ဖူးစာဆုံ၊အိမ်ထောင်ကျခြင်းအား လက္ခဏာပညာဖြင့် သုတေသနပြုခြင်း
လူ့လောကတွင် ချစ်သောသူနှင့် ဖူးစာဆုံချင်ကြတယ်၊ အိမ်ထောင်ရက်သားကျပြီး ရိုးမြေကျ တူနှစ်ကိုယ် ဆိုးအတူ ကောင်းအတူ ပေါင်းဖက်ပြီး သားသမီး၊မြေး မြစ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေချင်ကြတာပါ။ ဒီလိုချစ်သူအိမ်ထောင်ဘက် တွေဟာ ချစ်သူဖြစ်တဲ့အချိန်ကစပြီး သေဆုံးသည့်တိုင် မခွဲမခွါဘဲ ဆိုးအတူ ကောင်းအတူ လက္ခဏာပညာနဲ့ သုတေသနပြုကြည့်ပါတယ်။ဒီအခါ လက်ဖဝါးပြင်မှ ပြောပြသော ဖူးစာရေး၊အချစ်ရေး၊ အိမ်ထောင်ရေး တွေက ဘာတွေလည်း ဆိုတာ သိလာရတယ်။
ချစ်သူဘဝမှာဘဲ လိမ်ညာတဲ့ အတုအယောင်အချစ်တွေနဲ့ ဝေးကြရမှာလား၊ မိဘတွေကဘဲ ခွဲတော့မှာလား၊မမြင်နိုင်တဲ့ ကံတရားတွေက ဘာလည်း။သူက ဖူးစာရှင်အစစ်အမှန်လား၊ ရိုးမြေကျပေါင်းရမလား၊ လမ်းခွဲသွားမှာလား၊ အိမ်ထောင်ကျပြီးမှ အနိုင်ကျင့်လေမလား၊ သူ့မိဘတွေကရော ဘယ်လိုလည်း၊ သူကသစ္စာရှိသူလား၊ သာသမီးထွန်းကားပါ့မလား၊ စသည့် အိမ်ထောင်ရေးဆိုင်ရာ မေးခွန်းပေါင်းများစွာရဲ့ အဖြေကို သူတို့ရဲ့ လက်ဖဝါးပြင်များက ပြောပြနေကြပါတယ်။ လက္ခဏာပညာဖြင့် အိမ်ထောင်ရေးကို ဆန်းစစ်ရာတွင် အိမ်ထောင်ရေးလမ်းကြောင်း၊ နှလုံးလမ်းကြောင်း၊ ဦးခေါင်းလမ်းနှင့် အသက်လမ်းတို့ကို စုံနေအောင် အသေးစိတ်ကြည့်ရပေသည်။လက်ပုံစံ ။လက်ရေစာနှင့် လက်ဗွေတွေကအစ အကုန်သေချာစစ်ဆေးရတာပါ။
အချို့သောလူများမှာတော့ ဗေဒင်လက္ခဏာ ရှေ့ဖြစ်ဟော ပညာရပ်များကို ယုံကြည်ခြင်းမရှိပါဘူး။ မိမိတို့ထင်သည့်အတိုင်း မိမိတို့ရဲ့ အချစ်ရေး၊အိမ်ထောင်ရေးကို စီမံကြရာ ကံကောင်းပြီး သူတို့ဘဝအခြေအနေ အလွန်ကောင်းသွားသူများ ရှိသကဲ့သို့ လွဲချော်ခဲ့ပြီး မကောင်းသောအဖြစ်များ ဖြစ်သည့် အိမ်ထောင်ကွဲခြင်း၊ အိမ်ထောင်ဆက်များခြင်း ၊စီးပွားမဖြစ်ခြင်းများနှင့် ရင်ဆိုင်ရသူများလည်း များစွာရှိလှပေသည်။ အတွေ့အကြုံအရတော့ ရမ်းလုပ်လို့ တည့်သွားတာက ဆယ်ရာခိုနှုုန်းလောက်သာရှိပေလိမ့်မည်။ထို့ကြောင့် နာလည်တတ်သိသော ပညာရှင်ထံတွင် အိမ်ထောင်ပြုခြင်း၊ မင်္ဂလာရက်ရွေးချယ်သတ်မှတ်ခြင်းနှင့်၊ အိမ်ထောင်ပြုသင့် မသင့် တိုက်ဆိုင်စစ်ဆေးခြင်းတို့ လုပ်ဆောင်သင့်လှပေသည်။
ထိုသို့လက္ခဏာ တိုက်ဆိုင်စစ်ဆေးသည့်အခါ ထူးခြားလှသော အကြောင်းအရာများကို သတိထားကြည့်မိသဖြင့် မှတ်တမ်းပြုထားရသည်။ထိုအချက်များကတော့ အိမ်ထောင်တစ်ခု တည်မြဲမလား၊ ကွဲကွာမလား၊ နောက်အိမ်ထောင် တွေဖြစ်မလား၊ သစ္စာရှိမလား၊ စီးပွားဖြစ်မလား ဆိုတာတွေကို သေချာတိကျစွာ ပြောနိုင်ပါတယ်။ ဘယ်လိုပြောနိုင်တာလည်းဆိုတဲ့အခါ အိမ်ထောင်ပြုမယ့် သတို့သားလောင်းနဲ့ သတို့သမီးလောင်းတို့ရဲ့ အနာဂါတ် ကံတရားတွေက တူနေသင့်တယ်။
သတို့သားလောင်းနဲ့ သတို့သမီးလောင်းနှစ်ယောက်ရဲ့ လက်ဖဝါးပြင်မှာ တူညီသင့်တဲ့ အချက်ပေါင်း များစွာထဲက အချို့ကို တင်ပြရမယ်ဆိုရင် အိမ်ထောင်ကျမယ့် အချိန်အသက်အပိုင်းခြားတွေဟာ သူတို့လက်ထပ်မယ့် နှစ်၊လ၊အချိန်နဲ့ တူနေရမယ်။ သူတို့ နှစ်ယောက်ရဲ့ သားသမီးရမယ့် အချိန်တွေ တပ်တူညီရမယ်။ ဒီလိုဘဲ လင်စုံမယားစုံ ပြုလုပ်ရမယ့် လုပ်ရပ်တွေအတွက် လုပ်ရမယ့်အချိန်တွေတူညီသင့်တယ်၊ နောက်တစ်ခုက အိမ်ထောင်ကျပြီးနောက် ကံတရားမှာ ဆင်းရဲ ချမ်းသာ အဆင့်လည်း အများကြီးမကွာခြားသင့်ဘူး။ ဒါတွေကိုကြည့်ပြီး ဆက်စပ်လိုက်တဲ့အခါ သူတို့ အိမ်ထောင်ရေးကို ပြောနိုင်ပါတော့တယ်။
တစ်ယောက်က နိုင်ငံခြားခရီးရှည်ကံပါပြီး တစ်ယောက်က မွေးရပ်မြေချစ်တဲ့လက်ပုံစံဆိုရင်တော့ ခွဲနေရမယ့်အိမ်ထောင်ရေးဖြစ်ပြီပေါ့။ တစ်ယောက်က အိမ်ထောင်ကျပြီး အရမ်းချမ်းသာမယ့်ကံပါပြီး တစ်ယောက်က အရမ်းဆင်းရဲမယ့် ကံပါရင်တော့ ရုပ်ရှင်ဇာတ်ကားတွေထဲကလို သူဌေးသားနဲ့ဘာညာဖြစ်ပြီး ကိုယ်ဝန်နဲ့ ရွာပြန်ရတဲ့ ဇာတ်မျိုးတွေ ဖြစ်တတ်တယ်ပေါ့။ နောက်တစ်ခုက အမျိုးသမီးမှာက ကလေး ၂ ယောက်လောက်ကံပါပြီး အမျိုးသားမှာက ၃ ယောက် ၄ ယောက်ပါရင်တော့ ဒါက ပြောရခက်ကြီးဖြစ်မယ်။ တစ်ခြားမိန်မနဲ့ ကံကပေးတဲ့ ကလေးပြည့်အောင်မွေးမယ့် သဘောတွေပေါ့။ပြောရရင်အများကြီးပါ ဒါတွေကို ကြိုသိဖို့က လက္ခဏာ တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါ အလွန်စိတ်ဝင်စားဖို့ကောင်းတာတွေ တွေ့ရပါတယ်။
သူတို့လမ်းကြောင်းတွေကို ကြည့်တဲ့အခါ အနာဂါတ်အဖြစ်အပျက်တွေ လုံးဝကို မတူနိုင်ဘူးဆိုရင် သူတို့ အိမ်ထောင်ပြုပြီး ပျော်ရွင်တဲ့ဘဝကို ရရှိကြမယ်လို့ မပြောနိုင်တော့ပါဘူး။ ဒီလိုနဲ့ လက်ထပ်ကြမယ့် ချစ်သူတွေရဲ့ ဘဝတွေကို ဟောပြောနိုင်ဖို့ စုံတွဲအတော်များများရဲ့ လက်တွေ အသက်အရွယ်စုံ အိမ်ထောင်သက် စုံကို လေ့လာဖြစ်ခဲ့ပါတယ်။ နောက်အလျှင်းသင့်တဲ့အခါ တင်ပြပါအုံးမယ်။
ကင်္ကသူ
ဖူးစာဆုံ၊အိမ္ေထာင္က်ျခင္းအား လကၡဏာပညာျဖင့္ သုေတသနျပဳျခင္း
လူ႔ေလာကတြင္ ခ်စ္ေသာသူႏွင့္ ဖူးစာဆုံခ်င္ၾကတယ္၊ အိမ္ေထာင္ရက္သားက်ၿပီး ႐ိုးေျမက် တူႏွစ္ကိုယ္ ဆိုးအတူ ေကာင္းအတူ ေပါင္းဖက္ၿပီး သားသမီး၊ေျမး ျမစ္ေတြနဲ႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနခ်င္ၾကတာပါ။ ဒီလိုခ်စ္သူအိမ္ေထာင္ဘက္ ေတြဟာ ခ်စ္သူျဖစ္တဲ့အခ်ိန္ကစၿပီး ေသဆုံးသည့္တိုင္ မခြဲမခြါဘဲ ဆိုးအတူ ေကာင္းအတူ လကၡဏာပညာနဲ႔ သုေတသနျပဳၾကည့္ပါတယ္။ဒီအခါ လက္ဖဝါးျပင္မွ ေျပာျပေသာ ဖူးစာေရး၊အခ်စ္ေရး၊ အိမ္ေထာင္ေရး ေတြက ဘာေတြလည္း ဆိုတာ သိလာရတယ္။
ခ်စ္သူဘဝမွာဘဲ လိမ္ညာတဲ့ အတုအေယာင္အခ်စ္ေတြနဲ႔ ေဝးၾကရမွာလား၊ မိဘေတြကဘဲ ခြဲေတာ့မွာလား၊မျမင္ႏိုင္တဲ့ ကံတရားေတြက ဘာလည္း။သူက ဖူးစာရွင္အစစ္အမွန္လား၊ ႐ိုးေျမက်ေပါင္းရမလား၊ လမ္းခြဲသြားမွာလား၊ အိမ္ေထာင္က်ၿပီးမွ အႏိုင္က်င့္ေလမလား၊ သူ႔မိဘေတြကေရာ ဘယ္လိုလည္း၊ သူကသစၥာရွိသူလား၊ သာသမီးထြန္းကားပါ့မလား၊ စသည့္ အိမ္ေထာင္ေရးဆိုင္ရာ ေမးခြန္းေပါင္းမ်ားစြာရဲ႕ အေျဖကို သူတို႔ရဲ႕ လက္ဖဝါးျပင္မ်ားက ေျပာျပေနၾကပါတယ္။ လကၡဏာပညာျဖင့္ အိမ္ေထာင္ေရးကို ဆန္းစစ္ရာတြင္ အိမ္ေထာင္ေရးလမ္းေၾကာင္း၊ ႏွလုံးလမ္းေၾကာင္း၊ ဦးေခါင္းလမ္းႏွင့္ အသက္လမ္းတို႔ကို စုံေနေအာင္ အေသးစိတ္ၾကည့္ရေပသည္။လက္ပုံစံ ။လက္ေရစာႏွင့္ လက္ေဗြေတြကအစ အကုန္ေသခ်ာစစ္ေဆးရတာပါ။
အခ်ိဳ႕ေသာလူမ်ားမွာေတာ့ ေဗဒင္လကၡဏာ ေရွ႕ျဖစ္ေဟာ ပညာရပ္မ်ားကို ယုံၾကည္ျခင္းမရွိပါဘူး။ မိမိတို႔ထင္သည့္အတိုင္း မိမိတို႔ရဲ႕ အခ်စ္ေရး၊အိမ္ေထာင္ေရးကို စီမံၾကရာ ကံေကာင္းၿပီး သူတို႔ဘဝအေျခအေန အလြန္ေကာင္းသြားသူမ်ား ရွိသကဲ့သို႔ လြဲေခ်ာ္ခဲ့ၿပီး မေကာင္းေသာအျဖစ္မ်ား ျဖစ္သည့္ အိမ္ေထာင္ကြဲျခင္း၊ အိမ္ေထာင္ဆက္မ်ားျခင္း ၊စီးပြားမျဖစ္ျခင္းမ်ားႏွင့္ ရင္ဆိုင္ရသူမ်ားလည္း မ်ားစြာရွိလွေပသည္။ အေတြ႕အႀကဳံအရေတာ့ ရမ္းလုပ္လို႔ တည့္သြားတာက ဆယ္ရာခိုႏႈုန္းေလာက္သာရွိေပလိမ့္မည္။ထို႔ေၾကာင့္ နာလည္တတ္သိေသာ ပညာရွင္ထံတြင္ အိမ္ေထာင္ျပဳျခင္း၊ မဂၤလာရက္ေ႐ြးခ်ယ္သတ္မွတ္ျခင္းႏွင့္၊ အိမ္ေထာင္ျပဳသင့္ မသင့္ တိုက္ဆိုင္စစ္ေဆးျခင္းတို႔ လုပ္ေဆာင္သင့္လွေပသည္။
ထိုသို႔လကၡဏာ တိုက္ဆိုင္စစ္ေဆးသည့္အခါ ထူးျခားလွေသာ အေၾကာင္းအရာမ်ားကို သတိထားၾကည့္မိသျဖင့္ မွတ္တမ္းျပဳထားရသည္။ထိုအခ်က္မ်ားကေတာ့ အိမ္ေထာင္တစ္ခု တည္ၿမဲမလား၊ ကြဲကြာမလား၊ ေနာက္အိမ္ေထာင္ ေတြျဖစ္မလား၊ သစၥာရွိမလား၊ စီးပြားျဖစ္မလား ဆိုတာေတြကို ေသခ်ာတိက်စြာ ေျပာႏိုင္ပါတယ္။ ဘယ္လိုေျပာႏိုင္တာလည္းဆိုတဲ့အခါ အိမ္ေထာင္ျပဳမယ့္ သတို႔သားေလာင္းနဲ႔ သတို႔သမီးေလာင္းတို႔ရဲ႕ အနာဂါတ္ ကံတရားေတြက တူေနသင့္တယ္။
သတို႔သားေလာင္းနဲ႔ သတို႔သမီးေလာင္းႏွစ္ေယာက္ရဲ႕ လက္ဖဝါးျပင္မွာ တူညီသင့္တဲ့ အခ်က္ေပါင္း မ်ားစြာထဲက အခ်ိဳ႕ကို တင္ျပရမယ္ဆိုရင္ အိမ္ေထာင္က်မယ့္ အခ်ိန္အသက္အပိုင္းျခားေတြဟာ သူတို႔လက္ထပ္မယ့္ ႏွစ္၊လ၊အခ်ိန္နဲ႔ တူေနရမယ္။ သူတို႔ ႏွစ္ေယာက္ရဲ႕ သားသမီးရမယ့္ အခ်ိန္ေတြ တပ္တူညီရမယ္။ ဒီလိုဘဲ လင္စုံမယားစုံ ျပဳလုပ္ရမယ့္ လုပ္ရပ္ေတြအတြက္ လုပ္ရမယ့္အခ်ိန္ေတြတူညီသင့္တယ္၊ ေနာက္တစ္ခုက အိမ္ေထာင္က်ၿပီးေနာက္ ကံတရားမွာ ဆင္းရဲ ခ်မ္းသာ အဆင့္လည္း အမ်ားႀကီးမကြာျခားသင့္ဘူး။ ဒါေတြကိုၾကည့္ၿပီး ဆက္စပ္လိုက္တဲ့အခါ သူတို႔ အိမ္ေထာင္ေရးကို ေျပာႏိုင္ပါေတာ့တယ္။
တစ္ေယာက္က ႏိုင္ငံျခားခရီးရွည္ကံပါၿပီး တစ္ေယာက္က ေမြးရပ္ေျမခ်စ္တဲ့လက္ပုံစံဆိုရင္ေတာ့ ခြဲေနရမယ့္အိမ္ေထာင္ေရးျဖစ္ၿပီေပါ့။ တစ္ေယာက္က အိမ္ေထာင္က်ၿပီး အရမ္းခ်မ္းသာမယ့္ကံပါၿပီး တစ္ေယာက္က အရမ္းဆင္းရဲမယ့္ ကံပါရင္ေတာ့ ႐ုပ္ရွင္ဇာတ္ကားေတြထဲကလို သူေဌးသားနဲ႔ဘာညာျဖစ္ၿပီး ကိုယ္ဝန္နဲ႔ ႐ြာျပန္ရတဲ့ ဇာတ္မ်ိဳးေတြ ျဖစ္တတ္တယ္ေပါ့။ ေနာက္တစ္ခုက အမ်ိဳးသမီးမွာက ကေလး ၂ ေယာက္ေလာက္ကံပါၿပီး အမ်ိဳးသားမွာက ၃ ေယာက္ ၄ ေယာက္ပါရင္ေတာ့ ဒါက ေျပာရခက္ႀကီးျဖစ္မယ္။ တစ္ျခားမိန္မနဲ႔ ကံကေပးတဲ့ ကေလးျပည့္ေအာင္ေမြးမယ့္ သေဘာေတြေပါ့။ေျပာရရင္အမ်ားႀကီးပါ ဒါေတြကို ႀကိဳသိဖို႔က လကၡဏာ တိုက္ဆိုင္စစ္ေဆးၾကည့္တဲ့အခါ အလြန္စိတ္ဝင္စားဖို႔ေကာင္းတာေတြ ေတြ႕ရပါတယ္။
သူတို႔လမ္းေၾကာင္းေတြကို ၾကည့္တဲ့အခါ အနာဂါတ္အျဖစ္အပ်က္ေတြ လုံးဝကို မတူႏိုင္ဘူးဆိုရင္ သူတို႔ အိမ္ေထာင္ျပဳၿပီး ေပ်ာ္႐ြင္တဲ့ဘဝကို ရရွိၾကမယ္လို႔ မေျပာႏိုင္ေတာ့ပါဘူး။ ဒီလိုနဲ႔ လက္ထပ္ၾကမယ့္ ခ်စ္သူေတြရဲ႕ ဘဝေတြကို ေဟာေျပာႏိုင္ဖို႔ စုံတြဲအေတာ္မ်ားမ်ားရဲ႕ လက္ေတြ အသက္အ႐ြယ္စုံ အိမ္ေထာင္သက္ စုံကို ေလ့လာျဖစ္ခဲ့ပါတယ္။ ေနာက္အလွ်င္းသင့္တဲ့အခါ တင္ျပပါအုံးမယ္။
ကကၤသူ
Be the first to comment