Facebook Comments Box
သင်ရွေးချယ်လိုက်တဲ့ အရောင်စပ်အတုံးလေးတွေကပြောမယ့် သင့်ရဲ့အကျင့်စရိုက်များ

သင်ရွေးချယ်လိုက်တဲ့ အရောင်စပ်အတုံးလေးတွေကပြောမယ့် သင့်ရဲ့အကျင့်စရိုက်များ

(၁) အပြာနုနဲ့ခရမ်းစပ်
အပြာနုရောင်ဟာ ဉာဏ်ပညာရှိပြီး တီထွင်ဖန်တီးမူအားကောင်းတယ်လို့ ရည်ညွှန်းပါတယ်။ သူများတွေနဲ့မတူဘဲ တစ်မူထူးခြားပြီးဖန်တီးထားတဲ့ အရာတွေကိုနှစ်သက်တတ်ပါတယ်။ ပြီးတော့ တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးဆေးဆေး နေရတာကိုသဘောကျတတ်ပါတယ်။.

ခရမ်းရောင်ဟာ ဆတ်ဆတ်ထိမခံတဲ့စိတ်ထားရှိပေမယ့် သူတစ်ပါးအပေါ်စာနာစိတ်ရှိပြီး ကူညီရတာကိုနှစ်သက်တယ်လို့ ရည်ညွှန်းပါတယ်။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာခံစားချက်တွေ ကောင်းကောင်း မထိန်းချုပ်တက်ကြပါဘူး။

ခြုံငုံပြီးပြောရမယ်ဆိုရင် ဒီနှစ်ရောင်စပ်ကို ရွေးချယ်တဲ့သူတွေဟာ သူများနဲ့ မတူညီတဲ့ တီထွင်ဖန်တီးမူတွေရှိနေပြီး တစ်ယောက်ထဲအေးအေးဆေးဆေး နေရတာမျိုးကို နှစ်သက်သူတွေပါ။ သူမှန်ရင် မှန်သလို ဆက်ဆက်ထိမခံတဲ့စိတ်ထားရှိပြီး စိတ်ခံစားချက်တွေကို သေချာမထိန်းချုပ်နိုင်ပါဘူး။ ဒါပေမယ့် သူတို့တွေဟာ သူတစ်ပါးအပေါ် စာနာသနားတတ်ပြီး ကူညီရိုင်းပင်းလေ့ရှိပါတယ်။

(၂) အဝါနဲ့အဖြူစပ်
အဝါရောင်ဟာ ပျော်ရွှင်မူနဲ့တက်ကြွမူတို့ကို ရည်ညွှန်းပါတယ်။ တီထွင်ဖန်တီးနိုင်စွမ်းတွေနဲ့ပြည့်ဝနေပေမယ့် တစ်ခါတစ်ရံမှာ သူတစ်ပါးကို ဝေဖန်တတ်တဲ့အကျင့်ဆိုးရှိပါတယ်။ စိတ်လိုက်မာန်ပါလုပ်တတ်တဲ့အပြင် စိတ်အပြောင်းအလဲမြန်ပါတယ်။ ကိုယ့်ကိုယ်ကို သေချာထိန်းချုပ်ဖို့ လိုအပ်နေပါသေးတယ်။

အဖြူရောင်ဟာ ရိုးရှင်းမူနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မူတို့ကို ရည်ညွှန်းပါတယ်။ အကောင်းမြင်စိတ်ရှိပြီး ရှေ့ရေးကိုကြိုတွေးတတ်ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ကြပြီး စိတ်လိုက်မာန်ပါမလုပ်တတ်ကြပါဘူး။

ခြုံငုံပြောရမယ်ဆိုရင် ဒီနှစ်ရောင်စပ်ကို ရွေးချယ်သူတွေဟာ ပျော်ပျော်ရွှင်ရွှင်နဲ့တက်တက်ကြွကြွ နေတက်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မူရှိကြပါတယ်။ ဒါ့အပြင် ဘဝကိုလည်း ရိုးရိုးရှင်းရှင်းနဲ့ ဖြတ်သန်းကြပါတယ်။ အကောင်းမြင်စိတ်ရှိပြီး ရှေ့ရေးကိုကြိုတွေးတတ်ကြတဲ့အပြင် တီထွင်ဖန်တီးနိုင်စွမ်းတွေနဲ့ ပြည့်ဝနေပါတယ်။ အကျင့်ဆိုးတွေကတော့ လူပေါ်မူတည်ပြီး ကွဲပြားသွားနိုင်ပါတယ်။ တစ်ချို့က ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ပဲ စိတ်လိုက်မာန်ပါတွေ လုပ်တက်ကြတဲ့အပြင် သူတစ်ပါးကိုလည်း ဝေဖန်တတ်ပေမယ့်လည်း တစ်ချို့ကျတော့လည်း ကိုယ့်စိတ်ကိုသေချာထိန်းချုပ်ပြီး စိတ်လိုက်မာန်ပါမလုပ်တတ်ကြပါဘူး။

(၃) စိမ်းပြာရောင်နဲ့ပန်းရောင်
စိမ်းပြာရောင်ဟာ လူမှုဆက်ဆံရေးကောင်းမွန်ပြီး ဖော်ရွေတယ်လို့ ရည်ညွှန်းပါတယ်။ သူတစ်ပါးကိုလည်း သနားဂရုဏာထားပြီး ရင်ထဲကရှိတဲ့အတိုင်းဆက်ဆံတက်ပါတယ်။ ကိုယ့်ကိုယ်ကို လေးစားပြီး ယုံကြည်မူရှိတဲ့အပြင် ဆုံးဖြတ်ချက်တွေကိုလည်း သေချာချတက်ပါတယ်။

ပန်းရောင်ဟာ ချစ်ခင်ကြင်နာမူကို ရည်ညွှန်းပါတယ်။ သူတစ်ပါးကိုလည်း ဂရုစိုက်တတ်တဲ့အပြင် အရမ်းစိတ်ကူးယဉ်ပြီး ချစ်တတ်ပါတယ်။ ဒါ့အပြင် အရှက်အကြောက်လည်းကြီးပါသေးတယ်။

ခြုံငုံပြောရမယ်ဆိုရင် ဒီနှစ်ရောင်စပ်ကို ရွေးချယ်သူတွေဟာ အရမ်းချစ်တတ်ပြီး ကြင်နာတတ်ကြတဲ့အပြင် ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး ဖော်ရွေကြပါတယ်။ သူတစ်ပါးကိုလည်း သနားဂရုဏာထားပြီး ရင်ထဲကရှိတဲ့အတိုင်းဆက်ဆံတတ်ပါတယ်။ ဆုံးဖြတ်ချက်တွေကိုလည်း မှန်မှန်ကန်ကန်ချနိုင်တဲ့အပြင် ကိုယ့်ကိုယ်ကို လေးစားပြီး ယုံကြည်ချက်ရှိကြပါတယ်။ ဒါပေမယ့် သူတို့တွေဟာ အရမ်းစိတ်ကူယဉ်တတ်ကြပါတယ်။

(၄) အနီနဲ့အပြာ
အနီရောင်ဟာ ပွင့်လင်းခြင်း၊ အကောင်းမြင်ခြင်းနဲ့ ယုံကြည်ချက်ရှိခြင်းတို့ကို ရည်ညွှန်းပါတယ်။ လူတိုင်းရဲ့အာရုံစိုက်ခြင်းကို ခံရတတ်ပါတယ်။ ရည်ရွယ်ချက်ကြီးမားတဲ့အပြင် ပြိုင်ဆိုင်လိုစိတ်လည်း ရှိပါတယ်။ ကိုယ့်ရည်မှန်းချက်အောင်မြင်ဖို့အတွက်ဆိုရင် ဘာပဲလုပ်ရလုပ်ရ လုပ်တတ်ပါတယ်။ ရန်လိုစိတ်များပြီး ဒေါသလည်းကြီးပါတယ်။
အပြာရောင်ဟာ ငြိမ်းချမ်းခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ သူတစ်ပါးအတွက် ယုံကြည်အားကိုးရတဲ့လူစားမျိုးလည်း ဖြစ်ပါတယ်။ စိတ်လိုက်မာန်ပါမလုပ်တက်ပဲ စကားပြောတဲ့နေရာမှာလည်း သေချာစဉ်းစားတွေးခေါ်ပြီးမှ ပြောတတ်ကြပါတယ်။ ပြောရမယ်ဆိုရင် ဘဝမှာအနှောက်အယှက်တွေမရှိဘဲ ငြိမ်းငြိမ်းချမ်းချမ်းပဲ နေချင်တာမျိုးပေါ့။

ခြုံငုံပြောရမယ်ဆိုရင် ဒီနှစ်ရောင်စပ်ကို ရွေးချယ်သူတွေဟာ ပွင့်လင်ပြီး အကောင်းမြင်စိတ်ရှိကြပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိပြီး ရည်မှန်းချက်ကြီးမားတဲ့အပြင် အမှန်တရားလည်း မြတ်နိုးတတ်ပါတယ်။ ဒီအချက်တွေကြောင့် လူတိုင်းရဲ့ အာရုံစိုက်ခြင်းကို ခံရတတ်ပါတယ်။ သူတို့တွေဟာ သူတစ်ပါးအတွက် ယုံကြည်အားကိုးရတဲ့လူစားမျိုးတွေလည်း ဖြစ်ပါတယ်။ မကောင်းတဲ့အချက်တွေကတော့ လူအပေါ်မူတည်ပြီး ကွဲပြားသွားနိုင်ပါတယ်။ တစ်ချို့က စကားပြောတဲ့နေရာမှာ သေချာစဉ်းစားတွေးခေါ်ပြီးမှ ပြောတတ်ပြီး စိတ်လိုက်မာန်ပါ မလုပ်တတ်ကြပါဘူး။ ဒါ့အပြင် ဘဝမှာအနှောက်အယှက်မရှိဘဲ အေးအေးဆေးဆေးဖြတ်သန်းချင်ကြချင်ပါတယ်။ တစ်ချို့ကတော့ ပြိုင်ဆိုင်လိုစိတ်တွေများနေပြီး ရန်လိုစိတ်များတဲ့အပြင် ဒေါသလည်းကြီးကြပါတယ်။ ကိုယ့်ရည်မှန်းချက်အောင်မြင်ဖို့အတွက်ဆိုရင် ဘာပဲလုပ်ရလုပ်ရ လုပ်တတ်ကြပါတယ်။
credit

သင္ေ႐ြးခ်ယ္လိုက္တဲ့ အေရာင္စပ္အတုံးေလးေတြကေျပာမယ့္ သင့္ရဲ႕အက်င့္စ႐ိုက္မ်ား

(၁) အျပာႏုနဲ႔ခရမ္းစပ္
အျပာႏုေရာင္ဟာ ဉာဏ္ပညာရွိၿပီး တီထြင္ဖန္တီးမူအားေကာင္းတယ္လို႔ ရည္ၫႊန္းပါတယ္။ သူမ်ားေတြနဲ႔မတူဘဲ တစ္မူထူးျခားၿပီးဖန္တီးထားတဲ့ အရာေတြကိုႏွစ္သက္တတ္ပါတယ္။ ၿပီးေတာ့ တည္တည္ၿငိမ္ၿငိမ္နဲ႔ ေအးေအးေဆးေဆး ေနရတာကိုသေဘာက်တတ္ပါတယ္။

ခရမ္းေရာင္ဟာ ဆတ္ဆတ္ထိမခံတဲ့စိတ္ထားရွိေပမယ့္ သူတစ္ပါးအေပၚစာနာစိတ္ရွိၿပီး ကူညီရတာကိုႏွစ္သက္တယ္လို႔ ရည္ၫႊန္းပါတယ္။ ဒါေပမယ့္ စိတ္ပိုင္းဆိုင္ရာခံစားခ်က္ေတြ ေကာင္းေကာင္း မထိန္းခ်ဳပ္တက္ၾကပါဘူး။

ၿခဳံငုံၿပီးေျပာရမယ္ဆိုရင္ ဒီႏွစ္ေရာင္စပ္ကို ေ႐ြးခ်ယ္တဲ့သူေတြဟာ သူမ်ားနဲ႔ မတူညီတဲ့ တီထြင္ဖန္တီးမူေတြရွိေနၿပီး တစ္ေယာက္ထဲေအးေအးေဆးေဆး ေနရတာမ်ိဳးကို ႏွစ္သက္သူေတြပါ။ သူမွန္ရင္ မွန္သလို ဆက္ဆက္ထိမခံတဲ့စိတ္ထားရွိၿပီး စိတ္ခံစားခ်က္ေတြကို ေသခ်ာမထိန္းခ်ဳပ္ႏိုင္ပါဘူး။ ဒါေပမယ့္ သူတို႔ေတြဟာ သူတစ္ပါးအေပၚ စာနာသနားတတ္ၿပီး ကူညီ႐ိုင္းပင္းေလ့ရွိပါတယ္။

(၂) အဝါနဲ႔အျဖဴစပ္
အဝါေရာင္ဟာ ေပ်ာ္႐ႊင္မူနဲ႔တက္ႂကြမူတို႔ကို ရည္ၫႊန္းပါတယ္။ တီထြင္ဖန္တီးႏိုင္စြမ္းေတြနဲ႔ျပည့္ဝေနေပမယ့္ တစ္ခါတစ္ရံမွာ သူတစ္ပါးကို ေဝဖန္တတ္တဲ့အက်င့္ဆိုးရွိပါတယ္။ စိတ္လိုက္မာန္ပါလုပ္တတ္တဲ့အျပင္ စိတ္အေျပာင္းအလဲျမန္ပါတယ္။ ကိုယ့္ကိုယ္ကို ေသခ်ာထိန္းခ်ဳပ္ဖို႔ လိုအပ္ေနပါေသးတယ္။

အျဖဴေရာင္ဟာ ႐ိုးရွင္းမူနဲ႔ ကိုယ့္ကိုယ္ကို ယုံၾကည္မူတို႔ကို ရည္ၫႊန္းပါတယ္။ အေကာင္းျမင္စိတ္ရွိၿပီး ေရွ႕ေရးကိုႀကိဳေတြးတတ္ၾကပါတယ္။ ကိုယ့္ကိုယ္ကိုယ္ ထိန္းခ်ဳပ္ႏိုင္ၾကၿပီး စိတ္လိုက္မာန္ပါမလုပ္တတ္ၾကပါဘူး။

ၿခဳံငုံေျပာရမယ္ဆိုရင္ ဒီႏွစ္ေရာင္စပ္ကို ေ႐ြးခ်ယ္သူေတြဟာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔တက္တက္ႂကြႂကြ ေနတက္ၿပီး ကိုယ့္ကိုယ္ကို ယုံၾကည္မူရွိၾကပါတယ္။ ဒါ့အျပင္ ဘဝကိုလည္း ႐ိုး႐ိုးရွင္းရွင္းနဲ႔ ျဖတ္သန္းၾကပါတယ္။ အေကာင္းျမင္စိတ္ရွိၿပီး ေရွ႕ေရးကိုႀကိဳေတြးတတ္ၾကတဲ့အျပင္ တီထြင္ဖန္တီးႏိုင္စြမ္းေတြနဲ႔ ျပည့္ဝေနပါတယ္။ အက်င့္ဆိုးေတြကေတာ့ လူေပၚမူတည္ၿပီး ကြဲျပားသြားႏိုင္ပါတယ္။ တစ္ခ်ိဳ႕က ကိုယ့္ကိုယ္ကို မထိန္းခ်ဳပ္ႏိုင္ပဲ စိတ္လိုက္မာန္ပါေတြ လုပ္တက္ၾကတဲ့အျပင္ သူတစ္ပါးကိုလည္း ေဝဖန္တတ္ေပမယ့္လည္း တစ္ခ်ိဳ႕က်ေတာ့လည္း ကိုယ့္စိတ္ကိုေသခ်ာထိန္းခ်ဳပ္ၿပီး စိတ္လိုက္မာန္ပါမလုပ္တတ္ၾကပါဘူး။

(၃) စိမ္းျပာေရာင္နဲ႔ပန္းေရာင္
စိမ္းျပာေရာင္ဟာ လူမႈဆက္ဆံေရးေကာင္းမြန္ၿပီး ေဖာ္ေ႐ြတယ္လို႔ ရည္ၫႊန္းပါတယ္။ သူတစ္ပါးကိုလည္း သနားဂ႐ုဏာထားၿပီး ရင္ထဲကရွိတဲ့အတိုင္းဆက္ဆံတက္ပါတယ္။ ကိုယ့္ကိုယ္ကို ေလးစားၿပီး ယုံၾကည္မူရွိတဲ့အျပင္ ဆုံးျဖတ္ခ်က္ေတြကိုလည္း ေသခ်ာခ်တက္ပါတယ္။

ပန္းေရာင္ဟာ ခ်စ္ခင္ၾကင္နာမူကို ရည္ၫႊန္းပါတယ္။ သူတစ္ပါးကိုလည္း ဂ႐ုစိုက္တတ္တဲ့အျပင္ အရမ္းစိတ္ကူးယဥ္ၿပီး ခ်စ္တတ္ပါတယ္။ ဒါ့အျပင္ အရွက္အေၾကာက္လည္းႀကီးပါေသးတယ္။

ၿခဳံငုံေျပာရမယ္ဆိုရင္ ဒီႏွစ္ေရာင္စပ္ကို ေ႐ြးခ်ယ္သူေတြဟာ အရမ္းခ်စ္တတ္ၿပီး ၾကင္နာတတ္ၾကတဲ့အျပင္ ေပါင္းသင္းဆက္ဆံေရးေကာင္းမြန္ၿပီး ေဖာ္ေ႐ြၾကပါတယ္။ သူတစ္ပါးကိုလည္း သနားဂ႐ုဏာထားၿပီး ရင္ထဲကရွိတဲ့အတိုင္းဆက္ဆံတတ္ပါတယ္။ ဆုံးျဖတ္ခ်က္ေတြကိုလည္း မွန္မွန္ကန္ကန္ခ်ႏိုင္တဲ့အျပင္ ကိုယ့္ကိုယ္ကို ေလးစားၿပီး ယုံၾကည္ခ်က္ရွိၾကပါတယ္။ ဒါေပမယ့္ သူတို႔ေတြဟာ အရမ္းစိတ္ကူယဥ္တတ္ၾကပါတယ္။

(၄) အနီနဲ႔အျပာ
အနီေရာင္ဟာ ပြင့္လင္းျခင္း၊ အေကာင္းျမင္ျခင္းနဲ႔ ယုံၾကည္ခ်က္ရွိျခင္းတို႔ကို ရည္ၫႊန္းပါတယ္။ လူတိုင္းရဲ႕အာ႐ုံစိုက္ျခင္းကို ခံရတတ္ပါတယ္။ ရည္႐ြယ္ခ်က္ႀကီးမားတဲ့အျပင္ ၿပိဳင္ဆိုင္လိုစိတ္လည္း ရွိပါတယ္။ ကိုယ့္ရည္မွန္းခ်က္ေအာင္ျမင္ဖို႔အတြက္ဆိုရင္ ဘာပဲလုပ္ရလုပ္ရ လုပ္တတ္ပါတယ္။ ရန္လိုစိတ္မ်ားၿပီး ေဒါသလည္းႀကီးပါတယ္။
အျပာေရာင္ဟာ ၿငိမ္းခ်မ္းျခင္းလို႔ အဓိပၸာယ္ရပါတယ္။ သူတစ္ပါးအတြက္ ယုံၾကည္အားကိုးရတဲ့လူစားမ်ိဳးလည္း ျဖစ္ပါတယ္။ စိတ္လိုက္မာန္ပါမလုပ္တက္ပဲ စကားေျပာတဲ့ေနရာမွာလည္း ေသခ်ာစဥ္းစားေတြးေခၚၿပီးမွ ေျပာတတ္ၾကပါတယ္။ ေျပာရမယ္ဆိုရင္ ဘဝမွာအေႏွာက္အယွက္ေတြမရွိဘဲ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းပဲ ေနခ်င္တာမ်ိဳးေပါ့။

ၿခဳံငုံေျပာရမယ္ဆိုရင္ ဒီႏွစ္ေရာင္စပ္ကို ေ႐ြးခ်ယ္သူေတြဟာ ပြင့္လင္ၿပီး အေကာင္းျမင္စိတ္ရွိၾကပါတယ္။ ကိုယ့္ကိုယ္ကို ယုံၾကည္ခ်က္ရွိၿပီး ရည္မွန္းခ်က္ႀကီးမားတဲ့အျပင္ အမွန္တရားလည္း ျမတ္ႏိုးတတ္ပါတယ္။ ဒီအခ်က္ေတြေၾကာင့္ လူတိုင္းရဲ႕ အာ႐ုံစိုက္ျခင္းကို ခံရတတ္ပါတယ္။ သူတို႔ေတြဟာ သူတစ္ပါးအတြက္ ယုံၾကည္အားကိုးရတဲ့လူစားမ်ိဳးေတြလည္း ျဖစ္ပါတယ္။ မေကာင္းတဲ့အခ်က္ေတြကေတာ့ လူအေပၚမူတည္ၿပီး ကြဲျပားသြားႏိုင္ပါတယ္။ တစ္ခ်ိဳ႕က စကားေျပာတဲ့ေနရာမွာ ေသခ်ာစဥ္းစားေတြးေခၚၿပီးမွ ေျပာတတ္ၿပီး စိတ္လိုက္မာန္ပါ မလုပ္တတ္ၾကပါဘူး။ ဒါ့အျပင္ ဘဝမွာအေႏွာက္အယွက္မရွိဘဲ ေအးေအးေဆးေဆးျဖတ္သန္းခ်င္ၾကခ်င္ပါတယ္။ တစ္ခ်ိဳ႕ကေတာ့ ၿပိဳင္ဆိုင္လိုစိတ္ေတြမ်ားေနၿပီး ရန္လိုစိတ္မ်ားတဲ့အျပင္ ေဒါသလည္းႀကီးၾကပါတယ္။ ကိုယ့္ရည္မွန္းခ်က္ေအာင္ျမင္ဖို႔အတြက္ဆိုရင္ ဘာပဲလုပ္ရလုပ္ရ လုပ္တတ္ၾကပါတယ္။
credit

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box