Facebook Comments Box
သင်ရွေးချယ်တဲ့ခြင်္သေ့ကတစ်ဆင့် သင်နဲ့လိုက်ဖက်ညီမယ့် ဘဝလက်တွဲဖော်ကို ပြောပြမယ်

သင်ရွေးချယ်တဲ့ခြင်္သေ့ကတစ်ဆင့် သင်နဲ့လိုက်ဖက်ညီမယ့် ဘဝလက်တွဲဖော်ကို ပြောပြမယ်

နံပါတ် (၁)
နံပါတ် ၁ ခြင်္သေ့ကို ရွေးချယ်ခဲ့ရင်တော့ သင့်ကိုပျော်ရွှင်အောင် လုပ်ပေးနိုင်မယ့်လူမျိုးကို လိုအပ်နေပါတယ်။ သင်ဟာ စိတ်ဓာတ်ကြံ့ခိုင်မာကြောပြီး ပွင့်ပွင့်လင်းလင်းနေတတ်တဲ့ လူမျိုးကို ကြိုက်နှစ်သက်ပါတယ်။ ဒါကြောင့် တက်တက်ကြွကြွနဲ့ ပွင့်ပွင့်လင်းလင်းနေတတ်ပြီး သင့်ကိုအမြဲပျော်ရွှင်အောင် ဖန်တီးပေးတဲ့လူမျိုးသာလျှင် သင့်ဘဝရဲ့လက်တွဲဖော် ဖြစ်နိုင်ပါတယ်။

နံပါတ် (၂)
နံပါတ် ၂ ခြင်္သေ့ကို ရွေးချယ်ခဲ့ရင်တော့ သင်ဟာ ဉာဏ်ပညာထက်မြက်ပြီး တည်တည်ငြိမ်ငြိမ်နေတတ်တဲ့ လူမျိုးကို လိုအပ်နေပါတယ်။ အတိတ်က ဖြစ်ရပ်တွေကို ပြန်တွေးပြီး နောင်တရနေတတ်တဲ့ လူမျိုးကို သင်ဟာမနှစ်သက်ပါဘူး။ သင်ဟာ စဉ်ဆက်မပြတ် ကိုယ့်ဘဝကို တိုးတက်စေမယ့်အရာတွေကို လေ့လာဆည်းပူးပြီး ပိုကောင်းမွန်တဲ့လူနေမှုဘဝကို ဖန်တီးရတာမျိုးကို နှစ်သက်ပါတယ်။

နံပါတ် (၃)
နံပါတ် ၃ ခြင်္သေ့ကို ရွေးချယ်ခဲ့ရင်တော့ သင်ဟာ ရည်မှန်းချက်ကြီးမားတဲ့လူမျိုးကို လိုအပ်နေပါတယ်။ သင်ဟာ ရည်မှန်းချက်ကြီးမားပြီး ကိုယ့်ရည်မှန်းချက်ရောက်အောင် အစွမ်းကုန်ကြိုးစားတဲ့လူမျိုးကို နှစ်သက်ပါတယ်။ ကိုယ်ချစ်တဲ့လူရဲ့ အောင်မြင်မှုတွေကို ဂုဏ်ယူချင်ပြီး သူ့ရည်မှန်းချက်တွေဖြစ်မြောက်အောင် ပံ့ပိုးကူညီရတာမျိုးက သင့်ဆန္ဒပါပဲ။

နံပါတ် (၄)
နံပါတ် ၄ ခြင်္သေ့ကို ရွေးချယ်ခဲ့ရင်တော့ သင်ဟာ အာဏာရှိပြီး ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာပြီး ရင့်ကျက်တဲ့လူမျိုးကို လိုအပ်နေပါတယ်။ လူ့အသိုင်းအဝိုင်းမှာ လက်ခံပေးလောက်တဲ့ နေရာတစ်ခုကို ပိုင်ဆိုင်ထားတဲ့လူမျိုးကို သင်ဟာ အရမ်းလေးစားတတ်ပါတယ်။ ဒါ့အပြင် ဘဝမှာ အောင်မြင်မှုတွေရအောင် ဖန်တီးကြိုးစားပြီး ကြွယ်ဝချမ်းသာမှုတွေ ရရှိအောင်ကြိုးစားတတ်တဲ့လူမျိုးကိုလည်း သင်ဟာ သဘောကျနှစ်သက်တတ်ပါတယ်။

နံပါတ် (၅)
နံပါတ် ၅ ခြင်္သေ့ကို ရွေးချယ်ခဲ့ရင်တော့ သင်ဟာ မှီခိုအားထားလို့ရမယ့်လူမျိုးကို လိုအပ်နေပါတယ်။ သင်ဟာ ပြဿနာတွေကို ဖြေရှင်းနိုင်ပြီး သင်လိုအပ်ချိန်တိုင်း အမြဲအားပေးကူညီပေးမယ့်လူမျိုးကို နှစ်သက်ပါတယ်။ ဒါ့အပြင် လိုအပ်လာရင် သင့်ကိုအပြည့်အဝ ကာကွယ်ပေးနိုင်ပြီး သင့်ကိုတိုးတက်ဖြစ်ထွန်းစေမယ့် ဆုံးဖြတ်ချက်မျိုးတွေ ချပေးနိုင်တဲ့လူမျိုးကို မက်မောတတ်ပါတယ်။

နံပါတ် (၆)
နံပါတ် ၆ ခြင်္သေ့ကို ရွေးချယ်ခဲ့ရင်တော့ သင်ဟာ မိသားစုကို ချစ်မြတ်နိုးတဲ့လူမျိုးကို လိုအပ်ပါတယ်။ သင်ဟာ သာယာအေးချမ်းပြီး ပျော်ရွှင်တဲ့မိသားစုလေးကို မက်မောတဲ့အတွက် ဒီလိုမိသားစုမျိုး ဖန်တီးပေးနိုင်မယ့်လူမျိုးကို အရမ်းမျှော်လင့်နေမိပါတယ်။ ဘယ်သူက မိသားစုထက် တခြားအရာကို ပိုအရေးပေးတာကို လိုချင်မှာလဲ? သင်ဟာ မိသားစုကသာလျှင် ပထမဆိုတဲ့လူစားမျိုးကို လိုအပ်နေပါတယ်။

lotaya quiz


နံပါတ် (၁)

နံပါတ် (၂)

နံပါတ် (၃)

နံပါတ် (၄)

နံပါတ် (၅)

နံပါတ် (၆)

lotaya quiz

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box