
ကမ္ဘာ နံပါတ် (၆) ချမ်းသာဆုံး ဝါရင်းဘတ်ဖက် အကြောင်း တစေ့တစောင်း
ကမ္ဘာကျော်စတော့ဂရုကြီး ဝါရင်းဘတ်ဖက်နှင့် သူ၏ အကြောင်း တစေ့တစောင်း
ကမ္ဘာကျော် စတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံသူ ဂုရုကြီး ဝါရင်းဘတ်ဖက် ၏ ချမ်းသာကြွယ်ဝမှု တန်ဖိုးဟာ ယခု 2021 ခုနှစ်၌ ဒေါ်လာ 110.3 ဘီလီယံ အထိရှိနေသည်ဟု Forbes မဂ္ဂဇင်းမှ ကောက်ခံသည့် စစ်တမ်းအရ သိရှိရပါသည်။ အသက် 90 ကျော်ရှိပြီဖြစ်သော အဘ ဝါရင်းက ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်များစာရင်း၌ နံပါတ် 6 နေရာမှာလည်း ရှိနေပါသည်။
ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ပုဂ္ဂိုလ်တဦးအဖြစ် အချိန်ကာလကြာရှည်စွာ ရပ်တည်လျက်ရှိနေခဲ့ပြီး စတော့ရှယ်ယာလောကမှာ ပြိုင်စံရှား အောင်မြင်သော ရင်းနှီးမြှပ်နှံသူ တဦးအနေအဖြစ် သက်ရှိထင်ရှား ရှိနေဆဲလည်း ဖြစ်သည်။
ဝါရင်းဘက်ဖတ်ဟာ အသက်ငယ်ရွယ်နုနယ်စဉ် ကတည်းက ကိုယ်ပိုင်စီးပွားရေး အတွေးအမြင်များနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဆန်းသစ်သော နည်းလမ်းများထွင်ပြီး လုပ်ကိုင်ဖို့ အလွန် စိတ်ဝင်တစားရှိခဲ့သည်။ သူ၏ အသက် 7 နှစ်အရွယ်ကလေး ဘဝတုန်းက စာကြည့်တိုက် သွားရင်း "One Thousand Ways to Make $1000" ဟူသည့် စာအုပ်လေးကို ဖတ်မိခဲ့ပြီးနောက် ရင်းနှီးမြှပ်နှံမှုလုပ်ဖို့ ပြင်းပြသော စိတ်ကိုဖြစ်လာစေ ခဲ့ပါသည်။ စာအုပ်ပါ အကြောင်းအရာများက ဝါရင်းကို ငယ်စဉ်ကတည်းက အများနှင့် မတူ၊ ဆန်းသစ်သော နည်းလမ်းမျိုးစုံဖြင့် ငွေရှာနိုင်ဖို့ အတွေးအခေါ်များစွာ ကို ရရှိစေခဲ့ပါသည်။.

ဝါရင်း ငယ်ငယ်တုန်းက တကျွတ်ကျွတ် ဝါးရသည့် ကလေးအကြိုက် ပီကေချိုချဉ်လေးများကို ရောင်းခဲ့ဖူးသည်။ ကျောင်းပိတ်ရက်မှာ အပတ်စဉ်ထုတ် မဂ္ဂဇင်း၊ ဂျာနယ်များကို အိမ်တိုင်ရာရောက် လိုက်ပို့သည့် အလုပ်ကို လုပ်ရင်း ကိုကာကိုလာပုလင်းလေးများကို လိုက်စုပြီး ရောင်းခဲ့ဖူးသည်။ သူ၏ အဖိုးဖြစ်သူရဲ့ ကုန်စုံဆိုင်လေး မှာတောင် အချိန်ပိုင်း အကူဝန်ထမ်း အဖြစ် လုပ်ဖူးခဲ့ပါသေးသည်။
အထက်တန်းကျောင်းသား အရွယ်ရောက်လာသည့် အခါမှာတော့ နေ့စဉ်သတင်းစာပို့ လုပ်ငန်းကို လုပ်ခဲ့ပါသည်။ ဂေါက်ဖ် ရိုက်အားကစားနည်းကို ဝါသနာပါခဲ့ပြီး သူများတွေလိုလည်း ငွေကြေး သက်သက်ပေးပြီး မဖြုန်းချင်သည့်အတွက် ဂေါက်ဖ် ရိုတ်ကစားရာ၌ ကုန်ကျမှု ရှိစေမည့် အသုံးစရိတ်တို့ကို ကာမိစေဖို့ရန် ဂေါက်သီးများကိုလည်း ရောင်းခဲ့သေးသည်။ တံဆိပ်ခေါင်းရောင်းခြင်း၊ ကားအတွင်းအပြင်ဆေးခြင်း အလုပ်များတို့ကိုလည်း လုပ်ခဲ့ဖူးခဲ့ပါသည်။ ဝါရင်းဘတ်ဖတ်နှင့်သူ့ရဲ့ သူငယ်ချင်းတဦးတို့၏ လုပ်ငန်းစပ်တူလုပ်ခဲ့သည့် ပထမဦးဆုံး လုပ်ငန်းကတော့ $25 တန် တပတ်ရစ် pinball ကစားစက်လေးကို ဝယ်ပြီး ဆံသဆိုင်မှာ ထားပြီး ငွေရှာသည့်လုပ်ငန်းပင်ဖြစ်သည်။
ဆံပင်ညှပ်ဖို့လာကြသူတွေက ဆိုင်မှာ ကိုယ့်အလှည့်မရောက်ခင် ထိုင်စောင့်နေရသည့်အချိန်၌ အပျင်းပြေ pinball ကစားနည်းကို အခကြေးငွေ
ပေးပြီးကစားကြသလို၊ ဝါရင်းဘတ်ဖတ်နှင့်
၎င်းရဲ့ သူငယ်ချင်းတို့ကလည်း အခကြေးငွေ အကျိုးအမြတ် များစွာကို ရရှိခဲ့ကြပါသည်။

ဝါရင်းက pinball ကစားစက်မှရနိုင်သည့် အကျိုးအမြတ်နှုန်း နှင့် စက်ကို မည်သည့်နေရာမှာ ထားလျှင် ကစားသူများစွာ ရှိနိုင်ပြီးတော့ အကျိုးအမြတ် များစွာရရှိနိုင်မလဲ ဆိုတာကိုပါ ထိုအချိန်ကတည်းက ခန့်မှန်းတွက်ဆနိုင်ခဲ့သူလည်း ဖြစ်သည်။ တနှစ်အကြာမှာတော့ pinball ကစားစက်လုပ်ငန်းကို $1,200 ဖြင့် ရောင်းချနိုင်ခဲ့သည်။
1956 ခုနှစ်ရောက်သည့် အခါမှာတော့ အသက် 26 နှစ်ရှိပြီဖြစ်သော ဝါရင်းဟာ ဆရာဖြစ်သူ ဘင်ဂျမင်းဂရေဟမ် ၏ လမ်းညွှန်မှုဖြင့် Buffett Partnership, Ltd အမည်ဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစုကြီးကို စတင် တည်ထောင်ခဲ့သည်။ 1962 ခုနှစ်ဇန်နဝါရီလမှာတော့ Buffett Partnership ဟာ ဒေါ်လာ 7 သန်းကျော် တန်ကြေးရှိသည့် လုပ်ငန်းစုကြီးဖြစ်လာခဲ့ပြီး ဝါရင်းကိုယ်တိုင် ပိုင်ဆိုင်သည့် ရှယ်ယာစုစုပေါင်း၏ တန်ဖိုးတင်ကို ဒေါ်လာ 1 သန်းကျော် ရှိလာခဲ့ပါသည်။ 1969 ခုနှစ်မှာတော့ Buffett Partnership ကို ပိတ်သိမ်းခဲ့သည်။
တကယ်တမ်း ဝါရင်းဘတ်ဖက်ကို အကြီးအကျယ်အောင်မြင်သွားစေမည့် ရင်းနှီးမြှပ်နှံမှုကတော့ 1962 ခုနှစ်မှာ Berkshire Hathaway စတော့ကို ဝယ်ယူရင်းနှီးမြှုပ်နှံမှု လုပ်ခဲ့ခြင်းပင် ဖြစ်သည်။ ပထမဦးဆုံး အကြိမ် Berkshire Hathaway ရှယ်ယာကို ဝယ်ယူခဲ့စဉ်က ရှယ်ယာတစောင်ကို $7.5 သာရှိခဲ့သည်။ 2021 မှာ Berkshire Hathaway Aအဆင့်ရှယ်ယာ တစောင်လျှင် ခန့်မှန်းခြေ $440,000 အထိရှိနေပြီဖြစ်သည်။ ပြီးခဲ့တဲ့ 57 နှစ်တာကာလအတွင်း Berkshire Hathaway စတော့၏ နှစ်စဉ်ပျမ်းမျှ အမြတ်ပြန်ရနုန်းဟာ နှစ်စဉ် +20.26% ခန့်ရှိခဲ့ပါသည်။ အမြော်အမြင်ကြီးစွာ ဖြင့်ရေရှည်မှာ တိုးတက်အောင်မြင်မည့် ကုမ္ပဏီမျိုးကို ရွေးချယ်ခဲ့ခြင်းလည်း ဖြစ်ပါသည်။ လက်ရှိအချိန်၌ Berkshire Hathaway ဟာ စီးပွားရေးလုပ်ငန်းစုကြီး အဖြစ် တိုးတက် အောင်မြင်လာပြီး အမေရိကန်နိုင်ငံရဲ့အကြီးဆုံး ကုမ္ပဏီကြီးများစာရင်း၌ နံပါတ် 6 နေရာအထိရောက် ရှိနေပြီလည်း ဖြစ်ပါသည်။

ဝါရင်းဘတ်ဖက်၏ ချမ်းသာကြွယ်ဝမှုတန်ဖိုး အားလုံးရဲ့ 99% ကျော်ဟာ Berkshire-Hathaway စတော့ကို Buy and Hold strategy ဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်ခဲ့ခြင်းမှ ရသော အကျိုးအမြတ်များပင် ဖြစ်သည်။ ၎င်း 99% သော အသားတင်ပိုင်ဆိုင်မှုတန်ဖိုး ဟာ ဝါရင်း အသက် 50 ပြည့်ပြီးနောက်ပိုင်းမှ ရရှိသော အကျိုးအမြတ် များပင် ဖြစ်သည်။ အတိုးအရင်းပေါင်း အကျိုးအမြတ် ရလာဒ်များပင် ဖြစ်ပါသည်။
Berkshire-Hathaway စတော့ အစုများစွာ ပိုင်ဆိုင်ထားသော ဝါရင်းက ၎င်း ကုမ္ပဏီကြီး၏ CEO အဖြစ်လည်း တာဝန်ယူခဲ့သည်။ ကုမ္ပဏီ၏ cash flow အခြေအနေ တိုးတက်ကောင်းမွန်အောင်၊ Berkshire စတော့ကို ရေရှည်ကာလမှာ အကျိုးအမြတ်ဖြစ်ထွန်းမှု များအောင်၊ ဈေးကစားသူများ ဝင်ရောက် ဈေးမကစားနိုင်အောင် ကိုယ်တိုင် စီမံခန့်ခွဲ မှုများ၏ အကျိုးရလာဒ်များကြောင့်လည်း အံမခန်း တိုးတက် အောင်မြင်မှုများ ရရှိခဲ့ခြင်းလည်း ဖြစ်ပါသည်။
NangKhamThiriOo

ကမၻာ နံပါတ္ (၆) ခ်မ္းသာဆံုး ဝါရင္းဘတ္ဖက္ အေၾကာင္း တေစ့တေစာင္း
ကမာၻေက်ာ္စေတာ့ဂ႐ုႀကီး ဝါရင္းဘတ္ဖက္ႏွင့္ သူ၏ အေၾကာင္း တေစ့တေစာင္း
ကမာၻေက်ာ္ စေတာ့ရွယ္ယာ ရင္းႏွီးျမႇဳပ္ႏွံသူ ဂု႐ုႀကီး ဝါရင္းဘတ္ဖက္ ၏ ခ်မ္းသာႂကြယ္ဝမႈ တန္ဖိုးဟာ ယခု 2021 ခုႏွစ္၌ ေဒၚလာ 110.3 ဘီလီယံ အထိရွိေနသည္ဟု Forbes မဂၢဇင္းမွ ေကာက္ခံသည့္ စစ္တမ္းအရ သိရွိရပါသည္။ အသက္ 90 ေက်ာ္ရွိၿပီျဖစ္ေသာ အဘ ဝါရင္းက ကမာၻ႔ အခ်မ္းသာဆုံး ပုဂၢိဳလ္မ်ားစာရင္း၌ နံပါတ္ 6 ေနရာမွာလည္း ရွိေနပါသည္။
ကမာၻ႔အခ်မ္းသာဆုံးစာရင္းဝင္ ပုဂၢိဳလ္တဦးအျဖစ္ အခ်ိန္ကာလၾကာရွည္စြာ ရပ္တည္လ်က္ရွိေနခဲ့ၿပီး စေတာ့ရွယ္ယာေလာကမွာ ၿပိဳင္စံရွား ေအာင္ျမင္ေသာ ရင္းႏွီးျမႇပ္ႏွံသူ တဦးအေနအျဖစ္ သက္ရွိထင္ရွား ရွိေနဆဲလည္း ျဖစ္သည္။
ဝါရင္းဘက္ဖတ္ဟာ အသက္ငယ္႐ြယ္ႏုနယ္စဥ္ ကတည္းက ကိုယ္ပိုင္စီးပြားေရး အေတြးအျမင္မ်ားႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ားကို ဆန္းသစ္ေသာ နည္းလမ္းမ်ားထြင္ၿပီး လုပ္ကိုင္ဖို႔ အလြန္ စိတ္ဝင္တစားရွိခဲ့သည္။ သူ၏ အသက္ 7 ႏွစ္အ႐ြယ္ကေလး ဘဝတုန္းက စာၾကည့္တိုက္ သြားရင္း "One Thousand Ways to Make $1000" ဟူသည့္ စာအုပ္ေလးကို ဖတ္မိခဲ့ၿပီးေနာက္ ရင္းႏွီးျမႇပ္ႏွံမႈလုပ္ဖို႔ ျပင္းျပေသာ စိတ္ကိုျဖစ္လာေစ ခဲ့ပါသည္။ စာအုပ္ပါ အေၾကာင္းအရာမ်ားက ဝါရင္းကို ငယ္စဥ္ကတည္းက အမ်ားႏွင့္ မတူ၊ ဆန္းသစ္ေသာ နည္းလမ္းမ်ိဳးစုံျဖင့္ ေငြရွာႏိုင္ဖို႔ အေတြးအေခၚမ်ားစြာ ကို ရရွိေစခဲ့ပါသည္။

ဝါရင္း ငယ္ငယ္တုန္းက တကြၽတ္ကြၽတ္ ဝါးရသည့္ ကေလးအႀကိဳက္ ပီေကခ်ိဳခ်ဥ္ေလးမ်ားကို ေရာင္းခဲ့ဖူးသည္။ ေက်ာင္းပိတ္ရက္မွာ အပတ္စဥ္ထုတ္ မဂၢဇင္း၊ ဂ်ာနယ္မ်ားကို အိမ္တိုင္ရာေရာက္ လိုက္ပို႔သည့္ အလုပ္ကို လုပ္ရင္း ကိုကာကိုလာပုလင္းေလးမ်ားကို လိုက္စုၿပီး ေရာင္းခဲ့ဖူးသည္။ သူ၏ အဖိုးျဖစ္သူရဲ႕ ကုန္စုံဆိုင္ေလး မွာေတာင္ အခ်ိန္ပိုင္း အကူဝန္ထမ္း အျဖစ္ လုပ္ဖူးခဲ့ပါေသးသည္။
အထက္တန္းေက်ာင္းသား အ႐ြယ္ေရာက္လာသည့္ အခါမွာေတာ့ ေန႔စဥ္သတင္းစာပို႔ လုပ္ငန္းကို လုပ္ခဲ့ပါသည္။ ေဂါက္ဖ္ ႐ိုက္အားကစားနည္းကို ဝါသနာပါခဲ့ၿပီး သူမ်ားေတြလိုလည္း ေငြေၾကး သက္သက္ေပးၿပီး မျဖဳန္းခ်င္သည့္အတြက္ ေဂါက္ဖ္ ႐ိုတ္ကစားရာ၌ ကုန္က်မႈ ရွိေစမည့္ အသုံးစရိတ္တို႔ကို ကာမိေစဖို႔ရန္ ေဂါက္သီးမ်ားကိုလည္း ေရာင္းခဲ့ေသးသည္။ တံဆိပ္ေခါင္းေရာင္းျခင္း၊ ကားအတြင္းအျပင္ေဆးျခင္း အလုပ္မ်ားတို႔ကိုလည္း လုပ္ခဲ့ဖူးခဲ့ပါသည္။ ဝါရင္းဘတ္ဖတ္ႏွင့္သူ႔ရဲ႕ သူငယ္ခ်င္းတဦးတို႔၏ လုပ္ငန္းစပ္တူလုပ္ခဲ့သည့္ ပထမဦးဆုံး လုပ္ငန္းကေတာ့ $25 တန္ တပတ္ရစ္ pinball ကစားစက္ေလးကို ဝယ္ၿပီး ဆံသဆိုင္မွာ ထားၿပီး ေငြရွာသည့္လုပ္ငန္းပင္ျဖစ္သည္။
ဆံပင္ညႇပ္ဖို႔လာၾကသူေတြက ဆိုင္မွာ ကိုယ့္အလွည့္မေရာက္ခင္ ထိုင္ေစာင့္ေနရသည့္အခ်ိန္၌ အပ်င္းေျပ pinball ကစားနည္းကို အခေၾကးေငြ
ေပးၿပီးကစားၾကသလို၊ ဝါရင္းဘတ္ဖတ္ႏွင့္
၎ရဲ႕ သူငယ္ခ်င္းတို႔ကလည္း အခေၾကးေငြ အက်ိဳးအျမတ္ မ်ားစြာကို ရရွိခဲ့ၾကပါသည္။

ဝါရင္းက pinball ကစားစက္မွရႏိုင္သည့္ အက်ိဳးအျမတ္ႏႈန္း ႏွင့္ စက္ကို မည္သည့္ေနရာမွာ ထားလွ်င္ ကစားသူမ်ားစြာ ရွိႏိုင္ၿပီးေတာ့ အက်ိဳးအျမတ္ မ်ားစြာရရွိႏိုင္မလဲ ဆိုတာကိုပါ ထိုအခ်ိန္ကတည္းက ခန႔္မွန္းတြက္ဆႏိုင္ခဲ့သူလည္း ျဖစ္သည္။ တႏွစ္အၾကာမွာေတာ့ pinball ကစားစက္လုပ္ငန္းကို $1,200 ျဖင့္ ေရာင္းခ်ႏိုင္ခဲ့သည္။
1956 ခုႏွစ္ေရာက္သည့္ အခါမွာေတာ့ အသက္ 26 ႏွစ္ရွိၿပီျဖစ္ေသာ ဝါရင္းဟာ ဆရာျဖစ္သူ ဘင္ဂ်မင္းဂေရဟမ္ ၏ လမ္းၫႊန္မႈျဖင့္ Buffett Partnership, Ltd အမည္ျဖင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္းစုႀကီးကို စတင္ တည္ေထာင္ခဲ့သည္။ 1962 ခုႏွစ္ဇန္နဝါရီလမွာေတာ့ Buffett Partnership ဟာ ေဒၚလာ 7 သန္းေက်ာ္ တန္ေၾကးရွိသည့္ လုပ္ငန္းစုႀကီးျဖစ္လာခဲ့ၿပီး ဝါရင္းကိုယ္တိုင္ ပိုင္ဆိုင္သည့္ ရွယ္ယာစုစုေပါင္း၏ တန္ဖိုးတင္ကို ေဒၚလာ 1 သန္းေက်ာ္ ရွိလာခဲ့ပါသည္။ 1969 ခုႏွစ္မွာေတာ့ Buffett Partnership ကို ပိတ္သိမ္းခဲ့သည္။
တကယ္တမ္း ဝါရင္းဘတ္ဖက္ကို အႀကီးအက်ယ္ေအာင္ျမင္သြားေစမည့္ ရင္းႏွီးျမႇပ္ႏွံမႈကေတာ့ 1962 ခုႏွစ္မွာ Berkshire Hathaway စေတာ့ကို ဝယ္ယူရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ခဲ့ျခင္းပင္ ျဖစ္သည္။ ပထမဦးဆုံး အႀကိမ္ Berkshire Hathaway ရွယ္ယာကို ဝယ္ယူခဲ့စဥ္က ရွယ္ယာတေစာင္ကို $7.5 သာရွိခဲ့သည္။ 2021 မွာ Berkshire Hathaway Aအဆင့္ရွယ္ယာ တေစာင္လွ်င္ ခန႔္မွန္းေျခ $440,000 အထိရွိေနၿပီျဖစ္သည္။ ၿပီးခဲ့တဲ့ 57 ႏွစ္တာကာလအတြင္း Berkshire Hathaway စေတာ့၏ ႏွစ္စဥ္ပ်မ္းမွ် အျမတ္ျပန္ရႏုန္းဟာ ႏွစ္စဥ္ +20.26% ခန႔္ရွိခဲ့ပါသည္။ အေျမာ္အျမင္ႀကီးစြာ ျဖင့္ေရရွည္မွာ တိုးတက္ေအာင္ျမင္မည့္ ကုမၸဏီမ်ိဳးကို ေ႐ြးခ်ယ္ခဲ့ျခင္းလည္း ျဖစ္ပါသည္။ လက္ရွိအခ်ိန္၌ Berkshire Hathaway ဟာ စီးပြားေရးလုပ္ငန္းစုႀကီး အျဖစ္ တိုးတက္ ေအာင္ျမင္လာၿပီး အေမရိကန္ႏိုင္ငံရဲ႕အႀကီးဆုံး ကုမၸဏီႀကီးမ်ားစာရင္း၌ နံပါတ္ 6 ေနရာအထိေရာက္ ရွိေနၿပီလည္း ျဖစ္ပါသည္။

ဝါရင္းဘတ္ဖက္၏ ခ်မ္းသာႂကြယ္ဝမႈတန္ဖိုး အားလုံးရဲ႕ 99% ေက်ာ္ဟာ Berkshire-Hathaway စေတာ့ကို Buy and Hold strategy ျဖင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ခဲ့ျခင္းမွ ရေသာ အက်ိဳးအျမတ္မ်ားပင္ ျဖစ္သည္။ ၎ 99% ေသာ အသားတင္ပိုင္ဆိုင္မႈတန္ဖိုး ဟာ ဝါရင္း အသက္ 50 ျပည့္ၿပီးေနာက္ပိုင္းမွ ရရွိေသာ အက်ိဳးအျမတ္ မ်ားပင္ ျဖစ္သည္။ အတိုးအရင္းေပါင္း အက်ိဳးအျမတ္ ရလာဒ္မ်ားပင္ ျဖစ္ပါသည္။
Berkshire-Hathaway စေတာ့ အစုမ်ားစြာ ပိုင္ဆိုင္ထားေသာ ဝါရင္းက ၎ ကုမၸဏီႀကီး၏ CEO အျဖစ္လည္း တာဝန္ယူခဲ့သည္။ ကုမၸဏီ၏ cash flow အေျခအေန တိုးတက္ေကာင္းမြန္ေအာင္၊ Berkshire စေတာ့ကို ေရရွည္ကာလမွာ အက်ိဳးအျမတ္ျဖစ္ထြန္းမႈ မ်ားေအာင္၊ ေစ်းကစားသူမ်ား ဝင္ေရာက္ ေစ်းမကစားႏိုင္ေအာင္ ကိုယ္တိုင္ စီမံခန႔္ခြဲ မႈမ်ား၏ အက်ိဳးရလာဒ္မ်ားေၾကာင့္လည္း အံမခန္း တိုးတက္ ေအာင္ျမင္မႈမ်ား ရရွိခဲ့ျခင္းလည္း ျဖစ္ပါသည္။
NangKhamThiriOo
Be the first to comment