Facebook Comments Box
ဆရာငြိမ်း ၏ 24.6.2021 မှ 30.6.2021 အထိ တစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း

24.6.2021 မှ 30.6.2021 အထိ တစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ
ဒီကာလအတွင်းစိတ်ချမ်းသာရလိမ့်မယ်။အရင်အပတ်ကစိတ်ရှုပ်စရာတွေကင်းဝေးသွားပါလိမ့်မယ်။ အလုပ်ပို၊ ကိစ္စပိုတွေကနေတဆင့် ငွေတွေဝင်လာတတ်ပါတယ်။ ပင်မအလုပ်ထက် ချဲ့ထွင်ထားတဲ့အလုပ်တွေကပို အကျိုး ပေးပါတယ်။ ခရီးကိစ္စများ၊ရပ်ဝေးနိုင်ငံခြားကိစ္စများ အဆင်ပြေချောမွေ့လာတတ်ပါတယ်။ ရပ်ဝေးကနေလက်ဆောင်တွေ လဲရလာတတ်ပါတယ်။ ဘောက်ဆူးရတာမျိုး ၊ရောင်းလိုတဲ့ပစ္စည်းရောင်းထွက်သွားလို့ငွေအစုလိုက် ဝင် တာ မျိုးတွေကြုံရတတ်ပါတယ်။ ဒီအပတ်ထဲအားရစရာကောင်းတဲ့နောက်တစ်ချက်က ကျန်းမာရေးပဲဖြစ်ပါ တယ်။ ကျန်းမာရေးအားနည်းခဲ့သူများ ဒီကာလမှာသိသိသာသာကျန်းမာလာတတ်ပါတယ်။

လူများများနဲ့တွဲဖက် လုပ်ကိုင် ဆောင်ရွက်ရတဲ့အလုပ် တွေမှာတော့ ထင်ထားသည်ထက်ပိုမိုအောင်မြင်မှုတွေကို ကြုံရတတ်ပါတယ်။ငွေကြေးနဲ့ ပတ် သက်ပြီးအလွန် လာဘ်လာဘပေါများတတ်ပါတယ်။ အချစ်ရေး ကိစ္စတွေမှာ ချစ်သူရဲ့ မြတ်နိုးတန်ဖိုး ထားမှု ကို ရလွယ်နိုင်တဲ့အချိန်ကာလပါပဲ။ သားသမီးအတွက် စိတ်ပူပန်ရတာတွေတော့ရှိနေ တတ်ပါတယ်။ အိမ်ထောင် ရေးလဲ အညံ့မရှိပေမဲ့ အိမ်ထောင်ဘက်ရဲ့ကျန်းမာရေးခြူခြာနိုင်တာမို့သူအတွက်စိတ်ပူပန် ရတတ်ပါတယ်။ ပညာရေး ကိစ္စ တွေမှာတော့ အနည်းငယ်အားနည်းတာကိုတွေ့ရပါတယ်။
အကျိုးပေးဂဏန်း 9/5/6
အထူးဟော-စိတ်ချမ်းသာရပါလိမ့်မယ်။
ယတြာ-မုန့်ဟင်းခါး ဘုရားကပ်လှူပါ။..

တနင်္လာ
စိတ်ထဲရှိတဲ့အတိုင်းပြောရရင်တော့ ဒီကာလဟာ ကံအညံ့လေးတွေများနေတဲ့ကာလပါပဲ။ လူငယ်တွေဆိုရင်တော့လွတ်လပ်မှုတွေပျောက်ဆုံးနေရတတ်ပါတယ်။ ချုပ်ခြယ်မှု၊စိတ်ဖိစီးမှု၊အလုပ်တွင် Pressure ပေးခံရမှုတွေက ဒီကာလမှာ ဖြစ်လာဖွယ်ရှိနေပါတယ်။ ငွေကြေးကိုချင့်ချိန်သုံးသင့်တဲ့ကာလပါပဲ။ ကုန်စရာတွေတစ်ခုပြီးပေါ်လာ တတ်ပါတယ်။ ငွေကြေးချေးငှားခြင်းကိစ္စတွေကို ဒီအပတ်ထဲတက်နိုင်သလောက်ရှောင်နိုင်ရင်ပိုကောင်းပါတယ်။ အလုပ်ကိစ္စတွေမှာ ငွေကြေးကိုင်တွယ်လုပ်ရသူတွေသတိထားစေချင်ပါတယ်။ ငွေကြေးအမှားအယွင်းအပျောက် အရှလေးတွေရှိတတ်ပါတယ်။ လူငယ်များ အပေါင်းအသင်းမှားတတ်ပါတယ်။ ဆိုးသွမ်းတဲ့ မိတ်ဆွေတွေကို ပေါင်းသင်းမိရာကစလို့ ပြဿနာကြားမိမိဝင်ပါလာရတတ်ပါတယ်။ ကျန်းမာရေးကတော့ အိမ်ထဲနေရင်အကောင်း၊ ခရီးတို ခရီးရှည်လေးတွေသွားပြီး ပြန်လာရင်တော့ ဖျားနာတတ်တာမျိုးကြုံရဖွယ်ရှိနေပါတယ်။အချစ်ရေးမှာတော့ ကြားဝင်နှောက်ယှက်သူတွေရှိနေ တတ်ပါတယ်။ ကိုယ်တိုင်က ပါးနပ်လိမ္မာမှအချစ်ရေးသာယာနိုင်ပါလိမ့်မယ်။ အိမ်ထောင်ရေးကံကောင်းပေမဲ့ အိမ် ထောင်ဘက်ကအလုပ်အပေါ်အာရုံစိုက်ပြီး မိသားစုကိုဂရုမစိုက်နိုင်တာလေး တွေရှိရင်နားလည်ပေးဖို့လိုပါတယ်။ ပညာရေးမှာတော့ ဆရာကဘယ်လောက်သင်သင်၊ကိုယ်က နားဝင်ဖို့၊နားလည်ဖို့ ခဲယဉ်းနေတာကိုတွေ့ရပါတယ်။
အကျိုးပေးဂဏန်း-1/0/6
အထူးဟော-ကံအားနည်းနေမည်။
ယတြာ-ရေနွေးကြမ်းနှင့် ကောက်ညှင်းပေါင်းဘုရားကပ်ပါ။

အင်္ဂါ
အလုပ်နဲ့ပတ်သက်ပြီး မိမိကိုယ်တိုင်ကအာရုံစိုက် စိတ်နှစ်ထားဖို့လိုပါတယ်။ အဲလိုမှစိတ်မနှစ်ထားရင်ကိုယ် တိုင်ကပျင်းရိနေပြီးဘာမှမလုပ်ချင် မကိုင်ချင်ဆိုတာမျိုးတွေဖြစ်နေရတတ်ပါတယ်။ ဒါကြောင့်ဒီကာလက ပေါ့လိုက် တာနဲ့အလုပ်အကြွေးတွေများသွားနိုင်ပါတယ်။ ငွေများစွာသုံးပြီး ပစ္စည်းတစ်ခုခုဝယ်ရမယ်ဆိုရင် ဒီကာလမှာ ချင့်ချိန် စေချင်ပါတယ်။ကိုယ်ဝယ်လိုက်တဲ့ပစ္စည်းကခဏလေးနဲ့ပျက်စီးသွားနိုင်လို့ပါပဲ။တတ်နိုင်သမျှအရေးမကြီးရင်တန်ဖိုး ကြီးတာတွေနောက်အပတ်မှသာဝယ်ပါ။ မိမိကြိုးစားမှုကြောင့်အသိအမှတ်ပြုခံရတာမျိုးတွေ၊ရာထူးတဆင့်တိုးတာ မျိုးတွေအထူးကြုံရတတ်ပါ တယ်။

ကိုယ်ပိုင်စီးပွားများကတော့ အတိုက်အခံများပါတယ်။မနာလိုသူတွေက အကွက် ချချောက်ချတာမျိုးတွေကိုလဲကြုံရတတ်ပါတယ်။အန္တရာယ်ရှိတဲ့စက်ကားတွေ၊ဝပ်ရှော့အလုပ်လုပ်ကြသူတွေအရမ်း ကြီး အလောသုံးဆယ်မလုပ်ဖို့ ပြောလိုပါတယ်။သွေးထွက်သံယိုကိစ္စတွေ အလျင်လိုအနှေးဖြစ်တာမျိုးတွေ ကြုံရ တတ်ပါ တယ်။အချစ်ရေးကိစ္စတွေမှာတော့ ဒီအပတ်က စန်းပွင့်နေတာကိုတွေ့ရပါတယ်။ ချစ်သူခင်သူပေါများတယ်။ ကိုယ် ချစ်ရသူဆီကနေ အဖြေရတတ်ပါတယ်။ ချစ်သူသစ်လဲ ရလာတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်က ခရီးကိစ္စတွေပေါ်လာတတ်ပါတယ်။ ပညာရေးအတွက် စိတ်ညစ်စရာ စိတ်ပင်ပန်းစရာတွေကြုံ လာ ရတတ် ပါတယ်။
အကျိုးပေးဂဏန်း 1/7/4
အထူးဟော-ကံသင့်ပါတယ်။
ယတြာ-ဘုရားကျောင်းဆောင်ကိုသန့်ရှင်းရေးလုပ်ပေးပါ။

ဗုဒ္ဓဟူး၊ရာဟု
လုပ်စရာရှိတာတွေကို အချိန်မဆိုင်းဘဲလုပ်သွားဖို့လိုပါတယ်။ ကံကြမ္မာက အလုပ်အကိုင်အတွက်အခွင့် အရေးတွေပေးနေချိန်ဖြစ်ပါတယ်။ လုပ်ငန်းရှာနေသူများအလုပ်ရတတ်သလို ကိုယ်ပိုင်အလုပ်များလဲ ဖောက်သည် တွေရလာတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ စိတ်ချမ်းသာစရာများတယ်။ ရစရာရှိတာတွေ၊ကြန့်ကြာ နေတာတွေပြန်ရလာတတ်ပါတယ်။ မိသားစုစီးပွားရေးရှိသူများ လုပ်ငန်းတိုးတတ်လာဖွယ်ရှိပါတယ်။ မိသားစုဝင်ထဲ ကတစ်ယောက်ယောက်ရဲ့ အောင်မြင်တဲ့သတင်းကောင်းတွေကြားလာရတတ်ပါတယ်။ အလုပ်နဲ့ပတ်သက်ပြီးတော့ မိမိကိုယ်တိုင်က စေတနာပါပါလုပ်လေ၊အသိအမှတ်ပြုခံရလေပါပဲ၊ အိမ်သစ်စတင်ဆောက်တာမျိုးတွေ၊တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေအထူးဆောင်ရွက်လို့ကောင်းတဲ့ကာလပါပဲ။

ရင်းနှီးမြုပ်နှံထားတဲ့ကုန် တွေဈေးကောင်းရလာ တတ်ပါတယ်။ အာယုဂြိုဟ်တွေအားနည်းနေချိန်မို့ ကျန်းမာရေးကတော့ဒီအပတ်ထဲစိတ်မချရပါဘူး။ အငန်လျှော့ စားပါ။ အရက်၊အချိုရည် ၊ဟော့ပေါ့စားခြင်းများဒီကာလရှောင်နိုင်ရင် ပိုကောင်းပါတယ်။ အိမ်ထောင်ရေးမှာတော့ စိတ်ချမ်းသာစရာများပါတယ်။ အိမ်ထောင်ဘက်နဲ့ စိတ်တူသဘောတူဖြစ်နေတတ်ပါတယ်။ ပညာရေးကတော့ စိတ်ချမ်းသာရတတ်ပါတယ်။ အပေါင်းအသင်းတွေနဲ့ဝိုင်းဖွဲ့ပြီးစာလုပ်ပါ။
အကျိုးပေးဂဏန်း-1/2/5
အထူးဟော-အလုပ်ကံ၊စီးပွားကံမြင့်မားနေပါလိမ့်မယ်။
ယတြာ-မြေပဲကြော်ဘုရားကပ်လှူလိုက်ပါ။

ကြာသပတေး
ဒီကာလတွေမှာသတိထားရမှာကနာမည်ပျက်စရာကြုံတတ်ပါတယ်။အထူးသဖြင့် မိမိရဲ့လုပ်ရပ်မှား၊ အပြော မှားတွေကြောင့် ဖြစ်ရတာများပါတယ်။ အချစ်ရေးကိစ္စတွေမှာလဲ လမ်းခွဲစရာကိစ္စတွေပေါ်လာတတ်ပါတယ်။ စိတ် ကူးထားတဲ့ကိစ္စတွေကို သေချာပြန်သုံးသပ်ပြီးမှလုပ်ကိုင်စေချင်ပါတယ်။ ကိုယ်တွေးတာမှန်ပေမဲ့အများအမြင် မှာတော့ မသင့်တော်တာတွေဖြစ်တတ်ပါတယ်။ ငွေအကုန်များတတ်ပါတယ်။ ငွေကုန်သွားတာပြဿနာမဟုတ်ပေမဲ့ အကျိုးမရှိဘဲကုန်သွားတာမျိုးကိုတော့သတိနဲ့ဆင်ခြင်စေချင်ပါတယ်။ အလုပ်ကြိုးစားသူများ လုပ်ငန်းရှင်က အလုပ်ပိုတွေ ထပ်ခိုင်းချင်လာတတ်ပါတယ်။ မိမိက မနိုင်ဝန်ဖြစ်မယ်ဆိုရင်အားမနာပါနဲ့။ ငြင်းလိုက်ပါ။ အိမ်ထောင်ရေးကိစ္စတွေ မှာ အညံ့အဆိုးတော့မတွေ့ရပါဘူး။ စိတ်ချမ်းသာစရာများပါတယ်။မိတ်ဆွေရင်းတွေရဲ့ ဒုက္ခတွေကို ငွေအား၊လူအား နဲ့ဖြေရှင်းပေးနေရတတ်ပါတယ်။ခရီးနဲ့ပတ်သက်ရင်လဲဒီကာလမှာတော့အပျော်အပါးခရီးတွေကိုရှောင်သင့်ပါတယ်။ အလုပ်စီးပွားနဲ့ပတ်သက်တဲ့ခရီးကလွဲလို့ အခြားခရီးတွေကိုရှောင်စေ ချင်ပါတယ်။ ညနက်သန်းခေါင် အပြင်ထွက် တာမျိုး၊ အပျော်အပါးနောက်လိုက်တာမျိုးရှောင်ပါ။ အဖမ်းအဆီးရတတ်ပါ တယ်။ ငွေကြေးနဲ့ပတ်သက်ပြီး တော့ အဝင်ကြမ်းအထွက်ကြမ်းဖြစ်နေတတ်ပါတယ်။ကျန်းမာရေးကတော့ဒီကာလမှာသွေးလည်ပတ်မှုအားနည်းနေတတ် ပါ တယ်။ ကိုယ်လက်လှုပ်ရှားမှုလေးတွေလုပ်ပေးပါ။
အကျိုးပေးဂဏန်း 2/3/6
အထူးဟော-လူမှုရေးကိစ္စတွေများနေတတ်ပါတယ်။
ယတြာ-တံတားပြုပြင်တဲ့နေရာတွေမှာ အလှူငွေထည့်ဝင်ပါ။

သောကြာ
ဒီကာလအတွင်းမိမိဖြစ်ချင်တာတွေကို ဦးစားပေးလုပ်ကိုင်နိုင်မှာမဟုတ်ပါဘူး။ သူများတွေဖြစ်ချင်တဲ့ကိစ္စ တွေကိုပဲဦးစားပေးနေရတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးစုဆောင်းရခက်ခဲနေတတ်ပါတယ်။ သူများတွေကို ငွေကြေးလက်လွန်ထားတယ်ဆိုရင်တော့ ပြန်တောင်းရခက်ခဲနေတတ်ပါတယ်။ ငွေမချေးပါနဲ့။ ငွေကိုင်ပြီးရင်းနှီး မြုပ်နှံရတဲ့ကိစ္စမှန်သမျှ အဆုံးအရှုံးများနိုင်ပါတယ်။ ရပ်ဝေးသွားပြီးစီးပွားရှာတာမျိုးတွေကိုရှောင်သင့်ပါတယ်။ ရပ်ဝေးကအလုပ်တွေ တိုးတတ်မှုနှောင့်နှေးတတ်ပါတယ်။ လူမျိုးခြား၊တစိမ်းတရံတွေနဲ့ အကျိုးပေးမှုနည်းပါးတတ် ပါတယ်။ အလုပ်တွေများနေတတ်ပါတယ်။ အချိန်ပိုဆင်းရတာမျိုးတွေကိုလဲ အထူးကြုံနေရတတ်ပါတယ်။

ကိုယ်ပိုင် အလုပ်များ အလုပ်တွေကျနေတာကြောင့် ဝန်ထမ်းတွေတင်မကဘဲ ကိုယ်တိုင်ဝင်ရောက်လုပ်ကိုင်ပေးနေရတတ်ပါ တယ်။ကျန်းမာရေးကတော့ အညံ့များတယ်ဗျ။ သွေးတိုးသမား၊ဆီးချို၊သွေးချိုသမားများသတိထားပါ။ အရေပြားမှာ အနာပေါက်တာမျိုးတွေလဲဖြစ်ရတတ်ပါတယ်။ အချစ်ရေးနဲ့ပတ်သက်ပြီးတော့လဲ အဆင်ပြေတိုးတတ်မှုတွေရှိပါ လိမ့်မယ်။ ချစ်သူကမိမိအလုပ်တွေကို ကူညီဆောင်ရွက်ပေးပါလိမ့်မယ်။ အိမ်ထောင်ရေးကတော့သာယာပျော်ရွှင် ရပါလိမ့်မယ်။ ပညာရှာလို့မကောင်းသေးပါဘူး။
အကျိုးပေးဂဏန်း 3/8/7
အကျိုးပေးဂဏန်း စိတ်ပင်ပန်းနေရမည်။
ယတြာ-ဒီကာလအတွင်း ဘုရားရှင်ကိုယပ်တော်သွင်းတာမျိုးခဏခဏလုပ်ပေးပါ။

စနေ
ဒီကာလအတွင်း စိတ်ချမ်းသာကိုယ်ကျန်းမာမှုတွေရှိမဲ့နေ့ရက်တွေ ပဲဖြစ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး တော့လဲ အလုပ်ထဲမှာလိုအပ်တာတွေကို ရင်းနှီးမြုပ်နှံလိုက်ပါ။ ငွေကြေးရင်းနှီးထားတဲ့ကိစ္စတွေက အကျိုးအမြတ် ကြီးပါလိမ့်မယ်။အလုပ်ခွင်မှာ နေရာပေးလာရင် ရွံရွံချွန်ချွန်လုပ်ပြလိုက်ပါ။ တာဝန်ယူစိတ်အပြည့်နဲ့လုပ်ပြလိုက်ပါ။ သေချာပေါက်ရာထူးတိုးတာအသိအမှတ်ပြုခံရတာတွေကြုံရပါလိမ့်မယ်။ မိမိဖြစ်ချင်တာတွေကိုဖြစ်အောင်လုပ် သွားနိုင်ပါလိမ့်မယ်။ အလုပ်နဲ့ပတ်သက်ပြီးမိမိ အတွက် လိုအပ်တဲ့အကူအညီတွေကိုလဲ မိမိရဲ့ဆရာသမားမိဘတွေ ဆီကရရှိပါလိမ့်မယ်။ ဖခင်က မိမိဖြစ်ချင်တာ တွေကိုလိုက်လျောပါလိမ့်မယ်။အလုပ်ထဲမှာလစာနည်းနေတာ ဖြစ်စေ၊ အခွင့်အရေးမရတာမျိုးဖြစ်စေ၊ လုပ်ရတာ နဲ့မတန်ဘူးထင်နေတယ်ဆိုရင် အထက်လူကြီးဆီတင်ပြပြောဆိုလို့အလွန်ပဲကောင်းပါတယ်။ ကျန်းမာရေးနှင့်ပတ် သက်ပြီးတော့လဲ အဆိုးအညံ့မရှိသလောက်ရှားပါးနေ တတ်ပါ တယ်။ အချစ်ရေးနဲ့ပတ်သက်ပြီးတော့လဲ အားရစရာကောင်းတဲ့အနေအထားပါ။ မိမိတို့အချစ်ရေးအခြေ အနေကို မိဘတွေ ကိုတိုင်ပင်သင့်တဲ့ကာလပါပဲ။ အိမ်ထောင်ရေးကတော့ သာယာပျော်ရွှင်စရာကောင်းတဲ့နေ့ရက် တွေဖြစ်နေ ပါလိမ့် မယ်။ပညာရေးကတော့ ခေါင်းဆောင်မှုဆိုင်ရာပညာတွေကိုလေ့လာသင့်ပါတယ်။
အကျိုးပေးဂဏန်း 1/8/5
အထူးဟော-ကံမြင့်မားနေပါလိမ့်မယ်။
ယတြာ-အားတဲ့နေ့ အရှေ့အရပ်ကိုမျက်နှာမူပြီးခေါင်းလျှော်ခြင်းပြုလုပ်ပါ။

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

24.6.2021 မွ 30.6.2021 အထိ တစ္ပတ္စာ ၇ရက္သားသမီးေဟာစာတမ္း

တနဂၤေႏြ
ဒီကာလအတြင္းစိတ္ခ်မ္းသာရလိမ့္မယ္။အရင္အပတ္ကစိတ္ရႈပ္စရာေတြကင္းေဝးသြားပါလိမ့္မယ္။ အလုပ္ပို၊ ကိစၥပိုေတြကေနတဆင့္ ေငြေတြဝင္လာတတ္ပါတယ္။ ပင္မအလုပ္ထက္ ခ်ဲ႕ထြင္ထားတဲ့အလုပ္ေတြကပို အက်ိဳး ေပးပါတယ္။ ခရီးကိစၥမ်ား၊ရပ္ေဝးႏိုင္ငံျခားကိစၥမ်ား အဆင္ေျပေခ်ာေမြ႕လာတတ္ပါတယ္။ ရပ္ေဝးကေနလက္ေဆာင္ေတြ လဲရလာတတ္ပါတယ္။ ေဘာက္ဆူးရတာမ်ိဳး ၊ေရာင္းလိုတဲ့ပစၥည္းေရာင္းထြက္သြားလို႔ေငြအစုလိုက္ ဝင္ တာ မ်ိဳးေတြႀကဳံရတတ္ပါတယ္။ ဒီအပတ္ထဲအားရစရာေကာင္းတဲ့ေနာက္တစ္ခ်က္က က်န္းမာေရးပဲျဖစ္ပါ တယ္။ က်န္းမာေရးအားနည္းခဲ့သူမ်ား ဒီကာလမွာသိသိသာသာက်န္းမာလာတတ္ပါတယ္။ လူမ်ားမ်ားနဲ႔တြဲဖက္ လုပ္ကိုင္ ေဆာင္႐ြက္ရတဲ့အလုပ္ ေတြမွာေတာ့ ထင္ထားသည္ထက္ပိုမိုေအာင္ျမင္မႈေတြကို ႀကဳံရတတ္ပါတယ္။ေငြေၾကးနဲ႔ ပတ္ သက္ၿပီးအလြန္ လာဘ္လာဘေပါမ်ားတတ္ပါတယ္။ အခ်စ္ေရး ကိစၥေတြမွာ ခ်စ္သူရဲ႕ ျမတ္ႏိုးတန္ဖိုး ထားမႈ ကို ရလြယ္ႏိုင္တဲ့အခ်ိန္ကာလပါပဲ။ သားသမီးအတြက္ စိတ္ပူပန္ရတာေတြေတာ့ရွိေန တတ္ပါတယ္။ အိမ္ေထာင္ ေရးလဲ အညံ့မရွိေပမဲ့ အိမ္ေထာင္ဘက္ရဲ႕က်န္းမာေရးျခဴျခာႏိုင္တာမို႔သူအတြက္စိတ္ပူပန္ ရတတ္ပါတယ္။ ပညာေရး ကိစၥ ေတြမွာေတာ့ အနည္းငယ္အားနည္းတာကိုေတြ႕ရပါတယ္။
အက်ိဳးေပးဂဏန္း 9/5/6
အထူးေဟာ-စိတ္ခ်မ္းသာရပါလိမ့္မယ္။
ယၾတာ-မုန႔္ဟင္းခါး ဘုရားကပ္လႉပါ။.

တနလၤာ
စိတ္ထဲရွိတဲ့အတိုင္းေျပာရရင္ေတာ့ ဒီကာလဟာ ကံအညံ့ေလးေတြမ်ားေနတဲ့ကာလပါပဲ။ လူငယ္ေတြဆိုရင္ေတာ့လြတ္လပ္မႈေတြေပ်ာက္ဆုံးေနရတတ္ပါတယ္။ ခ်ဳပ္ျခယ္မႈ၊စိတ္ဖိစီးမႈ၊အလုပ္တြင္ Pressure ေပးခံရမႈေတြက ဒီကာလမွာ ျဖစ္လာဖြယ္ရွိေနပါတယ္။ ေငြေၾကးကိုခ်င့္ခ်ိန္သုံးသင့္တဲ့ကာလပါပဲ။ ကုန္စရာေတြတစ္ခုၿပီးေပၚလာ တတ္ပါတယ္။ ေငြေၾကးေခ်းငွားျခင္းကိစၥေတြကို ဒီအပတ္ထဲတက္ႏိုင္သေလာက္ေရွာင္ႏိုင္ရင္ပိုေကာင္းပါတယ္။ အလုပ္ကိစၥေတြမွာ ေငြေၾကးကိုင္တြယ္လုပ္ရသူေတြသတိထားေစခ်င္ပါတယ္။ ေငြေၾကးအမွားအယြင္းအေပ်ာက္ အရွေလးေတြရွိတတ္ပါတယ္။ လူငယ္မ်ား အေပါင္းအသင္းမွားတတ္ပါတယ္။ ဆိုးသြမ္းတဲ့ မိတ္ေဆြေတြကို ေပါင္းသင္းမိရာကစလို႔ ျပႆနာၾကားမိမိဝင္ပါလာရတတ္ပါတယ္။

က်န္းမာေရးကေတာ့ အိမ္ထဲေနရင္အေကာင္း၊ ခရီးတို ခရီးရွည္ေလးေတြသြားၿပီး ျပန္လာရင္ေတာ့ ဖ်ားနာတတ္တာမ်ိဳးႀကဳံရဖြယ္ရွိေနပါတယ္။အခ်စ္ေရးမွာေတာ့ ၾကားဝင္ေႏွာက္ယွက္သူေတြရွိေန တတ္ပါတယ္။ ကိုယ္တိုင္က ပါးနပ္လိမၼာမွအခ်စ္ေရးသာယာႏိုင္ပါလိမ့္မယ္။ အိမ္ေထာင္ေရးကံေကာင္းေပမဲ့ အိမ္ ေထာင္ဘက္ကအလုပ္အေပၚအာ႐ုံစိုက္ၿပီး မိသားစုကိုဂ႐ုမစိုက္ႏိုင္တာေလး ေတြရွိရင္နားလည္ေပးဖို႔လိုပါတယ္။ ပညာေရးမွာေတာ့ ဆရာကဘယ္ေလာက္သင္သင္၊ကိုယ္က နားဝင္ဖို႔၊နားလည္ဖို႔ ခဲယဥ္းေနတာကိုေတြ႕ရပါတယ္။
အက်ိဳးေပးဂဏန္း-1/0/6
အထူးေဟာ-ကံအားနည္းေနမည္။
ယၾတာ-ေရေႏြးၾကမ္းႏွင့္ ေကာက္ညႇင္းေပါင္းဘုရားကပ္ပါ။

အဂၤါ
အလုပ္နဲ႔ပတ္သက္ၿပီး မိမိကိုယ္တိုင္ကအာ႐ုံစိုက္ စိတ္ႏွစ္ထားဖို႔လိုပါတယ္။ အဲလိုမွစိတ္မႏွစ္ထားရင္ကိုယ္ တိုင္ကပ်င္းရိေနၿပီးဘာမွမလုပ္ခ်င္ မကိုင္ခ်င္ဆိုတာမ်ိဳးေတြျဖစ္ေနရတတ္ပါတယ္။ ဒါေၾကာင့္ဒီကာလက ေပါ့လိုက္ တာနဲ႔အလုပ္အေႂကြးေတြမ်ားသြားႏိုင္ပါတယ္။ ေငြမ်ားစြာသုံးၿပီး ပစၥည္းတစ္ခုခုဝယ္ရမယ္ဆိုရင္ ဒီကာလမွာ ခ်င့္ခ်ိန္ ေစခ်င္ပါတယ္။ကိုယ္ဝယ္လိုက္တဲ့ပစၥည္းကခဏေလးနဲ႔ပ်က္စီးသြားႏိုင္လို႔ပါပဲ။တတ္ႏိုင္သမွ်အေရးမႀကီးရင္တန္ဖိုး ႀကီးတာေတြေနာက္အပတ္မွသာဝယ္ပါ။ မိမိႀကိဳးစားမႈေၾကာင့္အသိအမွတ္ျပဳခံရတာမ်ိဳးေတြ၊ရာထူးတဆင့္တိုးတာ မ်ိဳးေတြအထူးႀကဳံရတတ္ပါ တယ္။ ကိုယ္ပိုင္စီးပြားမ်ားကေတာ့ အတိုက္အခံမ်ားပါတယ္။မနာလိုသူေတြက အကြက္ ခ်ေခ်ာက္ခ်တာမ်ိဳးေတြကိုလဲႀကဳံရတတ္ပါတယ္။အႏၲရာယ္ရွိတဲ့စက္ကားေတြ၊ဝပ္ေရွာ့အလုပ္လုပ္ၾကသူေတြအရမ္း ႀကီး အေလာသုံးဆယ္မလုပ္ဖို႔ ေျပာလိုပါတယ္။ေသြးထြက္သံယိုကိစၥေတြ အလ်င္လိုအေႏွးျဖစ္တာမ်ိဳးေတြ ႀကဳံရ တတ္ပါ တယ္။အခ်စ္ေရးကိစၥေတြမွာေတာ့ ဒီအပတ္က စန္းပြင့္ေနတာကိုေတြ႕ရပါတယ္။ ခ်စ္သူခင္သူေပါမ်ားတယ္။ ကိုယ္ ခ်စ္ရသူဆီကေန အေျဖရတတ္ပါတယ္။ ခ်စ္သူသစ္လဲ ရလာတတ္ပါတယ္။ အိမ္ေထာင္ေရးမွာေတာ့ အိမ္ေထာင္ဘက္က ခရီးကိစၥေတြေပၚလာတတ္ပါတယ္။ ပညာေရးအတြက္ စိတ္ညစ္စရာ စိတ္ပင္ပန္းစရာေတြႀကဳံ လာ ရတတ္ ပါတယ္။
အက်ိဳးေပးဂဏန္း 1/7/4
အထူးေဟာ-ကံသင့္ပါတယ္။
ယၾတာ-ဘုရားေက်ာင္းေဆာင္ကိုသန႔္ရွင္းေရးလုပ္ေပးပါ။

ဗုဒၶဟူး၊ရာဟု
လုပ္စရာရွိတာေတြကို အခ်ိန္မဆိုင္းဘဲလုပ္သြားဖို႔လိုပါတယ္။ ကံၾကမၼာက အလုပ္အကိုင္အတြက္အခြင့္ အေရးေတြေပးေနခ်ိန္ျဖစ္ပါတယ္။ လုပ္ငန္းရွာေနသူမ်ားအလုပ္ရတတ္သလို ကိုယ္ပိုင္အလုပ္မ်ားလဲ ေဖာက္သည္ ေတြရလာတတ္ပါတယ္။ ေငြေၾကးနဲ႔ပတ္သက္ၿပီးေတာ့လဲ စိတ္ခ်မ္းသာစရာမ်ားတယ္။ ရစရာရွိတာေတြ၊ၾကန႔္ၾကာ ေနတာေတြျပန္ရလာတတ္ပါတယ္။ မိသားစုစီးပြားေရးရွိသူမ်ား လုပ္ငန္းတိုးတတ္လာဖြယ္ရွိပါတယ္။ မိသားစုဝင္ထဲ ကတစ္ေယာက္ေယာက္ရဲ႕ ေအာင္ျမင္တဲ့သတင္းေကာင္းေတြၾကားလာရတတ္ပါတယ္။ အလုပ္နဲ႔ပတ္သက္ၿပီးေတာ့ မိမိကိုယ္တိုင္က ေစတနာပါပါလုပ္ေလ၊အသိအမွတ္ျပဳခံရေလပါပဲ၊ အိမ္သစ္စတင္ေဆာက္တာမ်ိဳးေတြ၊တိုင္ထူတာ၊ ပႏၷက္႐ိုက္တာမ်ိဳးေတြအထူးေဆာင္႐ြက္လို႔ေကာင္းတဲ့ကာလပါပဲ။ရင္းႏွီးျမဳပ္ႏွံထားတဲ့ကုန္ ေတြေဈးေကာင္းရလာ တတ္ပါတယ္။ အာယုၿဂိဳဟ္ေတြအားနည္းေနခ်ိန္မို႔ က်န္းမာေရးကေတာ့ဒီအပတ္ထဲစိတ္မခ်ရပါဘူး။ အငန္ေလွ်ာ့ စားပါ။ အရက္၊အခ်ိဳရည္ ၊ေဟာ့ေပါ့စားျခင္းမ်ားဒီကာလေရွာင္ႏိုင္ရင္ ပိုေကာင္းပါတယ္။ အိမ္ေထာင္ေရးမွာေတာ့ စိတ္ခ်မ္းသာစရာမ်ားပါတယ္။ အိမ္ေထာင္ဘက္နဲ႔ စိတ္တူသေဘာတူျဖစ္ေနတတ္ပါတယ္။ ပညာေရးကေတာ့ စိတ္ခ်မ္းသာရတတ္ပါတယ္။ အေပါင္းအသင္းေတြနဲ႔ဝိုင္းဖြဲ႕ၿပီးစာလုပ္ပါ။
အက်ိဳးေပးဂဏန္း-1/2/5
အထူးေဟာ-အလုပ္ကံ၊စီးပြားကံျမင့္မားေနပါလိမ့္မယ္။
ယၾတာ-ေျမပဲေၾကာ္ဘုရားကပ္လႉလိုက္ပါ။

ၾကာသပေတး
ဒီကာလေတြမွာသတိထားရမွာကနာမည္ပ်က္စရာႀကဳံတတ္ပါတယ္။အထူးသျဖင့္ မိမိရဲ႕လုပ္ရပ္မွား၊ အေျပာ မွားေတြေၾကာင့္ ျဖစ္ရတာမ်ားပါတယ္။ အခ်စ္ေရးကိစၥေတြမွာလဲ လမ္းခြဲစရာကိစၥေတြေပၚလာတတ္ပါတယ္။ စိတ္ ကူးထားတဲ့ကိစၥေတြကို ေသခ်ာျပန္သုံးသပ္ၿပီးမွလုပ္ကိုင္ေစခ်င္ပါတယ္။ ကိုယ္ေတြးတာမွန္ေပမဲ့အမ်ားအျမင္ မွာေတာ့ မသင့္ေတာ္တာေတြျဖစ္တတ္ပါတယ္။ ေငြအကုန္မ်ားတတ္ပါတယ္။ ေငြကုန္သြားတာျပႆနာမဟုတ္ေပမဲ့ အက်ိဳးမရွိဘဲကုန္သြားတာမ်ိဳးကိုေတာ့သတိနဲ႔ဆင္ျခင္ေစခ်င္ပါတယ္။ အလုပ္ႀကိဳးစားသူမ်ား လုပ္ငန္းရွင္က အလုပ္ပိုေတြ ထပ္ခိုင္းခ်င္လာတတ္ပါတယ္။ မိမိက မႏိုင္ဝန္ျဖစ္မယ္ဆိုရင္အားမနာပါနဲ႔။ ျငင္းလိုက္ပါ။ အိမ္ေထာင္ေရးကိစၥေတြ မွာ အညံ့အဆိုးေတာ့မေတြ႕ရပါဘူး။ စိတ္ခ်မ္းသာစရာမ်ားပါတယ္။

မိတ္ေဆြရင္းေတြရဲ႕ ဒုကၡေတြကို ေငြအား၊လူအား နဲ႔ေျဖရွင္းေပးေနရတတ္ပါတယ္။ခရီးနဲ႔ပတ္သက္ရင္လဲဒီကာလမွာေတာ့အေပ်ာ္အပါးခရီးေတြကိုေရွာင္သင့္ပါတယ္။ အလုပ္စီးပြားနဲ႔ပတ္သက္တဲ့ခရီးကလြဲလို႔ အျခားခရီးေတြကိုေရွာင္ေစ ခ်င္ပါတယ္။ ညနက္သန္းေခါင္ အျပင္ထြက္ တာမ်ိဳး၊ အေပ်ာ္အပါးေနာက္လိုက္တာမ်ိဳးေရွာင္ပါ။ အဖမ္းအဆီးရတတ္ပါ တယ္။ ေငြေၾကးနဲ႔ပတ္သက္ၿပီး ေတာ့ အဝင္ၾကမ္းအထြက္ၾကမ္းျဖစ္ေနတတ္ပါတယ္။က်န္းမာေရးကေတာ့ဒီကာလမွာေသြးလည္ပတ္မႈအားနည္းေနတတ္ ပါ တယ္။ ကိုယ္လက္လႈပ္ရွားမႈေလးေတြလုပ္ေပးပါ။
အက်ိဳးေပးဂဏန္း 2/3/6
အထူးေဟာ-လူမႈေရးကိစၥေတြမ်ားေနတတ္ပါတယ္။
ယၾတာ-တံတားျပဳျပင္တဲ့ေနရာေတြမွာ အလႉေငြထည့္ဝင္ပါ။

ေသာၾကာ
ဒီကာလအတြင္းမိမိျဖစ္ခ်င္တာေတြကို ဦးစားေပးလုပ္ကိုင္ႏိုင္မွာမဟုတ္ပါဘူး။ သူမ်ားေတြျဖစ္ခ်င္တဲ့ကိစၥ ေတြကိုပဲဦးစားေပးေနရတတ္ပါတယ္။ ေငြေၾကးနဲ႔ပတ္သက္ၿပီးစုေဆာင္းရခက္ခဲေနတတ္ပါတယ္။ သူမ်ားေတြကို ေငြေၾကးလက္လြန္ထားတယ္ဆိုရင္ေတာ့ ျပန္ေတာင္းရခက္ခဲေနတတ္ပါတယ္။ ေငြမေခ်းပါနဲ႔။ ေငြကိုင္ၿပီးရင္းႏွီး ျမဳပ္ႏွံရတဲ့ကိစၥမွန္သမွ် အဆုံးအရႈံးမ်ားႏိုင္ပါတယ္။ ရပ္ေဝးသြားၿပီးစီးပြားရွာတာမ်ိဳးေတြကိုေရွာင္သင့္ပါတယ္။ ရပ္ေဝးကအလုပ္ေတြ တိုးတတ္မႈေႏွာင့္ေႏွးတတ္ပါတယ္။ လူမ်ိဳးျခား၊တစိမ္းတရံေတြနဲ႔ အက်ိဳးေပးမႈနည္းပါးတတ္ ပါတယ္။ အလုပ္ေတြမ်ားေနတတ္ပါတယ္။ အခ်ိန္ပိုဆင္းရတာမ်ိဳးေတြကိုလဲ အထူးႀကဳံေနရတတ္ပါတယ္။ကိုယ္ပိုင္ အလုပ္မ်ား အလုပ္ေတြက်ေနတာေၾကာင့္ ဝန္ထမ္းေတြတင္မကဘဲ ကိုယ္တိုင္ဝင္ေရာက္လုပ္ကိုင္ေပးေနရတတ္ပါ တယ္။က်န္းမာေရးကေတာ့ အညံ့မ်ားတယ္ဗ်။ ေသြးတိုးသမား၊ဆီးခ်ိဳ၊ေသြးခ်ိဳသမားမ်ားသတိထားပါ။ အေရျပားမွာ အနာေပါက္တာမ်ိဳးေတြလဲျဖစ္ရတတ္ပါတယ္။ အခ်စ္ေရးနဲ႔ပတ္သက္ၿပီးေတာ့လဲ အဆင္ေျပတိုးတတ္မႈေတြရွိပါ လိမ့္မယ္။ ခ်စ္သူကမိမိအလုပ္ေတြကို ကူညီေဆာင္႐ြက္ေပးပါလိမ့္မယ္။ အိမ္ေထာင္ေရးကေတာ့သာယာေပ်ာ္႐ႊင္ ရပါလိမ့္မယ္။ ပညာရွာလို႔မေကာင္းေသးပါဘူး။
အက်ိဳးေပးဂဏန္း 3/8/7
အက်ိဳးေပးဂဏန္း စိတ္ပင္ပန္းေနရမည္။
ယၾတာ-ဒီကာလအတြင္း ဘုရားရွင္ကိုယပ္ေတာ္သြင္းတာမ်ိဳးခဏခဏလုပ္ေပးပါ။

စေန
ဒီကာလအတြင္း စိတ္ခ်မ္းသာကိုယ္က်န္းမာမႈေတြရွိမဲ့ေန႔ရက္ေတြ ပဲျဖစ္ပါတယ္။ ေငြေၾကးနဲ႔ပတ္သက္ၿပီး ေတာ့လဲ အလုပ္ထဲမွာလိုအပ္တာေတြကို ရင္းႏွီးျမဳပ္ႏွံလိုက္ပါ။ ေငြေၾကးရင္းႏွီးထားတဲ့ကိစၥေတြက အက်ိဳးအျမတ္ ႀကီးပါလိမ့္မယ္။အလုပ္ခြင္မွာ ေနရာေပးလာရင္ ႐ြံ႐ြံခြၽန္ခြၽန္လုပ္ျပလိုက္ပါ။ တာဝန္ယူစိတ္အျပည့္နဲ႔လုပ္ျပလိုက္ပါ။ ေသခ်ာေပါက္ရာထူးတိုးတာအသိအမွတ္ျပဳခံရတာေတြႀကဳံရပါလိမ့္မယ္။ မိမိျဖစ္ခ်င္တာေတြကိုျဖစ္ေအာင္လုပ္ သြားႏိုင္ပါလိမ့္မယ္။ အလုပ္နဲ႔ပတ္သက္ၿပီးမိမိ အတြက္ လိုအပ္တဲ့အကူအညီေတြကိုလဲ မိမိရဲ႕ဆရာသမားမိဘေတြ ဆီကရရွိပါလိမ့္မယ္။ ဖခင္က မိမိျဖစ္ခ်င္တာ ေတြကိုလိုက္ေလ်ာပါလိမ့္မယ္။အလုပ္ထဲမွာလစာနည္းေနတာ ျဖစ္ေစ၊ အခြင့္အေရးမရတာမ်ိဳးျဖစ္ေစ၊ လုပ္ရတာ နဲ႔မတန္ဘူးထင္ေနတယ္ဆိုရင္ အထက္လူႀကီးဆီတင္ျပေျပာဆိုလို႔အလြန္ပဲေကာင္းပါတယ္။ က်န္းမာေရးႏွင့္ပတ္ သက္ၿပီးေတာ့လဲ အဆိုးအညံ့မရွိသေလာက္ရွားပါးေန တတ္ပါ တယ္။

အခ်စ္ေရးနဲ႔ပတ္သက္ၿပီးေတာ့လဲ အားရစရာေကာင္းတဲ့အေနအထားပါ။ မိမိတို႔အခ်စ္ေရးအေျခ အေနကို မိဘေတြ ကိုတိုင္ပင္သင့္တဲ့ကာလပါပဲ။ အိမ္ေထာင္ေရးကေတာ့ သာယာေပ်ာ္႐ႊင္စရာေကာင္းတဲ့ေန႔ရက္ ေတြျဖစ္ေန ပါလိမ့္ မယ္။ပညာေရးကေတာ့ ေခါင္းေဆာင္မႈဆိုင္ရာပညာေတြကိုေလ့လာသင့္ပါတယ္။
အက်ိဳးေပးဂဏန္း 1/8/5
အထူးေဟာ-ကံျမင့္မားေနပါလိမ့္မယ္။
ယၾတာ-အားတဲ့ေန႔ အေရွ႕အရပ္ကိုမ်က္ႏွာမူၿပီးေခါင္းေလွ်ာ္ျခင္းျပဳလုပ္ပါ။

၇ရက္သားသမီးအေပါင္း ရန္သူမ်ိဳးငါးပါးေဘးမွ ကင္းေဝးႏိုင္ၾကပါေစ
ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ).

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box