Facebook Comments Box
သင်ရွေးချယ်လိုက်တဲ့ ဆင်လေးကတစ်ဆင့် သင့်ရဲ့အားနည်းချက်တွေကို ဖော်ထုတ်ပေးမယ်

သင်ရွေးချယ်လိုက်တဲ့ ဆင်လေးကတစ်ဆင့် သင့်ရဲ့အားနည်းချက်တွေကို ဖော်ထုတ်ပေးမယ်

နံပါတ် ၁
သင့်ရဲ့အကြီးမားဆုံးအားနည်းချက်ကတော့ စိုးရိမ်ထိတ်လန့်တာပါ။ အရမ်းခက်ခဲပြီး ဘေးကျပ်နံကျပ် ဖြစ်နေတဲ့အချိန်တွေမှာ ပိုပြီးစိုးရိမ်ထိတ်လန့်တတ်ပါတယ်။ အဲဒီလိုအခြေအနေမှာ သင်ဟာ ဘေးပတ်ဝန်ကျင်က အရာတွေကို အာရုံမစိုက်နိုင်တော့တဲ့အထိ သတိလက်လွတ်ဖြစ်ပြီး ပြာယာခက်သွားတတ်ပါတယ်။ ဒါ့အပြင် ရှေ့ဆက်တိုးရင် မကောင်းတဲ့အရာတွေ သင့်ထံဖြစ်ပေါ်လာမှာကို ကြောက်ရွံ့နေတတ်ပါတယ်။ ငွေရေးကြေးရေးအနေနဲ့လည်း သင်စုဆောင်းထားတဲ့ ငွေကြေးတွေဟာ မမျှော်လင့်တဲ့တစ်စုံတစ်ခုကြောင့် ဆုံးရှုံးသွားမှာကို ကြောက်ရွံ့နေပါတယ်။ သင့်ကို အကြံပေးချင်တာက အခက်ခဲဆုံးအချိန်တွေမှာ ပြာမသွားသင့်ပဲ စိတ်နဲ့လူနဲ့ကပ်အောင် အတတ်နိုင်ဆုံး ကြိုးစားနေပြီး စိတ်အေးအေးနဲ့ စဉ်းစားလုပ်ဆောင်ပါ။

နံပါတ် ၂
သင့်ရဲ့အကြီးမားဆုံးအားနည်းချက်ကတော့ သူတစ်ပါးကို ရိုင်းပင်းကူညီတတ်တာပါ။ ဒီအကျင့်လေးက ကောင်းတယ်ဆိုပေမယ့်လည်း တစ်ခါတစ်လေ တချို့လူတွေက သင့်ကိုအကူအညီမတောင်းပဲ သင်ကိုယ်တိုင်က အလိုက်တသိ ကူညီပေးတတ်တဲ့အတွက် သူတို့အတွက် ဝန်လေးစရာတွေ ဖြစ်နေတတ်ပါတယ်။ ဒါ့အပြင် သင့်မှာ မိမိလိုအပ်ချက်ထက် တစ်ပါးသူရဲ့လိုအပ်ချက်ကို ဦးစားပေး ဖြည့်ဆည်းပေးတတ်တဲ့ အနစ်နာခံစိတ်ရှိပါတယ်။ ဒီစိတ်လေးကြောင့်ပဲ သင့်ကို တချို့မသမာသူတွေက အသုံးချတတ်ပါတယ်။ အကြံပေးချင်တာကတော့ တဖက်လူက မတောင်းဆိုတဲ့အရာကို လိုအပ်တာထက် မကူညီမိအောင် ဆင်ခြင်ပါ။ ဒီလိုကူညီလိုက်ခြင်းက တဖက်လူအတွက် ဝန်ထုတ်ဝန်ပိုးတစ်ခု ဖြစ်သွားစေနိုင်လို့ပါ။ နောက်တစ်ချက်က သူတစ်ပါးရဲ့လိုအပ်ချက်ကို ဦးစားပေးဖြည့်ဆည်းနေတာထက် တစ်ခါလောက် ကိုယ့်ကိုယ်ကို အရင်ဦးစားပေးကြည့်ပါ။

နံပါတ် ၃
သင့်ရဲ့အကြီးမားဆုံးအားနည်းချက်ကတော့ အထီးကျန်တာမျိုး၊ စွန့်ပစ်ခံရတာမျိုးကို ကြောက်ရွံ့တာပါ။ သင်ဟာ သင့်အတွက် မကောင်းဘူးဆိုတာ သိသိရက်နဲ့ အထီးကျန်မှာစိုးလို့၊ စွန့်ပစ်ခံရမှာဆိုးလို့ဆိုပြီး တချို့လူတွေနဲ့ တချို့အရာတွေကို ဖက်တွယ်ထားတတ်ပါတယ်။ အဆိပ်သင့်နေတဲ့ အခြေအနေမှာ ကိုယ်ကိုယ့်ကို ညှင်းပန်းနှိပ်စက်ပြီး နေနေရတာထက် အထီးကျန်နေရတာမျိုးက ပိုကောင်းပါတယ်နော်။ သင်ဟာ မိမိထင်တာထက်ပိုပြီး စိတ်ဓာတ်ကြံ့ခိုင်တဲ့ လူတစ်ယောက်ဖြစ်တဲ့အပြင် လိုအပ်ချက်တွေ၊ အပြစ်အနာအဆာဆိုတာ မရှိသလောက်ပါပဲ။ ဒါကြောင့် အကြံပေးချင်တာက အထီးကျန်မှာကြောက်ပြီး ကိုယ့်ကိုယ်ကို ညှင်းပန်းနှိပ်စက်နေတဲ့ အခြေအနေတွေက အမြန်ဆုံး စွန့်ခွာပါ။ မိမိကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ ဘဝအသစ်ကိုစတင်ပြီး အောင်မြင်မှုတွေကို ရယူလိုက်ပါ။

credit


နံပါတ် ၁

နံပါတ် ၂

နံပါတ် ၃
credit

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box