ်ကို တွက်ခိုင်းလေ၏။ ကျွန်ုပ်ကလည်း ပြည့်ပြည့်စံစုံ ဟောပေးလိုက်၏။ သူမသည် ကျွန်ုပ် ဗေဒင်ဟောပေးသည်ကို ကောင်းစွာ ကျေနပ် သွားပြီးနောက် ဗေဒင်ကတော့ ဟောပြီးပါပြီ။ ကျွန်မကို ယတြာလေး ဘာလေး ပေးပါဦးဟု ယတြာတောင်းလေ၏။ ထိုအခါ ကျွန်ုပ်က ဘာအတွက် ယတြာလိုချင်တာလဲဟု ပြန်မေးလိုက်ရာ ထိုအမျိုးသမီးက
အကြွေးပေါ့ ဆရာရယ်။ အကြွေးလေးတွေ ကျေချင်တယ်။ အစတုန်း ကတော့ အကြွေးက ဒီလောက် မများပါဘူး။ နောက်တော့ အတိုးပေါ် အတိုးဆင့်ပြီး အရမ်းများ လာတာပါပဲ။ ဆပ်လို့ ကျေပဲ မကျေနိုင် တော့ပါဘူး။ ဒီလူကို အတိုးဆပ်ဖို့ ဟိုလူဆီက ချေးလိုက်တယ်။ ဟိုလူကို အတိုးပေးဖို့ နောက်တစ်ယောက် ဆီက ယူတယ်။ အဲဒီလိုနဲ့ပဲ အကြွေးတွေ များလာ တော့တာပါပဲ။.

အခုဆိုရင် ကျွန်မ အကြွေး တွေဆပ်လာတာ (၃)နှစ်တောင်ရှိပြီ။ ဒီတသက်တော့ ကျေနိုင် ပါဦးမလား ဆရာလေးရေ ” ဒီလောက် တောင် အကြွေများတာ ထွက် မပြေးချင် ဘူးလားဗျဟု ကျွနိုပ်က မေးလိုက်ရာ ထိုအမျိုးသမီးက အမယ်လေး ဆရာရယ် မပြေးပါဘူး။ သူများ ပိုက်ဆံ ယူပြီးရင် ပေးရမှာပေါ့။ ကျေအောင် ဆပ်မှာပါ။ ကျွန်မက သံသရာ အထိ ယူမသွားဘူးလို့ ဆုံးဖြတ်ထားတယ်ဟု ပြောလေ၏။ ထို့နောက် ထိုအမျိုးသမီးက ဆက်လက်၍
အခုလာတာ အကြွေးရှင်တွေက အကြွေး မတောင်းအောင် ယတြာ လာချေခိုင်းတာ မဟုတ်ပါဘူး။ သူများ အကြွေးတွေကို ကျွန်မတို့ မိသားစု အားကြိုးမာန်တက် ဆပ်နေတဲ့ အချိန်မှာ အထောက်အပံ့ ရအောင် ကံမနိမ့်အောင် အခွင့်အလမ်း လေးတွေရအောင် အန္တရာယ် ကင်းအောင် အဆောင်လေး ယတြာလေး လာတောင်းတာပါ ဆရာရယ်။ ဘ၀ ဆိုတာကတော့ ဒီလိုပဲပေါ့ ဆရာရယ်။ ဘယ် ချောမွေ့ပါ့မလဲ။ ရေစီးတခါ ရေဆန်တလှည့်ပေါ့။ လောကဓံ တရား(၈)ပါးနဲ့ ကြုံဆုံလာတဲ့ အခါ မတုန်လှုပ်ရဘူးလို့ ကျွန်မတို့ရဲ့ ရှင်တော် ဗုဒ္ဓက ဟောခဲ့တဲ့ တရားတော်လည်း မင်္ဂလသုတ် ထဲမှာ ရှိနေတာပဲ မဟုတ်ဘူးလားဟု ပြန်ပြောလေ၏။

ထိုအခါ ကျွန်ုပ်က ကဲ ဟုတ်ပါပြီဗျာ.. ခင်ဗျားလို အမျိုးသမီး တယောက်အနေနဲ့ လောကဓံကို စိန်ခေါ်မယ့် အန်တုမဲ့ စိတ်ဓါတ်ကိုတော့ ကျွန်တော် အများကြီး လေးစားပါတယ်။ ဘ၀တိုက်ပွဲမှာ ရှေ့တန်းက မတွန့်မဆုတ် တိုက်ပွဲ ၀င်နေတဲ့ ခင်ဗျားကို လိုအပ်တဲ့ အဆောင်တွေ ယတြာတွေ အားလုံး ပြည့်ပြည့်စုံစုံ ဆောင်ရွက် ပေးလိုက်ပါမယ်။
တစ်ခုတော့ ကိုယ်တိုင် လုပ်ရမယ်။ အဲဒါကတော့ ခင်ဗျား ကိုယ်တိုင် ဂါထာတပုဒ်ကို အဓိဌာန်နဲ့ ရွတ်ပေးရမယ်။ ပုတီးတွေ ဘာတွေ စိပ်နိုင်ရင်တော့ ပိုကောင်း တာပေါ့ဗျာ။ အဲဒီ ဂါထာက “အကြွေး ကင်းတဲ့ဂါထာ ၊ အကြွေး ကျေတဲ့ ဂါထာ”ပဲ။ ဘယ်လောက် ကြာကြာ လုပ်ရမလဲ ဆိုရင်တော့ ရက်အကန့်အသတ် မရှိဘူး။ စိတ်ပါလက်ပါသာ အကြွေးကျေတဲ့ အထိ ဆောင်ရွက်ပေါ့ ဟုပြောကာ အောက်ပါဂါထာကို ပေးလိုက်လေ တော့သတည်း။

မရှိဟူသောစကား၊ပေးပါဟူသောစကား
မပြောဆို မကြားလိုသောဆုတောင်းဂါထာ
နတ္ထီတိ ၀စနံ ဒုက္ခံ
ဒေဟီတိ ၀စနံ တထာ
တသ္မာ နတ္ထီတိ ဒေဟီတိ
မာမေ ဟောတု ဘဝါဘဝေ
အထက်ပါကို နေ့စဉ်ပုံမှန် ပုတီးစိပ် အဓိဋ္ဌာန် ရွတ်ဖတ်ပေးပါက သင်၏ ဆပ်လို့ မကျေနိုင်တော့ဘူးဟု ထင်ထားသော အကြွေးများသည် လွယ်လွယ်ကူကူ သိသိသာသာ လျှင်လျှင်မြန်မြန် ဆပ်ကျေသွားနိုင် ပါလိမ့်မည်။

ပုတီး အပတ်ရေ သတ်မှတ်ချက် မရှိပါ။ မိမိ တတ်နိုင်သလောက် စိတ်နိုင်ပါသည်။ (ဤပို့သည့် ပို့အဟောင်းလေးမျှသာ ဖြစ်ပါသည်။ ယခုတလော ကျွန်ုပ်၏ ဗေဒင်ဟောခန်း အတွင်းဝယ် အကြွေး ကိစ္စများနှင့် အခက်အခဲ ကြုံနေရသူများ လာရောက်သည်မှာ များလွန်းနေသောကြောင့် ဤပို့ကို ပြန်လည် အမှတ်ရ တင်ပေးလိုက်ခြင်း ဖြစ်ပါသည်။
သင်တို့၏အကျိုးကိုထာ၀စဉ်လိုလားသော
ဆရာဟိန်းတင့်ဇော်

အဓိ႒ာန္ႏွင့္အေႂကြးမ်ားသူ

တေနသ၌ လြန္စြာ အေႂကြးမ်ား၍ ဒုကၡေရာက္ေနေသာ အသက္(၄၀)ခန္႔ခပ္ႏြမ္းႏြမ္း အမ်ိဳးသမီး တစ္ဦးသည္ ကြၽႏ္ုပ္၏ ေဗဒင္လကၡဏာ ေဟာခန္းအတြင္းသို႔ေရာက္ရွိ လာေလသည္။ သူမ၏ ဇာတာအား ကြၽႏ္ုပ္ကို တြက္ခိုင္းေလ၏။ ကြၽႏ္ုပ္ကလည္း ျပည့္ျပည့္စံစုံ ေဟာေပးလိုက္၏။ သူမသည္ ကြၽႏ္ုပ္ ေဗဒင္ေဟာေပးသည္ကို ေကာင္းစြာ ေက်နပ္ သြားၿပီးေနာက္ ေဗဒင္ကေတာ့ ေဟာၿပီးပါၿပီ။ ကြၽန္မကို ယၾတာေလး ဘာေလး ေပးပါဦးဟု ယၾတာေတာင္းေလ၏။ ထိုအခါ ကြၽႏ္ုပ္က ဘာအတြက္ ယၾတာလိုခ်င္တာလဲဟု ျပန္ေမးလိုက္ရာ ထိုအမ်ိဳးသမီးက
အေႂကြးေပါ့ ဆရာရယ္။ အေႂကြးေလးေတြ ေက်ခ်င္တယ္။ အစတုန္း ကေတာ့ အေႂကြးက ဒီေလာက္ မမ်ားပါဘူး။ ေနာက္ေတာ့ အတိုးေပၚ အတိုးဆင့္ၿပီး အရမ္းမ်ား လာတာပါပဲ။ ဆပ္လို႔ ေက်ပဲ မေက်ႏိုင္ ေတာ့ပါဘူး။ ဒီလူကို အတိုးဆပ္ဖို႔ ဟိုလူဆီက ေခ်းလိုက္တယ္။ ဟိုလူကို အတိုးေပးဖို႔ ေနာက္တစ္ေယာက္ ဆီက ယူတယ္။ အဲဒီလိုနဲ႔ပဲ အေႂကြးေတြ မ်ားလာ ေတာ့တာပါပဲ။

အခုဆိုရင္ ကြၽန္မ အေႂကြး ေတြဆပ္လာတာ (၃)ႏွစ္ေတာင္ရွိၿပီ။ ဒီတသက္ေတာ့ ေက်ႏိုင္ ပါဦးမလား ဆရာေလးေရ ” ဒီေလာက္ ေတာင္ အေႂကြမ်ားတာ ထြက္ မေျပးခ်င္ ဘူးလားဗ်ဟု ကြၽႏိုပ္က ေမးလိုက္ရာ ထိုအမ်ိဳးသမီးက အမယ္ေလး ဆရာရယ္ မေျပးပါဘူး။ သူမ်ား ပိုက္ဆံ ယူၿပီးရင္ ေပးရမွာေပါ့။ ေက်ေအာင္ ဆပ္မွာပါ။ ကြၽန္မက သံသရာ အထိ ယူမသြားဘူးလို႔ ဆုံးျဖတ္ထားတယ္ဟု ေျပာေလ၏။ ထို႔ေနာက္ ထိုအမ်ိဳးသမီးက ဆက္လက္၍
အခုလာတာ အေႂကြးရွင္ေတြက အေႂကြး မေတာင္းေအာင္ ယၾတာ လာေခ်ခိုင္းတာ မဟုတ္ပါဘူး။ သူမ်ား အေႂကြးေတြကို ကြၽန္မတို႔ မိသားစု အားႀကိဳးမာန္တက္ ဆပ္ေနတဲ့ အခ်ိန္မွာ အေထာက္အပံ့ ရေအာင္ ကံမနိမ့္ေအာင္ အခြင့္အလမ္း ေလးေတြရေအာင္ အႏၲရာယ္ ကင္းေအာင္ အေဆာင္ေလး ယၾတာေလး လာေတာင္းတာပါ ဆရာရယ္။ ဘ၀ ဆိုတာကေတာ့ ဒီလိုပဲေပါ့ ဆရာရယ္။ ဘယ္ ေခ်ာေမြ႕ပါ့မလဲ။ ေရစီးတခါ ေရဆန္တလွည့္ေပါ့။ ေလာကဓံ တရား(၈)ပါးနဲ႔ ႀကဳံဆုံလာတဲ့ အခါ မတုန္လႈပ္ရဘူးလို႔ ကြၽန္မတို႔ရဲ႕ ရွင္ေတာ္ ဗုဒၶက ေဟာခဲ့တဲ့ တရားေတာ္လည္း မဂၤလသုတ္ ထဲမွာ ရွိေနတာပဲ မဟုတ္ဘူးလားဟု ျပန္ေျပာေလ၏။

ထိုအခါ ကြၽႏ္ုပ္က ကဲ ဟုတ္ပါၿပီဗ်ာ.. ခင္ဗ်ားလို အမ်ိဳးသမီး တေယာက္အေနနဲ႔ ေလာကဓံကို စိန္ေခၚမယ့္ အန္တုမဲ့ စိတ္ဓါတ္ကိုေတာ့ ကြၽန္ေတာ္ အမ်ားႀကီး ေလးစားပါတယ္။ ဘ၀တိုက္ပြဲမွာ ေရွ႕တန္းက မတြန္႔မဆုတ္ တိုက္ပြဲ ၀င္ေနတဲ့ ခင္ဗ်ားကို လိုအပ္တဲ့ အေဆာင္ေတြ ယၾတာေတြ အားလုံး ျပည့္ျပည့္စုံစုံ ေဆာင္႐ြက္ ေပးလိုက္ပါမယ္။
တစ္ခုေတာ့ ကိုယ္တိုင္ လုပ္ရမယ္။ အဲဒါကေတာ့ ခင္ဗ်ား ကိုယ္တိုင္ ဂါထာတပုဒ္ကို အဓိဌာန္နဲ႔ ႐ြတ္ေပးရမယ္။ ပုတီးေတြ ဘာေတြ စိပ္ႏိုင္ရင္ေတာ့ ပိုေကာင္း တာေပါ့ဗ်ာ။ အဲဒီ ဂါထာက “အေႂကြး ကင္းတဲ့ဂါထာ ၊ အေႂကြး ေက်တဲ့ ဂါထာ”ပဲ။ ဘယ္ေလာက္ ၾကာၾကာ လုပ္ရမလဲ ဆိုရင္ေတာ့ ရက္အကန္႔အသတ္ မရွိဘူး။ စိတ္ပါလက္ပါသာ အေႂကြးေက်တဲ့ အထိ ေဆာင္႐ြက္ေပါ့ ဟုေျပာကာ ေအာက္ပါဂါထာကို ေပးလိုက္ေလ ေတာ့သတည္း။

မရွိဟူေသာစကား၊ေပးပါဟူေသာစကား
မေျပာဆို မၾကားလိုေသာဆုေတာင္းဂါထာ
နတၳီတိ ၀စနံ ဒုကၡံ
ေဒဟီတိ ၀စနံ တထာ
တသၼာ နတၳီတိ ေဒဟီတိ
မာေမ ေဟာတု ဘဝါဘေဝ
အထက္ပါကို ေန႔စဥ္ပုံမွန္ ပုတီးစိပ္ အဓိ႒ာန္ ႐ြတ္ဖတ္ေပးပါက သင္၏ ဆပ္လို႔ မေက်ႏိုင္ေတာ့ဘူးဟု ထင္ထားေသာ အေႂကြးမ်ားသည္ လြယ္လြယ္ကူကူ သိသိသာသာ လွ်င္လွ်င္ျမန္ျမန္ ဆပ္ေက်သြားႏိုင္ ပါလိမ့္မည္။

ပုတီး အပတ္ေရ သတ္မွတ္ခ်က္ မရွိပါ။ မိမိ တတ္ႏိုင္သေလာက္ စိတ္ႏိုင္ပါသည္။ (ဤပို႔သည့္ ပို႔အေဟာင္းေလးမွ်သာ ျဖစ္ပါသည္။ ယခုတေလာ ကြၽႏ္ုပ္၏ ေဗဒင္ေဟာခန္း အတြင္းဝယ္ အေႂကြး ကိစၥမ်ားႏွင့္ အခက္အခဲ ႀကဳံေနရသူမ်ား လာေရာက္သည္မွာ မ်ားလြန္းေနေသာေၾကာင့္ ဤပို႔ကို ျပန္လည္ အမွတ္ရ တင္ေပးလိုက္ျခင္း ျဖစ္ပါသည္။
သင္တို႔၏အက်ိဳးကိုထာ၀စဥ္လိုလားေသာ
ဆရာဟိန္းတင့္ေဇာ္

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box