Facebook Comments Box
လူတွေမသိသေးတဲ့ အာလူးရဲ့အသုံးဝင်ပုံများ

လူတွေမသိသေးတဲ့ အာလူးရဲ့အသုံးဝင်ပုံများ

၁- သံချေးချွတ်နိုင်ခြင်း
ဓါးတွေ ကတ်ကြေးတွေ သံကြေးစွန်းနေတဲ့အခါမျိုးမှာ အာလုံးကိုသုံးပြီး သံကြေးတွေချွတ်နိုင်ပါတယ်။
အာလူးကြီးတစ်ဝက်ဝက်ပါ။ ထို့နောက် ဘေပင်ပေါင်ဒါ နဲ့ ဆားကို ဆပ်ပြာရည်အနည်းငယ်နဲ့ရောထားပါ။
ဒီပျော်ရည်ထဲကို အာလူးခြမ်းကို နှစ်ပြီး သံကြေးတက်နေတဲ့နေရာတွေကိုပွတ်တိုက်ပါ။
ရေဆေးလိုက်တဲ့အခါမှာ သံကြေးတွေပြောင်စင်သွားတာကိုတွေ့ရပါလိမ့်မယ်။

၂- အပူလောင်ခြင်းကိုကုသပေးနိုင်ခြင်း
ဟင်းချက်ရင်းလက်အပူထိသွားတဲ့အခါမျိုးမှာလည်း အာလူးသုံးပြီးတော့ အပူလောင်ဒဏ်ရာကို သက်သာအောင်ပြုလုပ်ပေးနိုင်ပါတယ်။
အာလူးကို အဝိုင်းလေးတွေလှီးပြီးတော့ ရေစင်အောင်ဆေးကာ အပူလောင်သွားတဲ့နေရာကို ၁၀ မိနစ် ၁၅ မိနစ်ခန့်ကပ်ထားပေးပါ။
ပြန်ခွာလိုက်တဲ့အခါ သိသိသာသာ ဒဏ်ရာသက်သာသွားတာကိုမြင်ရပါလိမ့်မယ်။

၃- အစွန်းချွတ်နိုင်ခြင်း
အစားအသောက် အစွန်းအထင်းတွေပေနေတဲ့အခါမျိုးမှာ အာလူးကို အသုံးပြုနိုင်ပါတယ်။
အာလုံးတစ်လုံးကိုတောက်တောက်စင်းပြီး ရေထဲမှာ ၁၀ မိနစ် ၁၅ မိနစ်လောက်စိမ်ထားပါ။
ထို့နောက် ရေမြုပ်တစ်ခုကို အာလ့ူးရည်ထဲဆွတ်ပြီး စွန်းနေတဲ့နေရာကိုပွတ်တိုက်ပေးမယ်ဆိုရင် အစွန်းအထင်းတွေပြောင်စင်သွားပါလိမ့်မယ်။

၄- သားရေပစ္စည်းတွေကိုပြောင်လက်စေနိုင်ခြင်း
သားရေဖိနပ်မျိုးတွေဟာ အချိန်ကြာလာတဲ့အခါမှာအရောင်မှိုင်းလာတတ်ပါတယ်။
ဒီအခါမှာ အာလူးကိုထက်ခြမ်းလှီးပြီး အာလူးနဲ့ ဖိနပ်ကိုပွတ်ပေးပါ။
ထို့နောက် ၅ မိနစ်လောက် အလင်းရောင်ရတဲ့နေရာတစ်ခုမှာထားလိုက်မယ်ဆိုရင် ဖိနပ်တွေပြောင်လက်လာတာကိုတွေ့ရပါလိမ့်မယ်။

၅- ငွေထည်ချွတ်ဆေးအဖြစ်လည်းအသုံးပြုနိုင်ခြင်း
ငွေထည်တွေဟာ အချိန်ကြာလာတဲ့အခါမှာ မည်းလာလေ့ရှိပါတယ်။
ဒီငွေထည်ပစ္စည်းတွေကို အာလူးပြုတ်ရည် (အာလူးမပါ အရည်ချည်းသက်သက်) ထဲကို တစ်နာရီလောက်စိမ်ထားပြီး ပြန်ဆယ်လိုက်တဲ့အခါ မည်းညစ်နေတာတွေပျောက်ကွယ်သွားပါလိမ့်မယ်။

၆- ချိုင်းကြားအသားဖြူဆေးအဖြစ်သုံးနိုင်ခြင်း
ဓါတုဗေဒဆေးဝါးတွေသုံးမယ့်အစား သဘာဝပစ္စည်းတစ်ခုဖြစ်တဲ့အာလူးကိုသုံးရင် အန္တရယ်ကင်းတာပေါ့။
သင်လုပ်ရမှာတော့ အာလူးတွေကို ခြစ်နဲ့ခြစ်ထားပြီး ဒီအာလူးတွေနဲ့ ချိုင်းကြားကို သုံးမိနစ်လောက်နှိပ်နယ်ပေးပါ။
ထို့နောက်တစ်နာရီလောက်ကြာအောင် စောင့်ပြီးရေဆေးလိုက်တဲ့အခါ ထူးခြားမှုကိုတွေ့ရပါလိမ့်မယ်။

၇- ခေါင်းကိုက်ပျောက်ဆေး
ခေါင်းအလွန်ကိုက်နေတဲ့အခါ ခေါင်းကိုက်ပျောက်ဆေးရှာမရတဲ့အချိန်မျိုးမှာ အာလူးကိုသုံးနိုင်ပါတယ်။
အာလူးတွေကို အကွင်းလေးတွေလှီးပြီးရေစင်စင်ဆေးကာ ပတ်တီးတစ်ခုနဲ့ နှဖူးမှာ ပတ်ထားပေးပါ။
ထို့နောက် မျက်စိမှိတ်ပြီး လှဲလျောင်းအနားယူပါ။ ခေါင်းကိုက်ဝေဒနာ သက်သာသွားပါလိမ့်မယ်။
Writer – Min Thu
Credit:Daily Hot News




ထို့နောက် ရေမြုပ်တစ်ခုကို အာလူ့းရည်ထဲဆွတ်ပြီး စွန်းနေတဲ့နေရာကိုပွတ်တိုက်ပေးမယ်ဆိုရင် အစွန်းအထင်းတွေပြောင်စင်သွားပါလိမ့်မယ်။

၎- သားရေပစ္စည်းတွေကိုပြောင်လက်စေနိုင်ခြင်း



Writer – Min Thu
Credit:Daily Hot News

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box