ထောင်ကျနိုင်သော အမှတ်သားပါတိုင်း ထောင်မကျပါ
ကျွန်ုပ်ထံသို့ မိန်ကလေးငယ်တစ်ဦးရောက်ရှိလာပြီး သူမ၏ လက္ခဏာအားပြသရာ ကျွန်ုပ်ကလည်း ထိုမိန်းကလေး၏ လက္ခဏာပါအတိုင်း ဟောချက်ထုတ်ရလေသည်။ ထိုမိန်းကလေးအား ဟောချက်ထုတ်အပြီး မကြာသေးသည့်အချိန်က ကျွန်ုပ်ဟောပြောခဲ့ရသော မိတ်ဆွေတစ်ယောက်အကြောင်းကို သတိရပြန်သည်။ထိုမိတ်ဆွေ၏ လက္ခဏာကို ပြန်လည်ရှာဖွေပြီး တင်ပြရပေသည်။
လက္ခဏာရှင်အမျိုးသမီးသည် အသက် ၄၃ နှစ်ရှိပြီဖြစ်သည်။ကျွန်ုပ်ထံသို့ မေးမြန်းရာတွင် သူအနေဖြင့် အသက်အန္တရာယ်ရှိမရှိနှင့် ကျန်းမာရေးအခြေအနေတို့ မေးမြန်းခြင်းဖြစ်သည်။ကျွန်ု်ပ်လည်း လက်ဖဝါးပြင်ကို လေ့လာလိုက်ရာ အသက်လမ်းကြောင်း၏ အခြေအနေနှင့် နှလုံးလမ်း၏ အခြေအနေတို့အရ နှလုံးရောဂါဖြစ်နေပြီး ခွဲစိတ်ကုသရမည် ဖြစ်ကြောင်းပြောရာ မှန်ကန်လေတော့သည်။ သူမ၏ မေးလိုရင်းမှာ ခွဲစိတ်ကုသသည့်အခါ အသက်ရှင်မလားဆိုသည့် အချက်ဖြစ်ရာ အသက်လမ်းကြောင်းကို သေချာကြည့်ရလေသည်။ အသက်လမ်းသည် လုံးဝပြတ်တောက်နေသည်ဆိုသော်လည်း အောက်မှအသက်လမ်းတစ်ခုက ဘေးချင်ယှင်လျှက် ရှိနေသောကြောင့် အသက်မသေနိုင်သော်လည်း အသက်လုရနိုင်ပြီး အတော်လေးခံ စားရနိုင်ကြောင်း ဟောပြောရလေသည်။ ထိုအမျိုးသမီးက ခွဲစိတ်မှု့တွင် အသက်သေဆုံးမည်ဟု စိတ်ကထင်နေကြောင်းပြောရာ စိတ်မပူရန် ပြောပြရသေးသည်။ (ယခုတော့ ခွဲစိတ်ပြီး နေကောင်းနေပါပြီ)
ထိုနောက် သူ၏လက်တွက် စိတ်ဝင်စာဖွယ်ရာ ထောင်အမှတ်အသားများ ပါရှိသဖြင့် ကျွန်ုပ်လည်း စပ်စုမိပြန်သည်။ ကျွန်ုပ်က အသက် ၂၅ နှစ်ဝန်းကျင်က အချုပ်ထောင်ကျဖူးသ လားဟုမေးရာ သူမက ပြုံးလျှက် ထောက်ထဲရောက်ပါတယ် ဟုသာဖြေလေသည်။ထောင်အမှတ်ကို လိုက်ကြည့်ရာ နှစ်ရှည်ကျရမည့်ကံဖြစ်သဖြင့် အသက်ကိုတွက်ကြည့်ရာ အသက် ၄၀ ကျော်သည့်တိုင် ထောင်အမှတ်က မလွတ်ဖြစ်နေတော့သည်။ ထို့ကြောင့် ကျွန်ုပ်လည်း သေချာဆက်စပ်တွေးတောကြည့်ရပြန်သည်။ ထိုနောက် အမကြီးအမျိုးသားက ထောင်ဝန်ထမ်းလား ဟုမေးရာ သူမက ဟုတ်မှန်ကြောင်းနှင့် ၂၅ ဝန်းကျင်က အိမ်ထောင်ကျပြီး ထောင်တွင် ဝန်ထမ်းလိုင်းခန်းလိုက်ပါနေထိုင်ခဲ့ရာ ယခုတိုင် ဝန်ထမ်းအိမ်တွင် နေရကြောင်းနှင့် အမျိုးသားမှာ ထောင်အရာရှိတစ်ဦးဖြစ်ကြောင်း ပြောပြလေသည်။
ကျွန်ုပ်မှတ်သားထားလိုက်ရပေတော့သည်။ထောင်အမှတ်အသားပါသည့်တိုင် ထောင်ကျသည်မဟုတ်၊ ထောင်ဝန်ထမ်း၊ထောင်နှင့်ပါတ်သက် သူများ ဖြစ်တတ်သည်ကို သတိပြုမိခဲ့သည်။ဒါမြင် ဒါဟော စနစ်ဖြင့် လက္ခဏာပညာအား ချင်းကပ်၍ မရနိုင်ကြောင်းနှင့် ဆက်စပ်တွေးတောကြံဆခြင်းနည်းဖြင့် ချင်းကပ်ခြင်းက ပို၍ သဘာဝကျကြောင်း နားလည်သဘောပေါက်ရသည်။ ထိုအကြောင်းအရာနှင့် ပါတ်သက်ပြီး လက်တွေ့သုတေသနပြုချက် အားများနှင့် အသစ်တွေ့ရှိချက်အချို့ကို စာတမ်းတစ်စောင်အဖြစ်တင် သွင်းနိုင်ရန် ကျွန်ုပ်သေသေချာချာလေ့လာရလျှက်ရှိပါသည်။
ဆရာပေးသော အသိပညာဖြင့်
ဆရာကင်္ကသူ
ေထာင္က်ႏိုင္ေသာ အမွတ္သားပါတိုင္း ေထာင္မက်ပါ
ကြၽႏ္ုပ္ထံသို႔ မိန္ကေလးငယ္တစ္ဦးေရာက္ရွိလာၿပီး သူမ၏ လကၡဏာအားျပသရာ ကြၽႏ္ုပ္ကလည္း ထိုမိန္းကေလး၏ လကၡဏာပါအတိုင္း ေဟာခ်က္ထုတ္ရေလသည္။ ထိုမိန္းကေလးအား ေဟာခ်က္ထုတ္အၿပီး မၾကာေသးသည့္အခ်ိန္က ကြၽႏ္ုပ္ေဟာေျပာခဲ့ရေသာ မိတ္ေဆြတစ္ေယာက္အေၾကာင္းကို သတိရျပန္သည္။ထိုမိတ္ေဆြ၏ လကၡဏာကို ျပန္လည္ရွာေဖြၿပီး တင္ျပရေပသည္။
လကၡဏာရွင္အမ်ိဳးသမီးသည္ အသက္ ၄၃ ႏွစ္ရွိၿပီျဖစ္သည္။ကြၽႏ္ုပ္ထံသို႔ ေမးျမန္းရာတြင္ သူအေနျဖင့္ အသက္အႏၲရာယ္ရွိမရွိႏွင့္ က်န္းမာေရးအေျခအေနတို႔ ေမးျမန္းျခင္းျဖစ္သည္။ကြၽႏ္ု္ပ္လည္း လက္ဖဝါးျပင္ကို ေလ့လာလိုက္ရာ အသက္လမ္းေၾကာင္း၏ အေျခအေနႏွင့္ ႏွလုံးလမ္း၏ အေျခအေနတို႔အရ ႏွလုံးေရာဂါျဖစ္ေနၿပီး ခြဲစိတ္ကုသရမည္ ျဖစ္ေၾကာင္းေျပာရာ မွန္ကန္ေလေတာ့သည္။ သူမ၏ ေမးလိုရင္းမွာ ခြဲစိတ္ကုသသည့္အခါ အသက္ရွင္မလားဆိုသည့္ အခ်က္ျဖစ္ရာ အသက္လမ္းေၾကာင္းကို ေသခ်ာၾကည့္ရေလသည္။ အသက္လမ္းသည္ လုံးဝျပတ္ေတာက္ေနသည္ဆိုေသာ္လည္း ေအာက္မွအသက္လမ္းတစ္ခုက ေဘးခ်င္ယွင္လွ်က္ ရွိေနေသာေၾကာင့္ အသက္မေသႏိုင္ေသာ္လည္း အသက္လုရႏိုင္ၿပီး အေတာ္ေလးခံ စားရႏိုင္ေၾကာင္း ေဟာေျပာရေလသည္။ ထိုအမ်ိဳးသမီးက ခြဲစိတ္မႈ႕တြင္ အသက္ေသဆုံးမည္ဟု စိတ္ကထင္ေနေၾကာင္းေျပာရာ စိတ္မပူရန္ ေျပာျပရေသးသည္။ (ယခုေတာ့ ခြဲစိတ္ၿပီး ေနေကာင္းေနပါၿပီ)
ထိုေနာက္ သူ၏လက္တြက္ စိတ္ဝင္စာဖြယ္ရာ ေထာင္အမွတ္အသားမ်ား ပါရွိသျဖင့္ ကြၽႏ္ုပ္လည္း စပ္စုမိျပန္သည္။ ကြၽႏ္ုပ္က အသက္ ၂၅ ႏွစ္ဝန္းက်င္က အခ်ဳပ္ေထာင္က်ဖူးသ လားဟုေမးရာ သူမက ၿပဳံးလွ်က္ ေထာက္ထဲေရာက္ပါတယ္ ဟုသာေျဖေလသည္။ေထာင္အမွတ္ကို လိုက္ၾကည့္ရာ ႏွစ္ရွည္က်ရမည့္ကံျဖစ္သျဖင့္ အသက္ကိုတြက္ၾကည့္ရာ အသက္ ၄၀ ေက်ာ္သည့္တိုင္ ေထာင္အမွတ္က မလြတ္ျဖစ္ေနေတာ့သည္။ ထို႔ေၾကာင့္ ကြၽႏ္ုပ္လည္း ေသခ်ာဆက္စပ္ေတြးေတာၾကည့္ရျပန္သည္။ ထိုေနာက္ အမႀကီးအမ်ိဳးသားက ေထာင္ဝန္ထမ္းလား ဟုေမးရာ သူမက ဟုတ္မွန္ေၾကာင္းႏွင့္ ၂၅ ဝန္းက်င္က အိမ္ေထာင္က်ၿပီး ေထာင္တြင္ ဝန္ထမ္းလိုင္းခန္းလိုက္ပါေနထိုင္ခဲ့ရာ ယခုတိုင္ ဝန္ထမ္းအိမ္တြင္ ေနရေၾကာင္းႏွင့္ အမ်ိဳးသားမွာ ေထာင္အရာရွိတစ္ဦးျဖစ္ေၾကာင္း ေျပာျပေလသည္။
ကြၽႏ္ုပ္မွတ္သားထားလိုက္ရေပေတာ့သည္။ေထာင္အမွတ္အသားပါသည့္တိုင္ ေထာင္က်သည္မဟုတ္၊ ေထာင္ဝန္ထမ္း၊ေထာင္ႏွင့္ပါတ္သက္ သူမ်ား ျဖစ္တတ္သည္ကို သတိျပဳမိခဲ့သည္။ဒါျမင္ ဒါေဟာ စနစ္ျဖင့္ လကၡဏာပညာအား ခ်င္းကပ္၍ မရႏိုင္ေၾကာင္းႏွင့္ ဆက္စပ္ေတြးေတာႀကံဆျခင္းနည္းျဖင့္ ခ်င္းကပ္ျခင္းက ပို၍ သဘာဝက်ေၾကာင္း နားလည္သေဘာေပါက္ရသည္။ ထိုအေၾကာင္းအရာႏွင့္ ပါတ္သက္ၿပီး လက္ေတြ႕သုေတသနျပဳခ်က္ အားမ်ားႏွင့္ အသစ္ေတြ႕ရွိခ်က္အခ်ိဳ႕ကို စာတမ္းတစ္ေစာင္အျဖစ္တင္ သြင္းႏိုင္ရန္ ကြၽႏ္ုပ္ေသေသခ်ာခ်ာေလ့လာရလွ်က္ရွိပါသည္။
ဆရာေပးေသာ အသိပညာျဖင့္
ဆရာကကၤသူ
Be the first to comment