မိမိအား အကြောင်းမဲ့ ပြောဆိုတိုက်ခိုက် စွပ်စွဲ ခံနေရပါက ဒီယတြာလုပ်ပါ
သင်၏ ဘဝတွင် တစ်ခါတစ်ရံ ကိုယ့်ဖာသာ အေးအေးဆေးဆေး နေနေပါလျှက်နှင့် တစ်စုံ တစ်ယောက်က ပြဿနာ လာရှာခြင်း ၊ ရန်စခြင်းများ ခံရတတ်သည်။ ထိုအခါမျိုးတွင် သင်သည် အထက်တွင် ဖော်ပြထားသော " ဝိမုတ္တိ " အင်းကို ကူးယူပြီးလျှင် ဖယောင်းတိုင်ကို ပတ်၍ မီးထွန်းပါ။ မီးထွန်းသော အခါတွင် ကြွေပုဂံပေါ်တွင် ထွန်းရပါမည်။ သံပန်းကန် ၊ မယ်လမင်း ပန်းကန်များနှင့် မရပါ။
ဤသို့ သင်ပြုလုပ်လိုက်လျှင် ထိုသူသည် သင့်အား ရန်မပြုနိုင်ပဲ သူတို့ ဒုက္ခနှင့် သူတို့ အလုပ် ရှုပ်နေလိမ့်မည်။ ထိုအင်းကို ဝိမုတ္တိအင်းဟု ခေါ်သည်။ ဝိမုတ္တိ အင်းဆိုသည်မှာ လွတ်မြောက်ခြင်းဟု အဓိပ္ပါယ် ရပါသည်။ သေသေချာချာ သိမ်းဆည်းထားပါက နောင်တွင် များစွာ အသုံးဝင်သည်ကို သိရှိရပေလိမ့်မည်။
မိမိအား သူတစ်ပါးမှ အကြောင်းမဲ့ ရန်စနေခြင်း ပြောဆိုနေခြင်း အတင်းတုတ်နေခြင်း စသည်တို့ကြောင့် စိတ်ညစ်နေတယ်။ စိတ်ထိခိုက်နေတယ်ဆိုရင် လုပ်လို့ရပါတယ်။ နောက် အထက်လူကြီးက မိမိကို အပြစ်မြင်နေတယ်။
ကိုယ် ဘာလုပ်လုပ် အကောင်းမမြင်ဘူး ဖြစ်နေတယ်။ ကိုယ့်ကိုဆိုရင် အပြစ်တွေချည်းပဲ ပြောဆိုနေတယ်။ ကိုယ်ကိုဆိုရင် နေရာပေး အလေး လုံး၀ မထားဘူးဆိုရင် လုပ်လို့ရပါတယ်။ အဓိက မှတ်ထား၇မှာက ကိုယ်က အပြောအဆို ခံနေရတယ်ဆိုရင် ဒီယတြာနည်းကို သတိတရ လုပ်ဆောင်လိုက်ပါ။ ရက်ပိုင်းအတွင်း အဆင်ပြေသွားပါလိမ့်မယ်။ အခက်အခဲ ကြုံရင် လုပ်ဖြစ်အောင် လုပ်ပါ ဒီယတြာကို။
ဆရာဇော်
ဆရာဇော်
Be the first to comment